HighLight News

Powered by Drupal

မြန်အောင်ခရိုင်၊ မြန်အောင်မြို့ပေါ်ရပ်ကွက်ရှိ စားအုန်းဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

       ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန မြန်အောင်မြို့နယ်ဦးစီးမှူးသည် (၁၉.၇.၂၀၂၆) နေ့ နံနက်(၀၈း၃၀)နာရီအချိန်တွင် မြန်အောင်မြို့ပေါ်ရပ်ကွက်ရှိ မင်းစန်းဦးကုန်စုံဆိုင်၊ ဦးဇော်ထွန်းဝင်းကုန်စုံဆိုင်၊ ဦးနေဝင်းဇော်ကုန်စုံဆိုင်နှင့် ဦးစိုးမြင့်ကုန်စုံဆိုင် စသည့် စားအုန်းဆီလက်ကား၊ လက်လီဆိုင်များအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ဖြင့် ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

       ထိုသို့ကွင်းဆင်း စစ်ဆေးရာတွင် အဆိုပါဆိုင်များမှ စားအုန်းဆီဝယ်ယူခွင့်စာအုပ်ဖြင့် သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း အိမ်ထောင်စုတစ်စုလျှင် ၅၀ ကျပ်သားနှုန်း တစ်လနှစ်ကြိမ် ပုံမှန်ရောင်းချပေးလျက်ကြောင်း၊ စားအုန်းဆီများပြည့်စုံမှန်ကန်စွာ ရောင်းချပေးရန်၊ စျေးနှုန်းမြင့် တင် ရောင်းချမှုများမရှိစေရန်နှင့် လိုက်နာမှုမရှိပါက ဥပဒေအရအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း လုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

စားသောက်ကုန်လုပ်ငန်းရှင်များအား အွန်လိုင်းရောင်းဝယ်မှုဆိုင်ရာ အသိပညာပေး

              အွန်လိုင်းမှတစ်ဆင့် ရောင်းဝယ်မှုပြုလုပ်ရာတွင် ဈေးရောင်းချသူများ ယုံကြည်စိတ်ချမှုရှိစေရန်၊ အတုအပ လိမ်လည်ရောင်းချခြင်းများမရှိစေရန်၊ Online Shopping များနှင့် ပတ်သက်၍ စားသုံးသူများ၏ ထိခိုက်နစ်နာမှုများကိုကာကွယ်နိုင်ရန် ရည်ရွယ်၍ လုပ်ငန်းရှင်များအား အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းနှင့် စပ်လျဉ်း၍ အသိပညာပေးဟောပြောပွဲကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ(၁၉)ရက်နေ့ နံနက်(၀၉:၀၀)နာရီအချိန်တွင် မြန်အောင်မြို့နယ်ဦးစီးမှူးသည် မိတ်ဖက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ မြန်အောင်မြို့ ရုံးလမ်း၊ အမှတ်(၁)ရပ်ကွက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          အဆိုပါဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်က စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊  ကုန်သွယ်ရေးဦးစီးဌာနမှ Online Shop များမှတ်ပုံတင်နိုင်ရန် လုပ်ဆောင်ပေးနေပြီး Online မှ ဈေးရောင်းချမည့်သူများက မိမိတို့လုပ်ငန်းများကို မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေအရ စီးပွားရေးလုပ်ငန်းများဆောင်ရွက်ရန် မှတ်ပုံတင်ထားရမည်ဖြစ်ကြောင်း၊ တရားဝင် ကိုယ်ပိုင်ဝက်ဘ်ဆိုက် တစ်ခုရှိရမည်ဖြစ်ကြောင်း၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချသူသည် မိမိ ရောင်းချသော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ရိုးရှင်းမှန်ကန်သောသတင်းအချက်အလက်နှင့် အာမခံချက်များ ပေးအပ်ရမည်ဖြစ်ပြီး ကျသင့်တန်ဖိုးနှင့်ညီမျှသော အရည်အသွေးပြည့်မီစေရန် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရမည်ဖြစ်ကြောင်း၊ Online မှတ်ပုံတင်ခြင်းဆိုင်ရာ အသေးစိတ်အချက်အလက်များကို ဝန်ကြီးဌာန ဝက်ဘ်ဆိုက်တွင်ဝင်ရောက်ကြည့်ရှုနိုင်ပြီး မှတ်ပုံတင်ခြင်းအားဖြင့် ရောင်းသူနှင့်ဝယ်သူကြားမှာ ယုံကြည်မှုပိုမိုရရှိစေမှာဖြစ်ပါသည်။ ရောင်းသူ/ဝယ်သူ အငြင်းပွားမှုများရှိလာလျှင်လည်း ဥပဒေကြောင်းအရ မှန်ကန်စွာဖြေရှင်းနိုင်မှာဖြစ်ပါကြောင်း၊ မှတ်ပုံတင်လက်မှတ်မရှိဘဲ အွန်လိုင်း  စနစ်ဖြင့်ရောင်းချခြင်းကို ဆောင်ရွက်မည်ဆိုပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေ ပုဒ်မ(၅)အရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း၊ ဆက်လက်၍ Online Shopping မှတ်ပုံတင်   လျှောက်ထားခြင်းအဆင့်များကို အသေးစိတ်ရှင်းလင်းဆွေးနွေး အသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး စားသုံးသူကာကွယ်ရေးအသိပညာပေး

         စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တာဝန်ခံသည် (၁၆.၇.၂၀၂၆) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ဇလွန်မြို့နယ် သရက်ချောင်းကျေးရွာရှိ ဓမ္မာရုံတွင် ပြည်သူ(၁၄၀)ဦးအား စားသုံးသူကာကွယ်ရေးဆိုင်ရာ စားသုံးသူအခွင့်အ‌ရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားပြည့် စုံစွာဖော်ပြထားသော ကုန်စည်များကိုသာ ဝယ်ယူအသုံးပြုနိုင်ရေးနှင့် Consumer Call Center သို့ ဆက်သွယ် မေးမြန်းနိုင်စေရေး  အသိပညာပေးဟောပြောခြင်းကို  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

     အဆိုပါ‌ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးသန့်စင်ဦးက စားသုံးသူကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများနှင့်ပါတ်သတ်၍ စားသုံးသူကာကွယ်ရေးဥပဒေစတင်ဖြစ်ပေါ်လာပုံ၊ အစားအသောက်များနှင့် လူသုံးကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားခြင်းမရှိပါက သတိထား၍ ဝယ်ယူသုံးစွဲသင့်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ရိုက်နှိပ်ဖော်ပြထားသော ပစ္စည်းများကိုသာရွေးချယ်ဝယ်ယူသုံးစွဲသင့်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပါသည်။ ထို့နောက် စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်း စားသုံးသူနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်ကြောင်းကိုလည်းကောင်း၊  စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင် ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (Consumer Information and Complaint Center) CICC ဖွင့်လှစ်ထားရှိမှု အခြေအနေနှင့် Consumer Call Center 1535 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းကိုလည်းကောင်း အသေးစိတ်ပြောကြားခဲ့ပြီး နေ့လယ်(၁၂:၀၀) နာရီအချိန်တွင် ဟောပြောပွဲကို ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

မြိတ်မြို့တွင် အွန်လိုင်းစနစ်တွင် မှတ်ပုံတင်လက်မှတ်လျှေက်ထားလာသည့် လုပ်ငန်းများအား မြေပြင်စစ်ဆေး

       ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့၊ ၁၅း၃၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် အမှတ်(၄၃)၊ အမကကျောင်းလမ်း၊ မြစ်ငယ်ရပ်၊ မြိတ်မြို့ရှိ မီကို(ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး)လုပ်ငန်း၊ အမှတ်(၃၈)၊ ယုဇနလမ်း၊ ထားဝယ်ကမ်း(၂)ရပ်၊ မြိတ်တောင်ရပ်ကွက်၊ မြိတ်မြို့ရှိ Khin Myat Thu အထည်အလိပ်၊ အဝတ်အထည်နှင့် စပ်ဆက်ပစ္စည်းများ ရောင်းချသည့်လုပ်ငန်း၊ အမှတ်(၁၆၈)၊ ရတနာလမ်း၊ ရွှေပြည်တန်ရပ်ကွက်၊ မြိတ်မြို့ရှိ Kay Kay Online Store အထည်အလိပ်၊ အဝတ်အထည်နှင့် စပ်ဆက်ပစ္စည်းများ ရောင်းချသည့်လုပ်ငန်း စသည့်လုပ်ငန်းများမှ အွန်လိုင်းရောင်းချခွင့်လိုင်စင် လျှောက်ထားလာမှုအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

          ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများမှ အွန်လိုင်းမှတ်ပုံတင်စနစ်တွင် မှတ်ပုံတင်ထားရှိသည့် အချက်အလက်များအား မြေပြင်စစ်ဆေးရာတွင် ကိုက်ညီမှုများ ရှိ/ မရှိနှင့် အခြားလိုအပ်သည့်အချက်အလက်များ ပြည့်စုံမှန်ကန်မှု ရှိ/ မရှိ အား DOCA Application  အသုံးပြု၍ စစ်ဆေးခြင်းနှင့် အွန်လိုင်းမှရောင်းချရာတွင် လိုက်နာဆာင်ရွက်ရမည့်တာဝန်များ၊  စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူအခွင့်အရေး၊ တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် တာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်စည်များ၏ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း ဆိုင်ရာများအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

Polytechnic University (Dawei) တွင် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း ဟောပြောခြင်း

         ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့၊ (၁၃း၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများသည် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ပူးပေါင်း၍ ထားဝယ်မြို့၊ Polytechnic University (Dawei)  စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများနှင့် ပတ်သက်၍ အသိပညာပေးဟော ပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

          အဆိုပါ ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ‌ ဒေါ်အေးအေးလွင်မှ  စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်တာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်စားသုံးသူ၏ တာဝန်များအကြောင်း၊ ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသားဖော်ပြရာတွင် ဖော်ပြရမည့်အချက်များ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် လိုက်နာရမည့်တာဝန်များအကြောင်း၊ စားသုံးသူများအနေဖြင့် စားသုံးသူအခွင့်အရေးများအပြင် စားသုံးသူတာဝန်များရှိကြောင်း၊ စားသုံးသူများအနေဖြင့် မိမိတို့ရွေးချယ်ဝယ်ယူသည့် ကုန်စည်များနှင့် ပတ်သက်၍ နစ်နာဆုံးရှုံးမှုများရှိလာပါက စားသုံးသူရေးရာဦးစီးဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ ဆက်သွယ်တိုင်ကြားနိုင်ပြီး Consumer Call Center 1535 သို့လည်း ဆက်သွယ်တိုင်ကြား နိုင်ကြောင်းများ ဟောပြောဆွေးနွေးခဲ့ပြီး အဆိုပါဟောပြောပွဲသို့ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ (၁၈၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့ရှိ စားအုန်းဆီရောင်းချနေသော အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

          ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ၊ ၂၄ ရက်နေ့၊ နံနက် ၁၀း၀၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးစီးအရာရှိနှင့်နှင့် ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့ဖြင့်ပူးပေါင်း၍ ထားဝယ်မြို့တွင်းရှိ စားအုန်းဆီအရောင်းဆိုင်များသို့ သွားရောက်၍စားအုန်းဆီများအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချနေခြင်းရှိ/မရှိကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

        ကွင်းဆင်းစစ်ဆေးရာတွင် ထားဝယ်မြို့အတွင်း စားအုန်းဆီခွဲတမ်းရရှိမှုအခြေအနေ၊ နေ့စဥ်ရောင်းချမှုနှင့် ရည်ညွှန်းစျေးနှုန်းအတိုင်းရောင်းချခြင်း ရှိ/ မရှိနှင့်စည်းကမ်းဖော်ဖျက်မှုများ ရှိ/ မရှိ စစ်ဆေးခြင်းနှင့် ခွဲတမ်းရရှိမှု၊ရောင်းချမှုအခြေအနေများနှင့် ပတ်သက်၍ စာရင်းဇယားမှန်ကန်စေရေး အလေးထားဆောင်ရွက်သွားရန် လိုအပ်ပါကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များလိုက်နာ ဆောင်ရွက်ရမည့် ကျင့်ဝတ်များအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

စစ်ဆေးရေးအရာရှိများ လုပ်ငန်းကျွမ်းကျင်မှုူဆိုင်ရာသင်တန်း(၂/၂၀၂၆)အား တိုင်းဒေသကြီးဦးစီးမှူးရုံးရှိ စစ်ဆေးရေးအရာရှိများမှ တက်ရောက်ခြင်း

           ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့၊ နံနက် (၁၀း၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ်၊ နေပြည်တော်မှ ကျင်းပပြုလုပ်သော စစ်ဆေးရေးအရာရှိများ လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ သင်တန်း (၂/၂၀၂၆)အား တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးရှိ စစ်ဆေးရေးအရာရှိများမှ Virtual စနစ်ဖြင့် တက်ရောက်ခဲ့ပါသည်။

          အဆိုပါသင်တန်းတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ မှတ်တမ်းတင်ဓါတ်ပုံများရိုက်ကူးခြင်း၊ ရုံးချုပ်၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲနှင့် စားသုံးသူရေးရာဌာနခွဲရှိ တာဝန်ရှိသူများမှ မိမိတို့ပို့ချမည့်သင်ခန်းစာများအလိုက် ရှင်းလင်းသင်ကြားပို့ချခြင်းများ ဆောင်ရွက်ခဲ့ကြပြီး တက်ရောက်ကြသည့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ အရာထမ်း၊ အမှုထမ်းများမှ မိမိတို့သိရှိလိုသည့် သင်ခန်းစာများ၊ အကြောင်းအရာများအလိုက် ရှင်းလင်းမေးမြန်းခြင်းများ ဆောင်ရွက်ခဲ့ကြပြီး အဆိုပါသင်တန်းအား (၃)ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့ပေါ်ရှိ ဆေးဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

           ၂၀၂၆  ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့၊ ၉း၀၀ နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် မိတ်ဖက်ဌာနများဖြစ်ကြသော မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီး ဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့ဖြင့် ပူးပေါင်း၍ ထားဝယ်မြို့ပေါ်ရှိ ဆေးဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

   ထိုသို့ဆောင်ရွက်ရာတွင် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်များမပါရှိသည့် တရားမဝင်ဆေးဝါးများ ရောင်းချနေမှုများရှိ/ မရှိစစ်ဆေးခြင်း၊ သက်တမ်းကုန်လွန်သော ဆေးဝါးများနှင့်ဆေးပစ္စည်းများ ရောင်းချနေမှုရှိ/ မရှိ စစ်ဆေးခြင်းနှင့် မြန်မာနိုင်ငံဆေးဝါးရောင်းချမှု လိုင်စင်များ ရှိ/ မရှိ စစ်ဆေးခြင်း၊ ဆေးဝါးပြတ်လတ်မှုများ ရှိ/ မရှိ စစ်ဆေးခြင်းနှင့် ဆေးစျေးနှုန်းများ၏ စျေးကွက်အခြေအနေများ မေးမြန်းစုံစမ်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့ရှိမုန့်တိုက်အား စျေးကွက်မ‌ရောက်မီ စောင့်ကြည့်စစ်ဆေးခြင်း

          ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့၊ နံနက် (၁၁း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှ စစ်ဆေးရေးအရာရှိနှင့်ဝန်ထမ်းများသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ ထားဝယ်မြို့၊ အာဇာနည်လမ်းရှိ MK-5 မုန့်တိုက်အား စျေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          အဆိုပါ စျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူပြည်သူများ  ဘေးအန္တရာယ်ကင်းရှင်းစွာ ဝယ်ယူသုံးစွဲနိုင်စေရေးအတွက် စျေးကွက်မရောက်မီကုန်စည်များနှင့် စျေးကွက်အတွင်း ဖြန့်ဖြူးမည့် ကုန်စည်များတွင် မြန်မာဘာသာနှင့်ဖြစ်စေ၊ အခြားဘာသာတစ်ခုခုနှင့် ဖြစ်စေတွဲလျက် ဖော်ပြ ထားသော ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန် ကန်စွာပါရှိမှုရှိ/မရှိ စစ်ဆေးခြင်း၊ သက်တမ်းလွန် စားသောက်ကုန်ပစ္စည်းများ ရောင်းချနေမှုရှိ/မရှိ၊ သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်၊ စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်မှုများရှိ/မရှိ၊ စစ်ဆေးခြင်းများနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် လိုက်နာဆောင်ရွက်ရမည့် တာဝန်များ၊ ကျင့်ဝတ်များအကြောင်း အသိပညာပေး ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့တွင် ဦးစားပေးစစ်ဆေးရမည့် အစားအသောက်ဝန်ဆောင်မှုအား ကွင်းဆင်းစစ်ဆေးခြင်း

         ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့၊ နံနက် (၁၀း၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် ဦးစားပေး ဈေးကွက်စောင့်ကြည့်စစ်ဆေးရမည့် ဝန်ဆောင်မှုကဏ္ဍ ၃ ရပ်နှင့်စပ်လျဉ်း၍ စစ်ဆေးရမည့် အစားအသောက် ရောင်းချသည့်ဝန်ဆောင်မှုများနှင့်ပတ်သက်၍ ထားဝယ်မြို့ပေါ်ရှိ Bamboo garden စားသောက်ဆိုင်အား အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။          အဆိုပါ စစ်ဆေးရာတွင် စားသောက်ဆိုင်ပိုင်ရှင်များနှင့် ဝန်ထမ်းများအား အစားအသောက် ပြုပြင်ရောင်းချသည့်နေရာများ သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ စားသောက်ဆိုင်ဝန်ထမ်းများနှင့် ဝန်‌ဆောင်မှုပေးသူများ၏ တစ်ကိုယ်ရည်သန့်ရှင်းမှုများရှိစေရေး၊ တိုင်ကြားမှုများနှင့်စပ်လျဉ်း၍ စစ်ဆေးရမည့်အချက်များအနက် အစားအသောက်များ လတ်ဆတ်သန့်ရှင်းမှုရှိ/မရှိ၊ အစားအသောက် ဈေးနှုန်းများ ကြိုတင်အသိပေးဖော်ပြထားခြင်းရှိ/မရှိ၊ သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာဖော်ပြထားရှိ/ မရှိ၊ သက်ဆိုင်ရာဌာနအလိုက် သတ်မှတ်ထုတ်ပြန်ထားသော ဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်မှုရှိစေရေး အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - HighLight News