သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဘားအံမြို့ရှိ အမှတ်(၅) ရပ်ကွက်တွင် အွန်လိုင်းစနစ်ဖြင့်မှတ်ပုံတင်ထားသောလုပ်ငန်းအား ကွင်းဆင်းစစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ရုံးအုပ် ဒေါ်သီတာဌေးနှင့် ဝန်ထမ်းများသည် (၁၃-၁-၂၀၂၆) ရက် ၊ နံနက် (၁၀:၀၀) နာရီအချိန် တွင် ဘားအံမြို့ရှိ အမှတ်(၅) ရပ်ကွက်အတွင်း နိုနာဆွစ်  နာမည်ဖြင့် အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်ထား သောလုပ်ငန်းအား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရွှေဖားစည်အိမ်ရာ-၂၊ တိုက်-၉၊ အခန်း(၃၀၂) ဓမ္မဝါသီ ကျောင်းလမ်း၊ ၊ အမှတ်(၅) ရပ်ကွက်၊ ဘားအံမြို့၊ လိပ်စာပါအတိုင်း နိုနာဆွစ် နာမည်ဖြင့် မြေပြင် ပေါ်တွင် အမှန်တကယ်ရှိ/မရှိ နှင့် ရောင်းချသည့် လူသုံးကုန်ပစ္စည်းများ အမှန်တကယ်ရှိ/မရှိ သွားရောက်စစ်ဆေးခဲ့ရာ မြေပြင်ပေါ်တွင်  ဖော်ပြပါလိပ်စာနှင့်ကုန်ပစ္စည်းများအတိုင်း  မှန်ကန်မှုရှိကြောင်း စိစစ်တွေ့ရှိရသည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေး ရေးအရာရှိ ဒေါ်စုနွေးသီရိမောင်မှ ဆိုင်ပိုင်ရှင်အား အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများနှင့် ပတ်သက်၍ မြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရမည့် အချက်(၁၇)ချက်အားမေးမြန်း ဆောင်ရွက် ခြင်းနှင့် ကုန်ပစ္စည်းများအား လိုက်လံစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

(DOCA ကရင်)

ဘားအံမြို့ရှိ မုန့်လုပ်ငန်းများအား  ကွင်းဆင်းစစ်ဆေးခြင်း

     (၁၃-၁-၂၀၂၆) ရက် ၊ နံနက် (၁၁:၃၀) နာရီအချိန် တွင် ဘားအံမြို့ရှိ  အမှတ်(၉) ရပ်ကွက် အတွင်း  ရောင်းချနေသော ရွှေမေတ္တာ(မုန့်မျိုးစုံလုပ်ငန်း)သို့ စစ်ဆေးရေးအရာရှိ ဒေါ်သီတာဌေးနှင့် စားသုံး/ ထုတ်လုံ ဝန်ထမ်း(၄)ဦးတို့သည် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

    ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင် ညွှန်ကြားချက် အမှတ်၊ ၂/၂၀၁၉ နှင့်အညီ ကိုက်ညီမှု ရှိ / မရှိ စစ်ဆေးခဲ့ပါသည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ် ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူး ဒေါ်စုနွေးသီရိမောင်က စီးပွားရေးလုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြ ထားသော မုန့်များကိုသာထုတ်လုပ် ရောင်းချကြရန်၊ သက်ဆိုင်ရာဌာနများ၏ ဥပဒေနှင့်အညီ ဆောင် ရွက်ကြရန်နှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်စွာဖော်ပြနိုင်ရန်အတွက် စားသုံးသူရေးရာ ဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးသို့ လာရောက်လျှောက်ထားနိုင်ပါကြောင်း  အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

(DOCA ကရင်)

ဘားအံမြို့ရှိ အမှတ်(၅) ရပ်ကွက်အတွင်း ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ရုံးအုပ် ဒေါ်သီတာဌေး  ဦးဆောင်၍ စားသုံး/ထုတ်လုံဌာနခွဲမှ ဝန်ထမ်းများသည် (၁၃-၁-၂၀၂၆) ရက် ၊ နံနက်(၁၀:၃၀) နာရီ အချိန်တွင် ဘားအံမြို့ အမှတ်(၅)ရပ်ကွက်အတွင်းရှိ၊ သဒ္ဒါကုန်စုံဆိုင်တွင်  ရောင်းချနေသော စားသောက်ကုန်များကို ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေး ကော်မရှင် ညွှန်ကြားချက် အမှတ်၊ ၂/၂၀၁၉ နှင့်အညီ ကိုက်ညီမှု ရှိ / မရှိ ‌ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

  ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကရင်ပြည်နယ်စားသုံးသူရေးရာကော်မတီ က  သတ်မှတ်ထားသော ဦးစားပေးဆောင်ရွက်မည့်  ကုန်စည် (၁၀) မျိုးထဲမှ အသင့်စားမုန့်အမျိုးမျိုး တို့ကို ကုန်အညွှန်းအမှတ်အသား ပြည်စုံစွာ ဖော်ပြထားမှု ရှိ/ မရှိ စစ်ဆေး ဆောင်ရွက်ခဲ့သည့်အပြင်  စစ်ဆေးရေးအရာရှိ ဒေါ်သီတာဌေးက စားသောက်ကုန်များရောင်းချရာ၌ FDA မှ ထောက်ခံချက်ရရှိသော စားသောက်ကုန်များနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဥပဒေနှင့်အညီ ပြဌာန်းသတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသည့် စားသောက်ကုန်များကိုသာ ရောင်းချကြရန်နှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းမရှိသော စားသောက်ကုန်များကို မရောင်းချရန် စစ်ဆေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

(DOCA ကရင်)

မြောင်းမြခရိုင်၊  အိမ်မဲမြို့နယ်၊ အိမ်မဲကြီးပိုင်းရပ်ကွက်ရှိ  ကုန်မျိုးစုံဆိုင်များရှိ ရေသန့်ဘူးများ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

       ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊  မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်း နှင့်ဝန်ထမ်းများသည်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၁၆.၁.၂၀၂၆)ရက်နေ့ နံနက်(၁၁:၃၀)နာရီက အိမ်မဲမြို့ အထက်ပိုင်းရပ်ကွက်ရှိ  ကုန်မျိုးစုံဆိုင်များတွင်ရောင်းချနေသော Max ရေသန့်ဘူးများတွင် ကုန်အညွှန်း အမှတ်အသား ပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံမှ အထက်ပိုင်းရပ်ကွက်ရှိ  ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသော Max အမှတ်တံဆိပ်ပါ ရေသန့်ဘူးများတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိစစ်ဆေးခဲ့ပြီး ဆိုင်ပိုင်ရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ဥပဒေ၂၀၁၉ ပါ ပြဌာန်းချက်များမှ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်း နှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁)ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့) တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေရေးသားဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုး အစားအလိုက်သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် ဈေးကွက် အတွင်းရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားမှုရှိ/မရှိ၊ ဌာနမှ ဈေးကွက် စောင့်ကြည့်စစ်ဆေးမှုအား စဉ်ဆက်မပြတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ပါသည်။

DOCA(ဧရာဝတီ)

 

မြောင်းမြခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်ဆန်စက်အသင်းရုံးတွင် ဆန်စက်လုပ်ငန်းရှင်များအား စားသုံးသူအသိပညာပေးဟောပြောပွဲပြုလုပ်

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်ကျွန်းမြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ်သည် (၁၅.၁.၂၀၂၆)ရက်နေ့၊ မွန်းတည့်(၁၂:၀၀)နာရီက စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ် ဆန်စက် အသင်းရုံး တွင် ဆန်စက်လုပ်ငန်းရှင်များအား စားသုံးသူအသိပညာပေး ဟောပြောပွဲပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံမှ တက်ရောက်လာသော ဆန်စက် ပိုင်ရှင်များအား ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်များသိုလှောင်ထားခြင်းမပြုကြရန် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် (MRF)မှ ထုတ်ပြန်ထားသော ရည်ညွှန်းဈေးဖြင့် ရောင်းချပေးကြရန်၊ မြန်မာ့ဆန်စပါး  (MYRO)တွင် ဆန်စပါးသိုလှောင်ရုံများ Online မှ မှတ်ပုံတင်ပြုလုပ်ဆောင်ရွက်ခြင်း  ဆောင်ရွက်ကြရန် သက်ဆိုင်ရာ မြို့နယ်အလိုက် စားသုံးသူရေးရာဦးစီးဌာနနှင့်ချိတ်ဆက်၍ မှတ်ပုံတင်ခြင်းဆောင်ရွက်နိုင်ခြင်းတို့ကို အသိညာပေး ရှင်းလင်းဆွေးနွေးဟောပြောခဲ့ပါသည်။ ဆွေးနွေးဟောပြောပွဲသို့ ဆန်စက်လုပ်ငန်းရှင်(၁၇)ဦး တက်ရောက်ခဲ့ ကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တာဝန်ခံရုံးတွင် ကုန်မျိုးစုံလုပ်ငန်းရှင်များအား  online Sale နှင့် ပတ်သက်သည့် စားသုံးသူအသိပညာပေးဟောပြောပွဲပြုလုပ်ခြင်း

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်း သည်(၁၅.၁.၂၀၂၆)ရက်နေ့၊နေ့လယ်  (၁၂:၀၀)အချိန်တွင်အိမ်မဲမြို့နယ်တာဝန်ခံရုံးတွင်ကုန်မျိုးစုံလုပ်ငန်းရှင်များအာ online Saleနှင့် ပတ်သက်သည့်စားသုံးသူအသိပညာပေးဟောပြောခဲ့ပါသည်။

       ထိုသို့ဟောပြောဆွေးနွေးရာတွင် မြို့နယ်တာဝန်ခံမှ တက်ရောက်လာသော ကုန်မျိုးစုံလုပ်ငန်းရှင်များအား မိတ်ဆက် စကားပြောကြားပြီး online Shopping မှတ်ပုံတင်လျှောက်ထားရန်အတွက် ကုမ္မဏီဖြစ်ပါက ကုမ္မဏီမှတ်ပုံတင်လက်မှတ်၊SME မှတ်ပုံတင်လက်မှတ်များတင်ပြရန်လိုအပ်ပြီး တစ်ဦးချင်းဖြစ်ပါက တင်ပြရန်မလို ကြောင်း ရောင်းချမည့်ဆိုင်လိပ်စာမှန်ကန်ကြောင်းရပ်ကွက်ထောက်ခံစာနှင့် ရဲစခန်းထောက်ခံစာ၊ လိုင်စင်ဓာတ်ပုံ၊ onlinesaleowner၏ မှတ်ပုံတင်၊ နေထိုင်ကြောင်းလိပ်စာ မှန်ကန်ကြောင်း၊ရပ်ကွက်ထောက်ခံစာ လျှောက်ထားရာ တွင် email (သို့မဟုတ်)Mobile phone Number ဖြင့်Sing Up(Register)ပြုလုပ်၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်နိုင်ကြောင်းနှင့်  www.ecomreg.gov.mmမှတစ်ဆင့် မှတ်ပုံတင်လျှောက်ထား နိုင်ကြောင်း၊ online shopping မှတ်ပုံတင်လျှောက်ထားမှုမရှိပဲ online မှရောင်းဝယ်ခြင်း များစစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေပုဒ်မ(၅)အရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးဟောပြော ဆွေးနွေးခဲ့ပါသည်။ ထိုဟောပြောပွဲသို့ ကုန်မျိုးစုံလုပ်ငန်းရှင်(၂၀)ဦး တက်ရောက်ခဲ့ပါသည်။

(DOCA ဧရာဝတီ)

ပြည်မြို့နယ်အတွင်း ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းဆောင်ရွက်

          ပြည်တွင်း/ ပြည်ပမှ ထုတ်လုပ်တင်သွင်းလာသည့် ကုန်စည်နှင့် ဝန်ဆောင်မှုများအပေါ် နိုင်ငံသူ၊ နိုင်ငံသားအားလုံး ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်ရေး စားသုံးသူကာကွယ်ရေး ဥပဒေနှင့်အညီ စားသုံးသူကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုတ်မြှင့် ထိရောက်စွာ အကောင် အထည်ဖေါ်ဆောင်ရွက်နိုင်ရန်အတွက် ၂၀၁၆ ခုနှစ်၊ ဧပြီလ (၁)ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာနကို ဖွဲ့စည်းခဲ့ပြီး စားသုံးသူကာကွယ်ရေးလုပ်ငန်းများနှင့် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေး လုပ်ငန်းများကို တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။

          စားသုံးသူရေးရာဦးစီးဌာန၊ ပြည်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၁၂.၁.၂၀၂၆) ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် ပြည်မြို့၊ ပြည်သာယာရပ်ကွက်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင် ဦးထွန်းလှအောင်၏ ချယ်ရီရွှေအမှတ်တံဆိပ် ရေသန့်လုပ်ငန်းသို့ သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်၏ ထုတ်ပိုးမှုအပြင်အဆင်ပေါ်တွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်မှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်းနှင့် စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။                   

DOCA(ပဲခူး)

မြောင်းမြခရိုင်ဝါးခယ်မ မြို့နယ်၊ မြို့ပေါ်ရှိ ဆေးဆိုင်များသို့ အာဟာရ ဖြည့်စွက်စာများ ရောင်းချမှု ဈေးကွက်စောင့်ကြည့်စစ်ဆေး

      ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊မြောင်းမြခရိုင်ဝါးခယ်မမြို့နယ်တာဝန်ခံရုံးမှဦးအောင်မိုးနှင့်ဝန်ထမ်း များသည် (၁၅.၁.၂၀၂၆)ရက်နေ့နံနက်(၁၁:၀၀)နာရီတွင် မြို့နယ်ထွေ/အုပ်၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်   ပူးပေါင်း၍  ဝါးခယ်မမြို့ရှိ  ဆေးဆိုင်များအား အာဟာရဖြည့်စွက်စာများ   ရောင်းချမှုနယ်မြေဈေးကွက်စောင့်ကြည့်   စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင်  စားသုံးသူရေးရာဦးစီးဌာန  ၊ဝါးခယ်မမြို့နယ်တာဝန်ခံမှဆေးဆိုင်ပိုင်ရှင်များအားစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသော၂၀၁၉ပါဥပဒေပြ ဌာန်းချက် များမှဥပဒေအခန်း (၁၈)ပုဒ်မခွဲ (ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေရေးသား ဖော်ပြရမည်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသောညွှန်ကြား ချက်များ၊လိုက်နာဆောင်ရွက်ကြရန် အာဟာရ ဖြည့်စွက်စာအမျိုးမျိုးနှင့်စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်နှင့် ထားသိုသိမ်းဆည်းမှုအညွှန်းအတိုင်း ထားသိုရောင်းချကြရန်ထုတ်လုပ်သည့်ရက်စွဲ၊သက်တမ်းကုန်ဆုံးသည့်ရက်စွဲများကိုလည်း စစ်ဆေးရောင်းချကြရန် အစားအသောက်ဖြစ်သည့်အတွက် အလေးထားဆောင်ရွက်ကြရန် ဆေးဆိုင်ပိုင်ရှင် များအား သတိပေးမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

(DOCA ဧရာဝတီ)

 

 

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကျုံမငေး အထကကျောင်းတွင် စားသုံးသူအသိပညာပေး ဟောပြောဆွေးနွေး

       ဧရာဝတီတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန ၊မြောင်းမြခရိုင်ဝါးခယ်မမြို့နယ် တာဝန်ခံဦးအောင်မိုး နှင့်ဝန်ထမ်းများသည်မိတ်ဖက်အဖွဲ့များနှင့်ပူးပေါင်း၍(၁၅..၂၀၂)ရက်နေ့နံနက်(၁၀:)နာရီကဝါးခယ်မမြို့နယ်ကျုံမငေး အထကကျောင်းတွင် ဆရာ/ဆရာမ၊ ကျောင်းသား/သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဝါးခယ်မမြို့နယ်တာဝန်ခံမှ မိတ်ဆက်စကား ပြောကြားပြီးစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ပြဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊တားမြစ်ချက်များ၊ပြစ်မှုပြစ်ဒဏ်များ၊စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)ပါပုဒ်မ၄၁ ပုဒ်မခွဲ(ခ)နှင့်(ဂ)တို့ပါ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်အလေးချိန်၊ သုံးစွဲပုံနည်းလမ်းနှင့် ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ထုတ်လုပ်မှုအမှတ်စဉ်တို့အားအသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီး၊မိမိတို့စားနေသောအစားအသောက်များတွင်ဓါတုဆိုးဆေးများအလွန်အကျုးပါဝင်နေခြင်း၊သက်တမ်းလွန် အစားအသောက် များ အားမိမိ၏အသိဖြင့် ဆင်ခြင်ဝယ်ယူစားသောက်ကြရန် ဟောပြောခဲ့ပြီး ကျောင်းမုန့်ဈေးတန်းအဖွဲ့ဖြင့် မုန့်ဆိုင်များအား စစ်ဆေးဆောင်ရွက်ခဲ့ပါသည်၊၊ ဟောပြောပွဲသို့ဆရာ/ဆရာမ၊ကျောင်းသား/သူစုစုပေါင်း(၃၅၅)ဦးတက်ရောက်ခဲ့ပါသည်။

(DOCA ဧရာဝတီ)

Online Sale ရောင်းချမှုနှင့်စပ်လျဉ်း၍ အလှကုန်ရောင်းချသူလုပ်ငန်းရှင်များအား အသိပညာပေးဟောပြော

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေ အရ Online Sale ရောင်းဝယ်မှုများအား အရေးကြီးဝန်ဆောင်မှုအဖြစ်သတ်မှတ်ထားသဖြင့် ကုန်သွယ်ရေးဦးစီးဌာနသို့ မှတ်ပုံတင်လျောက်ထားလာသည့် Online လုပ်ငန်းများကို စားသုံးသူရေးရာ ဦးစီးဌာနမှ မြေပြင်ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁၃) ရက် နေ့ နံနက် (၀၉: ၃၀)အချိန်တွင် မြန်အောင်မြို့နယ်၊ အမှတ် (၁) ရပ်ကွက်၊ ရုံးလမ်းရှိ အုပ်ချုပ်ရေးမှူးရုံး၌ Online Sale ရောင်းချမှုနှင့်စပ်လျဉ်း၍ အလှကုန်ရောင်းချသူလုပ်ငန်းရှင်များအား အသိပညာပေး ဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်က အလှကုန်ပစ္စည်းရောင်းချရာတွင် အွန်လိုင်းမှတစ်ဆင့် ရောင်းချမှုမှာ ကျယ်ကျယ်ပြန့်ပြန့်ရောင်းဝယ်မှု ဖြစ်လျက်ရှိကြောင်း၊ထိုသို့ရောင်းချရာတွင် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အွန်လိုင်းမှတ်ပုံတင် ခြင်းလုပ်ငန်းကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊  အွန်လိုင်းမှတ်ပုံတင်လျောက်ထားရာတွင် ကိုက်ညီရ မည့် အချက်များ၊ အထောက်အထားများ၊ မှတ်ပုံတင်လက် မှတ်ရရှိသူ၏တာဝန်နှင့်အခွင့်အ‌ရေးများ၊ မှတ်ပုံတင်လက်မှတ်ဆိုင်းငံ့ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း ဆိုင်ရာအကြောင်းအရာများ၊ Online Sales မှတ်ပုံတင်လက်မှတ်ထုတ်ယူပုံအဆင့်ဆင့်၊ သက်တမ်းတိုးခြင်းနှင့်ပတ်သက်၍သိရှိရန်အချက်များ၊ အွန် လိုင်းလုပ်ငန်းဆောင်ရွက်လိုသူများအနေဖြင့် တရားမဝင်တင်သွင်းလာသောကုန်ပစ္စည်းများအား ဝယ်ယူရောင်းချခြင်းမပြုရန်နှင့် အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပါ ပြစ်မှု၊ ပြစ်ဒဏ်တို့ကို အသိပညာ ပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။ 

 (DOCA ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ