သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဗဟိုစာရင်းအင်းအဖွဲ့များနှင့် ဆင်မင်းဈေးအတွင်းရှိ အခြေခံစားသောက်ကုန်ပစ္စည်းများ၏ စျေးနှုန်းများ၊စျေးကွက်ဆိုင်ရာအခြေအနေများကိုကွင်းဆင်းစိစစ် ဆောင်ရွက်ခြင်း

ကုန်ဈေးနှုန်းကောက်ယူမှုလုပ်ငန်းဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး လမ်းညွှန်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ဗဟိုစာရင်းအင်းအဖွဲ့မှ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ‌ဒေါ်ချိုချိုလွင်နှင့် ဝန်ထမ်း(၃)ဦး၊ စားသုံသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒေါ်ထူးမြတ်အိ (လက်ထောက်ညွှန်ကြားရေးမှူး)၊ ဒေါ်ခင်သီ (ဦးစီးအရာရှိ) ၊ ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ် (ခရိုင်ဦးစီးမှူး)၊ ဦးမင်းမင်းစိုး(ဌာနခွဲစာရေး) နှင့်ဒေါ်ယုယုလွင်(ကြီး/ရေး) တို့သည် အလုံမြို့နယ်၊ ဆင်မင်း ဈေးတာဝန်ခံနှင့် တာဝန်ရှိသူများ ပူးပေါင်းပြီး ၂၇.၆.၂၀၂၅ ရက်နေ့၊ နံနက် (၀၈:၄၅) နာရီအချိန်တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီလက်အောက်ရှိ အထက်ဌာနများသို့ တင်ပြလျက် ရှိသည့် ဆင်မင်းဈေးအတွင်းရှိ အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်း (လက်လီ) ရောင်းချနေသည့် ဈေးနှုန်များမှန်ကန်မှုရှိစေရေးနှင့် ဈေးကွက်အတွင်း ဝင်ရောက်မှုအခြေအနေတို့ကို ကွင်း ဆင်း စိစစ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ ထိုသို့ စားသုံးသူရေးရာဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ ဈေးစည်ပင်သာယာရေး ကော်မတီတို့နှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မြေပြင်တွင် အမှန်တကယ်ဖြစ်ပေါ်နေသည့် ဈေးနှုန်းအခြေအနေများကို သိရှိနိုင်ပြီး လိုအပ်သည်များကို စီမံဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။ DOCA(ရန်ကုန်)

အွန်လိုင်းမှတ်ပုံတင်ဆိုင်ရာ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံး ကွပ်ကဲမှုအောက်ရှိ လှည်းကူးမြို့နယ်ခွဲ မှ စစ်ဆေးရေးအရာရှိ ဉီးထွန်းထွန်းဉီးသည် (၂.၇.၂၀၂၅)ရက်နေ့ နေ့လယ်(၀၁:၄၅)နာရီအချိန်တွင် အမှတ်(၁၃၂)၊ စေတနာ(၁)လမ်း၊ သရက်ကုန်းကျေးရွာ၊ လှည်းကူးမြို့နယ်ရှိ Noble Home Myanmar Real Estates ဝန်ဆောင်မှုလုပ်ငန်းအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ပါ သည်။ ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြေပြင်ကွင်းဆင်းစစ်ဆေးရမည့်အချက်(၁၈)ချက်နှင့်ကိုက်ညီ မှုရှိ/မရှိကို DOCA Application တွင် ထည့်သွင်း၍ စစ်ဆေးခဲ့ပြီး မှတ်ပုံတင်လက်မှတ်ရရှိသူ၏တာဝန်များနှင့် စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် စီးပွားရေးလုပ်ငန်းရှင်၏ လိုက်နာရမည့် တာဝန်များအကြောင်း အသိပညာပေးကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။ DOCA(ရန်ကုန်)

Aye’s Kitchen လုပ်ငန်းသို့ အွန်လိုင်းမှတ်ပုံတင်မြေပြင်စစ်ဆေးခြင်း

(၂.၇.၂၀၂၅)ရက်နေ့ နေ့လယ်(၁၂:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင် ဦးစီးမှူးရုံး ကွပ်ကဲမှုအောက်ရှိ ထန်းတပင်မြို့နယ်ခွဲတာဝန်ခံ ဦးဇော်မြင့်သည် အမှတ်(၂၂)၊ သပြေတန်းလမ်းသွယ်၊ သရက်ခြံကျေးရွာ၊ ဒိတ်ကုန်းကျေးရွာအုပ်စု၊ ထန်းတပင်မြို့နယ်ရှိ Aye’s Kitchen လုပ်ငန်းသို့ အွန်လိုင်းမှတ်ပုံတင် မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ထန်းတပင်မြို့နယ်ခွဲတာဝန်ခံ ဦးဇော်မြင့်က အစားအသောက် ဝန်ဆောင်မှုသင်ကြားရေးလုပ်ငန်းများပိုင်ရှင် ဒေါ်အေးသဥ္ဇာဦးနှင့် တွေ့ဆုံကာ အွန်လိုင်းစနစ်ဖြင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးရမည့်အချက်(၁၈)ချက်နှင့် ကိုက်ညီမှုရှိ/ မရှိ စစ်ဆေးခြင်း၊ တင်ပြထားသည့်လုပ်ငန်းတည်ရှိရာ လိပ်စာတွင် ရှိ/မရှိစစ်ဆေးခြင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းသည် အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအဖြစ် သတ်မှတ်ထားကြောင်းနှင့် အခြားသိကောင်းစရာများအား အသိပညာပေးကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။ DOCA (ရန်ကုန်)

ပေါင်မြို့နယ်၌ အမှိုက်အမျိုးအစား ခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲသို့ ပေါင်မြို့နယ်တာဝန်ခံတက်ရောက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ အမှိုက်အမျိုးအစား ခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ၁.၇.၂၀၂၅ ရက်နေ့ နံနက်ပိုင်းက ပေါင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် ရှေးဦးစွာ သထုံခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သီတာငြိမ်းက အမှိုက်စို၊ အမှိုက်ခြောက်၊ ပလတ်စတစ် အမှိုက်နှင့် အန္တရာယ်ရှိအမှိုက်စသည့် အမှိုက်(၄)မျိုးတို့အား သတ်မှတ်အမှိုက်ပုံး အရောင်များ အလိုက် စနစ်တကျခွဲခြားစွန့်ပစ်ရေး ဆွေးနွေးဟောပြောသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက အမှိုက်များစနစ်တကျစွန့်ပစ်ခြင်းဖြင့် သဘာဝဘေးအန္တရာယ်ကို ကာကွယ်နိုင် မှုများကိုလည်းကောင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဂျူးမြတ် ချယ်လင်းက အမှိုက်များကို စနစ်တကျစွန့်ပစ်ခြင်းဖြင့်ရရှိမည့် ကျန်းမာရေး အကျိုးကျေးဇူးများ ကိုလည်းကောင်း၊ မြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ်ကြီးဦးဇော်လွင်ဦးက အမှိုက်များကို စည်းကမ်းမဲ့မီးရှို့ခြင်းမပြုဘဲ စနစ်တကျစွန့်ပစ်ကြရေးတို့ကိုလည်းကောင်း ဆွေးနွေးကြရာ တက်ရောက်လာသူများက သိလိုသည်များကိုမေးမြန်းခဲ့ကြပြီး တာဝန်ရှိသူများက ပြန်လည် ဖြေကြားပေးခဲ့ကြောင်း သိရှိရပါသည်။ DOCA (မွန်)

ချောင်းဆုံမြို့နယ်၊ အမှတ် (၂) မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် အသင့်သောက် ကော်ဖီ၊ လက်ဖက်ရည်ထုပ်အမျိုးမျိုးနှင့်စပ်လျဉ်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေး

၂.၇.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ် တာဝန်ခံ ဒေါ်ထက်ထက်နွေဦးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီး ဌာနတို့နှင့်ပူးပေါင်း၍ ချောင်းဆုံမြို့နယ်၊ အမှတ် (၂) မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များသို့ သွားရောက်၍ အသင့်သောက်ကော်ဖီနှင့် လက်ဖက်ရည်ထုပ်အမျိုးမျိုးတို့အား ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ပါသည်။ ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဈေးကွက်အတွင်းရောင်းချနေသော အသင့် သောက်ကော်ဖီနှင့် လက်ဖက်ရည်ထုပ်အမျိုးမျိုးတို့တွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ ကုန်အညွှန်းအမှတ်အသားကို မြန်မာဘာသာဖြင့် ပြည့်စုံမှန်ကန်စွာဖော်ပြထားကြောင်းကိုစစ်ဆေးတွေ့ရှိရပြီး ဆိုင်ရှင်အား စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့်အချက်များနှင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းသော ကုန်စည်များကိုသာရောင်းချရန် အသိပေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။ DOCA (မွန်)

မော်လမြိုင်မြို့နယ်တာဝန်ခံသည် သဘာဝငှက်သိုက်ထုတ်လုပ်သည့် လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

၃.၇.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်တာဝန်ခံ ဦးအောင်ညီညီခန့်သည် “LWIN Family” အမှတ်တံဆိပ်ဖြင့် သဘာဝငှက်သိုက်ထုတ်လုပ်သည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသား ဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။ အဆိုပါ ကုန်အညွှန်းအမှတ်အသားပြုလုပ်ရာတွင် လိုအပ်သည်များကို မော်လမြိုင်မြို့နယ် တာဝန်ခံက လုပ်ငန်းရှင်အား ၎င်းတို့၏ ထုတ်ကုန်ပစ္စည်းများပေါ်တွင် စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ အခန်း (၁၈)တွင် ဖော်ပြထားသောပြဌာန်းချက်အတိုင်း ကုန်အညွှန်းအမှတ် အသားကို ပြည့်စုံစွာဖော်ပြရန်၊ ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာ (သို့မဟုတ်) အခြားဘာသာတစ်ခုဖြင့်ဖြစ်စေ ဖော်ပြရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်၊ မူပိုင်ခွင့်လျှောက်ထားခြင်းနှင့် ပတ်သက်၍ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။ DOCA (မွန်)

အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေး

၃.၇.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ် ဦးစီးမှူး၊ မော်လမြိုင်ခရိုင်ဦးစီးမှူးနှင့် မော်လမြိုင်မြို့နယ်တာဝန်ခံတို့သည် မော်လမြိုင်မြို့နယ်၊ ရွှေမြိုင်သီရိရပ်ကွက်ရှိ “ဝိ” အရုပ်ဆိုင်လုပ်ငန်းအား အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ထို့သို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ   အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသော လုပ်ငန်းရှင်များသို့ မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်း ဆောင်ရွက်ရာတွင် လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တကယ် တည်ရှိခြင်း ရှိ/ မရှိ၊ မှတ်ပုံတင်လက်မှတ်လျှောက်ထားစဉ်က ရောင်းချရန်တင်ပြထားသော ကုန်စည် (သို့) ဝန်ဆောင်မှု အမျိုးအစား စာရင်းအတိုင်း မြေပြင်တွင် အမှန်တကယ် ရောင်းချနေသော စာရင်းကိုက်ညီမှု ရှိ/ မရှိတို့ကို စစ်ဆေးခဲ့ပြီး၊ မှတ်ပုံတင် လက်မှတ်ရရှိသူ၏ တာဝန် ဖောက်ဖျက်မှု ရှိ/မရှိ၊ စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ ကုန်စည်ပေါ်တွင် ဖော်ပြပါရှိရမည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြမှုတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

မုဒုံံမြို့နယ်၊ မြို့မ (၁) ရပ်ကွက်တွင် စားအုန်းဆီရောင်းချနေမှုများအား မြေပြင်ကွင်းဆင်းစစ်ဆေး

ဘီးလင်းမြို့နယ်အတွင်းရန်ကုန်မြို့မှ စားအုန်းဆီကုမ္ပဏီများမှ စားအုန်းဆီလာရောက်ရောင်းချနေမှုအား ကြီးကြပ်စစ်ဆေးခြင်း

မွန်ပြည်နယ်အတွင်း ရည်ညွှန်းဈေးနှုန်းဖြင့် စားအုန်းဆီဖြန့်ဖြူးလျှက်ရှိသော ကုမ္ပဏီများမှအရောင်းကိုယ်စားလှယ်၊ လက်ကား/လက်လီကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးခြင်း

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ