
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် ၂၀၁၉ ခုနှစ်၊ မတ်လ(၁၅)ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်(၉)ဖြင့် အတည်ပြုပြဌာန်း ခဲ့သည့် စားသုံးသူကာကွယ်ရေးဥပဒေအရ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်တိုင်ကြားလာပါက ဥပဒေနှင့်အညီ ညှိနှိုင်းဖြေရှင်း အရေးယူ ဆောင်ရွက်လျက်ရှိပါသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း စားသုံးသူနစ်နာဆုံးရှုံးမှုများအပေါ် ဖြေရှင်းဆောင်ရွက် ထားရှိမှုအခြေအနေများနှင့် ဖြေရှင်းရန်ကျန် တိုင်ကြားမှုများအပေါ် ဆောင်ရွက်ထားရှိမှု အခြေ အနေများအား ညှိနှိုင်းဆွေးနွေးရန်အတွက် (၂၇-၅-၂၀၂၆) ရက်နေ့ နံနက်(၁၀:၀၀) နာရီ အချိန် တွင် စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ မန္တလေးတိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီအစည်းအဝေးကျင်းပပြုလုပ်ခဲ့ပြီး ဒုဥက္ကဌနှင့်အဖွဲ့ဝင် စုစု ပေါင်း(၈) ဦး တက်ရောက်ခဲ့ကြပါသည်။
မန္တလေးတိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီ၊ ဥက္ကဌ က အဖွင့်အမှာစကား ပြောကြား ခဲ့ပြီး ဆက်လက်၍ စားသုံးသူရေးရာဌာနခွဲနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ တာဝန်ခံများက စားသုံးသူကာကွယ်ရေးလုပ်ငန်းနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက် များအား အမှာစာဖြင့် ရှင်းလင်းတင်ပြခဲ့ရာတွင် ယခင်(၄/၂၀၂၆) စားသုံးသူရေးရာကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၊ ဧပြီလအတွင်း စားသုံးသူကာကွယ်ရေးအသိပညာပေးဆောင်ရွက်နိုင်ခဲ့မှုအခြေအနေများ၊ ရှေ့ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင် ရွက်မှုအခြေအနေများ၊ ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ စိစစ်ဆောင်ရွက်ပေးခဲ့မှု အခြေ အနေများ၊ သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုကဏ္ဍများ၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်း များနှင့်စပ်လျဉ်း၍ မြေပြင်စစ်ဆေးဆောင်ရွက်ပြီးစီးမှုအခြေအနေများ တိုင်းဒေသကြီးဦးစီးမှူးက ဘဏ္ဍာနှစ်အလိုက် စားသုံးသူတိုင်ကြားမှု၊ဖြေရှင်းဆောင်ရွက်ပြီးစီးမှုနှင့်ဆောင်ရွက်ရန်ကျန်တိုင်ကြားမှုများ၊တိုင်ကြားမှုအပေါ်ဖြေရှင်းဆောင်ရွက်ပြီးစီးမှုအခြေအနေများ ဖြေရှင်းဆောင်ရွက် ရန်ကျန်ရှိသည့်အမှုများအပေါ် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ မန္တလေးတိုင်းဒေသကြီးစားသုံး သူရေးရာကော်မတီ ပြင်ဆင်ဖွဲ့စည်းနိုင်ရေးအတွက် တင်ပြဆွေးနွေးခြင်း၊ တက်ရောက်လာကြသည့် ဥက္ကဌနှင့် အဖွဲ့ဝင်များမှ ဆွေးနွေးတင်ပြမှုများအပေါ် ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး အစည်းအဝေးအား နံနက်(၁၁:၃၀) နာရီအချိန်တွင် ပြီးစီးခဲ့ကြောင်းသိရှိရပါသည်။
DOCA(မန္တလေး)
