
၂၀၂၆ ခုနှစ်၊ သြဂုတ်လ ၇ ရက်နေ့၊ (၁၄း၀၀) နာရီအချိန်တွင် မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီး မှူးနှင့်ဝန်ထမ်းများသည် ကုန်စည်နှင့်ဝန်ဆောင်မှုများအား စားသုံးသူပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် ယုံကြည်စိတ်ချစွာဖြင့် ဝယ်ယူအသုံးပြုနိုင်စေရန်ရည်ရွယ်၍ ဘဏ္ဍာနှစ်အလိုက် စျေးကွက်မရောက်မီ စစ်ဆေးဆောင်ရွက်ရမည့် ကုန်စည်များသတ်မှတ်၍ စစ်ဆေးဆောင်ရွက်လျက်ရှိရာ အမှတ်(၄၉)၊ ထုံးဖိုလမ်း၊ ကန်ဖျားရပ်၊ မြိတ်မြို့ရှိ သိရီမြန်မာအမှတ်တံဆိပ် သောက်ရေသန့်အမျိုးမျိုး ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် စက်ရုံလုပ်ငန်းအား စျေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်း (Pre Market Surveillance)အား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါစစ်ဆေးဆောင်ရွက်ရာတွင် စားသုံးသူပြည်သူများ စျေးကွက်အတွင်း ကုန်စည်များအား ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ယုံကြည်စိတ်ချမှုရှိစွာ ဝယ်ယူသုံးစွဲနိုင်စေရန်အတွက် ကုန်စည်ထုတ်လုပ်/ ဖြန့်ဖြူးရောင်းချနေမှုများနှင့် စပ်လျဥ်း၍ စျေးကွက်မရောက်မီစစ်ဆေးခြင်း (Pre Market Surveillance) အားဆောင်ရွက်ရာ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းများနှင့် စပ်လျဥ်း၍ စားသုံးသူကာကွယ်ရေးဥပဒေပါ သတ်မှတ်ချက်များနှင့် အညီ ပြည်စုံမှန်ကန်စွာပါရှိမှုများ ရှိ/ မရှိ၊ ထုတ်လုပ်မှုအဆင့်ဆင့်တွင် သန့်ရှင်းသပ်ရပ်စွာဖြင့် ဘေးအန္တရယ်ကင်းရှင်းစွာ ထုတ်လုပ်ရောင်းချမှုများ ရှိ/ မရှိနှင့် အခြားသက်ဆိုင်ရာဌာနဆိုင်ရာများ၏ ထောက်ခံချက်များပါရှိမှု ရှိ/ မရှိအား စစ်ဆေးဆောင်ရွက်ရာတွင် သတ်မှတ်ချက်များနှင့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)
