ဘိုကလေးမြို့နယ်ရှိ ဆီဖြန့်ဖြူးရောင်းချသူလုပ်ငန်းရှင်အသင်းနှင့် တွေ့ဆုံခြင်း

Powered by Drupal

       စားသုံးသူရေးရာ ဦးစီးဌာန ဘိုကလေးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၆ခုနှစ် ဖေဖော်ဝါရီလ (၁၉) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဆီလုပ်ငန်းရှင်အသင်းနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်း(ယာယီ) ကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက် နေ့တွင် ဆီလုပ်ငန်းရှင်အသင်းကို(၁၁) ဦးဖြင့် ဥက္ကဌ၊ ဒု - ဥက္ကဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍရေးမှူး စာရင်းစစ်အမှုဆောင်အဖွဲ့ဝင်များဖြင့်၊ အသင်းဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေပါကြောင်း မြို့နယ်အနေဖြင့် ဆီလက်လီ/လက်ကား ကိုယ်စားလှယ်များအား ကျေးရွာရပ်ကွက် အိမ်ထောင်စုများတွင် ဆီစာအုပ်များဖြင့်ရောင်းချရာတွင် ဈေးနှုန်းမှန်ကန်စွာရောင်းချရေး၊ အရည်အသွေးပြည့်ဝသည့် ဆီများအားအလေးအချိန်အတွယ် မှန်ကန်စွာရောင်းချရေး သတ်မှတ်ရည်ညွှန်းဈေး ဖြင့် ဗွီနိုင်းများချိတ်ဆွဲ၍ ရောင်းချခြင်းရှိ/ မရှိကို စားသုံးသူရေးရာဦးစီးဌာနနှင့် ပူးပေါင်း၍ အပတ်စဉ် လစဉ် ပူးပေါင်းဆောင်ရွက်နိုင်ရေးကို စားသုံးသူပြည်သူများအား စိတ်ကျေနပ်စွာ ရောင်းချပေးကြရန် ဆီအသင်းမှကြီးကြပ်ဆောင်ရွက်ပေးရန်လိုကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)