သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ညောင်ဦးမြို့တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေး

         စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ စိတ်ကျေနပ်မှုရရှိစေရေး၊ အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာ သုံးစွဲနိုင်စေရေး၊ ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှ လျော့နည်းပပျောက်သွားစေရေးတို့အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင် ဦးစီးမှူးရုံးမှ ခရိုင်တာဝန်ခံ ဦးတင်မျိုးခိုင်(ဦးစီးအရာရှိ) ဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန စသည့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍(၂၂.၉.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၅:၀၀)နာရီအချိန်တွင် ညောင်ဦးမြို့ရှိ ဈေးကွက်များအတွင်းတွင်  Dumex Dupro အမှတ်တံဆိပ်အတုများ ရောင်းချမှုရှိ/မရှိအား ကွင်းဆင်း စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရောင်းချခြင်းများမရှိကြောင်း စိစစ်တွေ့ရှိရပြီး ဆိုင်ရှင်များအား ကုန်စည် အတုအပများ၊ ဥပဒေပါပြဌာန်ချက်များနှင့် ကိုက်ညီမှုမရှိသော ကုန်စည်များ၊ တရားမဝင်ကုန်စည်များအား ရောင်းချမှုမပြုရန် ရှင်းလင်းမှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ကျောက်ပန်းတောင်းမြို့ရှိ ထူးပြည့်အာလူးကြော်လုပ်ငန်းမှ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ လာရောက်တွေ့ဆုံ

          စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ပန်းတောင်းမြို့နယ်တာဝန်ခံရုံးမှ ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး၊ သတ်မှတ်ချက်များနှင့် အညီထုတ်လုပ်စေနိုင်ရေးတို့အတွက် အသိပညာပေးခြင်း၊ ဈေးကွက်စောင့်ကြည့်ခြင်းများဆောင်ရွက်လျက်ရှိရာ (၂၄.၉.၂၀၂၅) ရက်နေ့တွင် ကျောက်ပန်းတောင်းမြို့ရှိ ''ထူးပြည့်'' အာလူးကြော် လုပ်ငန်းရှင်မှလာရောက်တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသားဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

        လုပ်ငန်းရှင်အား မြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်း(ဒု-ဦးစီးမှူး) က ကုန်စည်များထုတ်လုပ်ရောင်းချခြင်းနှင့် ပတ်သက်၍ လုပ်ငန်းရှင်များ၏ ထုတ်ကုန်ပစ္စည်းများပေါ်တွင် မဖြစ်မနေဖော်ပြရန်လိုအပ်သည့် ကုန်အညွှန်းအမှတ်အသားများကို စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း (၁၈)တွင် ဖော်ပြထားသော ပြဌာန်းချက်များအတိုင်း ပြည့်စုံစွာဖော်ပြနိုင်ရန်၊ ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းပုံအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး (သို့မဟုတ်) ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့်ကြိုတင်သတိပေးချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြချက်၊ မူပိုင်ခွင့် လျှောက်ထားခြင်းနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

“ ကော့မှူးမြို့နယ်ရှိဆန်ဆိုင်များတွင်ဆန်အမျိုးအစားအလိုက်ဖြန့်ဖြူးရောင်းချနေမှု အခြေအနေကွင်းဆင်းစစ်ဆေး”

စားသုံးသူပြည်သူများ သင့်တင့်မျှတသော ဆန်အမျိုးအစားအလိုက် ဈေးကွက်ဈေးနှုန်း များအတိုင်း ဝယ်ယူသုံးစွဲနိုင်ရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူး မြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်နှင့် ရပ်ကွက်များရှိ ဆန်ဆိုင်တို့အား အောက်တို ဘာလ(၃)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့ဖြင့် ဈေးကွက် စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မြင့်မြင့်စန်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်းနှင့်ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဌာနခွဲစာရေး ဒေါ်သဲစုရီနှင့်ဝန်ထမ်း များ ပူးပေါင်းအဖွဲ့ဖြင့် မကျီးတန်းရပ်ကွက်၊ မြို့မရပ်ကွက်၊ ပြည်တော်သာရပ်ကွက်နှင့် မြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိ ဆန်ဆိုင်များတွင် ဆန်အမျိုးအစားအလိုက် ဖြန့်ဖြူး ရောင်းချလျက်ရှိသော ဈေးနှုန်းတို့အား စာရင်းကောက်ယူခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် စားသုံးသူပြည်သူများကြား သင့်တင့်မျှတသည့် ဆန်အမျိုးအစားအလိုက် ဈေးနှုန်းဈေးကွက်အား သက်ဆိုင်ရာဌာနမှ သတ်မှတ်ရည်ညွှန်းဈေး ထုတ်ပြန်ပေးလျက်ရှိရာ ဈေးကွက်အတွင်း ဆန်အမျိုးအစားအလိုက် သတ်မှတ်ရည်ညွှန်းဈေးထက် အဆမတန်မြှင့်တင်ဖြန့်ဖြူးရောင်းချခြင်း များမပြုလုပ်ကြရန်နှင့် ဈေးနှုန်းမြှင့်တက်စေရေးနှင့် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင် ထားခြင်းများ မပြုလုပ်ကြရန် စားသုံးသူကာကွယ်ရေး အသိပညာပေး ဆွေးနွေးပြောကြားခဲ့ ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

“ ခရမ်းမြို့နယ်၌အောင်ရတနာဆီစက်မှသီတင်းကျွတ်ကာလအတွင်းဒေသထွက်မြေပဲဆီများ အားသက်သာဈေးနှုန်းများဖြင့်ဖြန့်ဖြူးရောင်းချ”

  ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် အောင်ရတနာဆီစက်မှ ဒေသ ထွက်မြေပဲဆီများအား စားသုံးသူများသက်သာသော ဈေးနှုန်းများဖြင့် ဝယ်ယူသုံးစွဲနိုင်စေရန် အတွက် သီတင်းကျွတ်ကာလ အောက်တိုဘာလ(၃)ရက်နေ့မှစ၍ ခရမ်းမြို့နယ်အတွင်း လှည့် လည်ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။

  ခရမ်းမြို့နယ်၊ အမှတ်(၁၁)ရပ်ကွက် အောင်ဇေယျလမ်းရှိ အောင်ရတနာဆီစက်သည် ဒေသထွက်မြေပဲများအား ကြိတ်ခွဲထုတ်လုပ်၍ အောင်ရတနာဆီစက်အမှတ်တံဆိပ်ဖြင့် မြေပဲဆီ ဗူးဆီများအား ဖြန့်ဖြူးရောင်းချလျက်ရှိပြီး၊ FDA လက်မှတ်ရရှိထားပြီး ကုန်အညွှန်းအမှတ်အသား များမြန်မာဘာသာဖြင့် ပြည့်စုံစွာထည့်သွင်းဖော်ပြထားသော ဗူးဆီဖြစ်၍ မြေပဲဗူးဆီများသည် (၅၀)သား၊ (၁)ပိဿာ၊ (၂)ပိဿာ၊ (၃)ပိဿာ၊ (၅)ပိဿာ၊ (၁၀)ပိဿာဗူးများဖြင့် ဒေသအတွင်း ဖြန့်ဖြူးရောင်းချလျက်ရှိပြီး သီတင်းကျွတ်ကာလအတွင်း မြို့နယ်စားသုံးသူများအား သက်သာ သော ဈေးနှုန်းများဖြင့် အောက်တိုဘာ (၃)ရက်နေ့မှ (၅)ရက်နေ့အထိ မြို့နယ်အတွင်း လှည့်လည် ရောင်းချပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

တောင်ဥက္ကလာပမြို့နယ်၊ One Stop Mart သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

  စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မြတ်သက်နိုင်(စစ်ဆေး ရေးအရာရှိ)နှင့်ဝန်ထမ်းများသည် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊  အထွေထွေအုပ်ချုပ်ရေးဦး စီးဌာနတို့ပူးပေါင်း၍ တောင်ဥက္ကလာပမြို့နယ်၊ One Stop Mart သို့ (၈-၁၀-၂၀၂၅) ရက်နေ့ ၊ နံနက်  (၁၁:၃၀) နာရီ အချိန်တွင် သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင် ရွက်ခဲ့ပါသည်။

          ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာတွင် တောင်ဥက္ကလာပမြို့နယ်၊ One Stop Mart များတွင် ရောင်းချလျှက်ရှိသော ယိုးဒယားနိုင်ငံမှတင်သွင်းသည့် ကုန်ပစ္စည်းများနှင့်ပတ်သက်၍ ယခင်အ ပတ်၊ ယခုအပတ်တွင် ရောင်းချနေသောဈေးနှုန်းများကောက်ခံခြင်း၊ ဈေးနှုန်းမြှင့်တက်မှု ရှိ/မရှိ၊ ကုန်ပစ္စည်းကန့်သတ်ရောင်းချခြင်းရှိ/မရှိနှင့် ပစ္စည်းပြတ်လပ်မှုရှိ/မရှိ တို့ကို သွားရောက် စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

ပုဇွန်တောင်မြို့နယ်၊ ပုဇွန်တောင်ဈေးသို့ အဖွဲ့စုံဖြင့်ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

  (၈-၁၀-၂၀၂၅) ရက်နေ့ ၊ နံနက်(၁၀:၀၀)နာရီ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ‌ ဒေါ်မိုးမိုးကြည် (ဌာနခွဲစာရေး)နှင့်ဝန်ထမ်းများသည် အထူးစုံ စမ်းစစ်ဆေးရေးဦးစီးဌာန၊  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဈေးစည်ပင်သာယာရေးကော်မတီ တို့နှင့်အတူပူးပေါင်း၍ ပုဇွန်တောင်မြို့နယ်၊ ပုဇွန်တောင်ဈေးသို့ သွားရောက်၍ ဈေးကွက်စောင့် ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာတွင်ဒေါ်မိုးမိုးကြည်(ဌာနခွဲစာရေး)ကကုန်ပစ္စည်း များနှင့်ပတ်သက်၍ ထိုင်းနိုင်ငံထုတ်ကုန်ပစ္စည်းများ၏ ယခင်အပတ်၊ ယခုအပတ်တွင် ရောင်းချ   နေသောဈေးနှုန်း များကောက်ခံခြင်း၊ ဈေးနှုန်းမြှင့်တက်မှု ရှိ/မရှိ၊ ကုန်ပစ္စည်းကန့်သတ်ရောင်းချ ခြင်းရှိ/မရှိ၊ ပစ္စည်းပြတ်လပ်မှုရှိ/မရှိနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ် ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ၂၀၁၉ပါ ပြဌာန်းချက်များမှ အခန်း (၁၈ )ရှိကုန်ညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မခွဲ (ခ)နှင့် (ဆ) တို့ပါ ကုန်အညွှန်းအမှတ်သားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ မြန်မာဘာသာနှင့်အခြား ဘာ သာတစ်ခု(သို့)တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြထားသည့် ကုန်ပစ္စည်းများကို သာဝယ်ယူရောင်းချရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

(DENKO) စက်သုံးဆီအရောင်းဆိုင်များသို့ကွင်းဆင်းစစ်ဆေးခြင်း

  ရန်ကုန်အရှေ့ပိုင်းခရိုင်စားသုံးသူရေးရာဦးစီးမှူးရုံးမှဒေါ်လဲ့လဲ့ဌေး(ဒု-ဦးစီးမှူး)နှင့်ဝန်ထမ်း  များသည်(၈-၁၀-၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၃:၀၀)အချိန်တွင် မြောက်ဥက္ကလာပမြို့နယ် (DENKO ) စက်သုံးဆီအရောင်းဆိုင်များသို့သွားရောက်၍  ကွင်းဆင်းစစ်ဆေးခြင်း  ဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့စစ်ဆေးခြင်း ဆောင်ရွက်ရာတွင် ယနေ့ရောင်းဈေးတစ်လီတာလျှင် (92-၂၈၃၀ကျပ်)၊ (95-၂၈၉၅ကျပ်)၊ (HSD-၂၅၄၅ကျပ်)၊ (PHSD-၃၁၁၅ကျပ်)တို့ဖြင့် စက်သုံးဆီအရောင်းဆိုင်များ၏ စက်သုံးဆီရောင်း ချမှုအခြေအနေများ၊ စက်သုံးဆီဈေးနှုန်း၊ စက်သုံးဆီအရည်အသွေး၊ အခြင် အတွယ်မှန်ကန်မှုရှိ/ မရှိ၊ ဆီကားရောက်ရှိမှုအခြေအနေများနှင့် ဆီလက်ကျန်အခြေအနေများ အားစစ်ဆေးမေးမြန်းခြင်းဆောင်ရွက်ခဲ့ပြီး၊ မြို့နယ်အတွင်း စက်သုံးဆီပြတ်လပ်မှုမရှိစေရေးနှင့် စက်သုံးဆီဈေးနှုန်း အဆမတန်မြှင့်တင်ရောင်းချမှုများမရှိစေရေး အသိပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

High WAY စက်သုံးဆီ အရောင်းဆိုင်အားကွင်းဆင်းစစ်ဆေးခြင်း

   ရန်ကုန်အရှေ့ပိုင်းခရိုင်စားသုံးသူရေးရာဦးစီးမှူးရုံးမှ ဒေါ်လဲ့လဲ့ဌေး(ဒု-ဦးစီးမှူး)နှင့်ဝန်ထမ်း များသည် (၈-၁၀-၂၀၂၅) ရက်နေ့၊ နံနက်(၁၁:၀၀)အချိန်တွင် မင်္ဂလာတောင်ညွှန့်မြို့နယ် ၊  High Way စက်သုံးဆီအရောင်းဆိုင်သို့  သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

          အဆိုပါ အရောင်းဆိုင်တွင် ယနေ့ရောင်းဈေးတစ်လီတာလျှင် (92-၂၈၃၀ကျပ်)၊ (95-၂၈၉၅ကျပ်)၊ (HSD-၂၅၄၅ကျပ်)၊ (PHSD-၃၁၁၅ကျပ်)တို့ဖြင့် စက်သုံးဆီများသက်မှတ်ရည်ညွှန်း ဈေးဖြင့် ရောင်းချခြင်း၊ ဆီဝင်ရောက်မှုနှင့် ဆီလက်ကျန်အခြေအနေများ၊ အလေးချိန်မှန်ကန်မှု ရှိ/မရှိတို့အားစစ်ဆေးခဲ့ပြီး ၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးအတွက် မီးသတ်ဆေးဘူးများ၊ ရေစုပ်စက်၊ ရေပိုက်များကောင်းမွန်စွာထားရှိခြင်းရှိ/မရှိစစ်ဆေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

သာကေတမြို့နယ်ရှိ ဆေးကုမ္မဏီအား ပူးပေါင်းအဖွဲ့ဖြင့် သွားရောက်စစ်ဆေးခြင်း

  (၈.၁၀.၂၀၂၅ )ရက်နေ့၊နေ့လယ်(၁၃:၀၀) နာရီအချိန်တွင် သာကေတမြို့နယ်ရှိ Shwe Nyo Nyo Trading ဆေးကုမ္မဏီ သို့ စားသုံးသူရေးရာဦးစီးဌာန ၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးသိန်းထွန်း(စစ်ဆေးရေးအရာရှိ)နှင့်ဝန်ထမ်းများသည် ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနနှင့်ပူးပေါင်း ၍ ပြည်တွင်းဆေးဝါးပြတ်လပ်မှုမရှိစေရေး  ဆေးဝါးများနှင့်ပတ်သက်၍ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါ သည်။

   ထိုသို့စစ်ဆေးမေးမြန်းရာတွင် ဆေးကုမ္မဏီများတွင် ဖြန့်ဖြူးရောင်းချသည့်ဈေးနှုန်း ၊ ပစ္စည်းပြတ်လပ်မှုရှိ/မရှိနှင့်လက်ကားဈေးနှုန်းအပေါ်တွင် ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းထက် ပိုမိုရောင်းချခြင်းမပြုရန်၊ လက်ကျန်ပစ္စည်းများအား လိုအပ်သည့်နေရာသို့ဖြန့်ဖြူးရောင်းချရန်၊ သက်တမ်းလွန်ဆေးဝါးများရောင်းချခြင်းမပြုရန်၊ တရားဝင်မှတ်ပုံတင်ထားသော ဆေးဝါးများသာ ရောင်းချရန်နှင့်ဆေးနှင့်ဆေးပစ္စည်းများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည် ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဆေးကုမ္ပဏီအား ပူးပေါင်းအဖွဲ့များဖြင့် သွားရောက်စစ်ဆေးခြင်း

  စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်စားသုံးသူရေးရာဦးစီးဌာန ၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနနှင့်ပူးပေါင်း၍ (၈.၁၀.၂၀၂၅)ရက်နေ့၊ နံနက်(၉:၃၀) နာရီတွင် သာကေတ မြို့နယ်ရှိ    ABC International Limited ဆေးကုမ္မဏီမှ တာဝန်ခံ‌နှင့်တွေ့ဆုံ၍ ဆေးကုမ္ပဏီ အတွင်းရှိ ဆေးဝါးများအခြေအနေ စစ်ဆေးမေးမြန်းမှုများပြုလုပ်ခဲ့ကြောင်း သိရှိရပါ သည်။

  ထိုသို့စစ်ဆေးမေးမြန်းရာတွင် ဆေးကုမ္ပဏီတွင် ပစ္စည်းပြတ်လပ်မှုမရှိပါကြောင်း ဖြေကြား ခဲ့ပြီး ၊ ဖြစ်သင့်ဖြစ်ထိုက်သည့်‌ ဈေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချမှုကို စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း   အသိပညာပေးပြော ကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ