သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်ဦးစီးမှူးရုံးတွင်  စားသုံးဆီလုပ်ငန်းရှင်များအား စားသုံးသူသိပညာပေးဟောပြောဆွေးနွေး

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးသည် (၄.၁၂.၂၀၂၄)ရက်နေ့ နေ့လယ် (၁၂:၃၀)နာရီက စားသုံးသူရေးရာဦးစီးဌာန၊ ဝါးခယ်မမြို့နယ်တာဝန်ခံရုံးတွင် စားသုံးဆီ လုပ်ငန်းရှင်များအား စားသုံးသူအသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

            ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံမှ တက်ရောက်လာသော  စားသုံးဆီလုပ်ငန်းရှင်များအား  မိတ်ဆက်စကားပြောကြားပြီး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ စီးပွားရေး လုပ်ငန်းရှင်များ၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ ညွှန်ကြားချက်များအား အသေးစိတ် ရှင်းလင်း ပြောကြားခဲ့ပြီး စားသုံးဆီလုပ်ငန်းရှင်များမှ သိရှိလိုသည့်မေးမြန်းဆွေးနွေးချက်များအား ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ပါသည်၊ ဆွေးနွေးပွဲသို့ လုပ်ငန်းရှင်(၁၀)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)

မြောင်းမြခရိုင် မြောင်းမြမြို့နယ်၊ မြို့ပေါ်ရှိ လက်လီလက္ကား စားသုံးဆီဆိုင်များအား ရှောင်တခင်သွားရောက်စစ်ဆေး

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်  မြို့နယ်ဦးစီးမှူးဦးလှထွဋ်ဦးနှင့် ဝန်ထမ်းများ သည် (၅.၁၂.၂၀၂၅)ရက်နေ့ နေ့လယ်(၁၂:၃၀)နာရီက မြို့ပေါ်ရှိ စားသုံးဆီအရောင်းဆိုင်များအား ရှောင်တခင် ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးမှ လက်လီလက္ကားရောင်းချ သောဆိုင်ရှင်များအား စားသုံးသူပြည်သူများသို့ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုကြရန် သတ်မှတ်ရည်ညွှန်းဈေး ဖြင့်သာ ရောင်းချဖြန့်ဖြူးပေးရန်၊ သက်ဆိုင်ရာအထက်ဌာနများမှ ထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက်များအား လိုက်နာ ဆောင်ရွက်ကြရန် အလေးချိန်ပြည့်ဝမှန်ကန်စွာ ရောင်းချပေးရန် စားသုံးဆီခွဲတမ်းရရှိသည့် ဆိုင်များအနေဖြင့် ဈေးနှုန်းများကို အများမြင်သာသောနေရာများတွင် ရောင်းချသည့်ဈေးနှုန်းအား ချိတ်ဆွဲထားရှိရန် သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့် အညီရောင်းချပေးကြရန်၊ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင် ထားခြင်း များတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုင်ရှင်များအား အသိပေးဆွေးနွေးခဲ့ပါသည်။

(DOCA ဧရာဝတီ)

ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြနိုင်ရေး လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူ ကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များနှင့် ကိုက်ညီမှုရှိစေရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များအား တွေ့ဆုံပြီး ဥပဒေ၊ နည်းဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်းနှင့် ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိရာ (၈.၁၂.၂၀၂၅)ရက်နေ့၊ ညနေ(၀၃:၃၀)နာရီအချိန်၌ စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာ ဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် ဒေါ်အေးမြင့်ငြိမ်း ဦးစီးအရာရှိသည် ရွှေကိန္နရီ ငါးမုန့်ကြော်၊       တို့ဟူးခြောက်ကြော်၊ ကြက်သွန်ခြောက်ကြော် လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး အသိပညာပေးခဲ့ကြောင်း သိရသည်။

    ထိုသို့အသိပညာပေးရာတွင် ဒေါ်အေးမြင့်ငြိမ်း ဦးစီးအရာရှိက စားသုံးသူ ကာကွယ်ရေးဥပဒေ အခန်း(၁၈)တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်းသည့် အချက်အလက်များ၊ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ (၂/၂၀၁၉) ညွှန်ကြားချက်အရ မြန်မာဘာသာဖြင့် မဖြစ်မနေ ဖော်ပြရန်လိုအပ်သည့် အသေးစိတ်အချက်များ၊ Online Sale မှတ်ပုံတင်ခြင်းအကြောင်းနှင့် ကုန်စည်/ဝန်ဆောင်မှုများကို အွန်လိုင်းစနစ်အသုံးပြု၍ ရောင်းချမည်ဆိုပါက မဖြစ်မနေ အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်ပြီးမှသာ ရောင်းချရန်၊ မှတ်ပုံတင်ထားခြင်းမရှိဘဲ ရောင်းချမည်ဆိုပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်၏ လိုက်နာရမည့် တာဝန်များ အကြောင်းကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)       

 

         

Max စက်သုံးဆီအရောင်းဆိုင်အား ကွင်းဆင်းစစ်ဆေးခြင်း

         (၅.၁၂၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်မှူးရုံးမှ ဒေါ်သိင်္ဂီဇံ(အကြီးတန်းစာရေး)သည် အမှတ်(၁)၊ တိုးချဲ့ငါးမာန်အောင်ဘုရားအနီး၊ မြောက်ဒဂုံမြို့နယ်စက်သုံးဆီအရောင်းဆိုင်သို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါ အရောင်းဆိုင်တွင် (၅.၁၂.၂၀၂၅) ရက်နေ့၊ ရောင်းဈေးတစ်လီတာလျှင် (92-၂၅၂၅ ကျပ်)၊ (95-၂၆၁၀ကျပ်)၊ (HSD-၂၃၃၀ကျပ်)၊ (PHSD-၂၈၀၅ကျပ်)တို့ဖြင့် ရောင်းချနေကြောင်း တွေ့ရှိရပြီး၊ စက်သုံးဆီများသက်မှတ်ရည်ညွှန်းဈေးဖြင့်ရောင်းချခြင်း၊ ဆီဝင်ရောက်မှုနှင့် ဆီလက် ကျန်အခြေအနေများ၊ အလေးချိန်မှန်ကန်မှုရှိ/ မရှိတို့အား စစ်ဆေးခဲ့ပြီး၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးအတွက် မီးသတ်ဆေးဘူးများ၊ ရေစုပ်စက်၊ ရေပိုက်များကောင်းမွန်စွာထားရှိခြင်း ရှိ/ မရှိ စစ်ဆေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

ကန့်ဘလူမြို့နယ်တွင် စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

     စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည်၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့ နံနက် ၀၉:၃၀ အချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်း နှင့်ဒေါ်အိမွန်ကျော်တို့သည် ခရိုင်ပြန်/ဆက်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တို့နှင့်ပူးပေါင်း၍  ကန့်ဘလူမြို့”မြို့မဈေး”ရှိ ကုန်စုံဆိုင်များတွင်ရောင်းချနေသော ဘူးသွင်းစားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးရာ စားသုံးသူများနေ့စဉ် အသုံးပြုလျက်ရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်စေရန်ရည်ရွယ်၍ ဈေးကွက်အတွင်း ရောင်းချနေသည့် စားသုံးဆီအမျိုးမျိုးတွင် ကုန်အညွှန်အမှတ်အသားများကို (၂/၂၀၁၉)နှင့်အညီမြန် မာဘာသာဖြင့်ဖော်ပြထားခြင်းရှိ/မရှိနှင့် (၁/၂၀၂၁)နှင့်အညီ ပိဿာ/ကျပ်သားတို့ကို ဖော်ပြထားခြင်း ရှိ/မရှိစစ်ဆေးခဲ့ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်မရှိသော စားသုံးဆီများ ၊ တရားမဝင်တင်သွင်းလာသော စားသုံးဆီများကို ရောင်းချခြင်းမပြုလုပ်ရန်၊ အသိ ပညာပေးပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးအကြောင်းသိကောင်းစရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)       

                                     

ကျွန်းလှမြို့ပေါ်ရှိဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန် ခံရုံးအနေဖြင့်  ဒီဇင်ဘာလ()ရက်နေ့ နံနက် (၀၈း၃၀)နာရီ အချိန်တွင် ကျွန်းလှမြို့ပေါ်ရပ်ကွက် အတွင်း ရှိ ဆေးနှင့် လျှပ်စစ်ပစ္စည်း အရောင်းဆိုင်များအား  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ် ရဲတပ်ဖွဲ့ စခန်း မြိုနယ်ကျန်းမာရေးဦးစီးဌာန မြို့နယ်စည်ပင်သာယာရေးအဖွဲ့ စားသုံးသူရေးရာဦးစီးဌာန၊  ကျွန်းလှ မြို့နယ်တာဝန်ခံတို့ ပူးပေါင်းအဖွဲ့သည် ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း များ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

    ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ရာတွင် ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်မှစီးပွား ရေးလုပ်ငန်းရှင်များအနေဖြင့် ဈေးကွက်အတွင်း ဆေးနှင့်ဆေးပစ္စည်းများ၊ ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း (သို့မဟုတ်) ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက် မည်ဖြစ်ကြောင်း၊ ဆေးနှင့်ဆေးပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့် အသေးစိတ် စိစစ်ချက်များအတိုင်း ဖော်ပြထားသည်ကို စိစစ်တွေ့ရှိရပြီး၊ ဆေးဆိုင်များ ပုံမှန်ဖွင့်လှစ် ရောင်းချနိုင်ရေး ဆေးပြတ်လတ်မှုမဖြစ်ပေါ်စေရေး အဓိကထားဆောင်ရွက်ရန် ဈေးကွက်အတွင်း တရားမဝင် တင်သွင်းလာသော ဆေးဝါးများ၊ စံမညီ ဆေးဝါးများ၊ ဆေးဝါးအတုများ၊ စပ်ဆေးများ သက်တမ်းလွန် ဆေးဝါးများ နှင့် လိုင်စင်မဲ့ဆေးဝါးများကိုလည်း ရောင်းချခြင်းမပြုရန် သက်ဆိုင်ရာဌာနများ၏ ညွှန်ကြားချက် များ ဥပဒေများကို လိုက်နာဆောင်ရွက်ကြရန် လိုအပ်ကြောင်း အသိပညာပေးပြောကြားခဲ့ပြီး ညွှန်ကြား ချက်အမှတ်(/၂၀၁၉)ပါလက်ကမ်းစာစောင်များ ဖြင့်ဝေပေးခဲ့ကြောင်း  သိရှိရပါသည်။

DOCA(စစ်ကိုင်း)

   

ပိတောက်မြိုင်ရပ်ကွက်ရှိ “KKK” ဆီစက် လုပ်ငန်းရှင်နှင့် တွေ့ဆုံအသိပညာပေးခြင်း

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် “ပြည်တွင်းကုန် သွယ်မှုဖွံဖြိုးတိုးတက်စေရန်” ဆိုသည့် မျှော်မှန်းချက်နဲ့အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံသည် ၂၀၂ ခုနှစ် ၊ ဒီဇင်ဘာလ()ရက်နေ့၊ နံနက်(၀;၀၀)အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊  ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်ရှိ KKK” မြေပဲဆီသန့်စက်လုပ်ငန်းရှင် နှင့် သွားရောက် တွေ့ဆုံဆွေးနွေး အသိပညာ ပေးခြင်းဆောင်ရွက်ခဲ့ပါသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန်ခံက ဆီများထုတ်လုပ် ရောင်းချခြင်း နှင့် ပတ်သက်၍   ကုန်ကြမ်းဝယ်ယူရရှိမှုအခြေအနေ၊ ကြိတ်ခွဲနိုင်မှုအခြေအနေ၊  ထွက်ရှိ သည့် ဆီများ/မြေပဲပတ်များကို ပို့ဆောင်ရောင်းချမှုအခြေအနေ ဈေးနှုန်း/ဈေးကွက်အခြေအနေ တို့ကိုမေးမြန်းပြီး စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ အကြောင်း ၊ စီးပွားရေး လုပ်ငန်းရှင်တိုင်း သိရှိလိုက်နာဆောင်ရွက်ရမည့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၂၄)ပါ ပြစ်မှု/ပြစ်ဒဏ် များအကြောင်း ဆက်လက်ပြီး စီးပွားရေးလုပ်ငန်းရှင်များကို Online စနစ်ဖြင့် ရောင်းချနေခြင်းရှိပါက Online မှတ်ပုံတင် ခြင်းလုပ်ငန်းများ လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ Online Sales မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းများ လုပ်ကိုင်ရန်အတွက် အမိန့်ကြော်ငြာစာအမှတ် ၅၀/၂၀၂၃ ကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ(၂၁)ရက်နေ့တွင် ထုတ်ပြန်ထားပြီး  အမိန့်ကြော်ငြာစာ ထုတ်ပြန် ပြီး(၆)လပြည့်မြောက်သည့် နေ့မှစ၍ မှတ်ပုံတင် အသက်ဝင် လာပြီး မှတ်ပုံတင် မရှိဘဲ Online Sales ရောင်းချပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေ ပုဒ်မ(၅)အရ အရေးယူ ခံရမည်ဖြစ်ကြောင်း၊ မှတ်ပုံတင်ခြင်းလုပ်ငန်းကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ(၂)ရက်နေ့တွင် စတင်အသုံးပြုခဲ့တာ ဖြစ်ကြောင်း၊ မှတ်ပုံတင်ရာမှာ ပူးတွဲ တင်ပြရမည့် အချက်များအကြောင်း နှင့် မှတ်ပုံတင် မည့်သူများ သိရှိလိုက်နာရမည့် စည်းကမ်းချက်များအကြောင်းကို အကျယ်တဝင့်ရှင်းလင်း ပြောကြားခဲ့ပြီး ကုန်အညွှန်းအမှတ်အသား လျှောက်ထားဆောင်ရွက်ရန် တိုက်တွန်းပြောကြားပြီး လျှောက်ထား ဆောင် ရွက်ရန် လိုအပ်သည်အချက်အလက်များကို ကူညီဆောင်ရွက်ပေးခဲ့ပြီး အမိန့်ကြော်ငြာ စာအမှတ် (၂/၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသား အသေးစိတ်စိစစ်ချက်များပါရှိသည့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ 

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့နယ်တွင် ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

     စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည်၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့ (၁၀:၀၀)နာရီအချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော်တို့သည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ “ခန့်ညားရတနာ” ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်အား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးရာ စားသုံးသူများနေ့စဉ် အသုံးပြုလျက်ရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဘေးအန္တရာယ်ကင်းရှင်းစွာ၊ လွယ်ကူလျင်မြန်စွာ ဝယ်ယူအသုံးပြုနိုင်စေရန် ရည်ရွယ်၍ဈေးကွက်အတွင်း ရောင်းချနေသည့် အိမ်သုံးဆေးဝါးများ၊ ဆေးနှင့်ဆေးပစ္စည်းများ ပြတ်လပ်ခြင်း ရှိ/မရှိ၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ဈေးကစားရန်ရည်ရွယ်ပြီး ဆေးနှင့်ဆေးပစ္စည်းများကို သိုလှောင်ခြင်းများ ပြုလုပ်ပါက ဥပဒေအရ အရေးယူခံရနိုင်ကြောင်း အသိပညာပေးပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။      

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့နယ်၌ ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေး

    စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက် နံနက်(၁၁:၀၀)နာရီအချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဝန်ထမ်း(၁)ဦးတို့သည်   မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ ကန့်ဘလူ မြို့“မြို့မဈေး”ရှိ ဆန်လက်လီ၊လက်ကား အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရ သည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်တာဝန်ခံက ဒေသထွက်စားသုံးဆန်များအား သင့်တင့်မျှတသော ဈေးနှုန်းဖြင့်ရောင်းချရန်၊ ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အရည်အသွေးမှန်၊ အလေးချိန် မှန်ဖြင့် ဖြန့်ဖြူးရောင်းချရန်၊ ထို့နောက်တာဝန်ရှိသူများသည် ဆန်သိုလှောင်ထားရှိမှု၊ ဆန်လက် ကျန်အခြေအနေတို့အား စစ်ဆေးခဲ့ကြပြီး စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါစီးပွားရေး လုပ်ငန်းရှင်၏တာဝန်များကို လိုက်နာဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးခဲ့ပြီး စားသုံးသူကာ ကွယ်ရေးအကြောင်း အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

စစ်ကိုင်းတိုင်းဒေသကြီးတွင် အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့် မှတ်ပုံတင်လာရောက်လျှောက်ထားသော လုပ်ငန်းရှင်များအား အသိပညာပေးဆောင်ရွက်ခဲ့မှု အခြေအနေ

စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့် မှတ်ပုံတင်ခြင်းအတွက် အမိန့်ကြေငြာစာအမှတ် (၅၀/၂၀၂၃) ဖြင့်  ၂၀၂၃၊ဇူလိုင်လ ၂၁ ရက်နေ့တွင်  အမိန့်ကြေငြာစာထုတ်ပြန်ပြီး (၆) လပြည့်သည့်ရက်မှစ၍ မှတ်ပုံတင်မှုမရှိဘဲ  ရောင်းချပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရနိုင်ကြောင်း  Online Sale မှတ်ပုံတင်ခြင်းတွင်  လိုအပ် သည့်အချက်များနှင့် မိမိကိုယ်တိုင်စားသုံးသူရေးရာဦးစီးဌာန  ခရိုင်ရုံး (သို့မဟုတ်) မြို့နယ်ရုံးများသို့ ဆက်သွယ်လျှောက်ထားနိုင်ကြောင်း  မိမိကိုယ်တိုင် https://www.ecomreg.gov.mm သို့ဝင်ရောက် ကြည့်ရှု့လျှောက်ထားနိုင်ကြောင်း မှတ်ပုံတင်လျှောက်ထားရာတွင်  ကုန်စည်အုပ်စု၊ ဝန်ဆောင်မှုအုပ်စု သတ်မှတ်ချက်များရှိပြီး ကုန်စည်အမျိုးအစား (၂၂)မျိုး၊ ဝန်ဆောင်မှုအမျိုးအစား (၁၄) မျိုးရှိကြောင်း တို့ကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။ စစ်ကိုင်းတိုင်းဒေသကြီးတွင် အောက်တိုဘာလ အတွင်း အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့် မြေပြင်စစ်ဆေးအတည်ပြုပြီး မှတ်ပုံတင်ရရှိထားသည့် လုပ်ငန်းရှင် (၅) ဦး စုစုပေါင်း (၅) ဦး တို့အား အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ