ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုဆောင်ရွက်ခြင်း

Powered by Drupal

     ၂၀၂၆ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်၌ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးနေဝေယံဦး(လ/ထ ညွှန်ကြားရေးမှူး) နှင့်ဝန်ထမ်း (၅) ဦးတို့သည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ စည်ပင်သာယာ (ဈေးများဌာန) ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) တို့နှင့်ပူးပေါင်း၍ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ သပြေကုန်းဈေးတွင် စားသုံးသူများ နေ့စဉ်အသုံးပြုလျက်ရှိသော ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေး အန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှု ရရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း     လုပ်ငန်းများ  ဆောင်ရွက်ခဲ့ပါသည်။

     ကွင်းဆင်းစစ်ဆေးရာ၌ ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်နှင့်ဝန်ဆောင်မှုများတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက်   မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ  မြန်မာဘာသာ ဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာ ရောင်းချရန်နှင့်  စီးပွားရေးလုပ်ငန်းရှင်များအနေ ဖြင့် ထုတ်ပြန်ကြေညာထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊   ကုန်စည်နှင့်စပ် လျဉ်း၍အာမခံချက်ပေးရာတွင်  စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့်  သတ်မှတ်အရည်အသွေးပြည့် မီသောကုန်စည်များကိုသာရောင်းချရန် ဆွေးနွေးပြောကြား၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း        သတင်းရရှိပါသည်။

DOCA (ပြည်ထောင်စုနယ်မြေ)