သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပြည်ခရိုင်၊ ပြည်မြို့တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ ဥပဒေအကြောင်း Talk Show ပွဲ ကျင်းပပြုလုပ်

    စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်၊ ပြည်မြို့နယ်မှ မြို့နယ်တာဝန်ခံ ဦးထွန်းနိုင်လင်း သည် (၂၁.၁၁.၂၀၂၅)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ပြည်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ ရိုက်ကူးရေးခန်းမတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး Talk Show အစီအစဉ်ဖြင့် ဆွေးနွေးခဲ့ကြောင်းသိရပါသည်။

      အဆိုပါဆွေးနွေးပွဲတွင် ပြည်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခိုင်ခင်ရွှေဝါဖူး က အသိပညာပေး Talk Show ကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်၊ ပြည်မြို့နယ် တာဝန်ခံ ဦးထွန်းနိုင်လင်းက စားသုံးသူရေးရာဦးစီးဌာနရှိ ဝန်ထမ်းများက စားသုံးသူကာကွယ်ရေး အတွက် အသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်လျက်ရှိကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် ဥပဒေအကြောင်းနှင့် ကုန်စည်/ဝန်ဆောင်မှုများနှင့်ပတ်သက်၍ ဈေးကွက်မရောက်မီ Pre Market ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကိုလည်း သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေပါ လုပ်ငန်းရှင်၏ တာဝန်များနှင့် ကုန်အညွှန်းအမှတ်အသားပြဌာန်းချက်များအား အလေးထား လိုက်နာဆောင်ရွက်မှသာ လုံခြုံစိတ်ချရသော ကုန်ပစ္စည်းများအား ထုတ်လုပ်နိုင်မှာဖြစ်ပြီး စားသုံးသူများအား ဘေးအန္တရာယ်ကင်းရှင်းစေမှာဖြစ်ကြောင်းနှင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်              လာပါက တိုင်ကြားနိုင်မည့်နည်းလမ်းများနှင့် Online မှတဆင့် တိုင်ကြားလိုပါက စားသုံးသူရေးရာ Call Center (1535)သို့ခေါ်ဆိုတိုင်ကြားနိုင်ပါကြောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပါသည်။

DOCA(ပဲခူး)            

ကန့်ဘလူခရိုင်၏ နိုဝင်ဘာလအတွင်း အသိပညာပေးဟောပြောပွဲ ဆောင်ရွက်နိုင်မှုအခြေအနေ

         စားသုံးသူပြည်သူများကို စားသုံးသူကာကွယ်ရေးအကြောင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် မိမိတို့၏ရပိုင်ခွင့်၊ တောင်းဆိုပိုင်ခွင့် အခွင့်အရေးများကို သိရှိနားလည်ပြီး နစ်နာဆုံးရှုံးမှုများ မဖြစ်စေရန်အတွက် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများက မြေပြင်ကွင်းဆင်း၍ လစဉ်စား သုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

       ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလအတွင်း စားသုံးသူအသိပညာပေးဟောပြောပွဲများကို ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ကန့်ဘလူမြို့နယ်၊ နတ်ပေးကျေးရွာရှိ (အ.လ.က)ကျောင်း၌ ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူများအားလည်းကောင်း၊ ကျွန်းလှမြို့နယ်တာဝန်ခံဒေါ်ဝေဝေအောင်အနေဖြင့် ကျွန်းလှမြို့နယ်၊ တင်းတိန်ရံကျေးရွာရှိ (အ.လ.က‌)ကျောင်းနှင့် ကျွန်းလှမြို့နယ်၊ ကျောင်းအင်းရွာ (အ.မ.က)ကျောင်းရှိ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအားလည်းကောင်း အသိပညာပေးဟောပြောပွဲများဆောင်ရွက်ခဲ့ရာ တာဝန်ရှိသူများက စားသုံးသူများအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များကိုလည်းကောင်း၊ ကုန်စည်များကို ရွေးချယ်ဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများနှင့် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များကိုသေချာစိစစ်ကြရန် လိုအပ်ကြောင်း၊ စားသုံးသူများအနေဖြင့် စားသုံးသူနစ်နာ ဆုံးရှုံးမှုဖြစ်ခဲ့လျှင် စားသုံးသူရေးရာဦးစီး ဌာန၏ Facebook Page၊ DOCA Myanmar Mobile Application၊ ဌာန၏ Website၊ တိုင်းဒေသကြီး/ပြည်နယ်နှင့် ခရိုင်များတွင် ဖွင့်လှစ်ထားသည့် (CICC)များကို လူကိုယ်တိုင်လာရောက်၍လည်းကောင်း၊ Consumer Call Center 1535ကို ခေါ်ဆို၍တိုင်ကြားနိုင်ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့်လည်း Online မှတ်ပုံတင်ခြင်းနှင့်ပတ် သက်၍ သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များ၊ မှတ်ပုံတင်လက်မှတ်ရရှိသူ၏ အခွင့်အရေးနှင့် တာဝန်များ၊ Onlineမှတဆင့်ဝယ်ယူရာတွင် လိမ်လည်မှုမခံရအောင် သိရှိရမည့်အချက်များကို ရှင်းလင်းဆွေးနွေး အသိပညာပေးခဲ့ပြီး  လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ဖျာပုံခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီရုံး၌ ဆန်/စပါးလုပ်ငန်းညှိနှိုင်း အစည်းအဝေး

 

          ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်တွင်ခရိုင်အုပ်ချုပ်ရေးမှူးဦးဆောင်၍ ၂၀၂၅ခုနှစ်၊နိုဝင်ဘာ လ (၂၄)ရက်နေ့ ညနေ့(၄:၀၀)နာရီအချိန် ခရိုင်ဆန်/စပါး လုပ်ငန်းကြီးကြပ်ရေးအဖွဲ့ အစည်းအဝေး အား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီရုံး၌ ပြုလုပ်ကျင်းပခဲ့ပါသည်။

          အဆိုပါ အစည်းအဝေးတွင် ခရိုင်ဦးစီးမှူးဦးထွေးသိမ်းက  မြို့နယ်အလိုက် ဆန်/စပါးဝယ်ယူ၊ သိုလှောင်၊ ကြိတ်ခွဲ ရောင်းချသည့်လုပ်ငန်းများ မှန်ကန်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေး၊ မလိုလားအပ် သောအဟန့်အတားများကြန်ကြာမှုများ မဖြစ်ပေါ်စေရေးနှင့် မိုးစပါးလှိုင်လှိုင်ပေါ်ထွက်လာမည်ဖြစ် ပြီး ကုန်သည်များအနေဖြင့် ဈေးကစားရန်ရည်ရွယ်၍ ဝယ်ယူသိုလှောင်မှု မရှိစေရေး၊ ဆန်စပါးဈေး နှုန်းကြီးမြှင့်မှုမရှိစေရေးနှင့် စားသုံးသူပြည်သူများအနေဖြင့် သင့်တင့်မျှတသော ဈေးနှုန်းဖြင့် ဝယ်ယူ စားသောက်နိုင်ရေးတို့အား အဆိုပါအစည်းအဝေးတွင်ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ကန့်ဘလူခရိုင်၏ နိုဝင်ဘာလအတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် ကွင်းဆင်းတွေ့ဆုံခြင်း ဆောင်ရွက်နိုင်မှုအခြေအနေ

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်အနေဖြင့် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် ဒေသတွင်းရှိ MSMEsလုပ်ငန်းများ၏ လိုအပ်ချက်တို့ကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရန် လစဉ် စီးပွားရေးလုပ်ငန်းရှင်များနှင့် ကွင်းဆင်းတွေ့ဆုံဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလအတွင်း ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော်အကြီးတန်းစာရေးတို့သည် ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ရှိုင်းမုန့်မျိုစုံလုပ်ငန်းရှင်နှင့် ကွင်းဆင်းတွေ့ဆုံ၍ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဆောင်ရွက်ရမည့်အစီအမံများ၊ အမိန့်နှင့်ညွှန်ကြားချက်များထုတ်ပြန်ထားမှုဆိုင် ရာတို့ကိုရှင်းလင်းပြောကြားပြီး လိုက်နာဆောင်ရွက်သွားရန် စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း၊ ကျွန်းလှမြို့နယ်တာဝန်ခံသည် ကျွန်းလှမြို့၊ ပျဉ်းမမြိုင်ရပ်ကွက်ရှိ နှင်းမိုးလှိုင်ကိတ်နှင့် ပေါင်မုန့်မျိုးစုံလုပ်ငန်းရှင်နှင့် ကွင်းဆင်းတွေ့ဆုံ၍ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများကို အမိန့်နှင့်ညွှန်ကြားချက်များနှင့်အညီ ထည့်သွင်းဖော်ပြနိုင်ရေး ရှင်းလင်းပြောကြားအသိပညာပေး ဆွေးနွေးခဲ့ပါသည်။ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို သိရှိထားရန်လိုအပ်ကြောင်းနှင့် မိမိတို့ထုတ်လုပ်သည့် ကုန်စည်များကို ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဆောင်ရွက်သွားရန် စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ကြပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ဘိုကလေးမြို့နယ် သပြုကုန်းကျေးရွာ အုပ်စုရှိ  အိမ်ထောင်စုများအား ဆီဝယ်ယူခွင့် လျှောက်လွှာ ပေးအပ်မှု အခြေအနေ

     စားသုံးသူရေးရာဦးစီးဌာန ၊ ဘိုကလေးမြို့နယ် သပြုကုန်းကျေးရွာ အုပ်စု ၊ မြို့နယ်တာဝန်ခံရုံး ၌ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၂၅) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီတွင် သပြုကုန်းကျေးရွာ အုပ်စုရှိ အုပ်ချုပ်ရေးမှူးနှင့် ကော်မတီ အဖွဲ့ဝင်များအား စားအုန်းဆီများကို စားသုံးသူ ပြည်သူများ လက်ဝယ်သို့ တဆင့် ပြန်လည် ရောင်းချပေးရန် သတ်မှတ်ရည်ညွှန်းဈေးဖြင့် ဆိုင်းဘုတ်များ တပ်၍ မှတ်တမ်းဓာတ်ပုံများ ပြန်လည်ပေးပို့ရန်နှင့် ဆီစာအုပ်များကိုလည်း စားသုံးသူများ လက်ဝယ်သို့ ပေးအပ်ခြင်း ရှိ/မရှိ၊ စားသုံးသူပြည်သူများ လက်ဝယ်သို့လည်း စားအုန်းဆီများ သေချာစွာ ရောင်းချပေးရန် သပြုကုန်းကျေးရွာ အုပ်စုရှိ အုပ်ချုပ်ရေးမှူးနှင့် ကော်မတီ အဖွဲ့ဝင်များလက်ဝယ်သို့ ဆီထုတ်လျှောက်လွှာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ကျိုက်လတ်မြို့နယ်ရှိ “ဖွံ့ဖြိုးအောင်”စက်သုံးဆီ အရောင်းဆိုင်အား ကွင်းဆင်းစိစစ်ခြင်း

    ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် (၂၄.၁၁.၂၀၂၅) နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် မီးသတ်ဦးစီးဌာန၊ စုံစမ်းစစ်ဆေးရေးဦးစီးဌာန (စ.စ.စ) ၊ ကျေးရွာအုပ်ချုပ်ရေးမှူး ပါဝင်သော  အဖွဲ့ဖြင့် တပေတမော့ ကျေးရွာရှိ ဒေါ်ဖြူဖြူလွင် ပိုင်ဆိုင်သော “ဖွံ့ဖြိုးအောင်” စက်သုံးဆီ ဆိုင်သို့ ဝင်ရောက်စစ်ဆေးခဲ့ပါသည်။

          စက်သုံးဆီဆိုင်များအနေဖြင့် အဝင်ဆီ(PO) ရရှိမှု၊ မှန်ကန်မှုရှိ/မရှိ ၊ ရည်ညွှန်းဈေး ဆိုင်းဘုတ်တင် ရောင်းချခြင်း ရှိ/မရှိ ၊ အလေးချိန် အချိန်အတွယ် မှန်ကန်မှုရှိ/မရှိ ၊ ဆီကန်များတွင် လက်ကျန်အခြေအနေတို့ကို စစ်ဆေးတိုင်းတာခြင်း၊ မသမာသော နည်းလမ်းများဖြင့် ဆီရောင်းဝယ် ပြုလုပ်ခြင်းများ မရှိစေရေး၊ ဆီပြတ်လပ်မှု မရှိစေရေးတို့ကို အလေးထား လိုက်နာဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ကန့်ဘလူခရိုင်၏ နိုဝင်ဘာလအတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း  ဆောင်ရွက်နိုင်မှုအခြေအနေ

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင် ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူများအသုံးပြုလျက်ရှိသည့် ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကို လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

     ၂၀၂၅ခုနှစ် နိုဝင်ဘာလအတွင်း စားသုံးသူရေးရာဦးစီးဌာနမှဦးဆောင်ကာ မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ပြည်ပမှတင်သွင်းသော ကုန်စည်များကိုသာမက ပြည်တွင်း၌ထုတ်လုပ်သော ကုန်စည်များနှင့် စပ်လျဉ်း၍ ဈေးကွက်မရောက်မီ သို့မဟုတ် ဈေးကွက်ရောက်ပြီး ကုန်စည်များ၏ ဘေးအန္တရာယ်ရှိ/ မရှိစစ်ဆေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့်အချက်များ ပါဝင်မှုရှိ/ မရှိ စစ်ဆေးခြင်းကို ကန့်ဘလူမြို့နယ်အနေဖြင့် ကန့်ဘလူမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ကုန်စုံဆိုင်များနှင့် ကန့်ဘလူမြို့၊မြို့မဈေးရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအားလည်းကောင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း စသည်ဖြင့်စုစုပေါင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း(၂)ကြိမ်၊ ကျွန်းလှမြို့နယ်အနေဖြင့် ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်ရှိ ဆေးပစ္စည်းနုင့် ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များအားလည်းကောင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း(၁)ကြိမ်၊ ကန့်ဘလူမြို့၊ အမှတ်(၂)ရပ် ကွက်ရှိ စက်သုံးဆီရောင်းဝယ်ရေးဆိုင်အား အထူးဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း (၁)ကြိမ်နှင့် ကျွန်းလှမြို့ ၊ သစ်ရာမြိုင်ရပ်ကွက်ရှိ စက်သုံးဆီအရောင်းဆိုင်အား အထူးဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း(၁)ကြိမ်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများကို ပြည့်စုံစွာဖော်ပြထားသည့် ကုန်စည်များကိုသာ ဖြန့်ဖြူးရောင်းချရန်၊ သက်ဆိုင်ရာဌာနများမှ စားသုံးရန်မသင့် ထုတ်ပြန်ထားသည့်ကုန်စည်များကို ရောင်းချခြင်းမပြုရန် အသိပညာပေးပြောကြားခဲ့ပြီး မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် အမှတ် (၂/၂၀၁၉)ပါလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျိုက်လတ်မြို့နယ်ရှိ “ဇော်”စက်သုံးဆီ အရောင်းဆိုင်အား ကွင်းဆင်းစိစစ်ခြင်း

     ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် (၂၄.၁၁.၂၀၂၅) နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် မီးသတ်ဦးစီးဌာန၊ စုံစမ်းစစ်ဆေးရေးဦးစီးဌာန (စ.စ.စ) ၊ ကျေးရွာအုပ်ချုပ်ရေးမှူး ပါဝင်သော  အဖွဲ့ဖြင့် တပေတမော့ ကျေးရွာရှိ ဒေါ်နိုင်နိုင်မော် ပိုင်ဆိုင်သော “ဇော်” စက်သုံးဆီ ဆိုင်သို့ ဝင်ရောက်စစ်ဆေးခဲ့ပါသည်။

          စက်သုံးဆီဆိုင်များအနေဖြင့် အဝင်ဆီ(PO) ရရှိမှု၊ မှန်ကန်မှုရှိ/မရှိ ၊ ရည်ညွှန်းဈေး ဆိုင်းဘုတ်တင် ရောင်းချခြင်း ရှိ/မရှိ ၊ အလေးချိန် အချိန်အတွယ် မှန်ကန်မှုရှိ/မရှိ ၊ ဆီကန်များတွင် လက်ကျန်အခြေအနေတို့ကို စစ်ဆေးတိုင်းတာခြင်း၊ မသမာသော နည်းလမ်းများဖြင့် ဆီရောင်းဝယ် ပြုလုပ်ခြင်းများ မရှိစေရေး၊ ဆီပြတ်လပ်မှု မရှိစေရေးတို့ကို အလေးထား လိုက်နာဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ကျိုက်လတ်မြို့နယ်ရှိ စက်သုံးဆီ အရောင်းဆိုင်များအား ကွင်းဆင်းစိစစ်ခြင်း

    ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် (၂၄.၁၁.၂၀၂၅) နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မီးသတ်ဦးစီးဌာန၊ စုံစမ်းစစ်ဆေးရေးဦးစီးဌာန (စ.စ.စ) ၊ ကျေးရွာအုပ်ချုပ်ရေးမှူး ပါဝင်သော  အဖွဲ့ဖြင့် တပေတမော့ ကျေးရွာရှိ ဦးရဲနိုင် ပိုင်ဆိုင်သော “သာမညဖြိုး” စက်သုံးဆီ ဆိုင်သို့ ဝင်ရောက်စစ်ဆေးခဲ့ပါသည်။

          စက်သုံးဆီဆိုင်များအနေဖြင့် အဝင်ဆီ(PO) ရရှိမှု၊ မှန်ကန်မှုရှိ/မရှိ ၊ ရည်ညွှန်းဈေး ဆိုင်းဘုတ်တင် ရောင်းချခြင်း ရှိ/မရှိ ၊ အလေးချိန် အချိန်အတွယ် မှန်ကန်မှုရှိ/မရှိ ၊ ဆီကန်များတွင် လက်ကျန်အခြေအနေတို့ကို စစ်ဆေးတိုင်းတာခြင်း၊ မသမာသော နည်းလမ်းများဖြင့် ဆီရောင်းဝယ် ပြုလုပ်ခြင်းများ မရှိစေရေး၊ ဆီပြတ်လပ်မှု မရှိစေရေးတို့ကို အလေးထား လိုက်နာဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဖျာပုံခရိုင်တွင် အများပြည်သူများ သက်သာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် သင့်တင့်မျှတသော ဈေးနှုန်းဖြင့် ဆန်ရောင်းချပေးလျက်ရှိ

    ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ ဖျာပုံမြို့နယ်တွင် ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့်  ဆန်စက်လုပ်ငန်းရှင်များ အသင်း၊ ဆန်စပါး ကုန်သည် အသင်း၊ စားသုံးသူရေးရာ ဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၂၅) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီ အချိန်တွင် ဆန်စပါးကုန်သည်အသင်းရုံး၌ အများပြည်သူများ သင့်တင့်မျှတသော ဈေးနှုန်းဖြင့်  ဝယ်ယူစားသုံး နိုင်ရေးအတွက် ပေါ်ဆန်းဆန် (၁) ပြည်လျှင် (၅၀၀၀) ကျပ်၊ ဧည့်မထဆန် (၁) ပြည်လျှင် (၂၅၀၀) ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့ပါသည်ရောင်းချမှုအနေဖြင့် ပေါ်ဆန်းဆန်(၁၀) အိတ်၊ ဧည့်မထဆန် (၁၀) အိတ် အား ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ