မြန်အောင်ခရိုင်အတွင်း ဘူးသွင်းဆီအမျိုးမျိုးအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

         ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်အတွင်းရှိ မြို့နယ်(၃)မြို့တွင် ရောင်းချလျက်ရှိသော ဘူးသွင်းဆီအမျိုးမျိုးအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများ သက်ဆိုင်ရာဌာနဝန်ထမ်းများနှင့် ပူးပေါင်း၍ ၂၀၂၆ ခုနှစ် ဧပြီလ အတွင်း ဈေးကွက်စောင့် ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ မြန်အောင်ခရိုင် မြန်အောင်မြို့မနေခြည်ဈေးအတွင်းရှိ ကုန်စုံဆိုင်များ၊ ကြံခင်းမြို့မဈေးနှင့် အင်္ဂပူမြို့နယ် မဲဇလီကုန်းစည်ပင်ဈေးအတွင်း ရောင်းချသော ဘူးသွင်းဆီ အမှတ်တံဆိပ်ပါ ပဲဆီ၊ ပဲပိစပ်ဆီနှင့် ဟင်းသီးဟင်းရွက်ဆီအမျိုးမျိုးတို့အား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း၊ သက်ဆိုင်ရာ ထောက်ခံချက်များ ပြည့်စုံစွာ ဖော်ပြထားမှုရှိ/ မရှိ တို့ကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော ဘူးသွင်းဆီများတွင် FDA ထောက်ခံချက် ပါရှိသည့်အပြင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားကြောင်း စိစစ်တွေ့ရှိခဲ့ပြီး၊ မြန်မာနိုင်ငံစားသုံးသူကာကွယ် ရေးကော်မရှင်မှထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ်(/၂၀၁၉)နှင့်အညီ မြန်မာဘာသာ ဖြင့်ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာရောင်းချရန်၊ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများစိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာ ရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များစသည်တို့ကို အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)