
မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ကျေးရွာများတွင် ပြည်သူများ စားသုံးဆီ ဝယ်ယူရာ၌ အခက်အခဲမရှိ စေရန်အတွက် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းများမှ စားအုန်းဆီများကို သတ်မှတ်ရည်ညွှန်းဈေးဖြင့် ဈေးကား များ၊ အရောင်းဆိုင်များမှတစ်ဆင့် အိမ်ထောင်စုတစ်စုလျှင် သတ်မှတ်နှုန်းထား ၅၀ကျပ်သား အလိုက် ရက် ၁၀၀ အတွင်း အလှည့်ကျ စနစ်တကျ ရောင်းချပေးလျက်ရှိပါသည်။
၃၀-၅-၂၀၂၆ ရက်နေ့က ပန်းတနော် မြို့နယ်စားအုန်းဆီအသင်းနှင့် လက်ကားကိုယ် စားလှယ်များမှ မိမ္မပြေး ကျေးရွာအုပ်စု များသို့အရောက်ပို့စနစ်ဖြင့်အိမ်ထောင်စု (၁၀၁၆) ပိဿာချိန် (၅၀၈)အား ဆီစာအုပ်များဖြင့် ရောင်းချပေးလျှက်ရှိပြီး ၃၁-၅-၂၀၂၆ ရက်နေ့တွင်လည်း ရေပေါ်ကြီး ကျေးရွာအုပ်စု များသို့ အရောက်ပို့စနစ်ဖြင့်အိမ်ထောင်စု (၂၀၀၃) ပိဿာချိန် (၁၀၀၁.၅)အား ဆီစာအုပ်များဖြင့် ရောင်းချပေးနေမှုအပေါ် ဌာနဆိုင်ရာများ ကြပ်မတ် စစ်ဆေးဆောင်ရွက် ခဲ့ကြောင်း သိရသည်။
အလားတူ ဓနုဖြူမြို့နယ်တွင်လည်း (၃၁.၅.၂၀၂၆) ရက်နေ့က ဓနုဖြူမြို့နယ်တွင် လက္ကားကိုယ်စားလှယ်မှ တမြာ ကျေးရွာအုပ်စုသို့ ဆီပိဿာချိန်(၄၀၇)ပိဿာအား ကျေးရွာ နေပြည်သူများထံ သွားရောက်ရောင်းချပေးရာတွင် ဌာနမှကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရပါ သည်။
DOCA(ဧရာဝတီ)
