HighLight News

Powered by Drupal

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ဈေးရပ်ကွက်ရှိမုန့်မျိုးစုံဆိုင်တွင် ရောင်းချနေသောအသင့်စား မုန့်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/ မရှိ ကွင်းဆင်းစိစစ်

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်တာဝန်ခံဦးအောင်မိုးနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၂၂.၇.၂၀၂၅) ရက်နေ့ နေ့လယ် (၁၂:၀၀) နာရီအချိန်တွင် ဝါးခယ်မမြို့နယ် ဈေးရပ်ကွက်ရှိ မုန့်မျိုးစုံဆိုင်တွင် ရောင်းချနေသောအသင့်စားမုန့်များအား ဈေးကွက်မရောက်မီ ကုန်ညွှန်းအမှတ်အသားဖော်ပြချက် ပြည့်စုံမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဝါးခယ်မမြို့နယ်တာဝန်ခံမှ ဝါးခယ်မမြို့နယ်ဈေးရပ်ကွက်ရှိ မုန့်မျိုးစုံဆိုင်တွင်  ရောင်းချနေသော မုန့်များတွင် ကုန်ညွန်းအမှတ်အသားဖော်ပြခြင်း ပြည့်စုံမှုရှိ/ မရှိစစ်ဆေးခဲ့ပြီး၊ ကုန်မျိုးစုံဆိုင်ရှင်များအားစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ အခန်း(၁၈)ပါ ကုန်ညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်၍ မည်သည့် စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မခွဲ (ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်သားဖော်ပြရာတွင် မြန်မာဘာသာဖြစ်၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေရေးသားဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင် ကုန်ညွှန်းအမှတ်အသား ဖော်ပြချက်၊ ပြည့်စုံမှုရှိ/ မရှိအား ဌာနအနေဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများ စဉ်ဆက်မပြတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မြောင်းမြခရိုင်၊ မော်ကျွန်းမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ မော်ကျွန်းမြို့နယ် တာဝန်ခံ ဦးမင်းဇော်လတ်နှင့်ဝန်ထမ်းများသည် (၂၂.၇.၂၀၂၅) ရက်နေ့၊နံနက်(၁၀:၀၀) နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍မော်ကျွန်းမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအားသတ်မှတ် ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချပေးနေခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

            ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မော်ကျွန်းမြို့နယ်တာဝန်ခံမှစက်သုံးဆီအရောင်း ဆိုင်များတွင် လက်လီ/ လက္ကားရောင်းချနေသော စက်သုံးဆီဆိုင်မျာအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချနေခြင်းရှိ/ မရှိ၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများမရှိကြရန်၊ ပြည့်ဝမှန်ကန်စွာ ရောင်းချကြရန်၊ ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဖြန့်ဖြူးရောင်းချကြရန် ရှင်းလင်းပြောကြားခဲ့ပြီး စက်သုံးဆီဆိုင်ပိုင်ရှင်များအား စက်သုံးဆီ လက်လီ/ လက္ကား ရောင်းချမှုအခြေအနေနှင့် ပြည်သူများအား သက်မှတ်ထားသောသောဈေးနှုန်းများဖြင့်ရောင်းချရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိခြင်းများ စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စက်သုံးဆီဆိုင်ပိုင်ရှင်များအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ဆန်စက်လုပ်ငန်းရှင်အသင်းရုံးတွင်ဆန်စက်လုပ်ငန်းရှင်များအား Online Sale နှင့် ပတ်သတ်သောစားသုံးသူအသိပညာပေးဟောပြောပွဲပြုလုပ်ခြင်း

         ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် တာဝန်ခံဦးမြင့်ဌေး နှင့် ဝန်ထမ်းများသည် (၂၁.၇.၂၀၂၅)ရက်နေ့၊မွန်လွှဲ(၀၃း၃၀) နာရီအချိန်တွင် ဝါးခယ်မမြို့နယ် ဆန်စက်လုပ်ငန်းရှင်အသင်းရုံးတွင် ဆန်စက်လုပ်ငန်းရှင်များအား Online Sale နှင့် ပတ်သတ်သော စားသုံးသူအသိပညာပေး ဟောပြောခဲ့ပါသည်။

      ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဝါးခယ်မမြို့နယ်တာဝန်ခံမှ မိတ်ဆက်စကားပြောကြားပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ(၂၀၁၉)ပါ ပြဌာန်းချက်များမှ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ပုဒ်မ(၄၁) ပုဒ်မခွဲ(ခ)နှင့်(ဂ) တို့ပါ ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်အလေးချိန်၊ သုံးစွဲပုံနည်းလမ်းနှင့် ထုတ်လုပ်သည့် ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်တို့အား အသေးစိတ်ရှင်းလင်း ဟောပြော ခဲ့ပါသည်။ ဟောပြောပွဲသို့ ဆန်စက်လုပ်ငန်းရှင် စုစုပေါင်း(၁၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဖျာပုံမြို့၊ မြို့ပေါ်ရပ်ကွက်နှင့် မြို့မဈေးကြီး အတွင်းရှိ ဆန်ဆိုင်များအား ဌာနဆိုင်ရာအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေး

           ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့်  ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၂၂) ရက်နေ့ ၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ မြို့ပေါ် ရပ်ကွက်နှင့် မြို့မဈေးကြီး အတွင်းရှိ ဆန်ဆိုင်များအား ဌာနဆိုင်ရာအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေး ခဲ့ကြပါသည်။

          ထိုသို့  ကွင်းဆင်းစစ်ဆေးရာတွင် ဆန်ပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းကြီးမြှင့်မှု မရှိစေရေးနှင့် ကုန်ဈေးနှုန်းများတည်ငြိမ်စေရေးအတွက် ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချမှုများရှိ/ မရှိ စစ်ဆေးခဲ့ပြီး ဆန်အမျိုးအစားအလိုက် လက်ကျန်နှင့် ဈေးနှုန်းဈေးကွက်များကို စစ်ဆေးခဲ့ကြပါသည်။ ထို့အပြင် ဆန်ဆိုင်များအနေဖြင့် သတ်မှတ်ဈေးနှုန်း ဖြင့် ဆိုင်းဘုတ်တင်ရောင်းချခြင်းရှိ/ မရှိတို့ကို စစ်ဆေးခဲ့ကြောင်း ကွင်းဆင်းစစ်ဆေးမှုအရ သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဖျာပုံမြို့ပေါ်ရှိ စားသောက်ဆိုင်များသို့ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေး

          ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးထွေးသိမ်းနှင့် ဝန်ထမ်းတို့သည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၂၁) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဖျာပုံ-ကျိုက်လတ် ကားလမ်းမပေါ်ရှိ စားသောက်ဆိုင် (၂) ဆိုင်အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် ရောင်းချနေသော စားသောက်ဆိုင်များရှိ စားဖိုဆောင်များတွင် စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ထားရှိသော စားသောက်ကုန် ပစ္စည်းများလုံခြုံစွာ ဖုံးအုပ်ထားရှိမှုအခြေအနေ၊ အစားအစာများ ချက်ပြုတ်ရာတွင် အသုံးပြုသော အိုး၊ ခွက်၊ ဇွန်း၊ ခရင်းများ သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ အသား/ ငါးများကို လှီးဖြတ်ရာတွင် အသုံးပြုသော စဉ့်နှီးတုံးများအား ဆေးကြော၍ စနစ်တကျထားရှိကြရန်နှင့် ထွက်ရှိလာသော စွန့်ပစ်ပစ္စည်းများအား စနစ်တကျ စွန့်ပစ်ကြရန်နှင့် ယင်ကောင်ကြောင့် ဖြစ်သော ဝမ်းပျက်/ ဝမ်းလျှော ကာလဝမ်း ရောဂါများ ဖြစ်ပွားမှုမရှိစေရေး အသိပညာပေး ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်းသိရသည်။

DOCA(ဧရာဝတီ)

ကျိုက်လတ်မြို့ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်စားများအား ကျန်းမာရေး စောင့်ရှောက်မှုနှင့် အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိ

          ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ မြန်မာ့စီးပွားရေးဘဏ်ရှိ ပင်စင်စားများအား ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၂၁) ရက်နေ့၊ နံနက်(၇)နာရီအချိန်တွင် ကျန်းမာရေး စောင့်ရှောက်မှုနှင့် အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့ကြပါသည်။

          ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် ပင်စင်စားများအား သွေးတိုး၊ နှလုံး၊ ဆီးချိုရောဂါအခြေအနေများကို တိုင်းတာပေး၍ လိုအပ်သည့် သောက်ဆေးများပေးခြင်း၊  မြို့နယ်ပြည်သူ့ဆေးရုံသို့ သွားရောက်၍ ဆေးကုသမှုခံယူစေခြင်း ဆောင်ရွက်ပေးခဲ့ပါသည်။ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမိုးမင်းသန်းမှ စည်ပင်၊ မီးသတ်ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ဧည့်မထဆန်တစ်ပြည်လျှင် (၂၀၀၀) ကျပ်၊ ကြက်ဥ တစ်လုံးလျှင် (၃၅၀) ကျပ်၊ ဗူးခွံအပါ ဆီ(၅၀) ကျပ်သား တစ်ဘူးလျှင် (၃၅၀၀) ကျပ်နှုန်းဖြင့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစား များအား သက်သာသောဈေးနှုန်းဖြင့် ဈေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဘိုကလေးမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များအား ကွင်းဆင်းဆောင်ရွက်ခြင်း

         ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် မြိုနယ်အထွေထွေ  အုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာန တို့ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၂၁) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ဘိုကလေးမြို့၊ (၁၀) ရပ်ကွက်ရှိ စားသောက်ဆိုင်(၃) ဆိုင်အား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် ပူးပေါင်းအဖွဲ့မှ စားသောက်ဆိုင်များတွင် စားသောက် ကုန်အသီးအနှံများ၊ အသား/ ငါးများကို ယင်မနားအောင်ဖုံးအုပ်ထားရန်၊ စဉ်းနီတုံးများကို အသား/ ငါးများခုတ်ပြီးပါက ဆေးကြောသန့်စင်၍ ဖုံးအုပ်ထားရန်နှင့် စားသောက်ဆိုင်ရှိ ဝန်ထမ်းများ၏ လက်သဲများကို သန့်ရှင်းစွာ လှီးဖြတ်ထားရန်၊ အိုးခွက်ပန်းကန်များကို သန့်ရှင်း သပ်ရပ်စွာ ထားရှိရန် အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။ ၎င်းအပြင် စွန့်ပစ်ထားသော အမှိုက်များကို အမှိုက်ပုံးထဲသို့ ကျွတ်ကျွတ်အိတ်စွပ်၍ စွန့်ပစ်ရန်၊ မြောင်းများကို ရေစီးရေလာ ကောင်းမွန်အောင်ပြုလုပ်ဆောင်ရွက်ထားရန်နှင့် ယင်ကောင်မှတဆင့် ကူးစက်တတ်သော ဝမ်းပျက်/ဝမ်းလျော ရောဂါများအကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး အသိပညာပေး ပန်းဖလက်များ ပေးဝေခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ထုတ်ကုန်လုံခြုံစိတ်ချ ရမှုရှိစေရေးနှင့်MSMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစိစစ်ခြင်း

          ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၁၈) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ဘိုကလေးမြို့၊ ရွှေဝါထွန်းလမ်း၊ (၄) ရပ်ကွက်ရှိ “ဒေါ်အေးအေးခိုင်” ဂျုံခေါက်ဆွဲလုပ်ငန်းသို့ ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

          ဂျုံခေါက်ဆွဲ လုပ်ငန်းအနေဖြင့် တစ်နေ့ထုတ်လုပ်မှုမှာ ဂျုံခေါက်ဆွဲ (၂၅) ပိဿာ ထုတ်လုပ်လျက်ရှိပြီး (၁) ပိဿာလျှင် လက်လီ/ လက်ကား (၅၈၀၀- ၆၀၀၀) ကျပ်နှုန်းဖြင့် ရောင်းချပေးလျက်ရှိပါသည်။ မိသားစုဝင် (၂) ဦးဖြင့် တစ်ပိုင်တစ်နိုင် ဘိုကလေးမြို့နယ်အတွင်းရှိ “ဒေါ်အေးအေးခိုင်” ဂျုံခေါက်ဆွဲလုပ်ငန်းသို့ လုပ်ကိုင်လျက်ရှိပြီး ဈေးကွက်အနေဖြင့် ဒေသအတွင်း၌သာ ရောင်းချလျက်ရှိပါသည်။ ထို့နောက်မြို့နယ်တာဝန်ခံမှ ထုတ်လုပ်သော ကုန်စည်နှင့်ပက်သက်၍ အရည်အသွေးပြည့်မီစေရေးနှင့် စားသုံးသူများ ဝယ်ယူစားသုံးရာတွင် ဘေးဥပဒ် မဖြစ်စေရေးအတွက် သန့်ရှင်းသပ်ရပ်စွာ ထုတ်လုပ်နိုင်မှုရှိ/ မရှိနှင့် အလေးချိန်အချိန်အတွယ် ပြည့်မီမှန်ကန်စွာ ရောင်းချနေမှု အခြေအနေတို့ကို ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် MSMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစိစစ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဓနုဖြူ မြို့နယ်အတွင်း ဆန်ဈေးနှုန်း၊ ဈေးကွက်ဖြစ်ပေါ်မှု အခြေအနေများအား ကွင်းဆင်းစစ်ဆေး

         ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်တွင် စျေးကွက်အတွင်းဖြန့်ဖြူးရောင်းချနေသည့် ဆန်ဆိုင်များ စျေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေးအတွက်( ၂၁.၇.၂၀၂၅) ရက်နေ့ နံနက် (၀၉း၀၀) နာရီအချိန်တွင် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဓနုဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံ ဦးဝင်းမင်းစိုး၊ ​စည်ပင်သာယာရေးအဖွဲ့နှင့် တာဝန်ရှိသူများပူးပေါင်း၍ ဓနုဖြူမြို့ပေါ်ရှိ ဒေါ်ရွှေဆန်ဆိုင် (၇)ရပ်ကွက်၊အောင်ကမ္ဘာဆန်ဆိုင် မြို့မဈေး၊ စွမ်းဆန်ဆိုင် မြို့မဈေး ဆန်ဆိုင်ကြီးများ၊ ဆန်ဂိုထောင်များတွင် ဆန်လက်ကျန် ပေါင် (၁၀၈) အိတ်၊ ပေါင် (၁၀၀) အိတ်၊ ပေါင် (၅၀)အိတ်၊ ပေါင် (၂၅) အိတ် အရေအတွက်များ၊ အခြားဒေသနယ်ထွက် ပေါ်ဆန်း၊ ရွှေဘိုပေါ်ဆန်း၊ ဧည့်မထအုပ်စု ဆန်အမျိုးအစားများနှင့် လက်ရှိရောင်းချနေသည့် စျေးနှုန်းများကို စစ်ဆေးခဲ့ပြီး သတ်မှတ်စျေးနှုန်းများထက် ကျော်လွန်၍ ရောင်းချခြင်းရှိ/ မရှိကို စစ်ဆေးခြင်း၊ ဇူလိုင်လ မြန်မာနိုင်ငံဆန်စပါးအသင်းမှ ထွက်ရှိသော သတ်မှတ်ရည်ညွှန်းဈေးဖြင့် ကိုက်ညီမှုရှိ/ မရှိ ဈေးနှုန်းကောက်ယူစစ်ဆေးခြင်း၊ ဓနုဖြူမြို့နယ်တွင် စပါး/ ဆန် သိုလှောင်မှုအနေဖြင့် ဆန်စက်သိုလှောင်ရုံ ၁၀၆ လုံးမှတ်ပုံတင်ပြီးကြောင်းနှင့် သက်တမ်းတိုး ပြည့်မြောက်ပြီးဖြစ်သော ဆန်/စပါးသိုလှောင်ရုံ ထပ်မံသက်တမ်းတိုးဆောင်ရွက်နိုင်ရေးမှာကြားပြီး ဓနုဖြူမြို့နယ်မှ သက်တမ်းတိုးဆောင်ရွက်ပြီး လုပ်ငန်း ၃ခုရှိကြောင်း စစ်ဆေးတွေ့ရှိသည်။ ဆိုင်ရှင်များရောင်းချနေသော ဆန်များသတ်မှတ်ရည်ညွှန်းဈေးထက်ကျော်လွန် ရောင်းချမှုမရှိပဲ သတ်မှတ်ရည်ညွှန်းဈေးအပေါ်ဒေသထွက် ဆန်များကို အမြတ်၅ ရာခိုင်နှုန်းဖြင့် ရောင်းချခြင်း၊ အခြားဒေသမှ မှာယူရောင်းချသော ပေါ်ဆန်းဆန်များကို သတ်မှတ်ရည်ညွှန်းဈေးအပေါ် အမြတ်၇ရာခိုင်နှုန်းဖြင့်သာ ဈေးနှုန်းကဒ်ပြားများဖြင့် ရောင်းချနေသည် ကိုစစ်ဆေးတွေ့ရှိရကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

မအူပင်မြို့နယ်တွင် ရောင်းချနေသော ငပိ ဈေးကွက် ဈေးနှုန်း

          ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ဖျာပုံဒေသထွက် ငပိကို ရောင်းချလျက် ရှိပါသည်။ ငပိကို ‌ဖျာပုံဒေသထွက် ပင်လယ်ပုစွန်၊ မျှင်ကောင်၊ငါး စသည့်တို့မှာ အဓိကရရှိပြီး ရေထွက်ကုန်ပစ္စည်းတစ် မျိုးလည်းဖြစ်ပါသည်။ ငါးငပိများကို ဒေသတွင်း  မြစ်၊ ချောင်းများမှ ရရှိသောငါးများကို ငပိသိပ်၍ ရောင်းချခြင်းများလည်းရှိသည်။ အိမ်ရှင်မများ ငပိသည် မပါမဖြစ် ဟင်းတစ်ခွက်ဖြစ်သည်။ မျှင်ငပိကိုတော့ ဟင်းချက်ရာတွင် ဟင်းမျိုးခတ်အဖြစ် ထည့်သုံးကြပါသည်။ မျှင်ငပိကို တို့စရာနှင့် ငပိထောင်းပြုလုပ်၍ စားသုံးကြသည်။

        ငပိအမျိုးအစားအမျိုးမျိုးနှင့် အရည်အသွေးပေါ်မူတည်ပြီး ဈေးနှုန်းကွာခြားမှုများလည်းရှိကြောင်း သိရှိရပါသည်။ ဖျာပုံဒေသထွက်မျှင်ငပိ အမျိုးမျိုးရှိ၍ ဈေးနှုန်းလည်းကွာခြားသည်။ မအူပင်ငါး ငပိ ၁ပိသာလျှင် ၅၀၀၀ကျပ်ဖြင့် လည်းကောင်း၊ ငါးပိအကောင်းစား ၁ပိဿာလျှင် ၇၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ဖျာပုံ မျှင်ငပိ ၁ပိဿာလျှင်  အကောင်းစား ၁ပိဿာလျှင် ၇၀၀၀ကျပ်၊ အလတ်စားမျှင်ငပိ ၁ပိဿာ ၆၅၀၀ကျပ်ဖြင့် ၂၀၂၅ခုနှစ် ဇူလိုင်လ ၂၂ရက်နေ့တွင် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဖျာပုံမှ ငပိအမျိုးမျိုးကို မှာယူရောင်းချနေသော နတ်သုဒ္ဓါ ငပိလက်ကားဒိုင်တစ်ခုဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - HighLight News