ဘိုကလေးမြို့နယ်ရှိ စားအုန်းဆီအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစိစစ်ခြင်း

Powered by Drupal

          ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်း ပူးပေါင်းအဖွဲ့နှင့်အတူ (၁၈.၂.၂၀၂၆) နေ့၊ (၁၁:၀၀) နာရီအချိန်တွင် ဘိုကလေးမြို့ မြို့မ (၇) ရပ်ကွက်ရှိ မြတ်မွန် (ကုန်မျိုးစုံ ) ဆိုင်သို့ စားအုန်းဆီများတွင် ညွှန်ကြားထားသည့်အတိုင်း အရည်အသွေးပြည့်ဝသည့် သတ်မှတ်ရည်ညွှန်း ဈေးဖြင့်ရောင်းချခြင်းရှိ /မရှိ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

          ထိုသို့ ကွင်းဆင်းစိစစ်ရာတွင်  မိမိ ခွဲတမ်းရရှိလာမှုအပေါ် မှန်မှန်ကန်ကန်ရောင်းချပေးရန် အသင်းမှသတ်မှတ်ထားသော စည်းကမ်းများအား တိတိကျကျလိုက်နာရန်နှင့် ဆီဆိုင်များမှလည်း သတ်မှတ်ထားသောရည်ညွှန်းဈေးအတိုင်း ဗွီနိုင်းများချိတ်ဆွဲ၍ အရည်အသွေးပြည့်ဝပြီး အလေးချိန်ခွင် မှန်ကန်စွာရောင်းချနေမှု ရှိ/ မရှိနှင့် အိမ်ထောင်စုတစ်ဦးချင်း၏ ဆီစာအုပ်များတွင် မှတ်တမ်းမှတ်ရာများတိကျစွာ ရေးသွင်းထားခြင်းရှိ/ မရှိကို ‌ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစိစစ်ခဲ့မှုအပေါ် သတင်းရရှိခဲ့ပါသည်။

DOCA(ဧရာဝတီ)