HighLight News

Powered by Drupal

အွန်လိုင်းမှတ်ပုံတင် လျောက်ထားခြင်းနှင့် ပတ်သက်၍ မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှဦးသိန်းထွန်း (စစ်ဆေးရေးအရာရှိ)နှင့် ဝန်ထမ်းများသည်(၂၇.၁၁.၂၀၂၅)ရက်နေ့၊ နံနက် (၁၀:၃၀)နာရီအချိန်တွင် Shop Box online shopမှရောင်းချသည့် အဝတ်အထည်နှင့်ဆက်စပ်ပစ္စည်းများ အဿကလမ်း(၂၀)၊ (၁၀)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်သို့သွားရောက်၍ OnlineSale မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များ ကိုက်ညီမှုရှိ/မရှိကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

       ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကိုဆွေးနွေးရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ စားသုံးသူများကို အကာအကွယ်ပေးရန်နှင့် e-Commerce လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်းလုပ်ငန်းများကို အရေးကြီးကုန်စည် ဝန်ဆောင်မှုအဖြစ်သတ်မှတ်ပြီး လုပ်ငန်းမှတ်ပုံတင်လက်မှတ်များကို ခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း၊ e-Commerce Registration စနစ်မှတစ်ဆင့်လျှောက်ထားလာသော အွန်လိုင်းစနစ်နဲ့ရောင်းချခြင်းလုပ်ငန်းမျာ၏ လျှောက်လွှာများနှင့် သက်တမ်းတိုးသောလျှောက်လွှာများကို သက်ဆိုင်ရာတာဝန်ရှိသူများက အချက်အလက်မှန်ကန်မှုရှိ/ မရှိ မြေပြင်ကွင်းဆင်း စစ်ဆေးပြီးမှသာ Online Sale လုပ်ငန်းမှတ်ပုံတင်လက်မှတ်များ ထုတ်ပေးသွားမှာဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ရတနာဦး ဆန်ရောင်းဝယ်ရေးသို့ (Myro) မှတ်ပုံတင်ခြင်းနှင့် ပတ်သက်၍ အသိပညာပေးမှုများ ဆောင်ရွက်လျက်ရှိ

       (၂၇.၁၁.၂၀၂၅) ရက်နေ့၊ နံနက်(၁၂:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ်(ခရိုင်ဦးစီးမှူး)နှင့် ဝန်ထမ်းများသည်  မြန်မာ နိုင်ငံဆန်စပါးအသင်းချုပ်တို့ပူးပေါင်း၍  အမှတ်(၁၉)(က)၊ ဇင်္ဂမလမ်း၊ (၂)မြောက်ရပ်ကွက်၊ သာကေတမြို့နယ်ရှိ မိတ်ဆက်ဆန်ရောင်းဝယ်ရေးအရောင်းဆိုင်သို့ မြန်မာဆန်/စပါးအွန်လိုင်း (Myro)တွင် မှတ်ပုံတင်ခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ အသိပညာပေးမှုများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

        ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် န်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ် (ခရိုင်ဦးစီးမှူး)က ဈေးကွက်အတွင်းရှိ စားသုံးဆန်များအားပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အရည်အသွေးမှန်၊ အလေးချိန်မှန်ဖြင့် ရောင်းချပေးနိုင်ရေးဆွေးနွေးပြောကြားခဲ့ပြီး ဆန်စပါးသိုလှောင်ရုံများအနေဖြင့် ဆန်တန်ချိန် ၂၅ နှင့်အထက်သိုလှောင်ရုံ သို့မဟုတ် စပါးတင်း ၂၅၀၀ နှင့် အထက် သိုလှောင်ရုံတစ်မျိုးမျိုးကိုပိုင်ဆိုင်သူ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် www.myro.com.mm တွင်ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ခြင်းလုပ်ငန်းကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

မိတ်ဆက် ဆန်ရောင်းဝယ်ရေးသို့ (Myro) မှတ်ပုံတင်ခြင်းနှင့် ပတ်သက်၍ အသိပညာပေးမှုများ ဆောင်ရွက်လျက်ရှိ

     (၂၆.၁၁.၂၀၂၅)ရက်နေ့၊ နေ့လယ် (၁၅:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ်(ခရိုင်ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့ပူးပေါင်း၍ အမှတ်(၁၉)(က)၊ဇင်္ဂမလမ်း၊(၂)မြောက်ရပ်ကွက်၊ သာကေတမြို့နယ်ရှိ မိတ်ဆက်ဆန်ရောင်းဝယ်ရေးအရောင်းဆိုင်သို့ မြန်မာဆန်/ စပါးအွန်လိုင်း (Myro)တွင် မှတ်ပုံတင်ခြင်းလုပ်ငန်းများနှင့် ပတ်သက်၍ အသိပညာပေးမှုများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

       ထိုသို့ ဆောင်ရွက်ရာတွင် ဦးဇော်မင်းလတ်(ခရိုင်ဦးစီးမှူး)က မြန်မာနိုင်ငံဆန်စပါးသို လှောင်ရုံမှတ်ပုံတင်ဆောင်ရွက်ထားရှိခြင်းရှိ/ မရှိစစ်ဆေးခဲ့၍ ဆန်စပါးသိုလှောင်ရုံများအနေဖြင့် ဆန်တန်ချိန် ၂၅နှင့်အထက်သိုလှောင်ရုံ(သို့)စပါးတင်း၂၅၀၀နှင့်အထက် သိုလှောင်ရုံတစ်မျိုးမျိုးကို ပိုင်ဆိုင်သူစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် www.myro.com.mm  တွင်ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ခြင်းလုပ်ငန်းကိုဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် My Ro မှတ်ပုံတင်နိုင်ရေးအတွက် အသိပေးပြောကြားခဲ့ပြီး ဈေးကွက်အတွင်း ဆန်ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုင်ရှင်များအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

စိန်ရွှေမြဆန်ရောင်းဝယ်ရေး အရောင်းဆိုင်သို့ (Myro)တွင်မှတ်ပုံတင်ခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ ကွင်းဆင်းစစ်ဆေး

    (၂၆.၁၁.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၃:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ်(ခရိုင်ဦးစီးမှူး)နှင့်ဝန်ထမ်းများသည် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့ပူးပေါင်း၍ အမှတ်(၁)၊ မြင်တော်သာလမ်း၊ ၃/မာန်မြေရပ်ကွက်၊ သာကေတမြို့နယ်ရှိ စိန်ရွှေမြဆန်ရောင်းဝယ်ရေးအရောင်းဆိုင်သို့ မြန်မာဆန်/ စပါးအွန်လိုင်း(Myro)တွင် မှတ်ပုံတင်ခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ ကွင်းဆင်းအသိပညာပေးမှုများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

         ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ဦးဇော်မင်းလတ်(ခရိုင်ဦးစီးမှူး)က ဆန်လက်လီ၊ လက္ကားရောင်းချနေသော ဆန်ဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုကြရန် သတ်မှတ်ထားသည့်ရည်ညွှန်းဈေးဖြင့်သာရောင်းချပေးရန်၊ ဆန်ဈေးနှုန်းများကို အများပြည်သူမြင်သာသည့်နေရာတွင် မြင်သာသောအရွယ်အစားဖြင့် ရေးသားဖော်ပြ၍ရောင်းချကြရန်၊ ဆန်စပါးသိုလှောင်မှုအနေဖြင့် မြန်မာ့ဆန်စပါးအွန်လိုင်း Myanmar Rice Online (My RO)တွင် မှတ်ပုံတင်ထားခြင်းမရှိပါက သက်ဆိုင်ရာမြို့နယ်အလိုက် စားသုံးသူရေးရာဦးစီးဌာနရုံးများနှင့် ချိတ်ဆက်၍ မှတ်ပုံတင်ခြင်းဆောင်ရွက်ထားကြရန် အသေးစိတ်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ဇုန် (၃) ရှိ မြေကွက်အမှတ် (၅၁) တွင် နိုင်ငံတကာအဆင့်မီ ဆန်စက်၊ ဖွဲနုဆီ(ဆီချော)စက်ရုံ၊ စပါးအခြောက်ခံလုပ်ငန်းပြုလုပ်မည့်နေရာအား ကွင်းဆင်းစစ်ဆေးခြင်း

        (၂၅.၁၁.၂၀၂၅) ရက်နေ့ နေ့လယ် (၁၅:၀၀) နာရီအချိန်တွင် လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်ရှိ နိုင်ငံတကာအဆင့်မီ ဆန်စက်၊ ဖွဲနုဆီ(ဆီချော)စက်ရုံ၊ စပါးအခြောက်ခံလုပ်ငန်း ပြုလုပ်မည့်နေရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးအောင်ဘော်ပါ (၃) ဦး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်လဲ့လဲ့စိုး၊ ဒုဦးစီးမှူး၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ (၁) ဦး၊ မြို့နယ်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းအဖွဲ့များသည် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

        ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြန်မာအဂရီဘစ္စနက်ပက်ဘစ်ကုမ္ပဏီလီမိတက် (Myanmar Agribusiness Public Company Limited) က ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံခန့်ခွဲလျက်ရှိသော မြေကွက်အမှတ် (၅၁) တွင် နိုင်ငံတကာအဆင့်မီဆန်စက်၊ ဖွဲနုဆီ(ဆီချော)စက်ရုံ၊ စပါးအခြောက်ခံလုပ်ငန်းဆောင်ရွက်ရန်အတွက် မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

Terminal-M(Ocean)ရှိ ထိုင်းနိုင်ငံထုတ်စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

         (၂၆.၁၁.၂၀၂၅) ရက်နေ့ နေ့လယ် (၁၃:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ (၃) ဦးတို့သည် အမှတ် (၁၉၆)၊ အမှတ် (၃) လမ်းမကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ Terminal-M (Ocean)တွင် ရောင်းချလျက်ရှိသော စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

         ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ထိုင်းနိုင်ငံထုတ်ပစ္စည်းများ၏ ယခင်အပတ်နှင့် ယခုအပတ်တွင် ရောင်းချနေသောဈေးနှုန်းများ ကောက်ခံခြင်းနှင့်ပစ္စည်းများ ပြတ်လပ်မှုရှိ/ မရှိတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး ဈေးကွက်အတွင်း ရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်ပြည့်စုံမှုရှိ/ မရှိအား ဌာနအနေဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးမှု စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကုန်ညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသော ကုန်ပစ္စည်းများအား ဝယ်ယူရောင်းချခြင်းမပြုရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

လှိုင်သာယာမြို့နယ်အတွင်း Modern Mart များအလိုက် ရောင်းချလျက်ရှိသော စားသောက်ကုန်၊ လူသုံးကုန်ဈေးနှုန်းများ၏ အခြေအနေအား ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေး

       စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိများသည် (၂၆.၁၁.၂၀၂၅) ရက်နေ့ နေ့လယ် (၁၂:၀၀) နာရီအချိန်တွင် လှိုင်သာယာမြို့နယ်ရှိ City Mart Supermarket နှင့် Sein Gay Har Supercenter တွင် ရောင်းချလျက်ရှိသော စားသောက်ကုန်၊ လူသုံးကုန်ဈေးနှုန်းများ၏အခြေအနေအား ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

        ကွင်းဆင်းစစ်ဆေးရာတွင် City Mart Supermarket နှင့် Sein Gay Har Supercenter တွင် ရောင်းချနေသော စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများနှင့်ပတ်သက်၍ ဈေးနှုန်းမြှင့်တက်မှုရှိ/ မရှိ၊ ပစ္စည်းပြတ်လပ်မှုရှိ/ မရှိ၊ ကုန်ပစ္စည်းကန့်သတ်ရောင်းချခြင်းရှိ/ မရှိနှင့် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များ ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ စစ်ဆေးခဲ့ပြီး ယခင်အပတ်ဈေးနှုန်းနှင့် ယခု အပတ်တွင်ရောင်းချနေသော ဈေးနှုန်းများ ကောက်ယူခဲ့ပြီး ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

အင်းစိန်မြို့နယ်နှင့် မင်္ဂလာဒုံမြို့နယ်ရှိ ဈေးများသို့ ဈေးနှုန်းကောက်ယူခြင်းနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          (၂၆.၁၁.၂၀၂၅) ရက်နေ့နံနက် (၁၀:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ (၃) ဦးတို့ အင်းစိန်မြို့နယ်နှင့် မင်္ဂလာဒုံမြို့နယ်ရှိဈေးများတွင် ဈေးတာဝန်ခံနှင့်ပူးပေါင်း၍ ဈေးနှုန်းကောက်ယူခြင်းနှင့် ဈေးကွက်စောင့်ကြည့် ကွင်း ဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ထိုင်းနိုင်ငံထုတ်ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ စစ်ဆေးခဲ့ပြီး ဒေါ်နီလာဝင်း၊ ဦးစီးမှူးက ကုန်စုံဆိုင်ရှိ စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း (၁၈) ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မခွဲ (ခ)နှင့်(ဆ)တို့ပါ အချက်များကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာ တစ်ခု(သို့)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေရေးသားဖော်ပြရမည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

Lwin Maung Maung Co.,Ltd ဘူးသွင်းဆီထုတ်လုပ်သည့်စက်ရုံသို့ ကွင်းဆင်းစစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးလှစိုးပါ (၃) ဦးတို့သည် (၂၅.၁၁.၂၀၂၅)ရက်နေ့ ညနေ(၁၆:၂၀) နာရီအချိန်တွင် အမှတ်‌(၆၇၊ ၆၈၊ ၆၉၊ ၇၀)၊ ကနောင် မင်းသားကြီးလမ်း၊ ရွှေလင်ပန်းစက်မှုဇုန်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ စားအုန်းဆီဘူးသွင်း ထုတ်လုပ်သည့်စက်ရုံသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ဆောင်ရွက်ခဲ့ရာတွင် Lwin Maung Maung Co.,Ltd မှ ထုတ်လုပ်မှုတာဝန်ခံ ဦးပိုင်ဖြိုးသူမှ ယခုအခါတွင် IV-62 အရည်အသွေးရှိအဆင့်မြင့်စားအုန်းဆီကို “Swan”အမည်ဖြင့် ဆိုဒ်မျိုးစုံဖြင့် ထုတ်လုပ်ရောင်းချမည်ဖြစ်ကြောင်း သက်ဆိုင်ရာဌာနများ၏ လုပ်ငန်းထုတ်လုပ်မှု အထောက်အထားများ ရရှိထားပြီးဖြစ်ကြောင်း ကွင်းဆင်းစစ်ဆေးချက်အရ သိရှိရပါသည်။

DOCA (ရန်ကုန်)

လှိုင်သာယာမြို့နယ်ရှိ အဆင့်မြင့်စားအုန်းဆီဘူးသွင်းထုတ်လုပ်သည့်စက်ရုံသို့ သွားရောက်၍ လုပ်ငန်းရှင်အသိပညာပေးဆွေးနွေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးလှစိုးပါ (၃)ဦးတို့သည် (၂၅.၁၁.၂၀၂၅)ရက်နေ့ ညနေ(၁၇:၀၀)အချိန်တွင် အမှတ်‌(၆၇၊ ၆၈၊ ၆၉၊ ၇၀)၊ ကနောင် မင်းသားကြီးလမ်း၊ ရွှေလင်ပန်းစက်မှုဇုန်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ အဆင့်မြင့်စားအုန်း ဆီဘူးသွင်း ထုတ်လုပ်သည့်စက်ရုံသို့ သွားရောက်၍ လုပ်ငန်းရှင်အား အသိပညာပေးဆွေးနွေး ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

        အဆိုပါ လုပ်ငန်းရှင်အား အသိပညာပေးရာတွင် ခရိုင်ဦးစီးမှူး ဦးလှစိုးမှ စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၈)တွင် ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်သည့်အချက်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်အနေဖြင့် တာဝန်များ ဖောက်ဖျက်ကျူးလွန်ပါက ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်း၊ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

Pages

Subscribe to RSS - HighLight News