သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

Online Talk Show အစီအစဉ်ဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲဆောင်ရွက်

          စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ ပြဋ္ဌာန်းချက်များအပေါ် စားသုံးသူပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးအတွက် အသိပညာပေးဆွေးနွေးပွဲများကို ရပ်ကွက်/ ကျေးရွာများ၊ အခြေခံပညာကျောင်းများ၊ အဆင့်မြင့်ပညာတက္ကသိုလ်ကျောင်းများနှင့် အစိုးရရုံးဌာနများသို့ သွားရောက်၍ ဟောပြောပွဲများဆောင်ရွက်လျက်ရှိသလို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ Online Talk Show အစီအစဉ်မှတစ်ဆင့်လည်း အသိပညာပေးဆွေးနွေးပွဲများ ဆောင်ရွက်လျက်ရှိပါသည်။

          စားသုံးသူရေးရာဦးစီးဌာန၊ ပြည်မြို့နယ်တာဝန်ခံ ဦးထွန်းနိုင်လင်းသည် (၁၅.၁.၂၀၂၆) ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် ပြည်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံး၊ ရိုက်ကူးရေးခန်းမ၌ ကျင်းပပြုလုပ်သည့် Online Talk Show အစီအစဉ်တွင် ဌာန၏ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်များထဲမှ ဆန်စပါးသိုလှောင်ထားရှိမှုအား ခေတ်မီဒီဂျစ်တယ်နည်းစနစ်ဖြင့် မှတ်ပုံတင်စာရင်းရေးသွင်းသည့် Myro အကြောင်း သိကောင်းစရာခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြောင်း သိရပါသည်။

          ထိုသို့ဆွေးနွေးရာတွင် မြန်မာဆန်စပါးအွန်လိုင်း (Myro)ကို စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းတည်ထောင်ထားကြောင်း၊ ရည်ရွယ်ချက်အနေဖြင့် ဆန်စပါးစီးပွားရေးလုပ်ငန်းများအား ခေတ်မီဒီဂျစ်တယ်နည်းပညာဖြင့် အသွင်းကူးပြောင်း၍ စနစ်တကျ စီမံခန့်ခွဲဆောင်ရွက်နိုင်ရန်၊ တောင်သူလယ်သမားများ၊ ကုန်သည်၊ စက်ပိုင်လုပ်ငန်းရှင်များ၊ ပြည်တွင်း၊ ပြည်ပဝယ်သူ/ ရောင်သူများ၊ ကျွမ်းကျင်ပညာရှင်များ၊ သုတေသီများ၊ စားသုံးသူများအပါအဝင် ဆန်စပါးလုပ်ငန်းနှင့် ဆက်နွယ်သည့် Stakeholder များအတွက် တစ်နေရာတည်းတွင် သတင်းအချက်အလက်များ၊ ဝန်ဆောင်မှုများ မှတ်ပုံတင်သည့်လုပ်ငန်းများကို အချိန်တိုအတွင်းဆောင်ရွက်နိုင်ရန်၊ နိုင်ငံတော်၏ ဆန်စပါးလုပ်ငန်းဆိုင်ရာ မူဝါဒလမ်းညွှန်ချက်များကို ခေတ်မီဒီဂျစ်တယ်နည်းပညာကို အသုံးပြု၍ အကောင်အထည်ဖေါ်ဆောင် ရွက်နိုင်ရန်၊ သိုလှောင်ရုံကုန်အပ်စနစ်ဖြင့် ဘဏ်ချေးငွေများ စနစ်တကျ ထုတ်ပေးသည့်စနစ် ဆောင်ရွက်နိုင်ရန်ဖြစ်ကြောင်း၊ သိုလှောင်ရုံ မှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ ဆန်တန်ချိန် (၂၅)တန်၊ စပါးတင်း(၂၅၀၀)နှင့် အထက် သိုလှောင်နိုင်ပါက သိုလှောင်ရုံမှတ်ပုံတင်ခြင်းဆောင်ရွက်ရမှာဖြစ်ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်လိုပါက သိုလှောင်ရုံပိုင်ရှင်၏ မှတ်ပုံတင်ရှေ့/ နောက်၊ ဖုန်းနံပါတ်၊ အိမ်ထောင်စုဇယား၊ နေရပ်လိပ်စာ၊ E mail၊ Passport ဓါတ်ပုံ၊ စက်မှုလိုင်စင်၊ သိုလှောင်ရုံတည်နေရာလိပ်စာ၊ Google Map သိုလှောင်ရုံ၏ ရှေ့၊ နောက်၊ ဘေးဝဲယာ၊ အတွင်းဓါတ်ပုံ၊ သိုလှောင်ရုံတာဝန်ခံ၏ မှတ်ပုံတင်မိတ္တူနှင့် ဖုန်းနံပါတ်၊ လိပ်စာ၊ သိုလှောင်ရုံတည်နေရာမှန်ကန်ကြောင်းထောက်ခံစာနှင့် ဝန်ခံကတိပြုစာများလိုအပ်မည်ဖြစ်ပါကြောင်း၊ ဆန်စပါးသိုလှောင်ရုံအကျယ်အဝန်းအလိုက် မှတ်ပုံတင်ကြေးသတ်မှတ်ထားကြောင်း၊ အနိမ့်ဆုံး (၅၀၀၀၀)ကျပ်မှ အမြင့်ဆုံး (၂၀၀၀၀၀)ကျပ်အထိရှိပါကြောင်း၊ မှတ်ပုံတင်သက်တမ်းကာလမှာ (၁)နှစ်ဖြစ်ပါကြောင်းနှင့် သက်တမ်းတိုးဆောင်ရွက်မည်ဆိုပါက သက်တမ်းမကုန်ဆုံးမီ (၂)လကြိုတင်၍ လျှောက်ထားနိုင်ကြောင်း၊ လုပ်ငန်းရှင်များအနေနှင့် လစဉ် လဆန်း(၁)ရက်နေ့မှ (၇)ရက်နေ့အတွင်း ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်းများအား Myro Website ရှိ မိမိ Account တွင် စာရင်းရေးသွင်းဖို့လိုမှာဖြစ်ကြောင်း၊ ဆန်စပါးသိုလှောင်ထားရှိမှု အခြေအနေနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်း၏ လမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရမည်ဖြစ်ပါကြောင်းနှင့် သိုလှောင်ရုံမှတ်ပုံတင်လက်မှတ် ပယ်ဖျက်လိုပါက မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်ရန် လျှောက်ထားချက်သည် ခိုင်လုံသောအကြောင်းပြချက်ရှိရန် သို့မှသာ ပယ်ဖျက်နိုင်မှာဖြစ်ပါကြောင်း ဆွေးနွေးခဲ့သိဟုသိရှိရပါသည်။

DOCA( ပဲခူး)

ပြည်မြို့တွင်စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲဆောင်ရွက်

       စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူအခွင့်အရေးပြည့်ပြည့်ဝဝရရှိစေရေး၊ စားသုံးသူအကျိုးစီးပွားကာကွယ်ခြင်းနှင့် စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်အကြား အငြင်းပွားမှုဖြစ်ပေါ်လာပါက ကော်မတီ၊ ကော်မရှင် အဆင့်ဆင့်တို့ဖြင့် မျှတမှုရှိစေရေး ဆောင်ရွက်ပေးလျက်ရှိပါသည်။ ဌာနအနေဖြင့် ပြည်တွင်း၊ ပြည်ပမှ ထုတ်လုပ်တင်သွင်းလာသည့် ကုန်စည်နှင့် ဝန်ဆောင်မှုများအပေါ် နိုင်ငံသားအားလုံးဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရေး၊ စားသုံးသူအခွင့်အရေး ကာကွယ်ပေးနိုင်ရေးအတွက် စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ်၊ မတ်လ (၁၅)ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေ အမှတ် ၉ ဖြင့် အတည်ပြုပြဋ္ဌာန်းခဲ့ပြီး ဥပဒေပါ ပြဋ္ဌာန်းချက်များအပေါ် စားသုံးသူပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးအတွက် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို တိုင်းဒေသကြီး/ ပြည်နယ်များတွင် ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ဆောင်ရွက်လျက်ရှိပါသည်။

          စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်၊ ပြည်မြို့နယ်မှ မြို့နယ်တာဝန်ခံ ဦးထွန်းနိုင်လင်းသည် မိတ်ဖက်ဌာနဆိုင်ရာများဖြစ်ကြသည့် ပြည်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်ခရိုင်တိုင်းရင်းဆေးပညာဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ (၁၃.၁.၂၀၂၆)ရက်နေ့၊ နေ့လယ် (၀၉:၀၀)နာရီအချိန်တွင် ပြည်မြို့၊ ဆင်စုရပ်ကွက်ရှိ အမှတ်(၃)အခြေခံပညာအထက်တန်း ကျောင်းသို့ သွားရောက်၍ ဆရာ၊ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူ (၆၀)ဦးတို့အား စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားပြုလုပ်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် စပ်လျဉ်း၍ အသိပညာပေးဟောပြောခြင်းနှင့် ဆရာ၊ ဆရာမ (၁၀)ဦးအား စားသုံးသူရေးရာ Call Center (1535)သို့ ဖုန်းခေါ်ဆို၍ စားသုံးသူအခွင့်အရေးနစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက ခေါ်ဆိုတိုင်ကြားနိုင်ကြောင်း လက်တွေ့သင်ကြားပေးခဲ့ကြောင်း သိရှိရပါသည်။

 

DOCA( ပဲခူး)

ရတနာပုံတံတားတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် တရားမဝင်တင်ဆောင်လာသည့် ကုန်ပစ္စည်းများမရှိစေရေး အဖွဲ့စုံဖြင့်စစ်ဆေးခြင်း

                                      စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းမြို့နယ်တာဝန်ခံ ဦးစီးမှူး ဒေါ်ကေသီအောင်(အဖွဲ့ဝင်)သည် ရတနာပုံတံတားပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဦးရဲပိုင်အောင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန (အဖွဲ့ခေါင်းဆောင်)နှင့် ဦးဇော်မျိုးမင်း၊ ဦးတိုးတိုးထွေး၊ ဦးသိုက်ထွန်း၊ ဦးအောင်သူဌေး၊ ဦးသက်လွင်၊ ဦးခိုင်စွမ်းသူ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(အဖွဲ့ဝင်)၊ရဲအုပ်ကောင်းမြတ်ဦး စစ်ကိုင်းမြို့မရဲစခန်း၊ ဒုရဲအုပ်မြင့်ဇော်ဝင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ ရဲအုပ်ကျော်ဇင်ဝင်း၊ ဒုရဲအုပ်ချမ်းသာ  အမှတ်(၁၀၆)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံး၊ ရဲအုပ်အေးမင်းဝင်း သတင်းရဲတပ်ဖွဲ့၊ ရဲအုပ်တင်ကိုကို စစ်ကိုင်းလှုပ်ရှားမူးယစ်တပ်ဖွဲ့၊ ဦးထိုက်ထက်အောင် ခရိုင်သစ်‌တောဦးစီးဌာန၊ ဦးဟိန်လတ်၊ ဦးအောင်သူစိုး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ ဦးလွင်မောင်လတ်၊ ဦးရန်နိုင်ထွန်းအကောက်ခွန်ဦးစီးဌာန(အဖွဲ့ဝင်)တို့သည် ရတနာပုံတံတားတရားမဝင်ကုန်သွယ်မှု့တိုက်ဖျက်ရေး ပူးပေါင်းစစ်ဆေးရေးဂိတ်များအနေဖြင့်  ရတနာပုံတံတားသည် ၂၈.၃.၂၀၂၅ရက်နေ့က လှုပ်ခပ်ခဲ့သည့် ငလျင်ကြောင့် ရတနာပုံတံတား၏ကြံ့ခိုင်မှုမရှိသေးသည့်အတွက် (ယာယီ)အနေဖြင့် ဇက်ဆိပ်တွင် မန္တလေးတိုင်းမှ စစ်ကိုင်းတိုင်းသို့အဝင်၊အထွက် (၂)ဂိတ်နှင့် (၂၅)တန်နှင့် အောက်ယာဉ်ငယ်များ ဖြတ်သန်းနိုင်သည့် ရတနာပုံတံတား ပေါ်တွင်လည်း စစ်ကိုင်းတိုင်းမှ မန္တလေးတိုင်းသို့ အဝင်၊အထွက် (၂)ဂိတ်၊ စုစုပေါင်းယာယီ(၄)ဂိတ်ဖြင့် တရားမဝင်ကုန်ပစ္စည်းများရောင်းဝယ် သယ်ဆောင်မှုများ မရှိစေရေးနှင့် လုံခြုံရေးတို့အတွက် ရတနာပုံတံတားနှင့် ရတနာပုံတံတားအောက်(ဇက်ဆိပ်)မှ နေ့စဉ် ဖြတ်သန်းသွားလာသည့်ယာဉ်ပေါ်တွင်တရားမဝင်ကုန်ပစ္စည်းများ ရောင်းဝယ်သယ်ဆောင်မှုများ မရှိစေရေးနှင့် လုံခြုံရေးတို့အတွက် စိစစ်ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျောက်တံခါးမြို့နယ်၊ ဈေးအပြင်တန်းရှိ ဈေးဆိုင်များတွင် အလှကုန်ပစ္စည်း အမျိုးမျိုး (၁၀ ဂရမ်နှင့်  အောက်) တို့အား ကွင်းဆင်းစစ်ဆေး

      စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်တာဝန်ခံရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများကို ကြိုးစားပမ်းစားဆောင်ရွက်လျက်ရှိရာ ၁၂.၁.၂၀၂၆ ရက်နေ့တွင် ကျောက်တံခါးမြို့နယ်တာဝန်ခံ ဒေါ်တင်တင်စန်း နှင့် ဒုဦးစီးမှူး ဒေါ်ဇင်မာထွေးတို့သည် ကျောက်တံခါးမြို့နယ်၊ ဈေးအပြင်တန်းရှိ ဈေးဆိုင်များတွင် အလှကုန်ပစ္စည်း အမျိုးမျိုး (၁၀ ဂရမ်နှင့် အောက်) တို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

         ကျောက်တံခါးမြို့နယ်တာဝန်ခံ ဒေါ်တင်တင်စန်းနှင့် ဒုဦးစီးမှူး ဒေါ်ဇင်မာထွေးတို့သည်  ကျောက်တံခါးမြို့နယ်၊ ဈေးအပြင်တန်းရှိ ဈေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ စစ်ဆေးရာတွင် ဈေးကွက်ထဲ၌ အလှကုန်ပစ္စည်းအမျိုးမျိုး (၁၀ ဂရမ်နှင့် အောက်) တို့တွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ၊ သက်တမ်းကျော်လွန်သော အလှကုန်ပစ္စည်းများ ရောင်းချခြင်း ရှိ/ မရှိတို့ကို  စစ်ဆေးခဲ့ပါသည်။  စစ်ဆေးချက်များအရ ကျောက်တံခါးမြို့နယ်၊ ဈေးအပြင်တန်းရှိ ဈေးဆိုင်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိကာ သက်တမ်းလွန်အလှကုန်ပစ္စည်းများ ရောင်းချခြင်းမရှိကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

ပြည်ခရိုင်၊ ရွှေတောင်မြို့တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

           ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁၂)ရက်နေ့၊ နံနက် (၉:၀၀) နာရီတွင် ရွှေတောင်မြို့ (အ.မ.က)မင်းတဲကျွန်းကျောင်းသို့ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ပါသည်။

          အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒု- ဦးစီးမှူး ဒေါ်နွေးဒါလီနိုင်မှ စာဖတ်ခြင်းအကျိုးကျေးဇူးများအကြောင်းပုံပြင်ပြောခြင်း၊ တိုင်းရင်းဆေးပညာ ဦးစီးဌာနမှ တိုင်းရင်းဆေးမှူး ဒေါ်နီလာမြင့်မှ တိုင်းရင်းဆေးများနှင့် ပတ်သက်သည့်အကြောင်း အရာများအား အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဒေါ်သပြေမှ အားကစား၏ အဓိပ္ပါယ်နှင့် ကာယသရုပ်ပြခြင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုဦးစီးမှူး ဒေါ်ယဉ်ယဉ်ဆင့်က စားသုံးသူကာကွယ်ရေးဥပဒေတွင် ပါရှိသော ကုန်အညွှန်းအမှတ်အသား(၈)ချက်အား ဆွေးနွေးပြောကြားခြင်း၊ ဘေးအန္တရာယ်ကင်းစွာ စားသောက်တတ်စေရန် နည်းလမ်းများ စားသုံးသူနစ်နာဆုံးရှုံးမှု ဖြစ်ပေါ်ပါက တိုင်ကြားနိုင်ကြောင်း၊ တိုင်ကြားရန်နည်းလမ်းများအကြောင်းနှင့် Call Center 1535 သို့လည်း အလွယ်တကူတိုင်ကြားနိုင်ကြောင်းဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ရာ ဆရာ/ ဆရာမနှင့် ကျောင်းသား/ ကျောင်းသူ (၅၄)ဦး တက်ရောက်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

အခြေခံပညာမူလတန်းကျောင်းသား/သူများအား အသိပညာပေးဟောပြော

    စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းသိန်းဦး (ရုံးအုပ်)သည်(၁၄..၂၀၂၆) ရက်နေ့ (၀၉:၀၀) နာရီအချိန်တွင် မိုးညှင်းမြို့၊ အရှေ့စုရပ်ကွက်၊ အခြေခံပညာမူလတန်းကျောင်းရှိ ကျောင်းသား/သူများအား အသိပညာပေး  ဟောပြောပွဲပြုလုပ် ဆောင်ရွက်ခဲ့ပါသည်။

          စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောရာတွင် စားသုံးသူကာကွယ်ရေးနှင့် စားသုံးသူ ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူ၏ အခွင့်အရေးများ ဖြစ်သော စားသုံးသူများအတွက် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အခြေခံလိုအပ်ချက်များပေါ်တွင် စိတ်ကျေနပ်မှုရရှိစေခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုခွင့်ရှိခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ရွေးချယ်ဝယ်ယူအသုံးပြုရာတွင် လိုအပ်သောသတင်းအချက်အလက်များ ပြည့်စုံ မှန်ကန်စွာသိရှိခွင့်နှင့် ပြေစာ သို့မဟုတ် အထောက်အထား ရယူခွင့်ရှိခြင်း၊ ဈေးကွက်အတွင်းရှိ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူစိတ်ကြိုက်ရွေးချယ်ဝယ်ယူန်ိုင်ခွင့်ရှိခြင်းစသည့် အချက်များ၊ စားသုံးသူ၏ တာဝန်များ၊ကုန်စည်/ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံပေးထားမှု အပေါ် စားသုံးသူက တောင်းဆိုနိုင်သည့်အခွင့်အရေး၊ အချိုရည်အမျိုးမျိုးတို့တွင် တားမြစ်ထားသောအန္တရာယ် ရှိသည့်ဓာတုဆိုးဆေးများအကြောင်း၊ အသင့်စားခေါက်ဆွဲခြောက်များ၏ အန္တရာယ်များ အကြောင်းနှင့် တက်ရောက်လာသော ကျောင်းသား/သူများအား 1535 Consumer Call Center လိုင်းခွဲ(1)သို့ လက်တွေ့ခေါ်ဆို၍ တိုင်ကြားရမည့် နည်းလမ်းအား အသိပညာပေးဟောပြောခဲ့ပြီး ဟောပြောပွဲသို့ ကျောင်းသား/သူ(၄၀)ဦး၊ ဆရာ/မ(၇)ဦး တက်ရောက်ခဲ့ပါသည်။

DOCA(ကချင်)

မြစ်ကြီးနားမြို့၌ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးဇေယျာအောင် နှင့်  ဦးတင်မောင်ထွန်း တို့သည် ၁၄ . ၁ . ၂၀၂၆ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက်အတွင်းရှိ လက်လီ/လက်ကားဖြန့်ဖြူးရောင်းချသော Char Char (စတိုး)နှင့် ဒေါ်လှလှဌေး(ကုန်စုံဆိုင်) သို့ သွားရောက်၍ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှပပျောက်စေရေးနှင့်စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ကိုက်ညီမှု ရှိ/ မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် OK အမှတ်တံဆိပ်ပါ ကြက်သားစည်သွပ်ဘူးနှင့် Golden Dragon အမှတ်တံဆိပ်ပါ ရှာလကာရည်တွင် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အရ ကုန်စည်ပေါ်တွင် မြန်မာဘာသာဖြင့် ဖော်ပြရမည့်အချက်များ ပြည့်စုံစွာဖော်ပြပါရှိကြောင်း စစ်‌ဆေး တွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသည့် ကုန်စည်များ ဈေးကွက်အတွင်း  ရောင်းချခြင်း မပြုလုပ်ကြရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါ သည်။

DOCA(ကချင်)

 

အ.ထ.က(၇) ကျောင်းမုန့်ဈေးဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးဇေယျာအောင် (ခရိုင်ဦးစီးမှူး)သည် ၁၃ . ၁ . ၂၀၂၆ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ ရှမ်းစုမြောက်ရပ်ကွက်၊ အ.ထ.က(၇) ကျောင်းမုန့်ဈေးဆိုင်တွင် ရောင်းချနေသော ဒေါ်ခင်ရီ (မုန့်ဆိုင်) သို့ သွားရောက်၍ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်ပတ်သက်၍ ကိုက်ညီမှု ရှိ/ မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် CODE အမှတ်တံဆိပ် စပါလင်ကော်ဖီအရသာ အားဖြည့်အချိုရည်တွင် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အရ ကုန်စည်ပေါ်တွင် မြန်မာဘာသာဖြင့် ဖော်ပြရမည့်အချက်များ ပြည့်စုံစွာဖော်ပြပါရှိကြောင်း စစ်‌ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသည့် ကုန်စည်များ ဈေးကွက်အတွင်း ရောင်းချခြင်းမပြုလုပ်ရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါ သည်။

DOCA(ကချင်)

ဘားအံမြို့ရှိ စီးပွားရေးလုပ်ငန်းရှင်များအား အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း လုပ်ငန်းများနှင့်စပ်လျဉ်း၍ သိကောင်းစရာများအကြောင်း အသိပညာပေးဟောပြောပွဲကျင်းပ

      စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဉီးစီးမှူး ဦးသန်းဦးနှင့် ဝန်ထမ်းများသည် ၁၂-၁-၂၀၂၆ ရက်၊ တနင်္လာနေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ Perfect Hotel တွင် စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာအကြောင်းများနှင့် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း လုပ်ငန်းများနှင့်စပ်လျဉ်း၍ သိကောင်းစရာများအကြောင်းကို အသိပညာပေးဟောပွဲကျင်းပခဲ့ကြောင်း သိရှိရသည်။

          အဆိုပါဟောပြောပွဲတွင်  စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦး စီးမှူး ဦးသန်းဦးက စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက် များအကြောင်း၊ စားသုံး သူကာကွယ်ရေးအကြောင်း သိကောင်းစရာများ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသော အစားအသောက်နှင့် ကုန်စည်များကို စနစ်တကျရွှေးချယ် ဝယ်ယူစားသောက်သုံးစွဲတတ်စေရန်အတွက် ကုန်အညွှန်း အမှတ်အသားအကြောင်း၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း လုပ်ငန်းများနှင့်စပ်လျဉ်း၍ သိကောင်းစရာ များအကြောင်းနှင့်  စားသုံးသူနစ်နစ်ဆုံးရှုံးမှုများနှင့် ပတ်သက်၍ တိုင်ကြားနိုင်သည့် နည်းလမ်းများ အကြောင်းကို  Power Point ဖြင့် ရှင်းလင်းပြောကြားခဲ့ကာ စားသုံးသူကာကွယ်ရေးဆိုင်ရာ Video Clip များအား Short Video ဖြင့်ပြခဲ့ပါသည်။

          အခမ်းအနားတွင် စီးပွားရေးလုပ်ငန်းရှင် စုစုပေါင်း(၄၀)ဦး တက်ရောက်ပြီး လက်ကမ်းစာစောင် များလည်း ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

(DOCA ကရင်)

ဘားအံမြို့ရှိ အမှတ်(၅) ရပ်ကွက်တွင် အွန်လိုင်းစနစ်ဖြင့်မှတ်ပုံတင်ထားသောလုပ်ငန်းအား ကွင်းဆင်းစစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ရုံးအုပ် ဒေါ်သီတာဌေးနှင့် ဝန်ထမ်းများသည် (၁၃-၁-၂၀၂၆) ရက် ၊ နံနက် (၁၀:၀၀) နာရီအချိန် တွင် ဘားအံမြို့ရှိ အမှတ်(၅) ရပ်ကွက်အတွင်း နိုနာဆွစ်  နာမည်ဖြင့် အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်ထား သောလုပ်ငန်းအား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရွှေဖားစည်အိမ်ရာ-၂၊ တိုက်-၉၊ အခန်း(၃၀၂) ဓမ္မဝါသီ ကျောင်းလမ်း၊ ၊ အမှတ်(၅) ရပ်ကွက်၊ ဘားအံမြို့၊ လိပ်စာပါအတိုင်း နိုနာဆွစ် နာမည်ဖြင့် မြေပြင် ပေါ်တွင် အမှန်တကယ်ရှိ/မရှိ နှင့် ရောင်းချသည့် လူသုံးကုန်ပစ္စည်းများ အမှန်တကယ်ရှိ/မရှိ သွားရောက်စစ်ဆေးခဲ့ရာ မြေပြင်ပေါ်တွင်  ဖော်ပြပါလိပ်စာနှင့်ကုန်ပစ္စည်းများအတိုင်း  မှန်ကန်မှုရှိကြောင်း စိစစ်တွေ့ရှိရသည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေး ရေးအရာရှိ ဒေါ်စုနွေးသီရိမောင်မှ ဆိုင်ပိုင်ရှင်အား အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများနှင့် ပတ်သက်၍ မြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရမည့် အချက်(၁၇)ချက်အားမေးမြန်း ဆောင်ရွက် ခြင်းနှင့် ကုန်ပစ္စည်းများအား လိုက်လံစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

(DOCA ကရင်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ