လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တာဝန်ခံရုံးတွင်  စားသုံးဆီလုပ်ငန်းရှင်များအား စားသုံးသူသိပညာပေးဟောပြောဆွေးနွေး

Powered by Drupal

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တာဝန်ခံဦးမြင့်ဌေးသည် (၂၁.၄.၂၀၂၆)ရက်နေ့၊နေ့လယ်   (၁၄း၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊   လပွတ္တာခရိုင်တာဝန်ခံရုံးတွင်   အမှတ်(၁) ရပ်ကွက်၊ စားအုံးဆီလက်လီလက်ကားလုပ်ငန်းရှင်များအား စားသုံးသူအသိပညာပေး ဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန  လပွတ္တာမြို့နယ်တာဝန်ခံမှ  တက်ရောက်လာသော  စားသုံးဆီလုပ်ငန်းရှင်များအား  မိတ်ဆက်စကားပြောကြားပြီး၊ ဌာန၏လုပ်ငန်းတာဝန်များ၊ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအား ရှင်းလင်းပြောကြားခဲ့ပြီး၊  မြို့နယ်တာဝန်ခံမှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ ညွှန်ကြားချက်များအား အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးဆီများအားဈေးကွက်အတွင်း သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချရန် ဈေးနှုန်းမြှင့်တင် ရောင်းချနေခြင်း စစ်ဆေးတွေ့ရှိပါက ဥပဒေများအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးဆွေးနွေးခဲ့ပါသည်၊၊ ထို့နောက်စားသုံးဆီလုပ်ငန်းရှင်များမှ သိရှိလိုသည့် မေးမြန်းဆွေးနွေးချက်များအား ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ပါသည်၊၊ ဆွေးနွေးပွဲသို့ လုပ်ငန်းရှင်(၃၅)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)