သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြောင်းမြခရိုင် လပွတ္တာမြို့နယ်၊ စားသုံးသူပြည်သူများအား အသိပညာပေး Talk Show   ပြုလုပ်

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊   လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေးသည်  (၂၀.၂.၂၀၂၆) ရက်နေ့ နံနက်(၁၁း၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်းကာ စားသုံးသူပြည်သူများအား လပွတ္တာခရိုင်၊ (၃)မိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် စားသုံးသူအသိပညာပေး  Talk  Show  ပြုလုပ်ခဲ့ပါသည်။

          ထိုသို့ ဟောပြောဆွေးနွေးရာတွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးမှ  စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်းပြောကြားပြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနနမှ ထုတ်ပြန်ထားသော  စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ အခန်း(၉)ပါ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနင့် အခန်း(၂၃)ပါ တားမြစ်ချက်(၄)ချက်၊ အခန်း(၂၄)ပါ ပြစ်မှုပြစ်ဒဏ်များ အခန်း(၁၈)ပါ  ကုန်အညွှန်းအမှတ်အသား‌ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည့်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ(ခ)နှင့်(ဆ)ပါ ကုန်အညွှန်း အမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေနှင့်အညီလိုက် နာဆောင်ရွက်ကြရန် ဥပဒေတားမြစ်ချက်များအား လိုက်နာဆောင်ရွက်မှုမရှိပါက ပြစ်မှုပြစ်ဒဏ်များအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဥပဒေပါ အချက်အလက်များသိရှိလိုပါက မြို့နယ်စားသုံးသူတာဝန်ခံရုံးတွင်လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနရုံးချုပ်၏ www.doca.gov.mm website တွင် ဝင်ရောက်လေ့လာနိုင်ပါကြောင်း၊ စားသုံးသူများနစ်နာမှုရှိလာပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ CICC သို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ တိုင်ကြားနိုင်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင် မြောင်းမြမြို့ပေါ်ရှိ ကုန်မျိုးစုံဆိုင်များအား ရပ်ကွက်နေပြည်သူများ စားအုန်းဆီရောင်းချပေးမှု ကွင်းဆင်းစစ်ဆေး

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တာဝန်ခံ ဦးလှထွဋ်ဦးနှင့် ဝန်ထမ်းများသည်  မြို့ပေါ်ရှိ ကုန်မျိုးစုံရောင်းချသောဆိုင်များသို့    (၂၀.၂.၂၀၂၆)ရက်နေ့ နံနက်(၁၁း၀၀)နာရီအချိန်တွင်  ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

       ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင်မြောင်းမြမြို့နယ်တာဝန်ခံသည်ဌာနမှထုတ်ပေးထားသောစားသုံးဆီ ဝယ်ယူခွင့်စာအုပ်များဖြင့် ရပ်ကွက်၊ကျေးရွာအုပ်စုများရှိ ပြည်သူများအား သတ်မှတ်ဆီဆိုင်များတွင် သတ်မှတ်ထားသောနှုန်းထားဖြင့် အဆင်ပြေစွာဝယ်ယူနေမှုကို ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဆိုင်ပိုင်ရှင်များအနေဖြင့် ရောင်းချရာတွင် အလေးချိန်ပြည့်ဝမှန်ကန်စေရေး၊ သတ်မှတ်ဈေးနှုန်းထက် ပိုမိုရောင်းချခြင်းမရှိစေရေး၊ တစ်လလျှင် အိမ်ထောင်စုတစ်စုအား (၁ပိဿာ ၅၀ သား)အား သုံးကြိမ်ခွဲပြီး တစ်ကြိမ်လျှင်(၅၀)ကျပ်သားရောင်းချပေးနိုင်ရန် စားသုံးဆီဝယ်ယူရာတွင်လည်း မလိုလားအပ်သောပြသနာ တစ်စုံတစ်ရာမဖြစ်ပေါ်စေရေး အလေးထားဆောင်ရွက်ရန် လုပ်ငန်းရှင်များအနေဖြင့် အထက်ဌာနများ၏ ဥပဒေ၊ ညွှန်ကြားချက်များအားလိုက်နာဆောင်ရွက်ကြရန်၊ စားအုန်းဆီများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိခြင်းများ စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုင်ရှင်များအား ရှင်းလင်းဆွေးနွေးမှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

၂၀၂၆ ခုနှစ်၊ မတ်လ (၁၀) ရက်နေ့တွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အခမ်းအနား အောင်မြင်စွာ ကျင်းပပြီးစီး

    ၂၀၂၆ ခုနှစ်၊ မတ်လ (၁၅) ရက်နေ့မှာ ကျရောက်တဲ့ “ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့” (World Consumer Rights Day) အထိမ်းအမှတ်အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့၊ ဝန်ကြီးချုပ်မှ တက်ရောက်ချီးမြှင့်ခဲပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီ၊ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် အသင်းအဖွဲ့အသီးသီးမှ တာဝန်ရှိသူများ၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံမှ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ၊ စုစုပေါင်း (၂၀၀)ဦး တက်ရောက် ခဲ့ကြပါသည်။

    မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးအောင်က အဖွင့်အမှာစကား ပြောကြားခြင်း၊ စီးပွားရေးရာဝန်ကြီး၊ ဦးသိန်းဌေးက စားသုံးသူကာကွယ်ရေးဆိုင်ရာ လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများ ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်း ဒေသကြီးစီးမှူးရုံး၊ တိုင်းဒေသကြီးဦးစီးမှူး ဦးဇေယျာဆွေက စားသုံးသူကာကွယ်ရေးဥပဒေ အကြောင်းသိကောင်းစရာများ၊ မန္တလေးတိုင်းဒေသကြီး၏  လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ၊ ဦးစားပေးဈေးကွက် စစ်ဆေးရမည့် ဝန်ဆောင်မှုကဏ္ဍ(၃)ရပ်နှင့်စပ်လျဉ်း၍ ဆောင်ရွက်နေသည့် အခြေအနေများ၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း (Online Sales) လုပ်ငန်းများမှတ်ပုံတင်လက်မှတ် လျှောက်ထား ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး Video Clip ပြသခြင်း၊ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခြင်းများ ပြုလုပ်ခဲ့ပါသည်။

          ဆက်လက်၍ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံမှ ကျောင်းသား/ကျောင်းသူများမှ ဉာဏ်စမ်း ပဟေဠိ ဖြေဆိုခြင်းနှင့် ဉာဏ်စမ်းပဟေဠိ ဖြေဆိုသူများအား ဆုချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရှိ ရပါသည်။

DOCA(မန္တလေး)

မြင်းခြံမြို့ရှိ Online စနစ်ဖြင့်ရောင်းဝယ်သည့်လုပ်ငန်းများအား မြေပြင်ကွင်းဆင်းစစ်ဆေး

      စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် အွန်လိုင်းစနစ်ဖြင့် ရောင်းဝယ်သည့်လုပ်ငန်းများအား ကုန်သွယ်ရေးဦးစီးဌာနမှ ပေးပို့သည့်အချက်အလက်များအပေါ်အခြေခံ၍ Mobile Application အသုံး ပြုလျက် မြေပြင်စစ်ဆေးခြင်းလုပ်ငန်းများအား ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ်များ တွင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှစ၍ စစ်ဆေးဆောင်ရွက်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊  မြင်းခြံ မြို့နယ်၊ အမှတ်(၁၁)ရပ်ကွက်ရှိ အွန်လိုင်းစနစ်ဖြင့် ရောင်းဝယ်သည့်လုပ်ငန်းဖြစ်သော ‘‘Thandar’’ အထည်လုပ်ငန်း၊ အမှတ်(၂)ရပ်ကွက်ရှိ K & K အထည်လုပ်ငန်းနှင့် အမှတ်(၅)ရပ်ကွက်ရှိ ဒိန်ချဉ် လုပ်ငန်းတို့အား မြင်းခြံခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ ဒု-ခရိုင်ဦးစီးမှူး ဦးတင်ဇော်ထွေး ဦးဆောင်၍ ဝန်ထမ်းများသည် ၂၅.၂.၂၀၂၆ ရက်နေ့၊ မွန်းလွဲ ၁၄:၀၀ နာရီအချိန်တွင် မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းအား ဆောင်ရွက်ခဲ့ပါသည်။

          Mobile Application အသုံးပြု၍ မြေပြင်စစ်ဆေးခြင်းလုပ်ငန်းအား စစ်ဆေးရာတွင် မြေပြင်တွင်လုပ်ငန်းအမှန်တကယ်လုပ်ကိုင် ဆောင်ရွက်မှု ရှိခြင်း၊ လုပ်ငန်းတည်နေရာ မှန်ကန်မှုရှိခြင်း၊ လျှောက်ထားသည့်ကုန်စည်များမှန်ကန်မှုရှိခြင်း၊ လိုအပ်သည့်အချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိ၍ ကုန်သွယ်ရေးဦးစီးဌာနမှ ပေးပို့သော အချက်အလက် များနှင့်ကိုက်ညီကြောင်းစစ်ဆေးတွေ့ရှိရပါသည်။ Online စနစ်ဖြင့် ရောင်းဝယ်မှုများတွင် လိမ်လည်ခြင်းများရှိပြီး စားသုံးသူများထိခိုက်နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လျက်ရှိရာ သက်ဆိုင်ရာဌာနများမှလည်း တရားမဝင်သောရောင်းချမှုများအား အရေးယူဆောင်ရွက်လျက်ရှိပါသည်။ လုပ်ငန်းရှင်များမှသက်ဆိုင်ရာဌာနများတွင် လုပ်ငန်းလိုင်စင်များ လုပ်ဆောင်ပြီး ဥပဒေများနှင့်အညီမှန်ကန်စွာလုပ်ကိုင်ဆောင်ရွက်ကြရန်လိုအပ်ပါသည်။ စားသုံးသူများ အနေဖြင့် Online မှ ဝယ်ယူသုံးစွဲသည့်အခါ ထိခိုက်နစ်နာဆုံးရှုံးမှုများမဖြစ်ပေါ်စေရန် မိမိဝယ်ယူသုံးစွဲ မည့်ကုန်စည်ရောင်းချသောလုပ်ငန်းသည်   တရားဝင်မှတ်ပုံတင်ထားသည့် လုပ်ငန်းဟုတ်မဟုတ်စိစစ် ၍ မှာယူခြင်း၊ ဝယ်ယူသုံးစွဲခြင်းများသတိပြုဆောင်ရွက်သင့်ပါသည်။

DOCA(မန္တလေး)

လပွတ္တာမြို့၊ ထင်းစုကျေးရွာရှိ မဟာမြိုင်ဆန်စက်တွင် ဆန်စပါးလက်ကျန်စာရင်းနှင့် MyRo တွင် သက်တမ်းတိုးနိုင်ရေးကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာမြို့နယ်တာဝန်ခံဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည် တာဝန်ရှိသူများနှင့် ပူးပေါင်း၍ လပွတ္တာမြို့၊ ထင်းစုကျေးရွာရှိ မဟာမြိုင်ဆန်စက်သို့ (၁၉.၂.၂၀၂) ရက်နေ့၊ နေ့လည်(:၃၀)နာရီတွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။    

       ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် လပွတ္တာမြို့နယ်တာဝန်ခံမှ ဆန်စက်လုပ်ငန်းရှင်ဦးမိုးနိုင်အား ဆန်စက်၏ ကြိတ်ခွဲထုတ်လုပ်မှုနှင့် ပြည်ပတင်ပို့နိုင်ရေး၊ အဆင့်အတန်းမီ ဆန်နှင့် ဆန်ထွက်ပစ္စည်းများ ကြိတ်ခွဲထုတ်လုပ်နိုင်ရေး၊ သတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းများအတိုင်း တင်ပို့ရောင်ချနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါသဖြင့်  ပိုးသတ်ဆေး၊ ဓါတ်ကြွင်းဓါတ်ကျန်များမပါရှိစေရန်နှင့်  စက်ရုံအတွင်း သန့်ရှင်းမှုရှိစေရေး ဆောင်ရွက်ထားကြရန် နှင့်MyRoတွင် မှတ်ပုံတင်ထားသည့် သတ်မှတ်ပမာဏထက်ပိုမို သိုလှောင်ခွင့်မရှိကြောင်း၊မှတ်ပုံတင်ထားပြီးသည့် ဆန်စပါးသိုလှောင်ရုံများအနေဖြင့် ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန် စာရင်းများအားအချိန်မီUpdate ဖြည့်သွင်းနိုင်ရေးနှင့် မှတ်ပုံတင်သက်တမ်းတစ်နှစ်ပြည့်မြောက်ပြီး သက်တမ်းတိုးနိုင်ရေးနှင့် ဆန်စပါးလက်ကျန်အခြေအနေများအား ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေး

           ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အိမ်မဲမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းနှင့် ဝန်ထမ်းများသည် (၂၀.၂.၂၀၂၆)ရက်နေ့ နံနက်(၁၁း၀၀)နာရီအချိန်တွင် အိမ်မဲမြို့နယ် မြို့မဈေးအတွင်း ရောင်းချနေသော ကုန်မျိုးစုံဆိုင်များအား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံမှ မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော စားသုံးဆီများအား သတ်မှတ်ရည်ညွှန်းဈေးထက် ပိုမိုရောင်းချခြင်းမပြုရန်၊  ဘူးသွတ်ဆီများ ကုန်အညွှန်းအမှတ်အသား၊ FDA ထောက်ခံချက်မပါဝင်သော ဘူးသွတ်ဆီများ ဈေးအတွင်းရောင်းချခြင်းမပြုကြရန် စစ်ဆေးခဲ့ပြီး ဆိုင်ပိုင်ရှင်များအား  ဆီအသင်းမှရရှိသော စားသုံးဆီခွဲတမ်းများကို သတ်မှတ်စည်းမျဉ်းစည်းကမ်းချက်များနှင့် အညီစနစ်တကျဖြန့်ဖြူးရောင်းချကြရန်၊ စားသုံးသူပြည်သူများ မြင်သာထင်သာရှိစေရန် ဈေးနှုန်းများအား ဗီနိုင်းချိတ်ဆွဲထားရှိရန်၊ ထို့နောက်စားသုံးသူပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ရောင်းချပေးရန် ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများ တွေ့ရှိရပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုင်ရှင်များအား အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

လပွတ္တာခရိုင် လပွတ္တာမြို့ပေါ်ရှိ ဆေးဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

         ဧရာဝတီတိုင်းဒေသကြီး၊  စားသုံးသူရေးရာဦးစီးဌာန ၊လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် တာဝန်ခံ ဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၁၉.၂.၂၀၂၆) ရက်နေ့ နေ့လယ် (၁၄:၃၀) နာရီအချိန်တွင် လပွတ္တာမြို့ပေါ်ရှိ ဆေးဆိုင်များအား ဆေးဝါးပြတ်လပ်မှုရှိ/ မရှိနှင့် ဈေးနှုန်းအခြေအနေများအား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံမှ လပွတ္တာမြို့ပေါ်ရှိ ဆေးဆိုင်ပိုင်ရှင်များအား ဆေးဆိုင်တွင်ရောင်းချနေသောဆေးနှင့် ဆေးဝါးပစ္စည်းများ ကိုစစ်ဆေးခဲ့ရာရောင်းချနေသောဆေးဝါးများကို ရန်ကုန်မြို့တွင်ရှိသော ဆေးဝါးကုမ္ပဏီများမှ ဝယ်ယူရရှိပြီး ယခင်ဈေးနှုန်းများထက် (၅)ရာခိုင်နှုန်းခန့်သာ အနည်းငယ်မြင့်တက်ကြောင်းနှင့် ဝယ်ယူသူများအနေဖြင့် ဆေးဝါးပြတ်လပ်မှုမရှိစေဘဲ မိမိတို့လိုအပ်လျက်ရှိသော ဆေးဝါးများကိုအခက်အခဲမရှိ ဝယ်ယူရရှိနိုင်ကြောင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆေးသိုလှောင်ထားရှိခြင်း များစစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆေးဆိုင်ပိုင်ရှင်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မြောင်းမြခရိုင်၊ ဝါးခယ်မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များအားကွင်းဆင်းစစ်ဆေး

         ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊  ဝါးခယ်မမြို့နယ် တာဝန်ခံ ဦးအောင်မိုးနှင့် ဝန်ထမ်းများသည်၊(၁၉.၂.၂၀၂၆)ရက်နေ့ နေ့လယ် (၁၅း၀၀)နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍  ဝါးခယ်မမြို့နယ်အတွင်းရှိစားသောက်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

         ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံမှ ဆိုင်ရှင်များနှင့်တွေ့ဆုံ၍ စားသောက်ဆိုင်များသန့်ရှင်း ကောင်းမွန်ရေး၊ ဝန်ဆောင်မှုကဏ္ဍများကိုစားသုံးသူများအား ပွင့်လင်းမြင်သာစွာချပြပေးရန်၊ စားသောက်ဖွယ်ရာများ၏ အရွယ်အစားအလိုက်ဈေးနှုန်းများ သိသာထင်ရှားစွာ ဖော်ပြထားရှိရေး၊  စားသုံးသူပြည်သူများ ကျန်းမာရေးနှင့် ထိခိုက်နစ်နာမှု မရှိစေရေးတို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်၊၊

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊  မြောင်းမြမြို့နယ်၊  အောင်ဆန်းလမ်းမကြီးရှိ   FUJI ရေသန့်ဘူးများ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊  မြောင်းမြမြို့နယ်တာဝန်ခံ ဦးလှထွဋ်ဦးနှင့် ဝန်ထမ်းများသည်၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၁၉.၂.၂၀၂၆)ရက်နေ့ နေ့လယ် (၁၄း၀၀)နာရီအချိန်တွင် မြောင်းမြမြို့နယ်၊ အောင်ဆန်းလမ်းမကြီးရှိ  FUJIသောက်ရေသန့်ဘူးများတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှု ရှိမရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံမှ မြောင်းမြမြို့နယ်၊ အောင်ဆန်းလမ်းမကြီးရှိ FUJIရေသန့်ဘူးများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိ စစ်ဆေးခဲ့ပြီး ပိုင်ရှင်အား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှထုတ်ပြန်ထားသောဥပဒေ၂၀၁၉ပါ ပြဌာန်းချက်များမှ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ ဥပဒေအခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁)ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေရေးသား ဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များနှင့် အညီ လိုက်နာဆောင်ရွက်ကြရန် ဈေးကွက်အတွင်း ရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားမှုရှိ/ မရှိ၊ ဌာနမှဈေးကွက် စောင့်ကြည့်စစ်ဆေးမှုအား စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

လပွတ္တာခရိုင်၊ မော်ကျွန်းမြို့နယ်၊ လပွတ္တလုပ်ကြီးကျေးရွာ ဓမ္မာရုံတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

          ဧရာဝတီတိုင်းဒေသကြီး၊  စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင် မော်ကျွန်းမြို့နယ် တာဝန်ခံဦးမင်းဇော်လတ်သည်(၁၉.၂.၂၀၂၆)ရက်နေ့ နေ့လယ်(၁၄း၀၀)နာရီအချိန်တွင် မော်ကျွန်းမြို့နယ်၊ လပွတ္တလုပ်ကြီးကျေးရွာရှိ အိမ်ပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါသည်။

         ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန ၊မော်ကျွန်းမြို့နယ်တာဝန်ခံမှ မိတ်ဆက်စကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ဌာနမှလက်ရှိဆောင်ရွက်နေသော လုပ်ငန်းတာဝန်များ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအား ဦးစွာရှင်းလင်းပြောကြားခဲ့ပါသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ပုဒ်မ ၄၁ ပုဒ်မခွဲ(ခ)နှင့်(ဂ)တို့ပါ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်အလေးချိန်၊ သုံးစွဲပုံနည်းလမ်းနှင့် ထုတ်လုပ်သည့်ရက်စွဲ၊  သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်တို့အား အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီး၊ မိမိတို့စားသောက်နေသော အစားအသောက်များတွင် ဓါတုဆိုးဆေးများအလွန် အကျုးပါဝင်နေခြင်း၊ သက်တမ်းလွန် အစားအသောက်များအား မိမိ၏အသိဖြင့် ဆင်ခြင်ဝယ်ယူစား သောက်ကြရန်ဟောပြောခဲ့ပါသည်၊၊ ဟောပြောပွဲသို့ကျေးရွာနေပြည်သူစုစုပေါင်း(၃၀)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ