သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေး Talk  Show   ပြုလုပ်

             ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းနှင့် ဝန်ထမ်းများသည် (၁၉.၅.၂၀၂၆)ရက်နေ့ နေ့လည်(၁၃:၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်းကာ စားသုံးသူပြည်သူများအား အိမ်မဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန၊ Community Centre ခန်းမတွင် စားသုံးသူ အသိပညာပေး  Talk  Show  ပြုလုပ်ခဲ့ပါသည်။

           ထိုသို့ပြောဆွေးနွေးရာတွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊မြို့နယ်ဦးစီးအရာရှိမှစားသုံးသူအသိပညာပေး Talk Show ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံမှဌာန၏ မျှော်မှန်းချက်၊ရည်မှန်းချက်များအားရှင်းလင်းပြောကြားခဲ့ပြီး၊စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၉)ပါ စားသုံးသူ၏အခွင့်အရေး နှင့်တာဝန်များ၊ဥပဒေအခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်(၁၁)ချက်၊ ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ ဥပဒေများအကြောင်း အသေးစိတ်ရှင်းလင်း ဟောပြောဆွေးနွေးခဲ့ပါသည်၊ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့်ဥပဒေများနှင့်အညီလို က်နာဆောင်ရွက်ကြရန်စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်စည်နှင့်ဝန်ဆောင်မှု များ၏ အရောင်းမြှင့်တင်ခြင်းဆိုင်ရာ တားမြစ်ချက်များနှင့် ထင်ယောင်ထင်မှားဖြစ်စေခြင်းဆိုင်ရာ တားမြစ်ချက်များအကြောင်း အသိပညာပေးရှင်းလင်း ဆွေးခဲ့ပြီး၊ ဥပဒေတားမြစ်ချက်များအား လိုက်နာဆောင်ရွက်မှုမရှိပါက ပြစ်မှုပြစ်ဒဏ်များအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဥပဒေပါအချက်အလက်များသိရှိလိုပါက မြို့နယ်စားသုံးသူ တာဝန်ခံရုံးတွင်လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနရုံးချုပ်၏ www.doca.gov.mm website တွင် ဝင်ရောက်လေ့လာ နိုင်ပါကြောင်း၊ စားသုံးသူများနစ်နာမှုရှိလာပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ CICC နှင့် 1535 သို့ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းတိုင်ကြားနိုင်ကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တာဝန်ခံရုံးတွင် ကုန်မျိုးစုံနှင့် မုန့်မျိုးစုံလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေး

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုး သည် (၁၉.၅.၂၀၂၆)ရက်နေ့၊ နေ့လည် (၁၂;၀၀)နာရီက စားသုံးသူရေးရာဦးစီးဌာန၊ ဝါးခယ်မမြိူု့နယ်တာဝန်ခံရုံးတွင်ကုန်မျိုးစုံနှင့် မုန့်မျိုးစုံလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးဆောင်ရွက်ခဲ့ ပါသည်။

          ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဝါးခယ်မြို့နယ်တာဝန်ခံမှ စားသုံးသူ ရေးရာဦးစီးဌာန၏လက်ရှိဆောင်ရွက်နေသောလုပ်ငန်းတာဝန်များ၊ရှေ့ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များ၊ ဦးစွာရှင်းလင်းပြောကြား ခဲ့ပါသည်၊၊ ထို့နောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ စားသုံးသူ၏အခွင့် အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒါဏ်များ၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့် စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁)ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေ ရေးသား ဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက်သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များနှင့်အညီလိုက်နာဆောင်ရွက်ကြရန် စီးပွားရေးလုပ်ငန်းရှင် မည်သူမဆို ပုဒ်မ(၆၇)(၆၈)ကို ဖောက်ဖျက်ကျုးလွန်ပါက ပြစ်မှုထင်ရှားစီရင်ခံရလျှင် ထောင်ဒဏ်၊ ငွေဒဏ်ချမှတ်နိုင်ကြောင်း၊ အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီး တက်ရောက်လာသည့်လုပ်ငန်းရှင်များအားလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါသည်၊ လုပ်ငန်းရှင်များအနေဖြင့် ဌာနမှထုတ်ပြန်ထားသော ဥပဒေညွှန်ကြားချက်များအားသိရှိလိုက်နာဆောင်ရွက်ကြရန် ဟောပြောဆွေးနွေးခဲ့ပြီး ဟောပြောပွဲသို့ ကုန်မျိုးစုံနှင့်မုန့်မျိုးစုံ  လုပ်ငန်းရှင် (၃၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း အသိပညာပေးဟောပြောဆွေးနွေး

 

              စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူး ဦးမိုးညွန့်ဦး ဦးဆောင်သော ဝန်ထမ်း(၄)ဦးသည် ၂၀၂၆ခုနှစ်၊ မေလ(၂၆)ရက်နေ့၊  နံနက်(၁၀:၀၀)နာရီအချိန်တွင် ကယားပြည်နယ်အသေး စားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် တန်ဖိုးမြှင့်စား သောက်ကုန်( ကိတ်မုန့်/ ပေါင်မုန့်/ အကြော်/ဖျော်ရည်)ထုတ်လုပ်မှုနည်းပညာသင်တန်း၌ သင်တန်း သား/သင်တန်းသူ စုစုပေါင်း( ၁၅ )ဦးအား လည်းကောင်း၊ နေ့လယ်( ၁၄:၀၀ )နာရီ အချိန်တွင် လွိုင်ကော်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံး၌ ရဲတပ်ဖွဲ့ဝင်(၅၀)ဦးအားလည်းကောင်း စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း အသိပညာပေး ဟောပြောဆွေးနွေးဆောင်ရွက်ခဲ့ပါတယ်။

              ကယားပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် သင်တန်း စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်သစ္စာဖူး(ဦးစီးအရာရှိ)က ဟောပြောဆွေးနွေးရာတွင် စားသုံးသူ ကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ လုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန် များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခုထက်ပို၍ဖြစ်စေဖော်ပြရာ၌ မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (/၂၀၁၉) အတိုင်းလိုက်နာ ဆောင်ရွက်ရန်လိုအပ် ကြောင်းနှင့် ဥပဒေပါ တားမြစ်ချက်၊ ပြစ်မှု၊ ပြစ်ဒဏ်များအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါတယ်။

              လွိုင်ကော်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၌ ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးမိုးညွန့်ဦးက စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း ရှင်းလင်းဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူများ၏ အခွင့်အရေးနှင့် တာဝန်များ၊ ကုန်ပစ္စည်းများ ဝယ်ယူ

သုံးစွဲခြင်းမပြုမီ သတိပြုရမည့်အချက်များ၊ နေ့စဉ်ဝယ်ယူသုံးစွဲသည့် ကုန်ပစ္စည်းများအပေါ် ပေးထား သောဝန်ဆောင်မှုများ အပြည့်အဝရရှိစေရေးကိုလည်းကောင်း၊ ကုန်ပစ္စည်း(သို့မဟုတ်)ဝန်ဆောင်မှု များ ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုများရှိပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ၊ Websiteမှ ဖြစ်စေ၊ Doca Myanmar Aplication များမှဖြစ်စေ ဆက်သွယ်တိုင်ကြားနိုင်ပါကြောင်း၊ MPT၊ U9၊ Atom၊ Mytel ဆင်းကဒ် များဖြင့်လည်း Hot Line ဖုန်းနံပါတ် ၁၅၃၅ နံပါတ်သို့ခေါ်ဆို၍ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှု များနှင့်စပ်လျဉ်း၍ သိရှိလိုသည်များမေးမြန်းခြင်း၊ နစ်နာဆုံးရှုံးမှုများအတွက် တိုင်ကြားမှုများပြုလုပ် နိုင်ကြောင်း အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသော ရဲတပ်ဖွဲ့ဝင်များ၏ သိရှိလိုသည့် မေးမြန်းမှုများကို ရှင်းလင်းဖြေကြား၍ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ ခဲ့ကြကြောင်း သတင်းရရှိပါသည်။ 

DOCA(ကယား)          

ကချင်ပြည်နယ်စားသုံးသူ‌ရေးရာကော်မတီ၏(၂/၂၀၂၆)ကြိမ်မြောက် အစည်းအဝေးကျင်းပပြုလုပ်ခြင်း

     ၂၀၂၆ခုနှစ် ၊ မေလ၂၉ရက်နေ့ ၁၀း၀၀နာရီအချိန်တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကချင်ပြည်နယ်စာသုံးသူရေးရာကော်မတီ၏ (၂/၂၀၂၆) ကြိမ်မြောက် အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ရာ ကချင်ပြည်နယ်စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ (စီမံကိန်း စီးပွားရေးနှင့် ဘဏ္ဍာရေး ဝန်ကြီး) ဦးဆောင်၍ ကချင်ပြည်နယ်စားသုံးသူရေးရာကော်မတီဒုတိယဥက္ကဋ္ဌ (ကချင်ပြည်နယ်ဥပဒေချုပ်) နှင့် အဖွဲ့ဝင်များဖြစ်သည့်  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့နှင့် ကချင်ပြည်နယ်စားသုံးသူရေးရာကော်မတီ အတွင်းရေးမှူး ကချင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန(ပြည်နယ်ဦးစီးမှူး)တို့က အစည်းအဝေးသို့ တက်ရောက်ကြပါသည်။

    ကချင်ပြည်နယ်စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ (စီမံကိန်း၊စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး) က အဖွင့်အမှာစကားပြောကြားရာတွင် စားသုံးသူရေးရာကော်မတီအနေဖြင့် စားသုံးသူတိုင်းအတွက် အရေးကြီးသော အခန်းကဏ္ဍတွင်ရှိပါကြောင်း၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ တွင် မြေပြင်အခြေအနေ အရ အခက်အခဲများရှိနိုင်သော်လည်း ကြိုးစားဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ယခင်လွှတ်တော်များ တွင်လည်း စားသုံးသူရေးရာကဏ္ဍနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပါကြောင်း၊ ကချင်ပြည်နယ်သည် နယ်စပ် ဒေသဖြစ်သဖြင့် စားသုံးရန်မသင့်သည့် ကုန်စည်နှင့် ဝန်ဆောင်မှုအပိုင်းများတွင် စားသုံးသူများ အခွင့်အရေးဆုံးရှုံးမှုမရှိစေရေး အလေးထားဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အခွင့်အရေးဆုံးရှုံးမှုများ အတွက်လည်း တိုင်ကြားလာပါက စားသုံးသူရေးရာ ကော်မတီအနေဖြင့် အချိန်နှင့်တပြေးညီ ဖြေရှင်းဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်း၊ အခြားနိုင်ငံများတွင် ကုန်ပစ္စည်းများအပေါ် ၎င်းတို့၏မိခင်ဘာသာစကားအား ကုန်အညွှန်းအမှတ်အသား တံဆိပ်ကပ် နှိပ်မှသာ ရောင်းချခွင့်ပြုထားပါကြောင်း၊ မိမိတို့ နိုင်ငံအနေဖြင့်လည်း ကုန်စည်များအပေါ် ကုန်အညွှန်း အမှတ်အသား အမှတ်တံဆိပ်ရိုက်နှိပ်ရောင်းချ လျက်ရှိသော်လည်း အပြည့်အဝဆောင်ရွက်နိုင်ခြင်း မရှိသေးသဖြင့် ကြိုးစား၍ ပညာပေးဆောင်ရွက် လျက်ရှိပါကြောင်း၊ စားသုံးသူရေးရာကော်မတီ ဝင်များအနေဖြင့် စားသုံးသူရေးရာကဏ္ဍနှင့်ပတ်သက်၍ တက်တက်ကြွကြွပူးပေါင်းပါဝင်ဆောင်ရွက် ပေးကြရန်နှင့် ကြိုးစားဆောင်ရွက်စေလိုပါကြောင်း ပြောကြား ခဲ့ပါသည်။

      ထို့အပြင် ကချင်ပြည်နယ်စားသုံးသူရေးရာကော်မတီအတွင်းရေးမှူးက ၂၀၂၆ ခုနှစ်ဇန်နဝါရီလ မှဧပြီလအထိ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်ခဲ့မှု အခြေအနေများကိုအမှာစာဖြင့် ရှင်းလင်းတင်ပြခဲ့ပါသည်။

     ဆက်လက်၍ ကချင်ပြည်နယ် စားသုံးသူရေးရာကော်မတီဝင်ဒုတိယဥက္ကဋ္ဌနှင့် ကော်မတီ အဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးဆွေးနွေးခဲ့ကြပြီး ကချင်ပြည်နယ်စားသုံးသူရေးရာ ကော်မတီ ဥက္ကဋ္ဌက နိဂုံးချုပ်စကားပြောကြားခဲ့ပြီး အစည်းအဝေးပြီးမြောက်ခဲ့ကြောင်း သတင်းရရှိ ပါသည်။

DOCA(ကချင်)

စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၇,၃၈၇ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

      စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ် ကင်းရှင်းပြီး သင့်တင့်သောဈေးနှုန်းဖြင့်ဝယ်ယူစားသုံးနိုင်စေရန်နှင့်ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါသည်။

          စားအုန်းဆီကို ပြည်ပမှဝယ်ယူတင်သွင်းရာတွင် စားအုန်းဆီ တင်ပို့သည့်နိုင်ငံများ၏ စျေးနှုန်းအတက်အကျပေါ်မူတည်၍ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများ ဖြစ်ပေါ် စေရေးကို ထိန်းကျောင်းဆောင်ရွက်လျက်ရှိပါသည်။

          ပြည်ပမှစားအုန်းဆီထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် ဈေးကွက်နှင့်ဈေးနှုန်းဖြစ်ပေါ်မှု များအရ ၂၀၂၆ ခုနှစ်၊ မေလ ၂၉ ရက်နေ့မှ ဇွန်လ ၄ရက်နေ့အထိ ရန်ကုန်အထိုင်ဈေးအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင်  ငွေကျပ် ၇,၃၈၇ ဖြစ်ကြောင်း စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက အသိပေးထုတ်ပြန်ကြေညာ ထားကြောင်း သိရှိရပါ​သည်။  

          စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ် သောကြာနေ့တိုင်း ထုတ် ပြန်ကြေညာလျက်ရှိပြီး စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တို့တွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ကြောင်း သိရှိရပါသည်။

 

ကျောက်ပန်းတောင်းမြို့တွင် MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲဆောင်ရွက်

          ၂၀၂၆ ခုနစ်၊ မေလ(၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျောက်ပန်းတောင်း မြို့ နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံး၌ မြို့နယ်အတွင်းရှိ MSME လုပ်ငန်းရှင်များကို မိမိတို့၏ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိရေးနှင့် MSME စက်မှုလုပ်ငန်း သုံးစားအုန်းဆီများ လုပ်ငန်းခွင်များတွင်အမှန်တကယ်အသုံးပြုစေရေးအတွက် စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ပန်းတောင်းမြို့နယ် မြို့နယ်တာဝန်ခံရုံးရှိဝန်ထမ်းများနှင့် မြို့နယ်အတွင်းရှိ MSME လုပ်ငန်းရှင်များတွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကျင်းပခဲ့ပါသည်။

          အဆိုပါတွေ့ဆုံဆွေးနွေးမှုတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်း(ဒု-ဦးစီးမှူး)က MSME လုပ်ငန်းများအတွက်အသုံးပြုရန် စက်မှုလုပ်ငန်းသုံးစားအုန်းဆီများကို နိုင်ငံတော်မှ ရောင်းချထုတ်ပေးခဲ့ပါကြောင်း၊ ယခုလည်းဆက်လက်ထုတ်ပေးသွားမည်ဖြစ်ပြီး၊ MSME လုပ်ငန်းများ တွင်  အမှန်တကယ်အသုံးပြုရမည်ဖြစ်ပါကြောင်း၊ စားအုန်းဆီသည် အရေးကြီးကုန်စည် အမျိုးအစား တွင် ပါဝင်သဖြင့် သတ်မှတ်လုပ်ငန်းများမှလွဲ၍ အခြားနည်းဖြင့် ပြန်လည်သယ်ယူရောင်းချခွင့် မရှိ ပါကြောင်း၊ လုပ်ငန်းရှင်များ၏ လုပ်ငန်းခွင်လစဉ် လိုအပ်ချက်စားအုန်းဆီများကိုလည်း ကွင်းဆင်း စိစစ်၍ လုပ်ငန်းပမာဏအလိုက် ခွင့်ပြုပေးလျက် ရှိပါကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် MSME ဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်စည်နှင့်ဝန်ဆောင်မှုများနှင့် ပတ်သက်၍ စားသုံးသူများ ထိခိုက်နစ်နာမှု မဖြစ်ပေါ်စေရေး ကာကွယ်ပေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များအား ဥပဒေနှင့်အညီ ဆောင်ရွက်နိုင် စေရေးနှင့် ဖွံ့ဖြိုးတိုးတက်စေရေးကူညီပေးခြင်း၊ MSME လုပ်ငန်းများ ကြီးထွားလာစေရန်၊ လုပ်ငန်း အမျိုးအစားအလိုက် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ ထောက်ခံချက်များ၊ နည်းပညာ များ၊ အရင်းအနှီးချေးငွေရရှိရေး၊ ပြပွဲပြိုင်ပွဲတွင်ပါဝင်ပြသနိုင်ရေး စသည့်လိုအပ်သည့် ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးခြင်း၊ MSME လုပ်ငန်းများမှ ထွက်ရှိလာသည့် ကုန်စည်များတွင် စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်အမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြစေရေးတို့ကို ဆောင်ရွက်လျက်ရှိ ပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

          ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် MSME လုပ်ငန်းရှင်များမှ သိရှိလိုသည်များဆွေးနွေး မေးမြန်းရာ မြို့နယ်တာဝန်ခံက ပြန်လည်ဖြေကြားဆွေးနွေးခဲ့ပြီး၊ လုပ်ငန်းရှင်(၆၅) ဦးတက်ရောက် ခဲ့ကြောင်းနှင့်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် MSME လုပ်ငန်းရှင်များ တွေ့ဆုံဆွေး နွေးပွဲအခမ်းအနားကို နံနက် ၁၀:၄၅  နာရီတွင် အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းလိုင်စင်လျှောက်ထားနိုင်ရေး လုပ်ငန်းရှင်မှလာရောက်တွေ့ဆုံ

                စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးသို့ မြင်းခြံမြို့၊ အမှတ်(၁၂)ရပ်ကွက်ရှိ အလှကုန် လုပ်ငန်းအားလုပ်ကိုင်ဆောင်ရွက်သော လုပ်ငန်းရှင်မှ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းကို အွန်လိုင်းမှတ်ပုံတင်လိုင်စင်ဆောင်ရွက်နိုင်ရေးအတွက် ၂၂.၅.၂၀၂၆ ရက်နေ့၊ နံနက် ၁၁:၀၀ နာရီအချိန်တွင် လာရောက်တွေ့ဆုံခဲ့ပါသည်။

          အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းဆိုသည်မှာ ကုန်စည်ကိုဖြစ်စေ၊ ဝန်ဆောင်မှု ကိုဖြစ်စေ အွန်လိုင်း(Online)စနစ်မှတစ်ဆင့် ဝန်ဆောင်မှုပေး၍ ရောင်းချသည့်လုပ်ငန်းကိုဆိုလိုတာဖြစ်ကြောင်း၊အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း လုပ်ငန်းဆောင်ရွက်လိုသူသည် ကုန်သွယ်ရေးဦးစီးဌာနက သတ်မှတ် ထားသော လျှောက်လွှာပုံစံတွင် ဖြည့်သွင်း၍ အွန်လိုင်း(Online)စနစ်ဖြင့် ဦးစီးဌာနသို့ မှတ်ပုံတင် လက်မှတ်လျှောက်ထားရမည်ဖြစ်ကြောင်းနှင့် လျှောက်ထားရာတွင် ပူးတွဲတင်ပြရမည့် အချက်များ၊ သတ်မှတ်ချက်များ၊ မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်များနှင့်အခွင့်အရေးများအား ဒု-ခရိုင်ဦးစီးမှူး ဦးတင်ဇော်ထွေးက ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)

“တံတားဦးမြို့နယ်ရှိ သစ်လင်း သောက်ရေသန့်လုပ်ငန်းအား ကွင်းဆင်းစစ်ဆေး”

               ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ တံတားဦးမြို့နယ် ၊ မြို့နယ်အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာန ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ ၊ မြို့နယ်လျှပ်စစ်တို့ပူးပေါင်း၍ မေ(၂၁) ရက်နေ့တွင် တံတားဦးမြို့နယ်ရှိ သစ်လင်း သောက်ရေသန့် ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းအား ကွင်းဆင်း စစ်ဆေးခဲ့ပါသည် ။ ထိုသို့စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန ၊ စစ်ဆေးရေးအရာရှိက ပြောကြားရာတွင် လုပ်ငန်းရှင်များအနေဖြင့် ဈေးကွက်မှပြန်ရောက်ရှိလာသော ဗူးခွံများ ၏ အတွင်းအပြင်ကို နေ့စဉ်ဆေးကြောသန့်စင်ရန်လိုအပ်ကြောင်း ၊  ရေသန့်များ ထုတ်လုပ်ရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်းပြီး လိုက်နာ ဆောင်ရွက်ရမည့်အချက်များနှင့် စားသုံးသူကာကွယ်ရေး ကောက်မရှင်မှ ထုတ်ပြန်ထားသော (၂/၂၀၂၉)ပါ ကုန်စည်အမျိုးအစားအလိုက် ဖော်ပြရမည့် ညွှန်ကြားချက်များကို ပြည့်စုံမှန်ကန်စွာ ဖော်ပြလိုက်နာ ဆောင်ရွက်သွားရန်လိုကြောင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ထုတ်ပြန်ထားသည့် လုပ်ငန်းလိုင်စင်၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)မှ ထုတ်ပြန်ထားသည့် လက်မှတ်များ လိုအပ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

 

 

“တံတားဦးမြို့နယ်ရှိ ချင်းတွင်းသား စားသုံးဆီအရောင်းဆိုင်သို့ကွင်းဆင်း”

                ကျောက်ဆည်ခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် မေလ (၂၁) ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ တံတားဦးမြို့နယ်ရှိ ချင်းတွင်းသား စားသုံးဆီအရောင်းဆိုင်သို့သွားရောက်ပြီးစျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက် ခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင် ဆီဆိုင်များအနေဖြင့် စီးပွား‌ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက် အမှတ်(၁/၂၀၂၁)အား လိုက်နာရမည်ဖြစ်ကြောင်း၊ ပဲဆီ၊ နေကြာဆီ၊ နှမ်းဆီ နှင့် ဟင်းသီးဟင်းရွက် ဆီများအား Packaging ဘူးများဖြင့်ရောင်းချရာတွင် ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံသော ကုန်စည်၏ အမျိုးအမည်ကို တိကျစွာမြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ကြောင်း၊ ဥပမာအနေဖြင့် ဟင်းသီးဟင်းရွက်ဆီ (စားအုန်းဆီ)၊ ဟင်းသီးဟင်းရွက်ဆီ (အဆင့်မြင့်စားအုန်းဆီ)ဟု ဖော်ပြရမည်ဖြစ်ပြီး ကုန်စည်၏ အသားတင်ပမာဏနှင့် အရွယ်အစားတို့ကို မြန်မာအလေးချိန် ယူနစ်ဖြစ်သော ပိဿာ၊ ကျပ်သားအား မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ် ကြောင်း၊ နိုင်ငံတော်မှသတ်မှတ်ပေးသည့် ရည်ညွှန်းစျေးဖြင့် ရောင်းချသည့် ဆီဆိုင်များ အနေဖြင့် ခွဲတမ်းရရှိသော စားအုန်းဆီများကို ရည်ညွှန်းစျေး ၊ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ ပေါင်းပြီး ၂ ရာခိုင်နှုန်းအထက် ပိုပြီးရောင်းချခြင်း မရှိရန် လိုအပ်ကြောင်း၊ ထိုသို့ရောင်းချရာတွင် ဆီအရည်အသွေး၊ အလေးချိန် ပြည့်ဝအောင်ရောင်းချရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

ပြည်ခရိုင်အတွင်းရှိ စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောဆွေးနွေးခြင်း

                 စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံး အနေဖြင့်   ရပ်ကွက်/ကျေးရွာနေ    စားသုံးသူပြည်သူများနှင့် တိုင်းပြည်၏ အနာဂတ်မျိုးဆက်သစ်များဖြစ်သော   ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာများ ကျယ်ကျယ် ပြန့်ပြန့်သိရှိနိုင်စေရေး ရည်ရွယ်၍ ခရိုင်အတွင်း မြို့နယ်များရှိ ရပ်ကွက်/ ကျေးရွာများနှင့် အခြေခံ ပညာကျောင်းများတွင် အသိပညာပေးဟောပြောဆွေးနွေးခြင်းများကို အင်တိုက်အားတိုက် လုပ်ဆောင်လျက်ရှိရာ ပြည်ခရိုင်တွင် ၂၀၂၆ခုနှစ်၊ မေလ(၁)ရက်မှ(၁၅)ရက်အတွင်း ပြည်ခရိုင် ဦးစီးမှူးအနေဖြင့် ပြည်ခရိုင်စားသုံးသူရေးရာဦးစီးဌာန အစည်းဝေးခန်းမ၌ ရွှေတောင်မြို့နယ်မှ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအားလည်းကောင်း၊ ပြည်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ပြည်မြို့နယ်တွင် မြို့သစ်ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးတွင် ရပ်ကွက်နေ ြည်သူများကို လည်းကောင်း၊ ရွှေတောင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ရွှေတောင်မြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ စားသုံးသူအသိပညာပေး Talk Show ပွဲပြု့လုပ်ခြင်းနှင့် အပြင်ရှမ်းတန်းရှိ ယက္ကန်းကျောင်းဝန်ထမ်းများ ကိုလည်းကောင်း၊  ပန်းတောင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ပန်းတောင်းမြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် Videoတည်း ဖြတ်သင်တန်းသူ/ သင်တန်းသားများအား လည်းကောင်း၊  ပေါက်ခေါင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ပေါက်ခေါင်းမြို့နယ်ရှိ စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများ ကိုလည်းကောင်း စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

                  အဆိုပါ အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ မြို့နယ် တာဝန်ခံများမှ စားသုံးသူ အခွင့်အရေးများနေ့ဖြစ်ပေါ်လာပုံ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖေါ်ပြခြင်းဆိုင်ရာအချက်များ၊ နစ်နာဆုံးရှုံးမှုရှိပါက တိုင်ကြားနိုင်သည့် ပုဂ္ဂိုလ်များနှင့် နည်းလမ်းများ တိုင်ကြားနိုင်မည့် ဖုန်းနံပါတ်နှင့်လိပ်စာ၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ သက်ဆိုင်ရာဌာနများကစားသုံးရန်မသင့်ဟုတားမြစ်ထုတ်ပြန်ထားသောကုန်စည်များအားရွေးချယ်ဝယ်ယူခြင်းမပြုရန်၊ကုန်အညွှန်းအမှတ် အသား ပြည့်စုံစွာပါဝင်သော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူကြရန် အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရပါသည်။

DOCA(ပဲခူး)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ