
စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်ချက်အရ စားသုံးသူများ အားလုံးသည် ကုန်စည်နှင့် ဝန်ဆောင်မှုများအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်ရေး အတွက် ခရိုင်အတွင်းရှိ ထုတ်လုပ်လျှက်ရှိသော ကုန်စည်များနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖေါ်ပြမှုရှိစေရေး ရည်ရွယ်၍ ဆောင်ရွက်လျှက် ရှိရာ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်မှ (၁၅)ရက်အတွင်း၌ ပြည်ခရိုင်ရှိ ပြည်မြို့နယ်တွင် မအူရွာရှိ ဦးဆန်းယု၏ “ကောင်းသန့်”ယိုမျိုးစုံလုပ်ငန်း၊ စက်ရုံလမ်း၊ ပြည်သာယာလမ်းရှိ ဦးထွန်းလှအောင်၏ “ချယ်ရီရွှေ”သောက်ရေသန့်နှင့် ရတနာမန်အောင်ပေါက်၊ ရွာဘဲရပ်ကွက်ရှိ ဦးနိုင်ကိုကိုမင်း၏ “KM”ကိတ်နှင့် မုန့်မျိုးစုံလုပ်ငန်းသို့ လည်းကောင်း၊ ရွှေတောင်မြို့နယ်တွင် ပျော်ဘွယ်တန်းလမ်း၊ ယွန်းတန်းရပ်ကွက်ရှိ ဦးကျော်ကျော်ဝင်း၏ “ကေဝိုင်း” ဆီစက်လုပ်ငန်း သို့လည်းကောင်း၊ ပန်းတောင်းမြို့နယ်အတွင်း ဥသျှစ်ပင်ဈေးအတွင်းရှိ ဒေါ်နီနီမာ၏ “သန်းကြွယ်” ဆန်ရောင်းဝယ်ရေး သို့လည်းကောင်း၊ ပေါက်ခေါင်း မြို့နယ်တွင် ဒေါ်မူမူမြင့်၏ “မေ”ကုန်စုံဆိုင် သို့လည်းကောင်း သက်ဆိုင်ရာမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် သွားရောက်၍မိမိတို့ ဖြန့်ဖြူး ရောင်းချ လျက်ရှိသော ကုန်စည်များတွင် အရည်အသွေး၊ အလေးချိန်၊ အချိန်အတွယ်၊ ပမာဏနှင့် အမျိုးအစားများ မှန်ကန်စွာဖြန့်ဖြူး ရောင်းချမှုရှိစေရေး၊ စီးပွားရေး ကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ထုတ်လုပ်ရောင်းချမှုရှိစေရေး၊ ကုန်စည်အလိုက်ဖေါ်ပြရမည့် ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖေါ်ပြမှုရှိစေရေး လိုက်နာဆောင်ရွက်ကြရန်နှင့် နောက်ပိုင်း ကာလများတွင် ကွင်းဆင်းစစ်ဆေးမှုများနှင့် အတူအရေးယူဆောင်ရွက်မှုများ ပြုလုပ်ဆောင်ရွက် သွားမှာဖြစ်သည့် အတွက် စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် အထူးအလေးထား လိုက်နာ ဆောင်ရွက်ကြရန် ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA( ပဲခူး)
