မြောင်းမြခရိုင်၊ မော်ကျွန်းမြို့နယ် ဂျုံးဂျုံးကျကျေးရွာရှိ ဗိုလ်ဗိုလ်ခေါက်ဆွဲဖက်လုပ်ငန်းသို့ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းလေ့လာခြင်း

Powered by Drupal

       ဧရာဝတီတိုင်းဒေသကြီး ၊စားသုံးသူရေးရာဦးစီးဌာန ၊မော်ကျွန်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၂..၂၀၂၆)ရက် နေ့၊ နေ့လည် (၁၂;၀၀)နာရီတွင် မော်ကျွန်းမြို့နယ်၊ ဂျုံးဂျူံးကျကျေးရွာရှိ ဗိုလ်ဗိုလ်ခေါက်ဆွဲဖက်လုပ်ငန်းသို့ MSMEsလုပ်ငန်း  ဖွံ့ဖြိုးတိုးတက်ရေး အတွက်  ကွင်းဆင်းလေ့လာဆောင်ရွက်ခဲ့ ပါသည်။

              ထိုသို့ ကွင်းဆင်းလေ့လာဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံမှ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး ရည်ရွယ်ချက်ဖြင့် ဗိုလ်ဗိုလ်ခေါက်ဆွဲဖက်လုပ်ငန်းပိုင်ရှင်အား ကုန်ကြမ်းရရှိမှုအခြေအနေနှင့် ကုန်ချော ထွက်ရှိမှုအခြေအနေ၊ ဈေးနှုန်းဈေးကွက် အခြေအနေများအား မေးမြန်းစုံစမ်းပြီး မိမိတို့ဆောင်ရွက်နေသော လုပ်ငန်းအနေဖြင့် ကျန်းမာရေးနှင့်ညီညွတ်ပြီး သန့်ရှင်း လတ်ဆတ်မှုရှိစေရေးအဓိကထား ဆောင်ရွက်ရန်၊ဓါတုဆေးဝါးများသုံးစွဲခြင်းမပြုရန်၊စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသော၂၀၁၉ပါဥပဒေပြဌာန်းချက်များမှဥပဒေအခန်း(၁၈)ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင်မြန်မာဘာသာဖြင့်ဖြစ်စေ ၊မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍တွဲလျှက်ဖြစ်စေ ရေးသား ဖော်ပြရမည်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအားလိုက်နာဆောင်ရွက် ကြရန် အသေး စိတ်ရှင်းလင်း ဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)