HighLight News

Powered by Drupal

လပွတ္တာခရိုင်၊ မော်ကျွန်းမြို့နယ်ရှိ စက်သုံးဆီရောင်းချနေသောဆိုင်များအား ရည်ညွှန်းဈေးဖြင့်ရောင်းချမှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊မော်ကျွန်းမြို့နယ် တာဝန်ခံ ဦးမင်းဇော်လတ်နှင့် ဝန်ထမ်းများသည် အထွေထွေစီမံအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ် ဦးစီးဌာနနှင့်ပူးပေါင်း၍ (၁၃..၂၀၂) ရက်   နေ့လယ် (၁၃:၃၀နာရီအချိန်တွင် မြို့ပေါ်ရှိ စက်သုံးဆီ ရောင်းချနေသောဆိုင်များတွင်  သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့်    ရောင်းချပေးနေခြင်း  ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံမှ မြို့ပေါ်ရှိ စက်သုံးဆီ ရောင်းချနေသော ဆိုင်များအားစက်သုံးဆီများကိုလက်လီ/လက္ကားရောင်းချ နေမှုအပေါ်သတ်မှတ် ရည်ညွှန်းဈေးဖြင့်ရောင်းချရန်၊ ဈေးနှုန်းမြှင့်တင် ရောင်းချမှုမရှိစေရန်၊ အလေးချိန်ပြည့်ဝ မှန်ကန်စွာရောင်းချကြရန်၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဖြန့်ဖြူးရောင်းချကြရန် ရှင်းလင်းပြောကြားခဲ့ပြီး စက်သုံးဆီရောင်းချနေသောဆိုင်ပိုင်အားစက်သုံးဆီ ရောင်းချမှုအခြေအနေနှင့် လက်ရှိဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းကြီးမြင့်နေမှုကို မိမိတို့ဆိုင်များအနေဖြင့် ပြည်သူများအား ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းမပြုရန် ၊သတ်မှတ်ဈေးနှုန်းဖြင့်သာရောင်းချရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိခြင်းများတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စက်သုံးဆီဆိုင်ပိုင်ရှင်အား ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမြို့နယ်တာဝန်ခံရုံးတွင် ကုန်မျိုးစုံနှင့်မုန့်မျိုးစုံ ရောင်းချသည့် စီးပွားရေးလုပ်ငန််းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် တာဝန်ခံဦးအောင်မိုးနှင့်ဝန်ထမ်းများသည် (၁၃.၇.၂၀၂၆)ရက်နေ့ မွန်းလွဲ(၁၄:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံးတွင်  ကုန်မျိုးစုံနှင့် မုန့်မျိုးစုံရောင်းချသောစီးပွားရေး လုပ်ငန််းရှင်များအား  စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံမှ ကုန်မျိုးစုံနှင့် မုန့်မျိုးစုံရောင်းချသော စီးပွားရေးလုပ်ငန်းရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ၂၀၁၉ ပါ ပြဌာန်းချက်များမှ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒါဏ်များ၊ အခန်း(၁၈)ပါ ပုဒ်မ(၄၁) ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍ တွဲလျှက်ရေးသား ဖော်ပြရမည်ဖြစ်ပြီး၊ ကုန်အညွှန်းပြည့်စုံစွာဖော်ပြထားသော ကုန်ပစ္စည်းများကိုသာ ရောင်းချကြရန် အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီး မိမိတို့၏ ကုန်ပစ္စည်းများအား ဈေးကွက် အတွင်းဈေးနှုန်းမြှင့်တင်ရောင်းချရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများစစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကုန်မျိုးစုံရောင်းချ သောလုပ်ငန်းရှင်များအား အသိပေးဆွေးနွေး ဟောပြောခဲ့ပါသည်။ ဟောပြောပွဲသို့ကုန်မျိုးစုံနှင့် မုန့်မျိုးစုံရောင်းချသူ စီးပွားရေးလုပ်ငန်းရှင်(၆)ဦး၊ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

သတ်မှတ်ရည်ညွှန်းစျေးနှင့် အညီ အိမ်ထောင်စုအလိုက် ဆီရောင်းချစေရေး ဆီကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေး

        ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် လယ်တော်အဝေးပြေးကားဝန်းအတွင်းရှိ ဟင်္သာတခရိုင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းရုံး၌ (၁၂.၇.၂၀၂၆)ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးသည် ဟင်္သာတမြို့နယ်ရှိ စားအုန်းဆီခွဲတမ်းရလက်လီ/ လက်ကားကိုယ်စားလှယ်များနှင့် တွေဆုံ၍ သတ်မှတ်ရည်ညွှန်းစျေးနှင့် အညီ အိမ်ထောင်စုအလိုက် ရောင်းချပေးရန်ရရှိသော ဆီအရေအတွက်အား အပြည့်အဝရောင်းချပေးရေး၊ ပြင်ပဆီနှင့် ရောနှောဆီများရောင်းချမှုမရှိစေရေး၊ ရပ်ကွက်/ ကျေးရွာများဆီဖြန့်ဖြူးရောင်းချရာတွင် အကြောင်းအမျိုးမျိုးကြောင့် အိမ်ထောင်စုများဆီ လာရောက်ထုတ်ယူနိုင်ခြင်း မရှိပါက ရက်အနည်းငယ်စောင့်ဆိုင်း၍ အိမ်ထောင်စုပြည့်စုံအောင် ရောင်းချပေးရေးနှင့် ရရှိသော ဆီခွဲတမ်းအရေအတွက်အပေါ် မသမာသောနည်းလမ်းများသုံး၍ရောင်းချမှုမရှိစေရေး အသိပညာပေး ဆွေးနွေးမှုအား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

       ရပ်ကွက်/ကျေးရွာနေ ပြည်သူများလက်ဝယ်အရောက် ဆီစာအုပ်များဖြန့်ဖြူးနိုင်ရေး၊ အိမ်ထောင်စုအလိုက် ဆီဝယ်ယူခွင့်စာအုပ်ဖြင့်ရောင်းချခြင်းအား ရာနှုန်းပြည့်ဆောင်ရွက်စေရေး ဆီလက်လီ/ လက္ကားကိုယ်စားလှယ်များအနေဖြင့် အလေးထား စိစစ်ကြပ်မတ်ရန် လိုအပ်ကြောင်း ဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်များကလည်း သိလိုသည်များ ပြန်လည်ဆွေးနွေးခဲ့ပြီး နေ့လယ်(၁၂:၀၀) နာရီအချိန်တွင် ဆွေးနွေးပွဲ ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ညောင်တုန်းမြို့နယ်၌ ကျောင်းမုန့်ဈေးတန်းအား ပူးပေါင်းကွင်းဆင်းစစ်ဆေး

        ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၁၅) ရက်နေ့ နံနက် (၁၁:၀၀) နာရီအချိန်တွင် ညောင်တုန်းမြို့နယ်၊ ဆားမလောက်ကျေးရွာအုပ်စု၊ အခြေခံပညာအထက်တန်းကျောင်း(ဆားမလောက်) မူလတန်းကျောင်း၌ ကျောင်းမုန့်ဈေးတန်းအား မြို့နယ်ကျောင်းမုန့်ဈေးတန်းစိစစ်ရေးအဖွဲ့နှင့် ပူးပေါင်း၍ ကွင်းဆင်းစိစစ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

        ကွင်းဆင်းစစ်ဆေးရာတွင် ဒေါ်ချိုမီဇင် ဒုဦးစီးမှူးက ကျောင်းမုန့်ဈေးတန်း၌ ရောင်းချလျက်ရှိသော အစားအသောက်နှင့် မုန့်ပစ္စည်းများ၏ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားမှု၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်၊ ထုတ်လုပ်/တင်သွင်းဖြန့်ဖြူးသူ၏ အမည်နှင့် လိပ်စာဖော်ပြထားမှု၊ ထုပ်ပိုးမှုအခြေအနေနှင့် စားသုံးရန် သင့်လျော်မှုတို့ကို စနစ်တကျ စိစစ်စစ်ဆေးခဲ့ကြောင်း သိရသည်။

       ထို့ပြင် ကျောင်းမုန့်ဈေးတန်း ဆိုင်ရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ဘေးအန္တရာယ်ကင်းရှင်း၍ အရည်အသွေးပြည့်မီသော အစားအသောက်များကိုသာရောင်းချရန်၊ သက်တမ်းလွန်ကုန်ပစ္စည်းများနှင့် အရည်အသွေးမပြည့်မီသော ကုန်ပစ္စည်းများကို ရောင်းချခြင်း မပြုရန်၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသည့် ကုန်ပစ္စည်းများကိုသာ ရွေးချယ်ရောင်းချရန် အသိပညာပေးဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

     အဆိုပါ ကွင်းဆင်းစိစစ်ဆောင်ရွက်မှုသည် ကျောင်းသား၊ ကျောင်းသူများ ဘေးအန္တရာယ်ကင်းရှင်း၍ အရည်အသွေးပြည့်မီသော အစားအသောက်များကို စိတ်ချလက်ချ စားသုံးနိုင်စေရန်နှင့် ကျောင်းမုန့်ဈေးတန်းများ စနစ်တကျရောင်းချနိုင်စေရန် ရည်ရွယ်၍ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ညောင်တုန်းမြို့နယ်၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

      ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၁၄) ရက်နေ့ နံနက် (၀၉:၀၀) နာရီအချိန်တွင် ညောင်တုန်းမြို့နယ်၊ ဆားမလောက် ကျေးရွာအုပ်စု၊ အခြေခံပညာအထက်တန်းကျောင်း(ဆားမလောက်) အ.ထ.က (၂)၌ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

     ဟောပြောပွဲတွင် ဌာနဆိုင်ရာ တာဝန်ရှိသူများက လူငယ်များ၏ အကျင့်စာရိတ္တ ကောင်းမွန်ရေး၊ စည်းကမ်းလိုက်နာရေး၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာများ၊ စားသုံးသူကာကွယ်ရေးဥပဒေသည် ဝယ်ယူသူများ၏ ဘေးကင်းလုံခြုံရေး၊ မှန်ကန်သော သတင်းအချက်အလက်ရရှိရေးနှင့် နစ်နာမှုများ တောင်းခံနိုင်ရေး စသည့် အဓိကအခွင့်အရေး ၈ ချက်ကို ကာကွယ်ပေးသောဥပဒေဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်လည်း ကုန်စည်/ဝန်ဆောင်မှုများနှင့်ပတ်သက်၍ မှန်ကန်တိကျသော အချက်အလက်များကို ပြည့်စုံစွာ ဖော်ပြရန် ဘေးအန္တရာယ်ကင်းရှင်းသော ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဈေးကွက်အတွင်း ထုတ်လုပ်ဖြန့်ဖြူးနိုင်ရန်တို့ကို အသိပညာပေးပြီး၊ မီးသတ်တပ်ဖွဲ့မှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်အခြေအနေများတွင် လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများကို အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

       ထို့ပြင် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပြီး သက်ဆိုင်ရာဌာနများမှ ပြည့်စုံစွာ ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။

       အဆိုပါ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲသို့ ကျောင်းသား၊ ကျောင်းသူ (၃၅၀)ဦး တက်ရောက်ခဲ့ကြပြီး လူငယ်များအနေဖြင့် ဗဟုသုတနှင့် အသိပညာများ တိုးပွားစေရန် ရည်ရွယ်၍ ပူးပေါင်းကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဓနုဖြူမြို့နယ်၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြီး ကျောင်းမုန့်ဈေးတန်းအား ကွင်းဆင်းစစ်ဆေး

        ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့၊ နေ့လယ် (၁၁:၀၀) နာရီအချိန်တွင် ဓနုဖြူမြို့နယ်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း(ရွှေကူ)၌ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

       ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူ ဦးဝင်းမင်းစိုးက စားသုံးသူများ၏ အခြေခံအခွင့်အရေး (၈) ရပ်၊ စားသုံးသူများ၏ တာဝန်ဝတ္တရားများ၊ ကုန်ပစ္စည်းများ ဝယ်ယူစားသုံးရာတွင် ကုန်အညွှန်းအမှတ်အသားများကို စိစစ်ဖတ်ရှု၍ ဘေးအန္တရာယ်ကင်းရှင်းပြီး အရည်အသွေးပြည့်မီသော အစားအသောက်များကို ရွေးချယ်ဝယ်ယူစားသုံးရန် လိုအပ်ချက်များအား အသိပညာပေး ဟောပြောခဲ့သည်။

       ထို့နောက် တာဝန်ရှိသူများသည် ကျောင်းအတွင်းရှိ မုန့်ဈေးတန်းများသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ ရောင်းချလျက်ရှိသော အစားအသောက်နှင့် မုန့်ပစ္စည်းများ၏ ကုန်အညွှန်းအမှတ်အသား၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်၊ ထုတ်လုပ်ဖြန့်ဖြူးသူအမည်နှင့် လိပ်စာဖော်ပြထားမှု၊ စားသုံးရန်သင့်လျော်မှုတို့ကို စိစစ်စစ်ဆေးခဲ့ပြီး ဆိုင်ရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ဘေးကင်းလုံခြုံ၍ အရည်အသွေးပြည့်မီသော ကုန်ပစ္စည်းများကိုသာရောင်းချရန်နှင့် သက်တမ်းလွန်ကုန်ပစ္စည်းများ ရောင်းချခြင်းမပြုရန် အသိပညာပေး ဆွေးနွေး မှာကြားခဲ့ကြောင်း သိရှိရပါသည်။

      အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ကျောင်းသား၊ ကျောင်းသူ (၂၂၀)ဦး၊ ဆရာ/ဆရာမ (၅)ဦး တက်ရောက်ခဲ့ကြပြီး ကျောင်းမုန့်ဈေးတန်းရှိ ရောင်းချဆိုင်ရှင် (၁၁)ဦးအား ကွင်းဆင်းစစ်ဆေး၍ လိုအပ်သည်များကို အသိပညာပေး လမ်းညွှန်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

လှယမင်း စတိုးဆိုင်အား အွန်းလိုင်လျောက်ထားမှု အွန်လိုင်းမြေပြင် ကွင်းဆင်းစစ်ဆေးခြင်း

        အွန်လိုင်းဖြင့် အလှကုန်ပစ္စည်းရောင်းချမှုလုပ်ငန်းအား မြေပြင်ကွင်းဆင်းစစ်ဆေး ညောင်တုန်းမြို့၊ အမှတ်(၂)ရပ်ကွက်၊ မီးစက်လမ်းရှိ အွန်လိုင်းဖြင့် အလှကုန်ပစ္စည်း ရောင်းချလျက်ရှိသောလုပ်ငန်းအား စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိသည် ညောင်တုန်းမြို့နယ်ဦးစီးမှူး ဒေါ်ချိုမီဇင်မှ ၂၀၂၆ခုနှစ် (၁၄)တွင် မြေပြင်ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

      ကွင်းဆင်းစစ်ဆေးရာတွင် မဇင်မေလှိုင် online shop လုပ်ငန်း၏ အွန်လိုင်းရောင်းချမှုဆိုင်ရာ မှတ်ပုံတင်လျှောက်ထားမှုအခြေအနေ၊ လုပ်ငန်းလိုင်စင်နှင့် သက်ဆိုင်ရာ စာရွက်စာတမ်းများ ပြည့်စုံမှန်ကန်မှု၊ ရောင်းချလျက်ရှိသော အလှကုန်ပစ္စည်းများ၏ ကုန်အညွှန်းအမှတ်အသားများ၊ မြန်မာဘာသာဖြင့် ဖော်ပြထားမှု၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်၊ တင်သွင်းဖြန့်ဖြူး သူအချက်အလက်များနှင့် သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ထားရှိမှုတို့ကို စိစစ်စစ်ဆေးခဲ့ကြောင်း သိရသည်။

     ထို့ပြင် လုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပဒေနှင့် အညီ မှန်ကန်သော ကုန်ပစ္စည်းအချက်အလက်များကို ဖော်ပြရောင်းချရန်၊ စားသုံးသူအား အထင်အမြင်လွဲမှားစေနိုင်သော ကြော်ငြာများမပြုလုပ်ရန်၊ အရည်အသွေးပြည့်မီ၍ လုံခြုံစိတ်ချရသော အလှကုန်ပစ္စည်းများကိုသာရောင်းချရန် အသိပညာပေးဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

        စစ်ဆေးမှုအရ အွန်လိုင်းရောင်းချမှု လျှောက်ထားခြင်းနှင့် သက်ဆိုင်ရာ လုပ်ငန်းစဉ်များကို မှန်ကန်စွာ ဆောင်ရွက်ထားရှိကြောင်း၊ လိုအပ်သည့် အချက်အလက်များကိုလည်း စနစ်တကျ ဖြည့်စွက်ဆောင်ရွက်လျက်ရှိကြောင်း တွေ့ရှိရပြီး လုပ်ငန်းအား ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ နှင့်အညီ ဆက်လက်ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show အစီအစဉ် ပြုလုပ်

         ညောင်တုန်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံး)တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး Talk Show အစီအစဉ်ကို၂၀၂၆ခုနှစ်  (၁၃) နံနက် (၁၀း၀၀) နာရီအချိန်တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

      အဆိုပါ Talk Show အစီအစဉ်တွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်ချိုမီဇင် မြို့နယ်ဦးစိးမှူးက စားသုံးသူများ၏ အခြေခံအခွင့်အရေး (၈) ရပ်၊ စားသုံးသူများ၏ တာဝန်ဝတ္တရားများ၊ ကုန်ပစ္စည်းများ ဝယ်ယူသုံးစွဲရာတွင် ကုန်အညွှန်းအမှတ်အသားများကို သေချာစွာ စိစစ်ဖတ်ရှုရန် လိုအပ်ချက်များ၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်၊ ပါဝင်ပစ္စည်းများနှင့် ထုတ်လုပ်သူအမည်တို့ကို စစ်ဆေးဝယ်ယူသင့်ကြောင်းတို့ကို အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

       ထို့ပြင် စားသုံးသူများအနေဖြင့် အရည်အသွေးမပြည့်မီသော ကုန်ပစ္စည်းများ၊ အန္တရာယ်ဖြစ်စေနိုင်သော ကုန်စည်နှင့် ဝန်ဆောင်မှုများ ကြုံတွေ့ရပါက သက်ဆိုင်ရာ စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်ကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များကိုလည်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

      အဆိုပါ Talk Show အစီအစဉ်ကို ပြည်သူများ စားသုံးသူအခွင့်အရေးများကို သိရှိနားလည်စေရန်၊ ဘေးအန္တရာယ်ကင်းရှင်း၍ အရည်အသွေးပြည့်မီသော ကုန်စည်နှင့် ဝန်ဆောင်မှုများကို ရွေးချယ်သုံးစွဲတတ်စေရန်နှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာများ ပိုမိုကျယ်ပြန့်လာစေရန် ရည်ရွယ်၍ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

စားသောက်ဆိုင်ဝန်ဆောင်မှုလုပ်ငန်းများ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဦးဆောင်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်ရဲတပ်ဖွဲ့ရုံးတို့မှ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ညောင်တုန်းမြို့ပေါ်ရှိ  စားသောက်ဆိုင်တို့တွင် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၁၀) ရက်၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

       ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်ချိုမီဇင်(ဒုဦးစီးမှူး)သည် အစားအသောက်များ သန့်ရှင်းသပ်ရပ်မှု ရှိ/ မရှိ၊ ကျန်းမာရေးနှင့် ညီညွှတ်စွာ ပြင်ဆင်ချက်ပြုခြင်း ရှိ/ မရှိ၊ စားသုံးသူများအား လုံလောက်သော သတင်းအချက်အလက် များ ဖော်ပြထားခြင်း ရှိ/ မရှိ၊ အစားအသောက်များကို ကိုင်တွယ်ချက်ပြုတ်သူများ၏ တစ်ကိုယ်ရည် သန့်ရှင်းမှု ရှိ/ မရှိ တို့ကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထို့အပြင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သုံးစွဲသည့်ရေများ သန့်ရှင်းမှုရှိစေရန်၊ ကူးစက်ရောဂါများ မဖြစ်ပွားစေရေး ကာကွယ်ထားရန်နှင့် ရေမြောင်းများအား အမှိုက်များဖြင့် ပိတ်ဆို့မှုမရှိအောင် ရေစီးရေလာကောင်းမွန်စွာ ပြုလုပ်ထားရန်လိုအပ်ကြောင်း မီးသတ်ဆေးဗူးများကို သတ်မှတ်ထားသော အရေအတွက်အတိုင်း ဆိုင်တွင်ထားရှိပြီး ပုံမှန်စစ်ဆေးထားခြင်း ရှိ/ မရှိ၊ ဆိုင်များတွင် ရောင်းချနေသော အစားအသောက်များ သန့်ရှင်းလတ်ဆတ်မှု၊ ချက်ပြုတ်ရာနေရာ သန့်စင်မှု၊ ဝန်ထမ်းများ၏ တစ်ကိုယ်ရေသန့်ရှင်းမှုနှင့် မီးသတ်ဆေးဗူးများ ပြည့်စုံမှုရှိ/ မရှိကို အဓိက စစ်ဆေးလေ့ရှိပြီး ဆွေးနွေးပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မအူပင်မြို့နယ် မြို့ပေါ်ရှိ ဓါတ်မြေဩဇာဆိုင်များအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိစေရန်နှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်မှ  ဦးအောင်ဇော်ဦးနှင့်ဝန်ထမ်းများသည်    မိတ်ဖက်ဌာနများနှင့်  ပူးပေါင်း၍    (၁၀. ၇ .၂၀၂၆ )ရက်နေ့   နေ့လယ်(၁၀း၀၀)နာရီအချိန်တွင်  မအူပင်မြို့နယ်အတွင်းရှိ ဓါတ်မြေဩဇာဆိုင်များတွင် ရောင်းချနေသော အာမို၊ ကောမတ်တံဆိပ် ဓါတ်မြေဩဇာများတွင်  အခြားဓါတ်မြေဩဇာများ ထည့်သွင်းရောင်းချခြင်းနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/ မရှိနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိစေရေး၊ ဒေသတွင်း လက်ကျန်အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်တာဝန်ခံမှ ဓါတ်မြေဩဇာရောင်းချနေသော ပိုင်ရှင်များအား စားသုံးသူကာကွယ်ရေး  ဥပဒေ၂၀၁၉ပါ ပြဌာန်းချက်များမှ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒါဏ်များ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါအတိုင်း လိုက်နာဆောင်ရွက်ရန်နှင့်  စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသည့် ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/ မရှိနှင့် သတ်မှတ်ဈေးနှုန်းထက် ပိုမိုမရောင်းချရန်  ဌာနမှ ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - HighLight News