သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

“စားသုံးသူကာကွယ်ပေးရေးအသိပညာပေး Talk Show ပြုလုပ်”

               ကျောက်ဆည်ခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြစ်သားမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းပြီး စက်တင်ဘာလ(၂၅)ရက်နေ့တွင် မြစ်သားမြို့ လူထုအခြေပြု Community Center ခန်းမ၌ စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲတွင် မြစ်သားမြို့၊ ပြန်ကြားရေးနှင့် ပြန်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သီတာအောင်က အသိပညာပေး Talk Show ကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ဆည်ခရိုင်ရုံးမှ မြို့နယ်တာဝန်ခံ ဒေါ်မော်မော်အောင်က စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ စားသုံးသူများ၏ အခွင့်အရေးများရှိကြောင်း၊ စီးပွားရေး လုပ်ငန်းများမှလည်း လုပ်ငန်းရှင်များ၏ တာဝန်များလည်းရှိ ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားများကို မဖြစ်မနေထည့်သွင်း ဖော်ပြရ မည့်အချက်များ၊ လိုက်နာရမည့် ဥပဒေများအကြောင်းနှင့် ကုန်စည်ဝန်ဆောင်မှုများနှင့်ပတ်သက်၍ နစ်နာဆုံးရှုံးမှုများဖြစ်ပါ်လာပါက တိုင်ကြားနိုင်မည့် နည်းလမ်းများကို အကျယ်တဝင့် ရှင်းလင်း ပြောကြားခဲ့ပါသည်။

DOCA(မန္တလေး)

“Consumer Call Center (1535) အကြောင်းအသိပညာပေး Talk Show ပြုလုပ်”

        ကျောက်ဆည်ခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ကျောက်ဆည်မြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းပြီး စက်တင်ဘာလ(၂၅)ရက်နေ့တွင် ကျောက်ဆည်မြို့၊  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု Community Center ခန်းမ၌ Consumer Call Center (1535) အကြောင်းအသိပညာပေး Talk Show ဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ ပါသည်။ အဆိုပါဆွေးနွေးပွဲတွင် ကျောက်ဆည်မြို့ ပြန်ကြားရေးနှင့် ပြန်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက အသိပညာပေး Talk Show ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ဆည်ခရိုင်ရုံးမှ မြို့နယ်တာဝန်ခံ ဦးစိုးမင်းထွန်းက Consumer Call Center (1535) ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ၊ စားသုံးသူများနစ်နာဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ပါက တိုင်ကြားနိုင်သော နည်းလမ်းများနှင့် Call Center သို့ တိုင်ကြားလာသည့်အမှုများနှင့်ပတ်သက်၍ အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့ ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

 

“ဆန်စပါးမှတ်ပုံတင်ခြင်း My RO ဆိုင်ရာအသိပညာပေး Talk Show ပြုလုပ်”

      ကျောက်ဆည်ခရိုင်မြို့ ၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြစ်သားမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းပြီး စက်တင်ဘာလ(၂၅)ရက်နေ့တွင် မြစ်သားမြို့ လူထုအခြေပြု Community Center ခန်းမ၌ ဆန်စပါး မှတ်ပုံတင်ခြင်း My RO ဆိုင်ရာအသိပညာပေး Talk Show ဆွေးနွေးပွဲဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲတွင် မြစ်သားမြို့၊ ပြန်ကြားရေးနှင့် ပြန်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်သီတာအောင်က ဆန်စပါးမှတ်ပုံတင်ခြင်း My RO နှင့် ပတ်သက်၍ ဆွေးနွေးမေးမြန်းခဲ့ရာ  စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ဆည်ခရိုင်ရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးဇော်မင်းလတ်က My RO နှင့်ပတ်သက်၍ ဝန်ကြီးဌာနအနေဖြင့် ဆန်စပါးသိုလှောင်ခြင်းကိစ္စရပ်အပေါ် ကြီးကြပ်နိုင်ရန် ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ခြင်းဆိုင်ရာအမိန့်ကို (၂၄-၁၀-၂၀၂၄)ရက်နေ့တွင် အမိန့်ကြော်ငြာ စာအမှတ်(၈၂/၂၀၂၄)ဖြင့် ထုတ်ပြန်ခဲ့ကြောင်း၊ မှတ်ပုံတင်ရာတွင် ဆန်တန်ချိန် (၂၅) တန်နှင့် အထက်(သို့မဟုတ်)စပါးတင်း(၂၅၀၀)နှင့်အထက် သိုလှောင်ရုံတစ်မျိုးမျိုးပိုင်ဆိုင်သူသည် www.myro.com.mm တွင် အမိန့်ထုတ်ပြန်ပြီး (၂)လအတွင်း မှတ်ပုံတင်လျှောက်ထားရမည်ဖြစ် ကြောင်း၊ မှတ်ပုံတင်လျှောက်ထားမှုမရှိသည်ကို စစ်ဆေးတွေ့ရှိပါက ဦးစီးဌာနအနေဖြင့် ဆန်စပါး သိုလှောင်ရုံလုပ်ငန်းရှင်များအား စာဖြင့်သတိပေးခြင်း၊ ဆန်စပါးလုပ်ငန်းနှင့်သက်ဆိုင်သော လုပ်ငန်း လိုင်စင်၊ မှတ်ပုံတင်လက်မှတ်၊ လုပ်ကိုင်ခွင့်ယာယီပိတ်သိမ်းခြင်းကို လိုအပ်လျှင်သက်ဆိုင်ရာ အစိုးရ ဌာနက ပြုလုပ်နိုင်ရန် ညှိနှိုင်းဆောင်ရွက်မည်ဖြစ်ကြောင်း သက်တမ်းတိုးဆောင်ရွက်နိုင်ရေးနှင့် ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်းများအား ဖြည့်သွင်းပေး နိုင်ရေးနှင့် လစဉ်၊ လဆန်း (၁)ရက်နေ့မှ (၇)ရက်အတွင်း Update ပြုလုပ်နိုင်ရေး ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

 

 

ဓနုဖြူမြို့နယ် ဆန်ဆိုင်နှင့် အခြေခံစားသောက်ကုန် ကုန်ဈေးနှုန်း တည်ငြိမ်ရေးအတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်

   ၉-၁၀-၂၀၂၅ရက်နေ့ နံနက် ()နာရီ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ဒေသတွင်း ကုန်ဈေးနှုန်း တည်ငြိမ်စေရေးနှင့် အခြေခံစားသောက်ကုန်ဈေးနှုန်းစာရင်းများ သုံးသပ်တင်ပြနိင်ရေး ဈေးကွက်အခြေအနေများကို စစ်ဆေးဆောင်ရွက်ခဲ့ကြသည်၊

  စစ်ဆေးဆောင်ရွက်ရာတွင် ဦးခိုင်လွမ်းမိုးက အခြေခံစားသောက်ကုန်များကို စစ်ဆေးရာ စားသောက်ကုန်ဈေးနှုန်း သီတင်းကျွန်လပြည့်နေ့တွင်သာ အနည်းငယ်မြင့်တက်ပြီး အလှူအတန်းရက်ဖြစ်၍ ဈေးဝယ်သူပေါများသောကြောင့် မြင့်တက်လာပြီး၊ လဆုပ် ၁ရက်နေ့တွင်  ဈေးနှုန်းမြင့်တက်မှု ကျဆင်းလာကြောင်းဈေးကွက်အတွင်း သိရှိရ၍ အခြေခံစားသောကုန်များကို ဝ်သမလောဘဖြင့် ရောင်းချခြင်းမျိုးမပြုလုပ်ရန် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ပြည်သူများကို ရောင်းချပေးရန်ကို ဆိုင်ရှင်များအား အသိပညာပေး မှာကြားခဲ့ပြီး  ဆိုင်ရှင်များကို ဈေးနှုန်းမှန်ကန်စေရေး၊ အလေးချိန်ပြည့်မီစွာရောင်းချနိုင်ရေးကို ပူးပေါင်းအဖွဲ့မှ ကြပ်မတ်စစ်ဆေးဆောင်ရွက်မည်ဖြစ်၍ သတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ရန် လုပ်ငန်းရှင်များက သိရှိလိုက်နာမည်ဖြစ်ကြောင်း မှတ်တမ်းပြုစု၍ မြေပြင်အခြေအနေမှန် ကုန်ဈေးနှုန်းသုံးသပ်ချက်များကို ခရိုင်ဦးစီးမှူးရုံးသို့ အပတ်စဉ် တင်ပြနိုင်ရန်ပူးပေါင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ဈေးကွက်အတွင်း ရောင်းချသည့် အသင့်စားမုန့်အမျိုးမျိုးအား ဘေးအန္တရာယ်ကင်းရှင်းစေရေး ကွင်းဆင်းစစ်ဆေး

  ဧရာဝတီတိုင်းဒေသကြီး၊ ​မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ကမ်းနားလမ်း ဈေးကြီးလမ်းမဘေးတွင်  ​ရောင်းချသည့် အသင့်စားမုန့်နှင့် စား​သောက်ကုန်များနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ်ကင်းရှင်းစေရန်ရည်ရွယ်၍ ကုန်အညွှန်းအမှတ်အသားနှင့် သက်တမ်းလွန်မုန့်များရောင်းချမှု ရှိ မရှိကို ၁၀-၁၀-၂၀၂၅ ရက်နေ့ နံနက် ၉နာရီ အချိန်က မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနမှ တာဝန်ခံနှင့် FDA ၊ မြို့နယ်ကျန်းမာရေး ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

   ထိုသို့ ကွင်းဆင်းရာတွင် မအူပင်မြို့နယ် စစ်ဆေးရေးအရာရှိ ဒေါ်ခိုင်ခိုင်လင်းက စစ်ဆေးရာ အသင့်စားမုန့်နှင့် စားသောက်ကုန်​ရောင်းချသည့် အရောင်းဆိုင်များ၌ အသင့်စားမုန့်အမျိုးမျိုး၊ သောက်ရေသန့်အမျိုးမျိုး၊ အချိုရည်နှင့်ယိုမျိုးစုံ၊ စည်သွပ်အစားအစာအမျိုးမျိုး၊ အသင့်ဖျော်ကော်ဖီနှင့် လက်ဖက်ရည်ထုပ်ကုန်ပစ္စည်းများ၊ စား​သောက်ကုန်များ၊ ကုန်ခြောက်များနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ် ရှိ၊ မရှိ အခြေအနေများ၊ ရောင်းချနေသည့်ကုန်ပစ္စည်းအမျိုးအစားများအလိုက် (FDA)ခွင့်ပြုချက်ပါရှိမှု၊ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာပါရှိမှု ရှိမရှိအခြေအနေတို့ကို ကွင်းဆင်းစစ်ဆေးကြပြီး ဈေးအတွင်းရှိ ဆိုင်ပိုင်ရှင်များအား အစားအ​သောက်ကုန်သွယ်​ရောင်းချသူများလိုက်နာရန်အချက်များ၊ ခွင့်မပြုဆိုး​ဆေးများ ​ရောင်းချခြင်းမပြုရန် အသိပညာပေးဆွေးနွေးခြင်းခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

“My RO တွင် မှတ်ပုံတင်သက်တမ်း တစ်နှစ်ပြည့်မြောက်ပြီး ဆန်/စပါး သိုလှောင်ရုံများအား သက်တမ်းတိုးဆောင်ရွက်နိုင်ရေး ကွင်းဆင်းအသိပေး”

      ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနရှိ ဒု-ခရိုင်ဦးစီးမှူး ဦးဇော်မင်းလက် ဦးဆောင်၍ စက်တင်ဘာလ (၂၅) ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်းပြီး မြို့သားမြို့နယ်၊ ကူမဲမြို့၊ အိုးကြီးကွေ့ရပ်ရှိ သိန်းကျော်ဆန်စက်သို့ မှတ်ပုံတင်သက်တမ်းတိုး ဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင် မြန်မာ့ဆန်စပါးအွန်လိုင်း (Myanmar Rice Onlin My Ro)တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၃)ရက်နေ့မှစ၍ ဆန်တန်ချိန် (၂၅)နှင့်အထက် သိုလှောင်ရုံ (သို့မဟုတ်) စပါးတင်း (၂၅၀၀)နှင့်အထက် သိုလှောင်မှုများအား မှတ်ပုံတင်ခြင်းလုပ်ငန်း များကို ဆောင်ရွက်လျက်ရှိပြီး သက်တမ်းတစ်နှစ်ပြည့်မြောက်ပြီးသော သက်တမ်းတိုး ဆောင်ရွက်နိုင် ရေးနှင့် ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်းများအား ဖြည့်သွင်းပေး နိုင်ရေးနှင့် လစဉ်၊ လဆန်း (၁)ရက်နေ့မှ (၇)ရက်အတွင်း Update ပြုလုပ်နိုင်ရေး ကွင်းဆင်းအသိပေးဆွေးနွေး ပြောကြား ခဲ့ကြောင်း သိရပါသည်။

DOCA(မန္တလေး)

မအူပင်မြို့နယ် အတွင်း ဆေးဆိုင်များတွင် Dumeh Dupro အမှတ်တံဆိပ်အတုများ ရောင်းချမှုရှိမရှိစစ်ဆေး

  ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် Dumex Dupro Brand အမှတ်တံဆိပ်အတုများရောင်းချမှုရှိမရှိ စစ်ဆေးခြင်းကို ၁၀-၁၀-၂၀၂၅ ရက်နေ့ နံနက် ၉နာရီ အချိန်က မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနမှ တာဝန်ခံနှင့် FDA ၊ မြို့နယ်ကျန်းမာရေး ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

   ထိုသို့ စစ်ဆေးခဲ့ရာ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်ရရှိထား သော DKSH Myanmar Ltd. မှ တင်သွင်းသည့် Dumex Dupro Brand (နို့စို့ကလေးနှင့် ကလေးငယ်များအတွက်ဖော်စပ်စာ) များကိုသာ စစ်ဆေးတွေ့ရှိရကြောင်း ကုန်ပစ္စည်းရောင်းချသူ ဆိုင်ရှင်များကိုလည်း အတုအစစ်ခွဲခြားနည်းနှင့် Dumex Dupro Brand အမှတ်တံဆိပ်အတုများကို ရောင်းချခြင်းမပြုရန် အသိပညာပေးဆွေးနွေးခဲ့ကြာင်း သိရသည်။

DOCA(ဧရာဝတီ)

အခြေခံစားသောက်ကုန်ဈေးနှုန်းများ ကွင်းဆင်း စာရင်းကောက်ယူခြင်း

  ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်တွင် အခြေခံစားသောက်ကုန်များ၊ ဈေးကွက်အတွင်း မရှိ မဖြစ် လိုအပ်လျက်ရှိသော ကုန်ပစ္စည်းများကို စားသုံးသူ ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ သုံးစွဲနိုင်ရေး ၉-၁၀-၂၀၂၅ ရက်နေ့ နံနက် ၈နာရီအချိန်က ပန်းတနော်မြို့မဈေးကြီးအတွင်းရှိ ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင် ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ၏ လမ်းညွှန်မှု ဖြင့် ပန်းတနော်မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် ပြည်တွင်းမှ ထွက်ရှိ သည့် လယ်ယာထွက် ကုန်သီးနှံများ အပါအဝင် အခြေခံစား သောက်ကုန်များ၊ ဈေးကွက်အတွင်း မရှိ မဖြစ် လိုအပ်လျက်ရှိသော ကုန်ပစ္စည်းများကို စားသုံးသူပြည်သူများ ဘေးအန္တရာယ် ကင်းရှင်း စွာ သုံးစွဲနိုင်ရေး၊ ဈေးကွက်တွင် ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ နှင့် လွယ်ကူစွာ ဝယ်ယူရရှိစေရေး၊ ပစ္စည်းပြတ်လပ်မှု မရှိစေရေး အတွက် မြို့မဈေးကြီး အတွင်း ရှိ ကုန်စုံဆိုင် များ အား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။

၎င်းအပြင် မိတ္ထီလာမြို့၊ အောင်ဇေယျာရပ်ကွက်ရှိ ကုန်စုံဆိုင်များကို ကွင်းဆင်းစစ်ဆေးခဲ့ရာ အခြေခံစားသောက်ကုန်များ၊ ဈေးကွက်အတွင်း မရှိ မဖြစ် လိုအပ်လျက် ရှိ သော ကုန်ပစ္စည်း များကို စားသုံးသူ ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်း စွာ သုံးစွဲနိုင် ရေး၊ အခြေခံ စားသောက်ကုန်များ မြို့နယ်အတွင်း ပစ္စည်းပြတ်လပ်မှု ရှိ/မရှိ နှင့် ဈေးနှုန်းဈေးကွက် အချက်အလက်များအား  ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

“မြစ်သားမြို့နယ်အတွင်းရှိ OK စက်သုံးဆီအရောင်းဆိုင်အားကွင်းဆင်းစစ်ဆေး”

             ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနရှိ စစ်ဆေးရေးအရာရှိများသည် စက်တင်ဘာလ (၂၅) ရက်နေ့တွင် မြစ်သားမြို့နယ် ၊ ရန်ကုန်-မန္တလေးကားလမ်းဘေး၊အိုးကြီးကွေ့ကျေးရွာရှိOK စက်သုံးဆီအရောင်းဆိုင်အား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင် စက်သုံးဆီ အရောင်းဆိုင်များအနေဖြင့်နိုင်ငံတော်မှစက်သုံးဆီပြတ်လပ်မှုမရှိစေရေး၊စျေးနှုန်းမြင့်တက်မှုမရှိစေရေး၊စက်သုံးဆီစျေးနှုန်းတည်ငြိမ်မှုရှိစေရေးအတွက် ဆောင်ရွက်လျှက်ရှိကြောင်း၊ စက်သုံးဆီရောင်းချသည့် ကုမ္ပဏီများမှလည်း သုံးစွဲသူပြည်သူများအား စက်သုံးဆီတင်သွင်း၊ သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ သတ်မှတ်ထားသည့် ရည်ညွှန်းစျေးနှုန်းများထက် ပိုမိုကျော်လွန်၍ ရောင်းချ ခြင်းမရှိရန်လိုကြောင်း၊ အချင်အတွယ်မှန်ကန်စွာ ရောင်းချရန်နှင့်အရည်အသွေးကောင်းမွန်သော စက်သုံးဆီများကိုသာ ဝယ်ယူရောင်းချရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

ပန်းတနော်မြို့နယ်အတွင်း ရှိရေသန့်အမျိုးမျိုးအား ကွင်းဆင်းစစ်ဆေး

  ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်ရှိ ဈေးကွက်အတွင်း ရောင်းချနေသော သောက်ရေသန့်အမျိုးမျိုးတွင် သတ်မှတ်ချက် ပြည့်မီစေရေးအတွက် ပန်းတနော်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်သက်ဆိုင်ရာ ဌာနဆိုင်ရာများ ပါဝင်သည့်  ပူးပေါင်းအဖွဲ့မှ  ၉-၁၀-၂၀၂၅ ရက်နေ့ နံနက်ပိုင်းက ပန်းတနော် ဘုရင့်နောင်လမ်းမပေါ်ရှိ ရေသန့်အမျိုးမျိုးရောင်းချသော ဆိုင် ၄ ဆိုင်အား ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။

   အဆိုပါ စစ်ဆေးမှူတွင် ပန်းတနော်မြို့နယ်တာဝန်ခံမှ ၂၀၂၅-၂၀၂၆ခုနှစ် ဦးစားပေးကုန်စည် ၁၀မျိုးမှ ရေသန့်အမျိုးမျိုးကို အောက်တိုဘာလအတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းဖြစ်ကြောင့်  မြို့နယ်အတွင်းရှိ သောက်ရေသန့်စက်ရုံများ နှင့် ရေသန့်ဗူးသေးအမျိုးမျိုးရောင်းချစော ဆိုင်များ၊  စားသောက်ကုန်အရောင်းဆိုင်များနှင့် ကုန်ပစ္စည်းအရောင်းဆိုင်များမှ စားသုံးသူများအတွက်  ဈေးကွက်အတွင်း ရောင်းချလျက်ရှိသည့် သောက်ရေသန့် အမျိုးမျိုးတွင် (FDA)  အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက် ပါ/မပါနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း ပြည့်စုံမှု ရှိ/မရှိ စသည်ဖြင့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ