သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြိတ်မြို့သို့ ဆီကားရောက်ရှိလာမှုအား ကွင်းဆင်းစစ်ဆေး

   တနင်္သာရီတိုင်း၊ မြိတ်ခရိုင်အတွက် စားသုံးဆီများကို မြိတ်ခရိုင်ဆီအရောင်းကိုယ်စားလှယ် မှ ရန်ကုန်မြို့ဆီကုမ္ပဏီများမှဝယ်ယူလျက်ရှိပြီး Global Good Pure Group ကုမ္ပဏီမှ (၂၉.၁၁.၂၀၂၅)ရက်နေ့တွင် ထုတ်ယူခဲ့သော စားအုန်းဆီ ပေပါ (၂၈) သည် မော်တော်ယာဉ်အမှတ် 5R-8298 ဖြင့် (၆.၁၂.၂၀၂၅) ရက်နေ့တွင်ရောက်ရှိလာပြီး  Myanmar Oil Alliance ကုမ္ပဏီမှ (၃.၁၂. ၂၀၂၅)ရက်နေ့တွင် ထုတ်ယူခဲ့သော စားအုန်းဆီ ပေပါ (၆၆) သည် မော်တော်ယာဉ် အမှတ် 4S-7078 ဖြင့် (၈.၁၂. ၂၀၂၅) ရက်နေ့တွင် မြိတ်မြို့သို့ ရောက်ရှိလာခဲ့သဖြင့် ၎င်းစားအုန်းဆီများကို မြိတ်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။ ကွင်းဆင်းစစ်ဆေးချက်အရ မြိတ်ခရိုင်ဆီအရောင်းကိုယ်စားလှယ်မှ ၂% အမြတ်ဖြင့် မြိတ်မြို့ဆီအရောင်းဆိုင်များသို့ ရောင်းချပေး မည်ဖြစ်ကြောင်း၊ ၎င်းတို့မှ တစ်ဆင့် ပြည်သူများသို့ ဖြန့်ဝေရောင်းချပေးမည်ဖြစ်ကြောင်းသိရှိရပါ သည်။

DOCA(တနင်္သာရီ)

“ မိတ္ထီလာမြို့နယ်တွင် စိန်လူသုံးကုန် Online Sale ရောင်းချခြင်းနှင့်ပတ်သတ်၍ မြေပြင်ကွင်းဆင်းစစ်ဆေး ”

        စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ဦးစီးအရာရှိ ဒေါ်မြို့ရီ၊ ဒု-ဦးစီးမှူးပါ (၂)ဦးတို့သည့် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် မိတ္ထီလာမြို့နယ်၊ ဈေးအရှေ့ပြင်ရှိ (စိန်) လူသုံးကုန် Online Sale  ရောင်းချသည့်ဆိုင်သို့ မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

        အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် Online စနစ်ဖြင့်ရောင်းချခြင်း လုပ်ငန်းများနှင့်ပတ်သတ်၍ အချက်အလက်နှင့် ကိုက်ညီမှုရှိ/ မရှိ စစ်ဆေးခြင်း၊ ရောင်းချသောပစ္စည်းများတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်သား ပြည့်စုံစွာပါဝင်ခြင်း ရှိ/ မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းနှင့် Online စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအဖြစ် သတ်မှတ်ထားကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်ချက်များနှင့် အခြားသိကောင်းစရာများအား အသိပညာပေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

တောင်ကြီးမြို့ရှိ အွန်လိုင်းရောင်းဝယ်မှု မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

    ၄.၁.၂၀၂၅ ရက်နေ့ နေ့လယ်  (၁၄း၀၀) နာရီအချိန်တွင် စစ်ဆေးရေးအရာရှိ  ဒေါ်တင်တင်အေး ဒုတိယဦးစီးမှူး ဦးဆောင်သော ဝန်ထမ်းများသည် တောင်ကြီးမြို့၊ ချမ်းမြသာစည်ရပ်ကွက်၊ အနောက်မြို့ပတ်လမ်း၊ အိမ်အမှတ်(/၂၄၁)နေ ဒေါ်မေလွင်ဦး တရုတ်လမုန့်၊ ပေါင်မုန့်၊ ကိတ်မုန့်၊ ကွတ်ကီးမျိုးစုံ ရောင်းဝယ်ရေးအွန်လိုင်းလုပ်ငန်းသို့ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ကွင်းဆင်းစစ်ဆေးရာ ဒေါ်တင်တင်အေး ဒုတိယဦးစီးမှူးမှ အွန်လိုင်းစနစ် ဖြင့်ရောင်းချ သောလုပ်ငန်းအား မှတ်ပုံတင်လက်မှတ် လျှောက်ထားမှုနှင့်စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေးရာတွင် လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း မြေပြင်တွင် လုပ်ငန်းအမှန်တကယ် ရှိ/မရှိ၊ မှတ်ပုံတင်လျှောက်ထားစဉ်က ရောင်းချရန် တင်ပြထားသော ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှု အမှန်တကယ် ရှိ/မရှိ တို့အား မေးမြန်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

တောင်ကြီးမြို့တွင် ဆေးနှင့်ဆေးပစ္စည်းများ ဈေးနှုန်းမြင့်တင်ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

    ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် တောင်ကြီးမြို့ရှိ ဈေးကွက် အတွင်းသို့  ရှမ်းပြည်နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဦးလှမင်းထွန်း ဦးဆောင်သော ဝန်ထမ်းများသည် တောင်ကြီးမြို့အတွင်း နေထိုင်ကြသောပြည်သူများ၏ နေ့စဉ်စီးပွားရေး၊ လူမှုရေးများတွင် သက်သာ ချောင်ချိမှုရှိစေရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ ဆေးနှင့်ဆေးပစ္စည်း ရောင်းချနေသည့် ဆေးဆိုင်များသို့ ကွင်းဆင်း၍ ဆေးနှင့်ဆေးပစ္စည်းများကို ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့် ရောင်းဝယ်ဖောက်ကားခြင်းများ ရှိ/မရှိ၊ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ပြတ်လပ်မှု ရှိ/မရှိ၊ ဈေးနှုန်းမြင့်တင်ရောင်းချမှု ရှိ/မရှိ၊ စပ်ဆေးများရောင်းချခြင်း ရှိ/မရှိ၊ ဈေးကွက်အတွင်း ဆေးများ ပြတ်လပ်ခြင်း ရှိ/မရှိနှင့် သက်ဆိုင်ရာအစိုးရဌာနမှ အသိအမှတ်ပြုသည့် ဆေးနှင့် ဆေးပစ္စည်းတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

တောင်ကြီးမြို့တွင် ဆေးနှင့်ဆေးပစ္စည်းများ ဈေးနှုန်းမြင့်တင်ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

     ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် တောင်ကြီးမြို့ရှိ ဈေးကွက် အတွင်းသို့  ရှမ်းပြည်နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဦးလှမင်းထွန်း ဦးဆောင်သော ဝန်ထမ်းများသည် တောင်ကြီးမြို့အတွင်း နေထိုင်ကြသောပြည်သူများ၏ နေ့စဉ်စီးပွားရေး၊ လူမှုရေးများတွင် သက်သာ ချောင်ချိမှုရှိစေရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ ဆေးနှင့်ဆေးပစ္စည်း ရောင်းချနေသည့် ဆေးဆိုင်များသို့ ကွင်းဆင်း၍ ဆေးနှင့်ဆေးပစ္စည်းများကို ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့် ရောင်းဝယ်ဖောက်ကားခြင်းများ ရှိ/မရှိ၊ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ပြတ်လပ်မှု ရှိ/မရှိ၊ ဈေးနှုန်းမြင့်တင်ရောင်းချမှု ရှိ/မရှိ၊ စပ်ဆေးများရောင်းချခြင်း ရှိ/မရှိ၊ ဈေးကွက်အတွင်း ဆေးများ ပြတ်လပ်ခြင်း ရှိ/မရှိနှင့် သက်ဆိုင်ရာအစိုးရဌာနမှ အသိအမှတ်ပြုသည့် ဆေးနှင့် ဆေးပစ္စည်းတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

 

ရှမ်းပြည်နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ဈေးနှုန်းသက်သာစွာဖြင့် ဆန်နှင့် စားသုံးဆီများ ရောင်းချပေးလျက်ရှိ

     တောင်ကြီးမြို့တွင် ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံဆန်ကုန်သည်များအသင်း၊ မြန်မာနိုင်ငံဆီကုန်သည်ကြီးများ အသင်း၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ရှမ်းပြည်နယ်ဆီဖြန့်ဖြူးရောင်းချရေး ဆီကိုယ်စားလှယ်များ ပူးပေါင်း၍ ဆန်နှင့်စားသုံးဆီများကို နိုင်ငံ့ဝန်ထမ်းအငြိမ်းစား(၁)ဦးလျှင် ဆီ(၁.၅)ပိဿာနှင့် ဆန်(၈) ပြည်တို့အား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

    ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ နံနက်(၀၈:၃၀)နာရီ အချိန်မှစ၍ ညနေ (၀၄း၀၀)အချိန်အထိ ရောင်းချပေးခဲ့ပါသည်။ ထိုသို့ရောင်းချပေးရာတွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစား မြို့ပြ(၁၆၉၈)ဦး၊ ကာကွယ်ရေး(၁၀၄၅) အငြိမ်းစားဝန်ထမ်း စုစုပေါင်း(၂၇၄၃)အား ဧရာဝတီပေါ်ဆန်း (၁၈၅)အိတ်၊ ဧည့်မထဆန်(၁၉၁)အိတ် ဆန်အိတ်ပေါင်း(၃၇၆)အိတ်နှင့် စားသုံးဆီပိဿာပေါင်း (၄၁၁၄.၅)ပိဿာတို့အား ရှမ်းပြည်နယ်၊ ပြည်နယ်အားကစားလေ့ကျင့်ရေးဝင်းတွင် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ

     ရှမ်းပြည်နယ် (တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ သည်  ၂၀၂၅ခုနှစ် ၊ နိုဝင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီ အချိန်တွင် လွိုင်လင်မြို့နယ်၊ အမှတ်(၁)၊ အခြေခံပညာအလယ်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေး ဟောပြောပွဲကို ကျင်းပခဲ့ပါသည်။ ထိုဟောပြောပွဲသို့ ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ စုစုပေါင်း (၁၂၀)ဦး တက်ရောက်ခဲ့ပါသည်။

   အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ  ဦးသန်းတိုး (ဦးစီးအရာရှိ)သည် စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခဲ့ပါသည်။ စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ စားသုံးသူ အခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်တစ်ခုကိုဝယ်ယူမည်ဆိုပါက စစ်ဆေးကြည့်ရှုရမည့်အချက်များ၊ ဘေးအန္တရာယ်ဖြစ်စေနိုင်သည့် အစားအစာများနှင့် စားသုံးရန်သင့်/မသင့် သိရှိသင့်သည့် ကုန်အညွှန်း အမှတ်အသားပါအချက်အလက်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။

DOCA(ရှမ်း)

ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (2.12.၂၀၂၅) ရက်နေ့၊ နံနက် (၁1:၀၀) နာရီအချိန်တွင် လင်းခေးမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား   ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန် အတွက်‌ ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြခြင်း ရှိ/မရှိ တို့ကိုစစ်ဆေးခဲ့ပြီး အိမ်သုံး ဆေးဝါများ ဈေးကွက်အတွင်းပြတ်လပ်မှု ရှိ/မရှိ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာ ရောင်းချရန်၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း အသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(ရှမ်း)

လွိုင်လင်မြို့ပေါ်ရှိစားအုန်းဆီရောင်းချနေမှုအားကွင်းဆင်းစစ်ဆေးခြင်း

       ရှမ်းပြည်နယ်(တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၁.၁၂.၂၀၂၅) ရက်နေ့၊ နေ့လယ် (၁3:၀၀) နာရီအချိန်တွင်  လွိုင်လင်မြို့ပေါ်ရှိ စားအုန်းဆီရောင်းချနေသော အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူများနေ့စဉ် အသုံးပြုလျက်ရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်စေရန် ရည်ရွယ်၍ ဈေးကွက်အတွင်း ရောင်းချနေသည့် စားအုန်းဆီအရောင်းဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ၊ အချိန်အတွယ် မှန်ကန်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး လုပ်ငန်းရှင်များအနေဖြင့် ဈေးကစားရန်ရည်ရွယ်ပြီး သိုလှောင်ခြင်းများ၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းပြုလုပ်ပါက ဥပဒေအရ အရေးယူခံရနိုင်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(ရှမ်း)

မအူပင်မြို့နယ် စားအုန်းဆီလက်လီအရောင်ဆိုင်များအား ဒီဇင်ဘာလအတွက် ကွင်းဆင်းစစ်ဆေး

    ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊မအူပင်မြို့နယ် မင်္ဂလာဈေးအတွင်း  စားအုန်းဆီ လက်လီအရောင်းဆိုင် (၁၂)ဆိုင်အား မအူပင်ခရိုင်မှ ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦး စစ်ဆေးရေးမှူး နှင့်ဝန်ထမ်းများသည် ၅-၁၂-၂၀၂၅ ရက်နေ့ တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ ၊ မအူပင်ခရိုင် စားအုန်းဆီလုပ်ငန်းရှင်များအသင်းဥက္ကဌ တို့နှင့်အတူ စားအုန်းဆီ လက်လီ အရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက် ခဲ့ကြပါသည်။

      ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ လက်လီအရောင်းဆိုင်များမှ မိမိတို့ရရှိသောခွဲတမ်းများကို စားသုံးသူပြည်သူလက်ဝယ်သို့ အမှန်တကယ်ရောက်ရှိအောင် ဆီထုတ်ယူခွင့် စာအုပ် စနစ် ဖြင့် အိမ်ထောင်စု တစ်စုလျှင် (၁)ပိဿာနှုန်း ၅၀ ဖြင့် ရောင်းချ ပေးမှုကို စစ်ဆေးဆောင်ရွက်ခြင်း  သတ်မှတ်ရည်ညွှန်း ဈေးနှုန်း ဖော်ပြရောင်းချမှုကို စစ်ဆေးခြင်း၊ ရည်ညွှန်းဈေးထက် ကျော်လွန်ရောင်းချမှု မရှိရန် လစဉ် စစ်ဆေးဆောင်ရွက်ခြင်း၊ ရောင်းချသော လက်လီဆိုင်များမှ သိုလှောင်ထား ရှိခြင်းလည်း မရှိပါကြောင်းနှင့် ြည်သူများကို နေ့စဉ်ရောင်းချရမည့် ပိဿာများအတိုင်း ပြည့်ဝမှန်ကန်စွာ ရောင်းချပေးလျက်ရှိကြောင်း တွေ့ရှိရပါသည်၊ နေ့စဉ် ရောင်းချမှုလက်ခံစာရင်းဇယားများလည်း စနစ်တကျထားရှိပါကြောင်း စစ်ဆေး တွေ့ရှိရပြီး ဆီရောင်းချသော ဆိုင်များမှ သတ်မှတ်ချက်များကို ဖောက်ဖျက်၍ ဝိသမလောဘဖြင့် ရည်ရွယ် ချက်ဖြင့် သိုလှောင်ထားခြင်းများရှိပြီး ဈေးနှုန်းမြင့်တင်ရောင်းချပါက  အရေးယူ ဆောင်ရွက်သွား မည် ဖြစ်ကြောင်းနှင့် ရောင်းချရမည့် ကျေးရွာများကိုလည်း စဉ်ဆက်မပြတ် ရောင်းချပေး နိုင်ပါရန် ဆွေးနွေး ပြောကြားခဲ့ ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ