
စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးဝင်းသိန်းဦး ဦးဆောင်၍ ရုံးအကူ ဦိးရန်ငြိမ်းအောင်တို့သည် ၉-၆-၂၀၂၆ ရက်နေ့တွင် မိုးညှင်းမြို့၊ သာစည်ရပ်ကွက်ရှိ ဒေါ်ခင်မာအေး (ကုန်စုံဆိုင်) သို့ စားသုံးသူ ကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီခြင်း ရှိ/မရှိ ဈေးကွက် စောင့်ကြည့် စစ်ဆေးခဲ့ပါ သည်။
ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ LOVita အမှတ်တံဆိပ်ပါ အသင့်ဖျော်လက်ဖက်ရည် သည် အသင့်ဖျော်လက်ဖက်ရည်အမျိုးမျိုးတို့တွင် ညွန်ကြားချက်အမှတ် (၂/၂၀၁၉)အရ ကုန်စည်အမျိုး အစားအလိုက် သတ်မှတ်ချက်များနှင့်အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြရမည့် ကုန်စည်၏ အမျိုး အမည်၊ အရွယ်အစား၊ အရေအတွက် အသားတင်ပမာဏနှင့် သုံးစွဲပုံနည်းလမ်းတို့ကို ကုန်အညွှန်း အမှတ်အသား ဖော်ပြထားခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်လုပ်ငန်းရှင်အား ကုန်စည်အမျိုးမျိုး ဖြန့်ဖြူးရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြထားသော ကုန်စည်များကို သာ ဝယ်ယူဖြန့်ဖြူးရောင်းချရန်နှင့် ဆင်တူရိုးမား အတုအပ အမှတ်တံဆိပ်များ ဝယ်ယူရောင်းချခြင်း မပြုလုပ်ကြရန်တို့ကို အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ကချင်)
