
ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် (၁၈.၂.၂၀၂၆) နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မြို့မ(၄) ရပ်ကွက်ရှိ ကုန်မျိုးစုံဆိုင်၂ ဆိုင်မှ လူသုံးကုန်ပစ္စည်းများအား ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစိစစ်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစိစစ်ရာတွင် (၄) ရပ်ကွက်ရှိ ဒေါ်အေးအေးခိုင်ကုန်မျိုးစုံဆိုင်မှ လူသုံးကုန်ပစ္စည်းများဖြစ်သော Fuji (ဆပ်ပြာခရင်ခ်) ၊ Oki (ဆပ်ပြာခရင်ခ်)၊ Family (ဆပ်ပြာ) ၊ ရွှေပြည်နန်း (သဘာဝသနပ်ခါး)များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိကြောင်း တွေ့ရှိရပြီး လူသုံးကုန်ပစ္စည်းများတွင် သက်တမ်းကုန်ဆုံးနေသော ပစ္စည်းများမရောင်းချစေရေး သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များပါရှိသော ပစ္စည်းများရောင်းချစေရေးနှင့် လိုအပ်သည်များမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)
