သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

  စားအုန်းဆီပေပါ ရောက်ရှိမှုအားသွား‌ရောက်စစ်ဆေးခြင်း

     ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့ တွင် ကော့သောင်းမြို့ သီရိမြိုင်ရပ်ကွက် အဝေးပြေး ယာဉ်ရပ်နား စခန်းသို့ Myanmar Oil Alliance Co.,ltd ကုမ္မဏီမှ လက်လီ/လက်ကား ကိုယ်စားလှယ် တိုက်ရိုက်ဖြန့်ဖြူးရောင်းချသည့်စနစ်အရ ကော့သောင်းခရိုင်အတွက် ခန့်အပ် သောဦးနိုင်လင်း (ကိုယ်စားလှယ်) မှထုတ်ယူခဲ့သော အောက်တိုဘာလ ဦးဆုံးပတ် စားအုန်းဆီ (၅၆)ပေပါအား ယာဉ်အမှတ် 7S/2124 ရွှေပြည်တိုးကားဖြင့် ဆီကန်မှထုတ်ယူပြီး ကော့သောင်း မြို့သို့ (၁၀.၁၀.၂၀၂၅) ရက်နေ့တွင် ရောက်ရှိလာမှုအား ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် တာဝန်ရှိသူများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (တနင်္သာရီ)

ဖျာပုံမြို့နယ်အတွင်းရှိ “သီတာညွန့်” ဆန်စက်သို့ MyRoတင်ထားသည့် လက်ကျန်အခြေခံစာရင်းများအခြေအနေကို ကွင်းဆင်းစစ်ဆေး

          ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ ဆန်စက်များသို့ စားသုံးသူရေးရာဦးစီးဌာနနှင့် စက်မှုကြီးကြပ်စစ်ဆေးရေးဦးစီးဌာနတို့ ပူပေါင်း၍ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ(၁၁)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ဆန်စက်များ၏ လက်ကျန် ဆန်/ စပါး သိုလှောင်မှုစာရင်း ၈/၂၀၂၅ MyRo တင်ထားသည့် လက်ကျန်စာရင်းကိုအခြေခံ၍ မြေပြင်လက်ကျန်အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် “သီတာညွန့်”ဆန်စက်အား ဒုခရိုင်ဦးစီးမှူး ဦးစိုးမင်းထိုက်မှ  စပါး/ ဆန်သိုလှောင်မှု ရ၊ ထုတ်၊ ကျန် စာရင်းများကို မြေပြင်အခြေအနေမှန်စာရင်းနှင့် အနီးစပ်ဆုံး ကွင်းဆင်းစစ်ဆေးခြင်းပြုလုပ်ခဲ့ရာ လုပ်ငန်းရှင်များကို ပြည်တွင်းဈေးကွက်၌ ဆန်ဈေးနှုန်းတည်ငြိမ်မှုရှိစေရေး၊ ပြည်ပသို့ဆန်တင်ပို့မှုကို စနစ်တစ်ကျဆောင်ရွက်နိုင်ရေး၊ ဆန်စပါးသိုလှောင်မှုများ စနစ်ကျနမှုရှိစေရေးတို့အတွက် ဆန်စပါးသိုလှောင်မှုအား မြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များက ပူပေါင်းဆောင်ရွက်ကြရန် လိုအပ်သည်များကို ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ကော့သောင်းမြို့ပေါ်ရှိ ဆန်ဂိုဒေါင်နှင့်ဆန်ဆိုင်များအားသွားရောက်စစ်ဆေးခြင်း

     တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၁.၁၀.၂၀၂၅) ရက်နေ့ နေ့လယ် (၁:၀၀) အချိန်တွင် ကော့သောင်းခရိုင် ကုန်စျေးနှုန်းတည်ငြိမ်ရေး အဖွဲ့ဝင်များဖြင့် ပူးပေါင်း၍ ကော့သောင်းမြို့နယ်အတွင်းရှိ လက်လီ လက်ကားဆန်အရောင်းဆိုင်(၅)ဆိုင်အား စျေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ် ဆေးခဲ့ကြောင်းသိရှိရပါသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကော့သောင်းမြို့နယ်အတွင်းရှိ ဆန်သိုလှောင်ထားသော ဂိုဒေါင်များ နှင့် ဆန်ဆိုင်ကြီးများတွင် ဒေသအတွင်းဖြစ်သင့်ဖြစ်ထိုက်သည့် စျေးနှုန်းများရောင်း ချရန်၊ ဆန်အမျိုးအစားအလိုက် စျေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ စစ်ဆေးခြင်း၊ ဆန်များသို လှောင်ထားခြင်းရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA (တနင်္သာရီ)

ကော့သောင်းမြို့ပေါ်ရှိ ဆေးဆိုင်များအားစျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် ကော့သောင်း မြို့ပေါ်ရှိ ဆေးဆိုင် (၅) ဆိုင်အား ကော့သောင်းခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တို့နှင့် ပူးပေါင်း၍ ဈေးကွက်အတွင်းဖြန့်ဖြူး ရောင်းချနေသည့်ဆေးဝါးများ ကုန်အညွှန်းအမှတ် အသားပြည့် စုံစွာဖော်ပြထားခြင်း ရှိ/မရှိ ၊ တရားမဝင်ဆေးဝါးများရောင်းချနေခြင်း ရှိ/မရှိ၊ သက် တမ်းလွန်ဆေးဝါးများ ရောင်းချနေခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင် ရွက်ခဲ့ပါသည်။    

          စစ်ဆေးရေးအဖွဲ့ဝင်များမှ အဆိုပါ ဆေးဆိုင်လုပ်ငန်းရှင်များအား တရားဝင်မှတ်ပုံတင် ထားသည့် ဆေးဝါးများကိုသာ ရောင်းချစေရေး၊ တရားမဝင်ဆေးဝါးများကို ရောင်းချမှုမရှိစေရေး အသိပညာပေးဆွေး နွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (တနင်္သာရီ)

ဖျာပုံမြို့နယ်ရှိဘိလပ်မြေအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

         ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်ဦးစီးမှူးရုံး၊ စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းပြီး ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ(၁၁)ရက်နေ့၊ နံနက်(၁၀:၃၀) နာရီအချိန်တွင် ဖျာပုံမြို့နယ်ရှိဘိလပ်မြေအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် ဘိလပ်မြေများ ပစ္စည်းပြတ်လပ်မှုရှိ/ မရှိအခြေအနေများ၊ ဝယ်လိုအား/ ရောင်းလိုအားများအားမြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ဘိလပ်မြေအိတ်ဈေးနှုန်းများအနေဖြင့် Apacheတံဆိပ် ဘိလပ်မြေတစ်အိတ်လျှင် (၂၃၀၀၀)ကျပ်၊ Alphaတံဆိပ် ဘိလပ်မြေတစ်အိတ်လျှင်(၂၅၀၀၀)ကျပ်ဖြင့်ရောင်းချနေကြောင်း သိရှိရပြီး ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ဘိလပ်မြေဈေးနှုန်းများမှာ အနည်းငယ်ကျဆင်းလာပြီး အရောင်းအဝယ်ပုံမှန်ဖြစ်နေကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ရေနံချောင်းမြို့၊ အခြေခံပညာအထက်တန်း(သပြေ)ကျောင်း၌ အသိပညာပေးဟောပြောပွဲကျင်းပ

 စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ်တာဝန်ခံ သည် (၁၅.၁၀.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် အခြေခံပညာအထက်တန်း(သပြေ)ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲနှင့် လူငယ်စကားဝိုင်းကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။

          ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ရေနံချောင်းမြို့နယ်တာဝန်ခံ၊ ဒေါ်ချိုဝေလွင်မှ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ သိကောင်းစရာများအကြောင်းကို လည်းကောင်း၊ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး၊ ဒေါ်ချိုမီအောင်(ဦးစီးအရာရှိ)နှင့် G-11 ကျောင်းသား (၃)ဦး၊ ကျောင်းသူ (၃)ဦးမှ လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့် စာရိတ္တအကြောင်းကို လည်းကောင်း ဟောပြောခဲ့ကြပြီး တက်ရောက်လာသည့် ကျောင်းသား /ကျောင်းသူများမှ မေးမြန်းသည်များကို ဖြေကြားပေးခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ ဆရာ/ ဆရာမ(၈)ဦးနှင့် ကျောင်းသား/ကျောင်းသူ (၁၅၇)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ဖျာပုံမြို့နယ်ရှိဘိလပ်မြေအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်ဦးစီးမှူးရုံး၊ စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းပြီး ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ(၁၁)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ဖျာပုံမြို့နယ်ရှိဘိလပ်မြေအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် ပစ္စည်းပြတ်လပ်မှုရှိ/ မရှိအခြေအနေများ၊ ဝယ်လိုအား/ ရောင်းလိုအားများအား မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ဘိလပ်မြေအိတ် ဈေးနှုန်းများအနေဖြင့် Apacheတံဆိပ် ဘိလပ်မြေတစ်အိတ်လျှင် (၂၃၅၀၀)ကျပ်၊ Alphaတံဆိပ် ဘိလပ်မြေတစ်အိတ်လျှင် (၂၅၅၀၀)ကျပ်ဖြင့်  ရောင်းချနေကြောင်းသိရှိရပြီး ယခင်အပတ်ဖြင့်နှိုင်းယှဉ်ပါက ဘိလပ်မြေဈေးနှုန်းများမှာ အနည်းငယ်ကျဆင်းလာပြီး အရောင်းအဝယ်ပုံမှန်ဖြစ်နေကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၆,၄၀၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

     စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ် ကင်းရှင်းသော စားသုံးဆီများကို သင့်တင့်သောဈေးနှုန်းဖြင့်  ဝယ်ယူစားသုံးနိုင်စေရန်နှင့် ပြည်တွင်းလိုအပ် ချက်များကိုဖြည့်ဆည်းပေးနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါသည်။

          ပြည်တွင်းလိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ရေးစားအုန်းဆီကို ပြည်ပမှဝယ်ယူတင်သွင်း ရာတွင် စားအုန်းဆီတင်ပို့သည့်နိုင်ငံများ၏ စျေးနှုန်းအတက်အကျပေါ်မူတည်၍ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေးကို ထိန်းကျောင်းဆောင်ရွက်လျက်ရှိသည်။

          ပြည်ပမှစားအုန်းဆီထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ် မှုများအရ ၂၀၂၅ခုနှစ်၊အောက်တိုဘာလ ၃၁ ရက်နေ့မှ နိုဝင်ဘာလ ၆ ရက်နေ့အထိ ရန်ကုန် အထိုင်ဈေးအခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၆,၄၀၀ ဖြစ်ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီက အသိပေးထုတ်ပြန်ကြေညာထားကြောင်း သိရှိရပါ​သည်။    

          ပြည်တွင်းဈေးကွက်အတွင်း အဆိုပါထုတ်ပြန်ကြေညာထားသည့် စျေးနှုန်းထက်   ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ကြောင်း သိရှိရသည်။

          စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ် သောကြာနေ့တိုင်း ထုတ် ပြန်ကြေညာလျက်ရှိပြီး စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တို့တွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ကြောင်း သိရှိရပါသည်။

မြန်အောင်မြို့နယ် အမှတ်(၅)ရပ်ကွက် စတိုးဆိုင်လုပ်ငန်းရှင်များအား အသိပညာပေးဟောပြောခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးသည်(၁၀.၁၀.၂၀၂၅)ရက်နေ့ နေ့လယ် (၁၂:၀၀)နာရီအချိန်တွင် မြန်အောင်မြို့နယ်၊ လက်ပံတာကြီးတန်းလမ်း၊ အမှတ်(၅)ရပ်ကွက်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် စတိုးဆိုင်လုပ်ငန်းရှင်(၂၅)ဦးအား ကုန်အညွှန်းအမှတ် အသားဆိုင်ရာ အသိပညာပေးဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

        ထိုဆွေးနွေးပွဲတွင် မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်က စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁) ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည့်အကြောင်း၊ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ အကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း အသိပညာပေးဟောပြောခဲ့ပြီး လုပ်ငန်းရှင်များမှလည်း သိလိုသည်များကို မေးမြန်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မွန်ပြည်နယ်စားသုံးသူရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၂၅) ကျင်းပ

     ၁၅.၁၀.၂၀၂၅ ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာ ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ မွန်ပြည်နယ်၊ စားသုံးသူရေးရာကော်မတီ (/၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ မွန်ပြည်နယ်၊ စားသုံးသူရေးရာကော်မတီဥက္ကဌ၊ မွန်ပြည်နယ် အစိုးရအဖွဲ့စီးပွားရေးရာဝန်ကြီး နိုင်လယိတမ နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

    ပထမဦးစွာ မွန်ပြည်နယ် စားသုံးသူရေးရာကော်မတီ ဥက္ကဌ၊ မွန်ပြည်နယ် အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး နိုင်လယိတမက အဖွင့်အမှာစကား ပြောကြားပြီးနောက် မွန်ပြည်နယ်၊ စားသုံးသူရေးရာကော်မတီ အတွင်းရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးတင်အောင်ကျော်က ယခင်အစည်းအဝေးဆုံးဖြတ်ချက်အပေါ် ဆောင်ရွက်ပြီးစီးမှုနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းဆွေးနွေးခဲ့ သည်။

    ဆက်လက်၍ စားသုံးသူရေးရာဌာနခွဲတာဝန်ခံက ယခု အစည်းအဝေးတွင် ဆုံးဖြတ်ရမည့် အချက်များအား အမှာစာဖြင့်ဖတ်ကြားခဲ့ပြီး တက်ရောက်လာသူများမှ ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို နံနက် (၁၁း၃၀) နာရီအချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ