
စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် စားသုံးသူကာကွယ်ရေးလုပ် ငန်းများကို ဆောင်ရွက်လျက်ရှိပြီး တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက် နံနက်(၁၀:၃၀)နာရီအချိန်တွင် ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ခရိုင်ပြန်/ဆက်ဦးစီးဌာနနှင့် စားသုံးသူရေး ရာဦးစီးဌာနတို့ ပူးပေါင်း၍ အွန်လိုင်းစနစ်ဖြင့် ရောင်းချမှုလုပ်ငန်းများ မှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တာဝန်ခံက ဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပာယ်နှင့် တာဝန်များအကြောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့် ကြော်ငြာစာအမှတ် (၅၀/၂၀၂၃) အရ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီး ဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်ထားရှိမှုအခြေအနေ၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် မည်သူမဆို အွန်လိုင်းရောင်းချခြင်းလုပ်ငန်းကို မှတ်ပုံတင်လက်မှတ် လျှောက်ထားရရှိပြီးမှသာ လုပ်ကိုင်ရမည်ဖြစ်ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် Online မှတ်ပုံတင် ခြင်းနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ထားရမည့်အချက်များ၊ ပူးတွဲတင်ပြရမည့်အချက်များ၊ မှတ်ပုံတင်မည့်သူများ သိရှိလိုက်နာရမည့် စည်းကမ်းချက်များ၊ eComReg System(www. Ecomreg .gov.mm)တွင် မိမိကိုယ်တိုင် မှတ်ပုံတင်လျောက်ထားနိုင်သည့် နည်းလမ်းများ၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို မှတ်ပုံတင်လက်မှတ်မရှိပဲ ဆောင်ရွက်မည်ဆိုပါက အရေးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ(၅)အရ အရေးယူခံရမည်ဖြစ်ကြောင်း၊ အရေးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေပါ ပြစ်မှုနှင့်ပစ်ဒဏ်များအကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)
