မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်ရှိ ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

Powered by Drupal

            စားသုံးသူရေးရာဦးစီးဌာနသည် ဆေးနှင့်ဆေးပစ္စည်းများအား အဆမတန်ဈေးနှုန်းမြှင့်တင် ရောင်းချမှုမရှိစေရေးနှင့် ပစ္စည်းပြတ်လပ်မှုမရှိစေရေးတို့အတွက် အပတ်စဉ် ကွင်းဆင်းစိစစ် ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၁၃.၁၀.၂၀၂၆)ရက်နေ့၊ နံနက် (၀၉: ၀၀) နာရီအချိန်တွင် မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်ရှိ ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များအား အထူးစျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

        ထိုသို့စစ်ဆေးရာတွင် ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များ၌ ဆေးဆိုင်လိုင်စင် သက်တမ်းတိုးစစ်ဆေးခြင်းနှင့် ထိန်းချုပ်ဆေးဝါးများ ထားသိုသိမ်းဆည်းမှု မှတ်ပုံတင်စာရင်းများ အားစစ်ဆေးခြင်း၊ တရားမဝင်မှတ်ပုံတင်မဲ့ ဆေးဝါးများရောင်းချခြင်းရှိ/ မရှိ၊ သက်တမ်းလွန် ဆေးဝါးများရောင်းချခြင်းရှိ/ မရှိ၊ ဆေးနှင့်ဆေးပစ္စည်းများအား ဈေးနှုန်းများမြှင့်တင် ရောင်းချခြင်းရှိ/ မရှိ၊ ဆေးဈေးနှုန်းများမြှင့်တင် ရောင်းချရန်ရည်ရွယ်ချက်ဖြင့် ဆေးများစုပုံသိုလှောင်ထား ခြင်း ရှိ/ မရှိနှင့် ဆေးများပစ္စည်းပြတ်လပ်မှုရှိ/ မရှိ စစ်ဆေးခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်၏ ကျင့်ဝတ်တို့နှင့် အညီ ရောင်းချရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)