
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် တိုင်းဒေသကြီးဦးစီးမှူး၊ ခရိုင်တာဝန်ခံတို့၏ လမ်းညွှန်မှုဖြင့် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကို (၇.၆.၂၀၂၆)ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် သရက်မြို့၊ ပြည်တော်အေး ရပ်ကွက်(၂)လမ်းရှိ ကြယ်စင်စုစာကျက်ဝိုင်းသို့ သွားရောက်၍ စားသုံးသူကာကွယ်ရေး အသိပညာပေး ဆွေးနွေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် ဦးကြည်ဆွေဦး(စာကျက်ဝိုင်းတာဝန်ခံဆရာကြီး)မှ အဖွင့်မိတ်ဆက် စကားပြောကြားပြီး ဒေါ်နွဲ့ယဉ်ဝင်း(ဦးစီးမှူး)မှ စားသုံးသူရေးရာဦးစီးဌာန စတင်ဖြစ်ပေါ်လာပုံ အကျဉ်း နှင့် မိမိတို့ဌာနသည် စားသုံးသူကာကွယ်ရေး ဥပဒေ(၂၀၁၉)အရ လုပ်ငန်းများဆောင်ရွက်လျက်ရှိပါ ကြောင်း အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။
ထို့နောက်ဒေါ်ရီရီထွေး(ဒုတိယဦးစီးမှူး)မှ ကုန်အညွှန်း အမှတ်အသားများအကြောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေ(၂၀၁၉၊အခန်း၂၃)အရ တားမြစ်ထားသည့် ကုန်စည်နှင့်ဝန်ဆောင်မှု များအကြောင်းနှင့် စားသုံးသူ မိဘပြည်သူများအနေဖြင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်းဒေသ ကြီးဦးစီးမှူးရုံး၊ ခရိုင်တာဝန်ခံ ရုံးများတွင် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေးစင်တာ ( CICC )ရုံး များထားရှိပြီး လာရောက်တိုင်ကြားနိုင်ပါကြောင်း၊ DOCA Myanmar Application နှင့် စားသုံးသူ ရေးရာဦးစီးဌာန၏ (Website) တစ်ခုဖြစ်သော WWW.doca.gov.mmတို့တွင် ဝင်ရောက် လေ့လာ တိုင်ကြားနိုင်ကြောင်း ဟောပြောခဲ့ပြီး ကျောင်းသား/ကျောင်းသူ Grade (11)နှင့် Grade(12) (၈၅)ဦး၊ ဆရာ/ဆရာမ(၂)ဦးတို့အား အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ ပေးခဲ့ ကြောင်း သိရှိရပါသည်။
DOCA(မကွေး)
