HighLight News

Powered by Drupal

ထားဝယ်ခရိုင် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းရှင်များအသင်းတွင် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း ဟောပြောခြင်း

         ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့၊ (၁၃း၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ထားဝယ်မြို့၊ ကမြောကင်းလမ်းရှိ ထားဝယ်ခရိုင် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်များအသင်းတွင်  စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများနှင့်ပတ်သက်၍ အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

          အဆိုပါ ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ‌ ဒေါ်အေးအေးလွင်မှ  စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်တာဝန်များ၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် စားသုံးသူ၏တာဝန်များအကြောင်း၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ဖော်ပြရမည့်အချက်များ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် လိုက်နာရမည့်တာဝန်များအကြောင်း၊ စားသုံးသူများအနေဖြင့် စားသုံးသူအခွင့်အရေးများအပြင် စားသုံးသူတာဝန်များရှိကြောင်း၊ စားသုံးသူများအနေဖြင့် မိမိတို့ရွေးချယ်ဝယ်ယူသည့် ကုန်စည်များနှင့် ပတ်သက်၍ နစ်နာဆုံးရှုံးမှုများရှိလာပါက စားသုံးသူရေးရာဦးစီးဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ ဆက်သွယ်တိုင်ကြားနိုင်ပြီး Consumer Call Center 1535 သို့လည်း ဆက်သွယ်တိုင်ကြားနိုင်ကြောင်းများ ဟောပြောဆွေးနွေးခဲ့ပြီး အဆိုပါဟောပြောပွဲသို့ MSME လုပ်ငန်းရှင်များ (၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြိတ်မြို့ရှိ စားအုန်းဆီရောင်းချနေသော အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

       ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ၊ ၂၄ ရက်နေ့၊ နံနက် ၀၉း၃၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် စားသုံးဆီလက်လီအရောင်းဆိုင်များ မြိတ်ခရိုင်၊ စားသုံးဆီဖြန့်ဖြူးရောင်းချမှု ကြီးကြပ်ရေးအဖွဲ့ဝင်များဖြစ်ကြသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့ဖြင့်ပူးပေါင်း၍ ဆိပ်ငယ်ရပ်၊ ဆိပ်ငယ်စျေးကြီး၊ မြိတ်မြို့ရှိ စားအုန်းဆီအရောင်းဆိုင်များသို့ သွားရောက်၍ စားအုန်းဆီများအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချနေခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

         ကွင်းဆင်းစစ်ဆေးရာတွင် မြိတ်မြို့အတွင်း စားအုန်းဆီခွဲတမ်းရရှိမှုအခြေအနေ၊ နေ့စဥ်ရောင်းချမှုနှင့် ရည်ညွှန်းစျေးနှုန်းအတိုင်းရောင်းချခြင်း ရှိ/ မရှိ၊ စည်းကမ်းဖော်ဖျက်မှုများ ရှိ/ မရှိ စစ်ဆေးခြင်းနှင့် ခွဲတမ်းရရှိမှု၊ ရောင်းချမှုအခြေအနေများနှင့်ပတ်သက်၍ စာရင်းဇယားမှန်ကန်စေရေး အလေးထားဆောင်ရွက်သွားရန် လိုအပ်ပါကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရမည့် ကျင့်ဝတ်များအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြိတ်မြို့ပေါ်တွင် ဇူလိုင်လအတွင်း စျေးကွက်မရောက်မီစောင့်ကြည့်စစ်ဆေးခြင်း

          ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့၊ ၁၄း၀၀ နာရီအချိန်တွင် မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီး မှူးနှင့်ဝန်ထမ်းများသည် အမှတ်(၅၀)၊ စိန်ပန်းပြာလမ်း၊ မြိတ်တောင်ရပ်၊ မြိတ်မြို့ရှိ အောင်အမှတ်တံဆိပ် အသင့်စားမုန့်အမျိုးမျိုး ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် မုန့်လုပ်ငန်းအား စျေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်း(Pre Market Surveillance)အား ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

          အဆိုပါစစ်ဆေးဆောင်ရွက်ရာတွင် စားသုံးသူပြည်သူများ စျေးကွက်အတွင်း ကုန်စည်များအား ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ယုံကြည်စိတ်ချမှုရှိစွာ ဝယ်ယူသုံးစွဲနိုင်စေရန်အတွက် ကုန်စည်ထုတ်လုပ်/ ဖြန့်ဖြူးရောင်းချနေမှုများနှင့် စပ်လျဥ်း၍ စျေးကွက်မရောက်မီစစ်ဆေးခြင်း (Pre Market Surveillance) အားဆောင်ရွက်ရာ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းများနှင့်စပ်လျဥ်း၍  စားသုံးသူကာကွယ်ရေးဥပဒေပါ သတ်မှတ်ချက်များနှင့် အညီ ပြည်စုံမှန်ကန်စွာပါရှိမှုများ ရှိ/ မရှိ၊ သန့်ရှင်းသပ်ရပ်စွာဖြင့် ဘေးအန္တရယ်ကင်းရှင်းစွာ ထုတ်လုပ်ရောင်းချမှုများ ရှိ/ မရှိနှင့်အခြားသက်ဆိုင်ရာဌာနဆိုင်ရာများ၏ ထောက်ခံချက်များပါရှိမှုရှိ/ မရှိအား စစ်ဆေးဆောင်ရွက်ရာတွင် သတ်မှတ်ချက်များနှင့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြိတ်မြို့ပေါ်ရှိ MSME လုပ်ငန်းများမှ ထုတ်ကုန်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြပါရှိရေး ဒုတိယအကြိမ် စစ်ဆေးဆောင်ရွက်ခြင်း

          ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့၊ ၁၅း၁၅ နာရီအချိန်တွင် မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီး မှူးနှင့်ဝန်ထမ်းများသည် မြိတ်မြို့ပေါ်ရှိ ဒေသတွင်း MSME လုပ်ငန်းများမှ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် ထုတ်ကုန်များတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ သတ် မှတ်ချက်များနှင့်အညီပြည့်စုံမှန်ကန်စွာဖော်ပြပါရှိမှုများ ရှိ/မရှိ၊ ထုတ်လုပ်သည့်ရက်စွဲ သက်တမ်းကုန် ဆုံးသည့်ရက်စွဲများ ဖော်ပြပါရှိမှုများ ရှိ/မရှိအား မြိတ်မြို့ပေါ်ရှိ ဒေသထွက် ပြည်တွင်းထုတ် MSME ထုတ်ကုန်များအား ဇွန်လအတွင်း ပထမအကြိမ်စစ်ဆေးဆောင်ရွက်ခဲ့ပြီး သတ်မှတ်ချက်များနှင့် ကိုက်ညီမှန်ကန်မှုရှိစေရန်  ပညာပေးကာလ (၁)လသတ်မှတ်အချိန်ပေးခဲ့ပြီး ယခုဇူလိုင်လအတွင်း ဒုတိယအကြိမ်အဖြစ်ပြန်လည်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          အဆိုပါစစ်ဆေးဆောင်ရွက်ရာတွင် မြိတ်မြို့ပေါ်ရှိ အသင့်သောက်အချိုရည်အမျိုးမျိုးလုပ်ငန်း၊ ကော်ဖီစေ့နှင့်အမှုန့်လုပ်ငန်း၊ အသင့်စားမုန့်အမျိုးမျိုးလုပ်ငန်းများနှင့် တိုင်းရင်းဆေးဝါးလုပ်ငန်းများအား ဇွန်လအတွင်း စစ်ဆေး‌ဆောင်ရွက်ခဲ့ပြီး ပညာပေးကာလ(၁)လအဖြစ်သတ်မှတ်ပြင်ဆင်ချိန်ပေးခဲ့ပြီး ယခုဇူလိုင်လအတွင်း ဒုတိယအကြိမ်မြေပြင်ကွင်းဆင်း ကြပ်မတ်စစ်ဆေးဆောင်ရွက်ရာတွင်  ဒေသတွင်းထုတ်လုပ်သည့် MSME ထုတ်ကုန်အများစုတွင် ကုန်အညွှန်းအမှတ်အသားများမှာ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားများ ပြည်စုံမှန်ကန်စွာပါရှိလာကြောင်း စစ်ဆေးတွေ့ရှိရပြီး ဌာနအနေဖြင့်လိုအပ်သည့်ကိစ္စရပ်များအား ကူညီဆောင်ရွက်ပေးနိုင်သည့် ကိစ္စရပ်များအား ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

DOCA(တနင်္သာရီ)

စား‌သောက်ကုန် ၈ မျိုးတွင် ကိုယ်ပိုင်ဖူလုံမှုရရှိပြီဖြစ်ကြောင်းပြောကြားခဲ့သည့် အင်ဒိုနီးရှားသမ္မတ

        အင်ဒိုနီးရှားနိုင်ငံသည် နိုင်ငံတော်ဆန်သိုလှောင်ပမာဏ သမိုင်းတစ်လျှောက် အမြင့်ဆုံးသို့ ရောက်ရှိလာခြင်းနှင့် စိုက်ပျိုးရေးကဏ္ဍရှိ တောင်သူလယ်သမားများ၏လူမှုစီးပွားဘဝ သိသာစွာ တိုးတက်ကောင်းမွန်လာခြင်းတို့ကိုအခြေခံ၍ အဓိကစားသောက်ကုန် ၈ မျိုးတွင် ကိုယ်ပိုင်ဖူလုံမှု ရရှိထားပြီဖြစ်ကြောင်း အင်ဒိုနီးရှားသမ္မတ Prabowo Subianto က ဇူလိုင် ၂၁ ရက်တွင် ပြောကြားခဲ့ပါသည်။ ဂျကာတာမြို့ရှိ နိုင်ငံတော်သမ္မတအိမ်တော်၌ကျင်းပသည့် အစိုးရအဖွဲ့ အစည်းအဝေးတွင် သမ္မတ Prabowo က ထိုအောင်မြင်မှုသည် ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာ အကျပ်အတည်းဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များကိုကာကွယ်နိုင်မည့် အရေးပါသော အခြေခံ အုတ်မြစ်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် တောင်သူလယ်သမားများ၏ ဝယ်ယူနိုင်စွမ်း နှင့် စီးပွားရေးအခြေအနေကိုတိုင်းတာသည့် အရေးပါသောညွှန်းကိန်းဖြစ်သည့် တောင်သူလယ်သမား ဖလှယ်နှုန်း (Farmer’s Exchange Rate - NTP) သည်လည်း သမိုင်းတစ်လျှောက် အမြင့်ဆုံးအဆင့်သို့ရောက်ရှိလာကြောင်း သိရပါသည်။ သမ္မတ၏ မိန့်ခွန်းတွင် ကိုယ်ပိုင်ဖူလုံသည့် စားသောက်ကုန်များကို သီးခြားဖော်ပြထားခြင်းမရှိသော်လည်း အမျိုးသားစားနပ်ရိက္ခာအေဂျင်စီ (Bapanas) ၏ ၂၀၂၆ ခုနှစ် စားသောက်ကုန်ချိန်ခွင်လျှာ ခန့်မှန်းချက်အရ ပြည်တွင်းထုတ်လုပ်မှုနှင့် ရရှိနိုင်မှု ဝယ်လိုအားထက်ကျော်လွန်နေသည့် စားသောက်ကုန် ၈ မျိုးမှာ ဆန်၊ တိရစ္ဆာန် အစာအတွက်ပြောင်း၊ စားသုံးသကြား၊ ငရုတ်သီးအကြီး၊ ငရုတ်သီးစပ်၊ ကြက်သွန်နီ၊ ကြက်သားနှင့် ကြက်ဥတို့ဖြစ်ကြောင်း သိရပါသည်။ သို့ရာတွင် ပဲပုပ်၊ ကြက်သွန်ဖြူနှင့် အမဲသား/ကျွဲသားတို့မှာ ပြည်တွင်းလိုအပ်ချက်ကိုမပြည့်မီသေးဘဲ ရောင်းလိုအားလျော့နည်းမှု ဆက်လက်ရှိနေကြောင်း လည်း ဖော်ပြထားပါသည်။ ၎င်းအပြင် သမ္မတ Prabowo က နိုင်ငံ၏ စားနပ်ရိက္ခာဖူလုံရေးသည် စွမ်းအင်ကဏ္ဍမူဝါဒများနှင့် တိုက်ရိုက်ဆက်စပ်နေကြောင်း၊ အုန်းဆီကိုအခြေခံထုတ်လုပ်သည့် B50 ဇီဝဒီဇယ် အသုံးပြုမှုကို တိုးချဲ့ဆောင်ရွက်နေခြင်းသည် ပြည်ပမှဒီဇယ်လောင်စာ တင်သွင်းနေရမှုကိုလျှော့ချနိုင်မည့် အရေးပါသောအစီအစဉ်ဖြစ်ကြောင်းနှင့် စားနပ်ရိက္ခာကဏ္ဍနှင့် စွမ်းအင်ကဏ္ဍတို့ကို တစ်ပြိုင်နက်အားကောင်းစေရန်ဆောင်ရွက်ခြင်းသည် ကမ္ဘာ့စီးပွားရေး အပြောင်း အလဲများနှင့် ထိခိုက်မှုများကိုရင်ဆိုင်နိုင်ရေးအတွက် အင်ဒိုနီးရှားနိုင်ငံ၏ အဓိကမဟာဗျူဟာဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)

ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ မြေပြင်ကွင်းဆင်းဆောင်ရွက်မှု အသိပညာပေး Talk Show  ပြုလုပ်ခြင်း

          ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ဆေးရေအရာရှိ ဒေါ်မိုးမိုးကြည်သည် (၂၀.၇.၂၀၂၆)ရက်နေ့၊ နံနက်(၁၁း၀၀) နာရီအချိန်တွင် ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ မြေပြင်ကွင်းဆင်းဆောင်ရွက်မှု အသိပညာပေး Talk show ပြုလုပ်ခဲ့ပါသည်။

    ထိုသို့ဟောပြောပွဲတွင် ဒေါ်မိုးမိုးကြည်က စားသုံးသူများ၏အခွင့်အရေးနှင့်အကျိုးစီးပွား ကိုကာကွယ်ပေးနိုင်ရန်အတွက် စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ်၊ မတ်လ ၁၅ ရက် နေ့တွင်အတည်ပြုပြဋ္ဌာန်းခဲ့ပါကြောင်း၊ စားသုံးသူအခွင့်အရေး ()ချက်အကြောင်းအရာများ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ၂၀၁၉ပါပြဌာန်းချက်များမှ အခန်း(၁၈)ရှိကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်၍ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာများအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး  မြေပြင်ကွင်းဆင်းစစ်ဆေးရာတွင်လည်း စစ်ဆေးရမည့်စစ်ဆေးရေးအရာရှိက စားသုံးသူကာ ကွယ်ရေးဥပဒေ အခန်း(၁၈) ပါ ပုဒ်မ(၄၁) ပုဒ်မခွဲ (ခ)နှင့်(ဂ)တို့ပါ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်အလေးချိန်၊ သုံးစွဲပုံနည်းလမ်းနှင့်ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်တို့အား  အသေးစိတ်ရှင်းလင်းပြော ကြားခဲ့ပါသည်။ ထို့နောက်စားသုံးသူထိခိုက်နစ်နာလျှင် တိုင်ကြားနိုင်မည့်နည်းလမ်းများဖြစ်သည့် (www.doca.gov.mm)   ၊  Facebook Pages ၊  Messengerနှင့် Consumer Call Center Hotline 1535 တို့ကို တိုင်ကြားနိုင်သည့်အကြောင်းကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ထုတ်ကုန်များလုံခြုံ စိတ်ချရမှုရှိစေရေး၊ စက်ရုံများသို့ ကွင်းဆင်းစစ်ဆေးခြင်း

      ၁၇.၇.၂၀၂၆ ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ ပိုင်းခရိုင်ဦးစီးမှူးရုံးမှ  ဦးမောင်ကျော်မြင့် (ဒု-ခရိုင်ဦးစီးမှူး)နှင့်ဝန်ထမ်းများသည်  အရှေ့ဒဂုံမြို့ နယ်၊ အရှေ့ဒဂုံစက်မှုဇုန်ရှိ Pucci စားသောက်ကုန်လုပ်ငန်းနှင့် Xin Gu Long Food Co.ltd (ပဲတို့ဖူးလိပ်ကြော်ထုတ်လုပ်ခြင်းလုပ်ငန်း)သို့ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်သွားစေရေးတို့အတွက် ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသော ကုန်စည်များတွင်စား သုံးသူကာကွယ်ရေးဥပဒေအရ  ကုန်အညွှန်းအမှတ်အသားများနှင့်ပတ်သက်၍  ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။                                                                                                                                                                                              ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက ပြည်တွင်း/ပြည်ပထုတ်ကုန်များတွင်  စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း၏အမျိုးအမည်၊ အရွယ်အစား၊ အသားတင်ပမာဏနှင့်ထားသိုသိမ်းဆည်းမှုအညွှန်း၊ ကျန်းမာရေးဆိုင်ရာ      ဘေးထွက်ဆိုးကျိုးဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်များအား ပြည့်စုံစွာဖော်ပြထားသော ကုန်ပစ္စည်းများကိုသာ ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချရန်နှင့်  စီးပွားရေးလုပ်ငန်းရှင်များသည် မိမိတို့ထုတ်လုပ်သည့်ကုန်စည်များကို စားသုံးသူများဝယ်ယူအသုံးပြုရာတွင် ဘေးအန္တ ရာယ်ကင်းရှင်းပြီး အရည်အသွေးမြင့်မားသည့် ကုန်စည်များကို ထုတ်လုပ်ဖြန့်ဖြူးရောင်းချနိုင်စေရန်အတွက် စီးပွားရေးလုပ်ငန်းရှင်များမှ ဥပဒေနှင့်အညီ ထိန်းကျောင်းကြပ်မတ်ဆောင်ရွက်နိုင်ခြင်းဖြင့် ဌာန၏ရည်မှန်းချက်ကိုလည်း ပိုမိုထိရောက်လာနိုင်မည်ဖြစ်ပြီး အထက်ဌာန၏လမ်းညွှန် ချက်များကိုလည်း ထိရောက်စွာလိုက်နာဆောင်ရွက်ရန် အသိပညာပေး‌ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ ဘူးသွပ်ဆီ(အဆင့်မြင့်စားအုန်းဆီ)များ ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း မရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်း ”

      စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်အရ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်အတွင်းရှိ စည်ပင်သာယာမြို့မဈေးနှင့် ဘုရားကုန်းဈေးတို့တွင် ရောင်းချနေသော ဘူးသွပ်ဆီများကို စားသုံးသူပြည်သူများ ဝယ်ယူစားသုံးရာတွင်အဆင်ပြေစေ ရန်ရည်ရွယ်၍ ဇူလိုင်လ(၁၆)ရက်နေ့၊ နေ့လယ်(၁၃း၀၀)နာရီအချိန်တွင် ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

      ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှဝန်ထမ်းများ ပူးပေါင်း၍ သန်လျင်မြို့နယ်အတွင်းရှိ စည်ပင်သာယာမြို့မဈေးနှင့် ဘုရားကုန်းဈေးတို့အတွင်း ရောင်းချနေသော ဘူးသွပ်ဆီ(အဆင့် မြင့်စားအုန်းဆီ) အမျိုးမျိုးများ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မရှိစေရေးအတွက် ဆိုင်ရှင်များထံ အဝယ်ပြေစားများပြစေပြီး ၎င်းဈေးနှုန်းအပေါ်၍ တင့်သင့်မျှတသော ဈေးနှုန်းများဖြင့် ပြန်လည်ရောင်းချကြရန်၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများမပြုလုပ်ကြရန် ဆိုင်ပိုင်ရှင်လုပ်ငန်းရှင်းများနှင့်တွေ့ဆုံပြောကြားခဲ့ပြီး ဘူးသွပ်ဆီအမျိူးအစားအလိုက် ဝယ်ဈေးနှုန်း၊ ရောင်းဈေးနှုန်းများကောက်ယူခဲ့ပြီး ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးမှုုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

အစားအသောက်ရောင်းချသည့် ဝန်ဆောင်မှုများနှင့် ပတ်သက်၍ စားသောက်ဆိုင်များသို့  အဖွဲ့စုံဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊  ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးမောင်ကျော်မြင့်(ဒု-ခရိုင်ဦးစီးမှူး)နှင့်ဝန်ထမ်းများသည် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး ဦးစီးဌာနတို့ပူးပေါင်း၍ ဒေါပုံမြို့နယ်၊ သူဌေးမစားသောက်ဆိုင်၊ ခရေစန်းစားသောက်ဆိုင်၊ KING STAR စားသောက် ဆိုင်သို့ (၁၄.၇.၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ဝန်ဆောင်မှုကဏ္ဍ၃ရပ်နှင့်စပ်လျဉ်း၍ စစ်ဆေးရမည့် အစားအသောက်ရောင်းချသည့် ဝန်ဆောင်မှုများနှင့် ပတ်သက်၍ စားသောက်ဆိုင်များသို့ အဖွဲစုံဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

        ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် အစားအသောက်ပြုပြင်ရောင်းချသည့်နေရာ သန့်ရှင်းမှု ရှိ/ မရှိ၊ အစားအသောက်ကိုင်တွယ်ချက်ပြုတ်သူများ၌ သင့်လျော်သောဝတ်စုံ၊ ဦးထုပ်၊ လက်အိတ် ဝတ်ဆင်ထားခြင်းရှိ/ မရှိ၊ အစားအသောက်ပြင်ဆင်သည့်နေရာနှင့်ချက်ပြုတ်သည့်နေရာများတွင် သန့်ရှင်းမှုရှိ/မရှိ၊ ဝန်ဆောင်မှုပေးသူ၏ တစ်ကိုယ်ရည်သန့်ရှင်းမှုရှိ/ မရှိ၊ အစားအသောက်များ လတ်ဆတ်သန့်ရှင်းမှုရှိ/ မရှိ၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူများအား သတင်းအချက်အလက် ကြိုတင်အသိပေးဖော်ပြထားခြင်းရှိ/ မရှိ၊ ရောင်းချသည့် အစားအသောက်များ၏အမျိုး အစားအလိုက်ဈေးနှုန်းအား စားသုံးသူများသိရှိစေရန် ပွင့်လင်းမြင်သာစွာကြိုတင်အသိပေးဖော်ပြထားခြင်း ရှိ/ မရှိ၊ ဝန်ဆောင်မှုပေးသည့် အဖိုးအခကောက်ခံမည်ကို ကြိုတင်အသိပေးဖော်ပြထားခြင်းရှိ / မရှိနှင့် စားသုံးသူများစားသုံးရန်(သို့)အသုံးပြုရန်သင့်/မသင့်စစ်ဆေးခြင်းကို အဖွဲ့စုံဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိ

        ၁၆.၇.၂၀၂၆ ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ ပိုင်းခရိုင်ဦးစီးမှူးရုံးတွင် ဦးဇော်မင်းလတ်(ခရိုင်ဦးစီးမှူး)သည် ဖြန့်ဖြူးရောင်းချလျက်ရှိသော ပြည်တွင်း/ ပြည်ပထုတ် Msme ထုတ်ကုန်များတွင် စားသုံးသူကာကွယ်ရေးဥပဒေအရ ကုန်အညွှန်းအမှတ်အသားများနှင့်ပတ်သက်၍ လုပ်ငန်းရှင်များနှင့် အသေးစိတ်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

       ထိုသို့ဆွေးနွေးရာတွင် ဦးဇော်မင်းလတ်(ခရိုင်ဦးစီးမှူး)က ပြည်တွင်း/ပြည်ပထုတ်Msme ထုတ်ကုန်များတွင်  စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း၏ အမျိုးအမည်၊ အရွယ်အစား၊ အသားတင်ပမာဏနှင့် ထားသိုသိမ်းဆည်းမှုအညွှန်း၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်များအား ပြည့်စုံစွာဖော်ပြထား သောကုန်ပစ္စည်းများကိုသာ ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချရန်နှင့်  စီးပွားရေးလုပ်ငန်းရှင်များသည် မိမိတို့ထုတ်လုပ်သည့်ကုန်စည်များကို စားသုံးသူများဝယ်ယူအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းပြီး အရည်အသွေးမြင့်မားသည့် ကုန်စည်များကို ထုတ်လုပ်ဖြန့်ဖြူးရောင်းချနိုင်စေရန်အတွက် စီးပွားရေးလုပ်ငန်းရှင်များမှ ဥပဒေနှင့်အညီ ထိန်းကျောင်းကြပ်မတ်ဆောင်ရွက်နိုင်ခြင်းဖြင့် ဌာန၏ရည်မှန်းချက်ကိုလည်းပိုမိုထိရောက်လာနိုင်မည်ဖြစ်ပြီး အထက်ဌာန၏လမ်းညွှန်ချက်များကိုလည်း ထိရောက်စွာလိုက်နာဆောင်ရွက်ရန် အသိပညာပေး‌ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - HighLight News