
ရွှေတောင်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မြို့နယ်ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့ဝင်များဖြစ်သော မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေးအဖွဲ့များနှင့် ပူးပေါင်း၍ (၁၇.၈.၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီတွင် ရွှေတောင်မြို့နယ်၊ ကြာနီကန်ရပ်ကွက်ရှိ ကုန်မျိုးစုံဆိုင်များတွင်ရောင်းချနေသော ကလေးအာဟာရ ဖြည့်စွက်စာများအား သွားရောက်စစ်ဆေးခဲ့ပြီး စစ်ဆေးရာတွင် ကလေးအာဟာရဖြည့်စွက်စာ များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်မှုရှိပြီး ဘေးအန္တရာယ်ကင်းစင်သော အာဟာရဖြည့်စွက်စာများကို သိသာနိုင်ပါရန်နှင့် လိုအပ်သလို လမ်းညွှန်မှုပြုနိုင်ပါရန် လေးစားစွာ တင်ပြ အစီရင်ခံအပ်ပါသည်။
DOCA(ပဲခူး)
