
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ(၂၄) ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် ဒေးဒရဲမြို့မဈေးအတွင်းရောင်းချနေသော ကုန်မျိုးစုံဆိုင်များရှိ ဟင်းခတ်အမွှေးအကြိုင်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။
အဆိုပါ စစ်ဆေးရာတွင် မြို့မဈေးရှိ ကုန်စုံဆိုင်ကြီးများတွင် ရောင်းချနေသော မြန်မာရနံ့ငြုပ်ကောင်းမှုန့်၊ အများကြိုက် မဆလာ၊ AJT-NO-MOTO Shark ငါးသေတ္တာတို့တွင် FDA ထောက်ခံချက်များ ပြည့်စုံစွာ ပါဝင်မှုရှိ/ မရှိနှင့် ပါဝင်ပစ္စည်းပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/ မရှိ၊ သက်တမ်းကုန်ဆုံးရက်နှင့် ထုတ်လုပ်သည့်ရက်စွဲများ ဖော်ပြထားရှိမှုအခြေအနေ၊ ကုန်အညွှန်းအမှတ် အသားဖော်ပြထားရှိမှုအခြေအနေ၊ အလေးချိန် အချိန်အတွယ်နှင့် ဓာတ်မတည့်ကြောင်း ဖော်ပြချက်များ ပါဝင်မှုရှိ/ မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ရာ ပြည့်စုံမှုရှိကြောင်းတွေ့ရှိရပြီး ကုန်အညွှန်းအမှတ်အသား မပြည့်စုံသော ကုန်စည်များ ရောင်းချခြင်းမပြုရန် သတိပေးအကြံပြုခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)
