အခြေခံစားသောက်ကုန်နှင့် အသင့်စားမုန့်အမျိုးမျိုးအား ကုန်ဈေးနှုန်း တည်ငြိမ်စွာ ဈေးကွက်အတွင်း ရောင်းချနိုင်ရေးအတွက် ဌာနဆိုင်ရာများနှင့် ကွင်းဆင်းဆောင်ရွက်နိုင်ရန် တွေ့ဆုံဆွေးနွေး

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် -၁၀-၂၀၂၅ ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်က ခရိုင် အစားအေသာက်နှင့် ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့် တွေ့ဆုံ၍ အခြေခံကုန်ဈေးနှုန်းနှင့် အသင့်စားမုန့်အမျိုးမျိုး ပစ္စည်းများ၏ ဈေးနှုန်းများ မြင့်တင်မှုမရှိစေရေးဈေးနှုန်းပြောင်းလဲမှုကို ထိန်ကြောင်း ဆောင်ရွက် နိုင်ရန်အတွက် ဝါလကင်းလွတ် သီတင်းကျွတ်အချိန်အခါသို့ ရောက်ရှိပြီဖြစ်၍ အသင့်စားမုန့်များ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကုန်အညွှန်းအမှတ်အသားပြည်စုံစွာဖော်ပြပါဝင်မှု ရှိမရှိနှင့်၊ သက်ဆိုင်ရာထောက်ခံချက်များ ပါဝင်မှု ရှိမရှိ ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။

    ကွင်းဆင်းစစ်ဆေးရာတွင် မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းက လုပ်ငန်းရှင်တို့ကို ဌာန၏ လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ပြီး မိမိတို့ဒေသအတွင်း အခြေခံကုန်ဈေးနှုန်း ၊ အသင်းစားမုန့်အမျိုးမျိုး ပစ္စည်းများ၏ ဈေးနှုန်းများ မြင့်တင်မှုမရှိစေရေး ဈေးနှုန်းပြောင်းလဲမှုကို ထိန်ကြောင်း ဆောင်ရွက်နိုင်ရန် အတွက်ရပ်ကွက်နှင့် ဈေးအတွင်း ဖွင့်လှစ်သော ဆိုင်များကို အလှည့်ကျ အပါတ် စဉ်စစ်ဆေးဆောင်ရွက် ခြင်းဖြစ်ကြောာင်း၊  ကုန်ဈေးနှုန်း တည်ငြိမ်ရေးအတွက် မိတ်ဖက်အဖွဲ့အစည်းများ ပူးပေါင်း ဆောင်ရွက်ပြီး မြေပြင်ဖြစ်ပေါ်မှု အခြေအနေမှန်များကို ကွင်းဆင်းစစ်ဆေးခြင်း ဈေးနှုန်းတည်ငြိမ်ရေးကို သတ်မှတ်ချက်နှင့်အညီ လိုက်နာဆောင်ရွက်ရန် ကို လုပ်ငန်းရှင် များကို လည်း လေးစားလိုက်နာဆောင်ရွက်ရန် အသိပညာပေးခြင်းနှင့် ကုန်စည်များကို စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)