HighLight News

Powered by Drupal

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တကောကျေးရွာ ဓနဗလဆန်စက်အား ကွင်းဆင်းစစ်ဆေး

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် အိမ်မဲမြို့နယ်တာဝန်ခံ ဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည် (၃.၆.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၃း၀၀) နာရီအချိန်တွင် အိမ်မဲမြို့နယ်တကောကျေးရွာ ဓနဗလဆန်စက်အား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင်အိမ်မဲမြို့နယ်တာဝန်ခံသည်တကောကျေးရွာ ဓနဗလ ဆန်စက်သို့ သွားရောက်၍ ဆန်စက်ပိုင်ရှင်နှင့်တွေ့ဆုံကာ ဆန်စက်လည်ပတ်နေမူအခြေအနေများ၊ ဆန်စပါးကြိတ်ခွဲမူအခြေအနေ၊ လုပ်ငန်းဆောင်ရွက်မူ အဆင့်ဆင့်ကို စစ်ဆေးကြည့်ရှု့ခဲ့ပြီးနောက် ဆန်စက်မှကြိတ်ခွဲထွက်ရှိလာသော ဆန်များကို ထုပ်ပိုးရာတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါဝင်ရေး၊ ပို့ကုန်ကဏ္ဍတွင် ဆန်စပါးသည် အရေးပါသည့်အတွက် အရည်အသွေးမီသော ဆန်များရရှိရေးအတွက် စက်ရုံ၊ အလုပ်ရုံ၊ သိုလှောင်ရုံများကို စနစ်တကျ သိုလှောင်ထားရှိရန်နှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန် ဈေးနူန်းဈေးကွက်အခြေအနေတိုအား အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ်၊ အမှတ်(၇)ရပ်ကွက်နန္ဒဝန်ဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချ နေ သော သူဌေးမင်းဘူးသွတ်ဆီဘူးများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၃.၆.၂၀၂၅)ရက်နေ့ နေ့လယ်(၁၃း၀၀)နာရီအချိန်တွင် လပွတ္တာမြို့နယ် အမှတ်(၇)ရပ်ကွက်၊ နန္ဒဝန်ဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသော ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသော   သူဌေးမင်းဘူးသွတ်ဆီဘူးများတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်ပြည့်စုံခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် လပွတ္တာမြို့နယ်တာဝန်ခံမှ အမှတ်(၇)ရပ်ကွက်၊ နန္ဒဝန်လမ်းအတွင်းရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသော သူဌေးမင်းဘူးသွတ်ဆီဘူးများတွင် ကုန်ညွှန်းအမှတ်အသားဖော်ပြခြင်း ပြည့်စုံမှုရှိ/ မရှိစစ်ဆေးခဲ့ပြီး၊ ကုန်မျိးစုံဆိုင်ပိုင်ရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ပြဌာန်းချက်များမှ အခန်း(၁၈)ပါကုန်ညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့် စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ၄၁ ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်ညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေရေးသား ဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်၊ ပြည့်စုံမှုရှိ/ မရှိအားဌာနအနေဖြင့် ဈေးကွက်စောင့်ကြည့် စစ်ဆေးမှုများ စဉ်ဆက်မပြတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့အတွင်းရှိ စားသောက်ဆိုင်များအားကွင်းဆင်းစစ်ဆေး

             ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးနှင့် ဝန်ထမ်းများသည်(၃.၆.၂၀၂၅)ရက်နေ့၊ နံနက်(၁၁း၃၀) နာရီအချိန်တွင် မြို့နယ်စဉ်ပင်သာယာရေးအဖွဲ့၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့နှင့်ပူပေါင်း၍ ဝါးခယ်မမြို့နယ် ကျုံမငေးမြို့အတွင်းရှိ စားသောက်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိပါသည်။

            ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံမှဆိုင်ရှင်များနှင့်တွေ့ဆုံ၍  စားသောက်ဆိုင်များ သန့်ရှင်းကောင်းမွန်ရေး၊ ဝန်ဆောင်မှုကဏ္ဍများကို စားသုံးသူများအား ပွင့်လင်းမြင်သာစွာချပြပေးရန်၊ စားသောက်ဖွယ်ရာများ၏ အရွယ်အစားအလိုက်ဈေးနှုန်းများအား သိသာထင်ရှားစွာဖော်ပြထားရှိရေးတို့အား အသိပညာပေး ဆွေးနွေးခဲ့ပြီး ဈေးကွက်စောင့်ကြည်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မေလ မအူပင်ခရိုင်မြို့နယ်များရှိ စားအုန်းဆီပေပါများ စနစ်တကျခွဲဝေရရှိပြီး သတ်မှတ်နေရာများမှ စတစ်တကျထုတ်ယူ၍ ပြည်သူများထံရောင်းချပေးလျက်ရှိ

              မအူပင်ခရိုင်အတွင်း မြို့နယ်များတွင် ကုမ္ပဏီမျညူမှ စားအုန်းဆီခွဲတမ်း ရရှိမှုအပေါ် မေလအတွက် ဆီပေပါများကို မြို့နယ်များမှ သတ်မှတ်နေရာများတွင် စနစ်တကျထုတ်ယူပြီး စားသုံးသူပြည်သူများ လက်ဝယ်အရောက် ရောင်းချဖြန့်ဖြူးပေးလျက်ရှိပြီး သတ်ဆိုင်ရာများမှလည်း ကြပ်မတ်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

            မအူပင်ခရိုင်အနေဖြင့် စားအုန်းဆီခွဲတမ်းများကို Central Myanmwr International Trading ကုမ္ပဏီ၊ Myanmar Top Notch ကုမ္ပဏီ၊ Resources Group Trading ကုမ်ပဏီ တို့မှ မြို့နယ်အလိုက် ဆီပေပါများ သတ်မှတ်ရက်အတွင်း ထုတ်ယူရန် သတ်မှတ်နေရာနှင့် အချိန်နှင့်တပြေးညီ ထုတ်ယူရရှိပြီ စားအုန်းဆီထုတ်ကိုယ်စားလှယ်များမှ ငွေပေးသွင်းပြီး ပြည်သူများထံ  သက်ဆိုင်ရာများ၏ ကြီးကြပ်ဆောင်ရွက်မှုနှင့်အညီ ရောင်းချနေပြီး မအူပင်မြို့နယ်ရရှိပေပါ (၁၀၇၈)လုံး၊ ပန်းတနော်မြို့နယ်မှ (၇၆၄)ပေပါ၊ ညောင်တုန်းမြို့နယ်မှ ပေပါ (၇၆၅)၊ ဓနုဖြူမြို့နယ်မှ ပေပါ (၆၆၀)ရရှိကြောင်း စုစုပေါင်း (၃၂၆၇) ပေပါကို သတ်မှတ်ရက်အတွင်း ဆီကားများရောက်ရှိလာကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကျောင်းမုန့်ဈေးတန်းကြီးကြပ်သူများနှင့် မုန့်ရောင်းချသူ လုပ်ငန်းရှင်တို့အား ကုန်အညွှန်းအမှတ်အသား အသိပညာပေး ဟောပြော

              ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြိုနယ်ချောင်းကြီးကျေးရွာ အထကကျောင်း၊ ကျောင်းမုန်ဈေးတန်းတွင် မုန့်ဈေးရောင်းချမည့် ဆိုင်ရှင်(၉)ဦးနှင့် ကျောင်းမုန့်ဈေးတန်းကြီးကြပ်မည့် ဆရာမ (၁၅)ဦးတိုအား (၃.၆.၂၀၂၅)ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်က အ.ထ.က ကျောင်းအုပ်ကြီး အစည်းအဝေးခန်းမတွင် မုန့်ဈေးတန်းတွင် ရောင်းချသော မုန့်များတွင် ကုန်အညွှန်းအမှတ်အသားပြည်စုံစွာ မုန်များနှင့် သန့်ရှင်လတ်ဆပ်သည့် အစားအသောက်များရောင်းချနိုင်ရေးကို မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက အသိပညာပေး ဟောပြောခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့သည်။

              ဟောပြောဆွေးနွေးရာတွင် ဦးအောင်လွင် ဦးစီးအရာရှိက ကျောင်းဈေးတွင်ရောင်းချ နေသော မုန့်များတွင် စားသုံးသူကာကွယ်ရေးဥပဒေတွင် ဖော်ပြပါဝင်သည့် လုံခြုံစိတ်ချမှု အစ ကုန်အညွှန်းအမှတ် အသားက ဆိုသည့်အတိုင်း ကုန်စည်များတွင် မြန်မာ့စားသုံးသူပြည်သူများ အလွယ်တကူနားလည်စေရန် အတွက် ပုဒ်မ(၄၃)တွင် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှု အညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓာတ်မတည့်ကြောင်း ဖော်ပြချက်နှင့် ကြိုတင်သတိပေးချက် စသည့်အချက်များအား မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဟု ပါရှိသဖြင့် အထူးသတိပြု လိုက်နာဆောင်ရွက် ရန်နှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်းကြားချက်အမှတ် (၂/၂၀၁၉) နှင့် အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာ ရောင်းချကြရန်ဖြစ်ကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသောညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများစိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီ သောကုန်စည်များကို သာရောင်းချရန်၊ စားသုံးသူဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

MITS, MRF, DOCA & DOTအဖွဲ့ များ UAPPT ဆားမလောက် (စုပေါင်းလယ်ယာဆန်စက်) ဆန်/ဆန်ကွဲ သိုလှောင်ရုံများအား ကွင်းဆင်းစစ်ဆေး

           ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနနှင့်  မြန်မာကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်း လီမီတက် (MITS)၊ မြန်မာ့ကုန်သွယ်ရေးမြှင့်တင်ရေးအဖွဲ့၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် DOT အဖွဲ့တို့သည် (၃.၆.၂၀၂၅) ရက်နေ့က ရန်ကုန်- ပုသိမ်လမ်း၊ဆားမ​​လောက်ကျေးရွာ၊ ညောင်တုန်းမြို့နယ်ရှိ မိုင်တိုင် (၂၃)တွင် တည်ရှိသော    Good Brothers' Co.,Ltd Myanmar White Rice 10% Broken Sinthukha (WMDPS) 702 MT  သို့ သွားရောက်၍ ပို့ကုန်လျောက်ထားမှုအပေါ် မြေပြင်တွင် အမှန်တကယ် သိုလှောင်ထားရှိမှုရှိ/ မရှိ အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

              ကွင်းဆင်းပူးပေါင်းစစ်ဆေးရေးတာဝန်ရှိသူများက ညောင်တုန်းမြို့နယ် Goodbrother ကုမ္ပဏီမှ ပို့ကုန်လိုင်စင် လျှောက်ထားသည့် ဆင်းသုခ ဆန်သတ်မှတ်အရည်အသွေးနှင့်အညီ သိုလှောင်ထားရှိမှု ဆန်စက်သိုလှောင်ရုံများတွင် ဆန်နှင့် ဆန်ကွဲပြင်ဆင်ထားရှိမှု စနစ်တကျသိုလှောင်ထားရှိမှု ဖြစ်ပေါ်စေရန်နှင့် လိုင်စင်လျှောက်ထားသည့် ဆန်/ ဆန်ကွဲအမျိုးအစား၊ ဆန်တန်မြေပြင်အခြေအနေများကို အဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

မအူပင်မြို့နယ် မင်းဘောကျေးရွာရှိ ဖိုးရွှေဆန်စက်(GasiFier)အား သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနနှင့်အတူပူးပေါင်းကွင်းဆင်းစစ်ဆေး

          ၂၀၂၅ခုနှစ် ဇွန်လ ၂ ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် မအူပင်မြို့နယ်၊ မင်းဘောကျေးရွာတွင် တည်ရှိသည့် ဖိုးရွှေဆန်စက်(GasiFier) အား မအူပင်ခရိုင် စားသုံးသူ ရေးရာဦးစီးဌာနနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဦးစီးဌာနတို့ ပူးပေါင်းကာ ကွင်းဆင်းစစ်ဆေးမှုများကို ဆောင်ရွက်ခဲ့ပါသည်။

           အဆိုပါစစ်ဆေးမှုတွင် ဦးအောင်ဇော်ဦး ဒု-ခရိုင်ဦးစီးမှူးက စက်မှထုတ်လွှတ်သော အမှုန်အမွှားများ၊ စွန့်ပစ်ရေများ၊ (Gasifier) ၏ လည်ပတ်မှုအခြေအနေ၊ အပူချိန်ထုတ်လွှတ်မှုနှင့် ဒေသခံပြည်သူများ၏ ကျန်းမာရေးကို ထိခိုက်မှုမရှိစေရေး၊  သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို လေးထားဆောင်ရွက်ရန်နှင့် အခြားလိုအပ်သည်များကို သတ်မှတ်စံချိန်စံနှုန်းများ အတိုင်း စိစစ်စစ်ဆေးခဲ့ပြီး၊ စက်ရုံမှ တာဝန်ရှိသူများအား လိုအပ်သောအကြံပြုချက်များကို ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

 

(DOCA) ဧရာဝတီ

ဓနုဖြူမြို့နယ်ရှိ ရွှေသရဖူဆီစက်လုပ်ငန်းအား ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေးကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခြင်း

            ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့တာဝန်ခံသည် မြို့နယ်အတွင်းရှိ ဆီစက်လုပ်ငန်းများဖွံဖြိုးတိုးတက်ရေး၊ ကြိတ်ခွဲသော မြေပဲဆီ၊ နေကြာဆီ အစရှိသော  ဒေသတွင်းဖူလုံမှုအပြင် ပိုလျှံသည်အထိ ကြိတ်ခွဲထုတ်လုပ် ဆောင်ရွက်သွားနိုင်ရေး၊ ပြည်တွင်း၌ ဆီထွက်သီးနှံများ ပိုမိုစိုက်ပျိုးထုတ်လုပ်လာစေရေးနှင့် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးရည်ရွယ်၍ (၂.၆.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် မြို့ပေါ်ရှိ ၂ရပ်ကွက်ရှိ ရွှေသရဖူ ဆီစက်သို့ ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

              အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ဦးဝင်းမင်းစိုး မြို့နယ်ဦးစီးမှူးက ဆီစက်လုပ်ငန်းရှင်များအား ဆီစက်များ အမှန်တကယ် လည်ပတ်ခြင်းရှိ/ မရှိကို စစ်ဆေးခြင်း၊  လုပ်ငန်းလိုင်စင်ရှိ/ မရှိ၊ စားသုံးဆီ ထုတ်လုပ်ရောင်းချရာတွင် ကုန်ကြမ်းမှကုန်ချောသို့ ရောက်ရှိပုံအဆင့်ဆင့် အခြေအနေ များ၊ ထွက်ရှိသော ဆီများ ဈေးကွက်ဖြန့်ဖြူး ရောင်းချနေမှုအခြေအနေများ၊ ထုတ်လုပ်သည့်စားသုံးဆီများ စျေးကွက်သို့ရောင်းချရာတွင် သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားများဖော်ပြထားရှိမှုနှင့် ကုန်စည်အပေါ် အာမခံချက်ပေးထားခြင်းများအတွက် ဆွေးနွေးခဲ့ပြီးနောက် ဆီထုတ်လုပ်နေမှုနှင့် ထုတ်ပိုးနေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး   ဆီစက်များတွင် လက်ရှိ (၁)နာရီလျှင် ကုန်ကြမ်းနေကြာ (၄)တင်းနှုန်း ကြိတ်ခွဲနိုင်ပြီး တစ်နေ့ကို (၆)နာရီသာကြိတ်ခွဲ၍ (၂၄)တင်းနှုန်း ကြိတ်ခွဲလျက်ရှိကြောင်း၊ နေကြာတစ်တင်းကို ၃ ပိဿာခန့်ထွက်ရှိပြီး တစ်နေ့ (၇၂)ပိဿာကြိတ်ခွဲနိုင်ပြီး ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ စားသုံးသူပြည်သူများ လူတန်းစားမရွေး စားသုံးနိုင်ရန် လက်ရှိနေကြာဆီဈေးနှုန်းမှာ (၁)ပိဿာလျှင် ကျပ်(၁၈၀၀၀)ဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

အုန်းပင်စုကျေးရွာ စိုက်ပျိုး‌ရေးမွေးမြူရေးသင်တန်းတက်ရောက်သူ များအား စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်းဆောင်ရွက်

          ညောင်တုန်းမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများနှင့် အဖက်ဖက်ဆိုင်ရာ အသိပညာဗဟူသုတရှာဖွေနေသူ သင်တန်းသူ/ သင်တန်းသားများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာများ ပိုမိုဖွံ့ဖြိုးတိုးပွားလာစေရန် ရည်ရွယ်၍ စားသုံးသူအသိပညာပေးဟောပြောပွဲနှင့် စိုက်ပျိုးမွေးမြူရေးလြေလာနေသူများကို  (၂-၆-၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

             စိုက်ပျိုးဦးစီးဌာနမှ တာဝန်ရှိသူက -မွေးမြူရေးကဏ္ဍတွင် လိုအပ်လျက်ရှိသည့် ကျွမ်းကျင်သော လူသားအရင်းအမြစ်များ လေ့ကျင့်မွေးထုတ်ပေးနိုင်ရန် စိုက်ပျိုးရေးနှင့် မွေးမြူရေး ကိစ္စရပ်အကြောင်း ကိုအသိပညာပေးဟောပြောခဲ့သည်။

               စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်က စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းကိုလည်းကောင်း၊ စားသုံးသူအခွင့်အရေးဆိုင်ရာ  ရည်ရွယ်ချက်များကိုလည်းကောင်း၊ စားသုံးသူအခွင့်အရေးနှင့်ပတ်သက်၍ စားသုံးသူကာကွယ် ရေးဥပဒေတွင် ပြဋ္ဌာန်းချက်များကို ရှင်းလင်းဆွေးနွေးခြင်း၊ သင်တန်းသားများနှင့် အမြင်ချင်းဖလှယ် ဆွေးနွေးခြင်း ပြုလုပ်ခဲ့ပြီးနောက် စားသုံးသူအခွင့်အရေးဆိုင်ရာ အသိပညာပဟုသုတများကိုလည်း လေ့လာမှတ်သား စေလိုကြောင်းနှင့် မိမိဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွေ့အသုံးချဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့ပြီး ပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာနနှင့်ပတ်သက်သော သတင်းအချက်အလက် များကို အလွယ်တကူ မေးမြန်းစုံစမ်းနိုင်ရန်အတွက်လည်းကောင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုကြုံရပါက ဌာနသို့ အလွယ်တကူဆက်သွယ်တိုင်ကြားနိုင်ရန်အတွက်လည်းကောင်း၊ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ ကုန်စည်/ဝန်ဆောင်မှုများထုတ်လုပ်၊ ဖြန့်ဖြူးရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသားအပါအဝင် လိုက်နာဆောင် ရွက်ရမည့်အချက်များကို အလွယ်တကူ စုံစမ်းနိုင်ရန်အတွက်လည်းကောင်း ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် Consumer Call Center ဝန်ဆောင်မှုကို ဆောင်ရွက်ပေးလျက်ရှိရာ Consumer Call Center နံပါတ် ၁၅၃၅ သို့ Telenor၊ Mytel နှင့် Ooredoo User များအပြင် MPT Sim Card User များလည်း ခေါ်ဆိုနိုင်ပြီဖြစ်ပါကြောင်း အသိပညာပေးဟောပြောခဲ့ပြီး အဆိုပါသင်တန်းသို့ မြို့နယ်များမှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၇၀ ဦး တက်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

၂၀၂၅ခုနှစ်ကမ္ဘာပတ်ဝန်းကျင်ထိမ်းသိမ်းရေးနေအကြို အမှိုက်ကင်းစင်ရေးနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေးခြင်းဆောင်ရွက်

            ၂၀၂၅ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အကြို လှုပ်ရှားမှုအဖြစ် ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့ စည်ပင်သာယာဈေး အနီး ၌ စုပေါင်းအမှိုက်ကောက်ခြင်းကို ၃-၆-၂၀၂၅)ရက်နေ့ နံနက်(၀၈း၃၀) နာရီအချိန်တွင်  ညောင်တုန်းမြို့နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာရေးအဖွဲ့နှင့် မြို့ နယ်စားသုံးသူရေးရာဦးစီးဌာန၊ အမှိုက်သိမ်းဝန်ဆောင်မှုအဖွဲ့တို့ပါဝင်သည့် စုပေါင်းအင်အား ၂၀ ဦးဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

              အဆိုပါပူးပေါင်းအဖွဲ့က ညောင်တုန်းမြို့ပေါ်ရပ်ကွက်များ၊ ဈေးအနီးများတွင်  စွန့်ပစ်ပစ္စည်းအမှိုက်သရိုက်များနှင့် ပလတ်စတစ်အမှိုက်များကို စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြပြီး ယခုနှစ်ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့၏ “ကမ္ဘာ့တစ်ဝန်း ပလတ်စတစ်ညစ်ညမ်းမှုပပျောက်ရေး စုပေါင်းအားဖြင့်ဆောင်ရွက်ပေး” ဆောင်ပုဒ်နှင့်အညီ ပလတ်စတစ်ညစ်ညမ်းမှု အဆုံးသတ်ရေး လူထုလှုပ်ရှားမှု အသိပညာပေးလက်ကမ်းစာစောင်ဖြန်ဝေ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - HighLight News