မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တာဝန်ခံရုံးတွင် ကုန်မျိုးစုံလုပ်ငန်းရှင်များအား  online Sale နှင့် ပတ်သက်သည့် စားသုံးသူအသိပညာပေးဟောပြောပွဲပြုလုပ်ခြင်း

Powered by Drupal

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းသည် (..၂၀၂)ရက်နေ့ နံနက်(၁၁;၀၀)အချိန်တွင် အိမ်မဲမြို့နယ်တာဝန်ခံရုံးတွင် ကုန်မျိုးစုံလုပ်ငန်းရှင်များအား online Saleနှင့်   ပတ်သက်သည့်စားသုံးသူ အသိပညာပေးဟော ပြောခဲ့ပါသည်။

               ထိုသို့ဟောပြောဆွေးနွေးရာတွင်မြို့နယ်တာဝန်ခံမှ တက်ရောက်လာသော ကုန်မျိုးစုံလုပ်ငန်းရှင် များအား မိတ်ဆက် စကားပြောကြားပြီး   online Shopping မှတ်ပုံတင်လျှောက်ထားရန်အတွက် ကုမ္မဏီဖြစ်ပါက ကုမ္မဏီမှတ်ပုံတင် လက်မှတ်၊ SMEမှတ်ပုံတင်လက်မှတ်များတင်ပြရန် လိုအပ်ပြီး တစ်ဦးချင်းဖြစ်ပါကတင်ပြရန်မလိုကြောင်း ရောင်းချမည့်ဆိုင်လိပ်စာမှန်ကန် ကြောင်းရပ်ကွက် ထောက်ခံစာနှင့်ရဲစခန်းထောက်ခံစာ၊လိုင်စင်ဓာတ်ပုံ၊onlinesaleowner၏မှတ်ပုံတင်၊ နေထိုင်ကြောင်းလိပ်စာ မှန်ကန်ကြောင်း၊ရပ်ကွက်ထောက်ခံစာ လျှောက်ထားရာတွင် email (သို့မဟုတ်)Mobile phone Number ဖြင့်Sing Up (Register)ပြုလုပ်၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း အွန်လိုင်းစနစ်ဖြင့်မှတ်ပုံတင်နိုင်ကြောင်းနှင့်  www.ecomreg.gov.mm မှ တစ်ဆင့် မှတ်ပုံတင် လျှောက်ထား နိုင်ကြောင်း၊ online shopping မှတ်ပုံတင်လျှောက်ထားမှုမရှိပဲ online မှရောင်းဝယ်ခြင်း များစစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေပုဒ်မ()အရ အရေးယူခံရ မည်ဖြစ်ကြောင်းအသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။ထိုဟောပြောပွဲသို့ကုန်မျိုးစုံလုပ်ငန်းရှင်()ဦးတက်ရောက်ခဲ့ပါသည်။ DOCA(ဧရာဝတီ)