သာယာဝတီမြို့၌ကုန်စုံဆိုင်များအားဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

              စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့၌ ခရိုင်ဦးစီးမှူး၏ ဦးဆောင်မှု့ဖြင့်  ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ၉ ရက်နေ့၊ နံနက်(၁၀:၀၀)နာရီ အချိန်တွင် မြို့မ ဈေး  အတွင်းရှိ   ဦးလှမြင့်ကုန်စုံ ဆိုင်နှင့်မုန့်မျိုးစုံဆိုင်များအား ကုန်အညွှန်း အမှတ်အသားများ ပြည်စုံစွာဖော်ပြခြင်း ရှိ/မရှိ စည်ပင်သာယာဝန်ထမ်းများ၊ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများနှင့်ပူးပေါင်း၍ ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။ စားသုံးသူများ တိကျမှန်ကန် ရှင်းလင်း သောသတင်းအချက်များ သိရှိစေရန်၊ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်း စေရန်၊ စိတ်ကျေနပ် မှုရှိစေရန်အတွက် အာမခံ ချက်ပေးနိုင်သည့် အရည်အသွေးမြင့်မားသော ကုန်စည်ဝန်ဆောင်မှုများ ဖော်ဆောင်ဖြည့် ဆည်းပေး နိုင်စေရေးနှင့် စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် စားသုံးသူကာကွယ် ရေးဥပဒေအား သိရှိ လိုက်နာဆောင်ရွက်ရန် အသိပညာပေးခြင်း ကုန်စည် အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့် အညီပြည့်စုံစွာ ဖော်ပြခြင်းရှိ/မရှိ ဈေးကွက် စောင့်ကြည့် စစ်ဆေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA( ပဲခူး)