HighLight News

Powered by Drupal

ဓနုဖြူမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများအား စားအုန်းဆီဖြန့်ဖြူးရောင်းချမှုဆိုင်ရာ ရှင်းလင်းဆွေးနွေး

         ဓနုဖြူမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး သင်တန်းဖွင့်ပွဲအခမ်းအနားကို (၁၀-၈-၂၀၂၆) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

         အဆိုပါ အခမ်းအနားတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူက ရပ်ကွက် /ကျေးရွာ အုပ်ချုပ်ရေးမှူးများအား စားအုန်းဆီဖြန့်ခွဲရောင်းချမှုနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့သည်။ ရှင်းလင်း ဆွေးနွေးရာတွင် ပြည်သူများ စားအုန်းဆီကို သတ်မှတ်ပမာဏအတိုင်း အပြည့်အဝရရှိနိုင်ရေးကို ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ပြီး အိမ်ထောင်စုစာရင်းအလိုက် စားအုန်းဆီထုတ်ယူခွင့် စာအုပ်အသုံးပြု၍သာ စနစ်တကျ ဖြန့်ဖြူးရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။ တစ်အိမ်ထောင်စုလျှင် တစ်လအတွင်း စားအုန်းဆီ (၁) ပိဿာနှင့် (၅၀) ကျပ်သား အပြည့်အဝရရှိနိုင်ရေးကို ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

          ထို့အပြင် စားအုန်းဆီများ ဖြန့်ဖြူးရာတွင် အလေအလွင့်မဖြစ်ပေါ်စေရေး၊ သတ်မှတ်အကျိုး ခံစားခွင့်ရှိသူများထံ မှန်ကန်စွာရောက်ရှိစေရေးနှင့် စာရင်းဇယားများ တိကျမှန်ကန်စွာ ရှိစေရေးတို့အတွက် ဆီထုတ်ယူခွင့်စာအုပ်ဖြင့်သာ ဖြန့်ဖြူးရောင်းချသွားမည်ဖြစ်ကြောင်း အသိပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

        အဆိုပါ လုပ်ငန်းစဉ်များကို အထက်ဌာန၏ လမ်းညွှန်ချက်များနှင့်အညီ သက်ဆိုင်ရာ မြို့နယ်စီမံ အုပ်ချုပ်ရေးကော်မတီက မြို့နယ်အတွင်းရှိ အိမ်ထောင်စုစာရင်းနှင့် လူဦးရေစာရင်းများကို စိစစ်၍ အမှန်တကယ်အကျိုးခံစားခွင့်ရှိသူများထံ စနစ်တကျ ဖြန့်ဖြူးရောင်းချပေးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

          ထို့သို့ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများအား စားအုန်းဆီဖြန့်ဖြူးရောင်းချမှုဆိုင်ရာ လုပ်ငန်းစဉ်များကို ကြိုတင်ရှင်းလင်းပေးခြင်းဖြင့် ပြည်သူများထံ စားအုန်းဆီများ မျှတစွာနှင့် စနစ်တကျရောက်ရှိနိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို ထည့်သွင်းဆွေးနွေးခဲ့ ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မအူပင်ခရိုင်တွင် ရေနက်ကွင်းများ၌ စိုက်ပျိုးသော လှေဖြင့်ရိတ်သိမ်းရသည့် လှေထိုးစပါး စိုက်ပျိုးအောင်မြင်ထွက်လျက်ရှိ

         ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်အတွင်း ရေနက်ကွင်းများ၌ စိုက်ပျိုးပြီး လှေဖြင့်ရိတ်သိမ်းရသည့် လှေထိုးစပါး စိုက်ပျိုးထုတ်လုပ်မှု အောင်မြင်လျက်ရှိပြီး နှစ်စဉ် စပါးဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။

      လှေထိုးစပါးသည် ရေတက်ရောက်လေ့ရှိသည့် ရေနက်ကွင်းများတွင် စပါးစိုက်ပျိုးပြီး စပါးရိတ်သိမ်းချိန်တွင် ရေပြင်အတွင်း လှေများအသုံးပြု၍ ရိတ်သိမ်းရသည့် စပါးမျိုးဖြစ်သည်။ အဆိုပါစပါးကို ဧပြီလတွင် စတင်စိုက်ပျိုးပြီး စိုက်ပျိုးပြီးနောက် လေးလခန့်အကြာတွင် ရိတ်သိမ်းထွက်ရှိကြောင်း သိရသည်။ လှေထိုး စပါးစိုက်ပျိုးသူ တောင်သူများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းကို နှစ်ပေါင်း ၂၀ ခန့် ဆက်လက် လုပ်ကိုင်လာကြပြီး စိုက်ပျိုးရာတွင် စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးစပါးများ ဝယ်ယူအသုံးပြုကာ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာအကူအညီများကို သက်ဆိုင်ရာဌာနထံမှရယူ၍ စနစ်တကျ စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

        လက်ရှိစိုက်ပျိုးသည့် စပါးမျိုးများမှာ ဆင်းသုခ၊ ဆာဖိုးသာ၊ ၂၁၉ နှင့် GE-11 စသည့်မျိုးများဖြစ်ပြီး တစ်ဧကလျှင် မျိုးစပါး ၃ တင်းမှ ၄ တင်းခန့် အသုံးပြုစိုက်ပျိုးကာ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် စပါး ၇၀ တင်းမှ ၁၀၀ တင်းခန့်အထိ ထွက်ရှိကြောင်း သိရသည်။ ယခုနှစ်တွင် လှေထိုးစပါးထွက်ရှိမှုမှာ ယခင်နှစ်များထက် အနည်းငယ်လျော့နည်းလျက်ရှိသော်လည်း လက်ရှိ စပါးတင်း ၁၀၀ လျှင် အစို ဈေးနှုန်းမှာ ကျပ် ၁၈ သိန်းခန့်ဖြင့် အရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

       လှေထိုးစပါးကို ဝယ်ယူသည့် ကုန်သည်များအနေဖြင့် ၁၅ ဦးမှ ၂၀ ဦးခန့်ရှိပြီး မအူပင်ခရိုင် အတွင်းသာမက ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဈေးကွက်များသို့ ဖြန့်ဖြူးရောင်းချလျက်ရှိရာ အဓိကအားဖြင့် ကျိုက်လတ်မြို့ရှိ ကုမ္ပဏီများသို့ ပို့ဆောင်ရောင်းချလျက်ရှိကြောင်း သိရသည်။ ကုန်သည်များအနေဖြင့် တစ်နေ့လျှင် စပါးတင်း ၄,၀၀၀ မှ ၅,၀၀၀ ခန့်အထိ ဝယ်ယူရရှိလျက်ရှိကြောင်း သိရသည်။

          လှေထိုးစပါး စတင်ဝယ်ယူရရှိသည့်ကာလမှာ ၂၀၂၆ ခုနှစ် ဇူလိုင် ၁ ရက် မှ စတင်ခဲ့ပြီး ဇူလိုင် ၁၅ ရက် ခန့်တွင် လှိုင်လှိုင်ထွက်ပေါ်လာခဲ့ကာ ဩဂုတ် ၃၀ ရက်အထိသာ အရောင်းအဝယ် ဆက်လက်ဖြစ်ပေါ်နိုင်ကြောင်း ကုန်သည်များထံမှ သိရသည်။ လှေထိုးစပါးများ ဝယ်ယူရရှိရာနေရာမှာ မအူပင်–ဖျာပုံ–ကျိုက်လတ် လမ်းမပေါ်ရှိ ကျုံစုတ်ကျေးရွာ ရေလမ်းနှင့် ကုန်းလမ်းဆုံရာနေရာဖြစ်ပြီး အဆိုပါနေရာတွင် နှစ်စဉ် လှေထိုးစပါးများ စုစည်းရောင်း ဝယ်ဖောက်ကားလျက်ရှိကြောင်း သိရသည်။

       လှေထိုးစပါးစိုက်ပျိုးမှုသည် ရေတက်ကွင်းများကို ထိရောက်စွာ အသုံးချ၍ စပါးထုတ်လုပ်နိုင်သည့် ဒေသအလိုက် ထူးခြားသည့် စိုက်ပျိုးရေးလုပ်ငန်းတစ်ရပ်ဖြစ်သည့်အပြင် တောင်သူများ၏ အသက်မွေးဝမ်း ကျောင်းလုပ်ငန်းနှင့် ဒေသတွင်း ဆန်စပါးဈေးကွက်အတွက်လည်း အထောက်အကူပြုလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)                                                                       

ဘိုကလေးမြို့နယ်ရှိ ဆီဖြန့်ဖြူးရောင်းချသူ လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး  အသိပညာပေးဆောင်ရွက်ခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ခရိုင်ဦးစီးမှူးဦးဆောင်မှုဖြင့် မြို့နယ်တာဝန်ခံရုံးတွင် ၂၀၂၆ခုနှစ် ဩဂုတ်လ(၁၀)ရက် နံနက်(၁၁:၀၀)နာရီအချိန်တွင် ဆီဖြန့်ဖြူးရောင်းချသူလုပ်ငန်းရှင် (၃၅)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ကြောင်း သိရသည်။

       ထိုဟောပြောပွဲတွင် ခရိုင်ဦးစီးမှုးမှ ဆီဖြန့်ဖြူးရောင်းချသူလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဥပဒေ အခန်း(၁၀)ပုဒ်မ (၂၁)မှာ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များမှာ ကုန်စည်(သို)ဝန်ဆောင်မှု၏ အာမခံချက် သတ်မှတ်ချက်များနှင့် စပ်လျဉ်း၍ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်များပေးခြင်း၊ စားသုံးသူကို ခွဲခြားမှုမရှိဘဲ ဖြောင့်မတ်မှတ်ကန်စွာဆက်ဆံခြင်း စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်စည်းကမ်းနှင့် အညီ ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်ခြင်း စသည့် စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအား ရှင်းလင်းပြောကြားခြင်း၊ ဆီလုပ်ငန်းရှင်(၃၅)ဦးအား မှန်(၆)မှန် ဖြင့် ဗွီနိုင်းများချိတ်ဆွဲ၍ ပြည့်သူများအား ရောင်းချပေးရန် အသိပညာပေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

ဘိုကလေးမြို့နယ် ဆီဖြန့်ဖြူးရောင်းချသူလုပ်ငန်းရှင်အသင်းနှင့် တွေ့ဆုံခြင်း

          စားသုံးသူရေးရာဦးစီးဌာန ဘိုကလေးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ခရိုင်ဦးစီးမှူးဦးဆောင်မှုဖြင့် ၂၀၂၆ခုနှစ် ဩဂုတ်လ (၁၀)ရက်နေ့ နံနက်(၁၀:၀၀)နာရီတွင် မြို့နယ်တာဝန်ခံရုံး၌ ဆီဖြန့်ဖြူးရောင်းချသူ လုပ်ငန်းရှင်အသင်း(ယာယီ)နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

          ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်း(ယာယီ)ကို ၂၀၂၄ခုနှစ် ဇန်နဝါရီလ(၁၆)ရက်နေ့တွင် ဆီလုပ်ငန်းရှင်(၁၁)ဦးဖြင့် ဥက္ကဌ၊ ဒုဥက္ကဌ၊ဘဏ္ဍာရေးမှူး၊ စာရင်းစစ်အမှုဆောင်အဖွဲ့ဝင်များဖြင့် အသင်းဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေပါကြောင်း၊ မြို့နယ်အနေဖြင့် ဆီလက်လီ/လက္ကား ကိုယ်စားလှယ်များအား ကျေးရွာရပ်ကွက်အိမ်ထောင်စုများ ဆီစာအုပ်များဖြင့် ရောင်းချရာတွင် မှန်(၆)မှန်ဖြင့် ရောင်းချရေးနှင့် ကစားရန်အလိုဌာ သိုလှောင်ခြင်းများကြောင့် ဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်မှုမရှိစေရေးနှင့် ဖြစ်သင့်ဖြစ်ထိုက်သော ဈေးနှုန်းများဖြင့် ပြည်သူများထံသို ရောင်းချပေးရန် အသိပေး/ သတိပေးဆောင်ရွက်သွားရန် ရည်ညွှန်းပါစာဖြင့် အကြောင်းကြားမှုများအရ စားသုံးသူရေးရာဦးစီးဌာနနှင့်ပူးပေါင်း၍ အပတ်စဉ် လစဉ်ကွင်းဆင်းရာတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးကို စားသုံးသူများ စိတ်ကျေနပ်စွာ ရောင်းချပေးကြရန် ဆီအသင်းမှ ကြီးကြပ်ဆောင်ရွက်ပေးရန်လိုကြောင်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ကျိုက်လတ်မြို့ ဆန်စက်လုပ်ငန်းရှင်အသင်းအား စားသုံးသူအသိပညာပေး ဟောပြောခြင်း

     ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ဆန်စက်လုပ်ငန်းရှင်များအသင်းရုံးတွင် (၆.၈.၂၀၂၆)နေ့ (၁၀:၀၀)နာရီအချိန်တွင် ဆန်စက်လုပ်ငန်းရှင်အသင်းအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

       အဆိုပါဟောပြောပွဲသို့ ဆန်စက်လုပ်ငန်းရှင်အသင်း ဥက္ကဌအပါအဝင် (၉)ဦးတက်ရောက်ခဲ့ပြီး မြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင် အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်အတွက် တားမြစ်ချက်များ စားသုံးသူရေးရာကိစ္စရပ်များနှင့် ပတ်သက်၍ ဆောင်ရွက်နေသည့် ကိစ္စရပ်များ၊ မိတ်ဖက်ဌာနများနှင့် ပူးပေါင်းပါဝင်ကူညီဆောင်ရွက်နေသည့် ကိစ္စရပ်များအား ဟောပြောခဲ့ပါသည်။ ဆက်လက်၍ မြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေ းလုပ်ငန်းဆောင်ရွက်နေမှုများအကြောင်း၊ ထုတ်လုပ်သူလုပ်ငန်းရှင်အနေဖြင့် မိမိတို့ထုတ်လုပ်သည့် ကုန်ပစ္စည်းများအား ထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိစေရန် စံချိန်၊ စံညွှန်း၊ အရည်အသွေးမှီ ကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင် ထုတ်ပိုးမှုစနစ်၌ ပါဝင်ရမည့်အချက်များ၊ စားသုံးသူကာကွယ်ရေးဉပဒေပါ စီမံခန့်ခွဲမှုနည်းလမ်းများနှင့် ပြစ်မှု၊ ပြစ်ဒဏ်များ အကြောင်းများနှင့် စားသုံးသူနစ်နာဆုံးရှုံးမှုရှိပါက တိုင်ကြားနိုင်သည့် Call Center 1535 သို့ တိုင်ကြားနိုင်ကြောင်း စားသုံးသူများသာမက လုပ်ငန်းရှင်များပါ စားသုံးသူကိစ္စရပ်များနှင့် ပတ်သက်၍ သိရှိလိုသည်များ ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ အောင်သပြေဈေးရှိ လက်လီလက္ကားစားသုံးဆီဆိုင်များအား ပူးပေါင်းအဖွဲ့ဖြင့် သွားရောက်စစ်ဆေး

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တာဝန်ခံ  ဦးအောင်မိုးနှင့် ဝန်ထမ်းများသည်  မြို့နယ်စည်ပင်နှင့် ပူးပေါင်း၍ (..၂၀၂)ရက်နေ့ နေ့လယ်(၁၃၃၀)နာရီအချိန်တွင် အောင်သပြေဈေးရှိ ကုန်မျိုးစုံအရောင်းဆိုင်များအား ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရပါသည်။

          ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံမှ အောင်သပြေဈေးရှိ လက်လီ/လက္ကားရောင်းချသော ကုန်မျိုးစုံဆိုင်များရှိ Goody, Meizan  အမှတ်တံဆိပ်ပါစားသုံးဆီဘူးများအား ကုန်အညွှန်းအမှတ််အသားပြည့်စုံမှု ရှိ/မရှိကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။ စားသုံးဆီရောင်းချသောဆိုင်ရှင်များအားကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသော စားသုံးဆီဘူးများအား ရောင်းချခြင်းမပြုရန် အထက်ဌာနများ၏ ထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက်များအား  လိုက်နာဆောင်ရွက်ကြရန် ဈေးကွက်အတွင်း ရောင်းချနေသောကုန်စည်များတွင် ကုန်အညွန်းဖော်ပြချက်ပြည့်စုံမှုရှိမရှိအား ဌာနအနေဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုအား စဉ်ဆက်မပြတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးမှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မြောင်းမြခရိုင်၊  အိမ်မဲမြို့နယ်၊ အိမ်မဲကြီးပိုင်းရပ်ကွက်ရှိ  ကုန်မျိုးစုံဆိုင်များရှိရေသန့်ဘူးများ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

         ဧရာဝတီတိုင်းဒေသကြီး၊  စားသုံးသူရေးရာဦးစီးဌာန၊  မြောင်းမြခရိုင်၊  အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းနှင့်ဝန်ထမ်းများသည်၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (..၂၀၂)ရက်နေ့  နံနက်(၁၁း၃၀)နာရီအချိန်တွင်  အိမ်မဲမြို့နယ် အထက်ပိုင်းရပ်ကွက်ရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသော Max ရေသန့်ဘူးများတွင်ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိမရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

          ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံမှ အထက်ပိုင်းရပ်ကွက်ရှိ  ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသော Max အမှတ်တံဆိပ်ပါ ရေသန့်ဘူးများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/ မရှိစစ်ဆေးခဲ့ပြီး ဆိုင်ပိုင်ရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ဥပဒေ၂၀၁၉ပါပြဌာန်းချက်များမှ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁)ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့) တစ်ခုထက်ပို၍တွဲလျှက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များနှင့် အညီ လိုက်နာဆောင်ရွက်ကြရန် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားမှုရှိ/ မရှိ၊ ဌာနမှဈေးကွက်စောင့်ကြည့် စစ်ဆေးမှုအား စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ အမှတ်(၅)ရပ်ကွက် ကုန်သည်လမ်းရှိ ကုန်မျိုးစုံဆိုင်များအား နယ်မြေဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

          ဧရာဝတီတိုင်းဒေသကြီး ၊စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေးသည် (..၂၀၂)ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင်  လပွတ္တာမြို့နယ် အမှတ်(၅)ရပ်ကွက်၊ ကုန်သည်လမ်းရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချလျက်ရှိသော စားသုံးဆီများအား ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံမှ အမှတ်(၅)ရပ်ကွက်ကုန်သည်လမ်းရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသော စားသုံးဆီများတွင် Lotusအမှတ်တံဆိပ်၊ ရန်ကုန်ပဲဆီသန့်ဆီဘူးများတွင် သတ်မှတ်ကုန်အညွှန်းအမှတ်အသားနှင့် FDAထောက်ခံချက်များပါ/မပါစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။ စားသုံးသူပြည်သူများသို့ စားသုံးဆီများအား သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးအတွက် ဆောင်ရွက်ပေးနိုင်ပါရန်ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေများအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဆိုင်ရှင်များသို့ အသိပေးဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။ သက်ဆိုင်ရာဌာနများ၏ ညွှန်ကြားချက်များ၊   ဥပဒေများအား လိုက်နာဆောင်ရွက်ကြရန် အသိပေးစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အိမ်မဲကြီးရပ်ကွက်ရှိ မုန့်မျိုးစုံဆိုင်များတွင်ရောင်းချနေသော အသင့်စားမုန့်ထပ်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

           ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (.၈.၂၀၂) ရက်နေ့၊ နေ့လယ်(၁၃း၀၀)နာရီအချိန်တွင် အိမ်မဲမြို့နယ် အိမ်မဲကြီးရပ်ကွက်ရှိ မုန်မျိုးစုံဆိုင်များတွင်ရောင်းချနေသော အသင့်စားမုန့်ထုပ်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် အိမ်မဲမြို့နယ်တာဝန်ခံမှအိမ်မဲမြို့နယ်၊ အိမ်မဲကြီးရပ်ကွက်အတွင်းရှိ မုန့်မျိုးစုံဆိုင်များတွင်ရောင်းချနေသော အသင့်စားမုန့်ထုပ်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း ပြည့်စုံမှု ရှိ/ မရှိ စစ်ဆေးခဲ့ပြီး ကုန်မျိုးစုံဆိုင်ရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောစားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ပါ ပြဌာန်းချက်များမှ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာ တစ်ခု(သို့)တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်းကြားချက်များအား လိုက်နာဆောင်ရွက်ကြရန် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင် ကုန်ညွှန်းအမှတ်အသားဖော်ပြချက်၊ ပြည့်စုံမှုရှိ/ မရှိအား ဌာနအနေဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများ စဉ်ဆက်မပြတ်ဆောင်ရွက်သွားပါမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

လပွတ္တာခရိုင်၊ မော်ကျွန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံးတွင် MSME လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

         ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ မော်ကျွန်းမြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ်သည် (..၂၀၂၆)ရက်နေ့ မွန်းလွဲ (၁၃:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံးတွင် MSME လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟော ပြောဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

    ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်ကျွန်းမြို့နယ်တာဝန်ခံမှ  MSMEလုပ်ငန်းရှင်များအား ခေါ်ယူတွေ့ဆုံ၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်အညွှန်းပြည့်စုံစွာဖော်ပြထားသော ကုန်ပစ္စည်းများကိုသာ ရောင်းချကြရန် စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ အားအသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီး လုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန် အသိပေးဟောပြောခဲ့ပြီး၊ ဟောပြောပွဲသို့လုပ်ငန်းရှင်(၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)  

Pages

Subscribe to RSS - HighLight News