HighLight News

Powered by Drupal

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် မြို့ပေါ်ရှိဆေးဆိုင်များတွင်  ဈေးနှုန်းမြှင့်တင်ရောင်ချခြင်းရှိ/မရှိနှင့် ဆေးဝါးများပြတ်လပ်မှုမရှိစေရေး ကွင်းဆင်းစစ်ဆေး

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မြို့နယ်တာဝန်ခံ ဦးအောင်မိုးနှင့် ဝန်ထမ််းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ (..၂၀၂၆)ရက်နေ့ နံနက်(၁း၀၀)နာရီအချိန်တွင် ဝါးခယ်မမြို့ပေါ်ရှိ ဆေးဆိုင်များတွင် အိမ်သုံးဆေးဝါးများဈေးနှုန်းမြင့်တင်ရောင်းချခြင်းရှိ/မရှိနှင့်  ဆေးဝါးပြတ်လပ်မှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရပါသည်။

          ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်တာဝန်ခံမှ အိမ်သုံးဆေးအရောင်းဆိုင် ဆိုင်ရှင်များအား စားသုံးသူပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးအတွက် ဆေးဈေးနှုန်းများမြှင့်တင်ရောင်းချခြင်းမပြုရန် ဆေးဆိုင်များပုံမှန် ဖွင့်လှစ်ရောင်းချနိုင်ရေး ဆေးပြတ်လပ်မှုမဖြစ်ပေါ်စေရေး အဓိကထားဆောင်ရွက်ရန် ဈေးကွက်အတွင်း ယခင်လဈေးနှုန်းထက် အနည်းငယ်သာမြင့်တက်မှုရှိပြီး စားသုံးသူပြည်သူများအနေဖြင့် အခြေခံဆေးနှင့်ဆေးပစ္စည်းများဝယ်ယူရာတွင် အခက်အခဲမရှိ ဝယ်ယူရရှိနိုင်ပြီး သက်တမ်းလွန်ဆေးဝါးများနှင့် လိုင်စင်မဲ့ဆေးဝါးများ ရောင်းချခြင်းမပြုရန်၊ ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိခြင်းများ စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေများအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာဌာနများ၏ အမိန့်ညွှန်ကြားချက်၊ ဥပဒေများ လိုက်နာဆောင်ရွက်ကြရန် အသိပေးစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

စားအုန်းဆီဘူးဆီများအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

        စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများသည် အခြားမိတ်ဖက်ဌာနတို့နှင့် ပူးပေါင်းပြီး ၇-၈-၂၀၂၆ ရက်နေ့တွင် ပန်းတနော်မြို့၊ အလယ်ပိုင်းရပ်ကွက်ရှိ စားအုန်းဆီဘူးသွပ်ဆီရောင်းချသော ဆိုင်များသို့သွားရောက်၍ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဈေးနှုန်းတည်ငြိမ်မှုရှိစေရေး ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ကိုက်ညီမှုရှိ/ မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရပါသည်။

            ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ အမှတ်တံဆိပ်ပါ အဆင့်မြင့်စားအုန်းဆီတွင် ဖော်ပြရန်သတ်မှတ်ထားသော သက်ဆိုင်ရာဌာနများ၏ အချက်အလက်များ၊ စားသုံးသူရေးရာဦးစီးဌာန၏ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသော ညွှန်ကြားချက် အမှတ်(၁/၂၀၂၁)အရ ကုန်စည်အမျိုးအစားအလိုက် မြန်မာဘာသာဖြင့် ဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မြန်မာဘာသာဖြင့်  ဖော်ပြပါရှိကြောင်းတွေ့ရှိရပြီး၊ ထို့အပြင် အမှတ်တံဆိပ်ပါ ဘူးဆီများ၏ ဈေးနှုန်းများကို ဈေးကွက်အတွင်း လက်ရှိရောင်းချနေသည့် ဈေးနှုန်းများနှင့် နှိုင်းယှဉ်စောင့်ကြည့်ခဲ့ပြီး အလေးချိန်မှန်ကန်မှု၊ အရည်အသွေးနှင့် ရောင်းချမှုအခြေအနေများကိုလည်း ဆိုင်ရှင်များထံ မေးမြန်းစစ်ဆေးခဲ့ကြောင်း သိရသည်။

        မအူပင်ခရိုင် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများ ဘေးကင်းလုံခြုံပြီး အရည်အသွေးပြည့်မီသော ကုန်စည်များကို ရွေးချယ်ဝယ်ယူနိုင်ရေး၊ ဈေးနှုန်းနှင့် အရည်အသွေးဆိုင်ရာ အခွင့်အရေးများ မထိခိုက်စေရေးအတွက် အမှတ်တံဆိပ်ပါ ဘူးဆီများအပါအဝင် အခြေခံစားသောက်ကုန်များ၏ ဈေးကွက်အခြေအနေကို ဆက်လက်စောင့်ကြည့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မအူပင်မြို့နယ်တွင် ဓာတ်မြေဩဇာအရောင်းဆိုင်များအား ပူးပေါင်းကွင်းဆင်းစစ်ဆေး

         (၅-၈-၂၀၂၆) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မအူပင်မြို့ပေါ်ရှိ ဓာတ်မြေဩဇာအရောင်းဆိုင်များသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျေးလက်ဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့မှ တာဝန်ရှိသူများ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

    အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် ဓာတ်မြေဩဇာများကို သတ်မှတ်ရောင်းဈေးနှုန်းထက် ပိုမိုရောင်းချမှုရှိ/ မရှိ၊ ကုန်ပစ္စည်းများ၏ အရည်အသွေးနှင့် အလေးချိန်များ မှန်ကန်မှုရှိ/ မရှိ၊ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြထားမှုရှိ/ မရှိတို့ကို စိစစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

        ထို့အပြင် လယ်ယာစိုက်ပျိုးရေးရာသီအတွင်း တောင်သူများအနေဖြင့် လိုအပ်သည့် စိုက်ပျိုးရေးသုံးပစ္စည်းများကို သတ်မှတ်ဈေးနှုန်းများနှင့်အညီ အလွယ်တကူဝယ်ယူရရှိနိုင်ရေး၊ အရည်အသွေးပြည့်မီပြီး အလေးချိန်မှန်ကန်သည့် ကုန်ပစ္စည်းများကို ရောင်းချပေးရေးနှင့် စားသုံးသူအခွင့်အရေးများ ထိခိုက်နစ်နာမှုမရှိစေရေးတို့ကို အလေးထားဆောင်ရွက်ရန် ဆိုင်ပိုင်ရှင်များအား အသိပညာပေးလမ်းညွှန်ခဲ့ကြောင်း သိရသည်။

        စိုက်ပျိုးရေးသုံးပစ္စည်းများ ဖြန့်ဖြူးရောင်းချရာတွင် တောင်သူများအပေါ် မျှတစွာဝန်ဆောင်မှုပေးနိုင်ရေး၊ ကုန်ပစ္စည်းအရည်အသွေးနှင့် အလေးချိန်ကို မှန်ကန်စွာရောင်းချရေး၊ ဈေးနှုန်းများကို ပွင့်လင်းမြင်သာစွာ ဖော်ပြပေးရေးတို့ကိုလည်း သက်ဆိုင်ရာဆိုင်ပိုင်ရှင်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

        မအူပင်မြို့နယ်အတွင်း တောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးနှင့် စားသုံးသူအခွင့်အရေးများ ကာကွယ်ပေးနိုင်ရေးအတွက် စိုက်ပျိုးရေးသုံး ပစ္စည်းများ၏ ဈေးနှုန်း၊ အရည်အသွေး၊ အလေးချိန်နှင့် ဖြန့်ဖြူးရောင်းချမှုအခြေအနေများကို သက်ဆိုင်ရာဌာနများက ဆက်လက်ပူးပေါင်းကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မအူပင်မြို့နယ် ပန်းပင်စုကျေးရွာတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

         (၇-၈-၂၀၂၆) ရက်နေ့ နံနက်(၁၁း၀၀)နာရီအချိန်တွင် မအူပင်မြို့နယ် ပန်းပင်စုကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ကျေးရွာနေပြည်သူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာများ ပိုမိုရရှိစေရန် ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲကို မအူပင်ခရိုင်စား သုံးသူ‌ရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့် ပူးပေါင်း၍ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

       အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးအောင်ဇော်ဦးက စားသုံးသူများ၏ အခွင့်အရေးနှင့် တာဝန်များ၊ ကုန်စည်နှင့် ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် သတိပြုရမည့်အချက်များ၊ ကုန်အညွှန်းအမှတ်အသားများကို စနစ်တကျဖတ်ရှုစစ်ဆေးပြီး အရည်အသွေး ပြည့်မီ၍ ဘေးကင်းလုံခြုံသည့် ကုန်စည်များကို ရွေးချယ်ဝယ်ယူသုံးစွဲရန် လိုအပ်ချက်များကို ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။

        ထို့အပြင် စားသုံးသူများအနေဖြင့် ကုန်စည်နှင့် ဝန်ဆောင်မှုများနှင့်ပတ်သက်၍ နစ်နာမှုများကြုံတွေ့ရပါက သက်ဆိုင်ရာဌာနသို့ တိုင်ကြားနိုင်ကြောင်းနှင့် စားသုံးသူရေးရာ Call Center (1535) သို့ ဆက်သွယ်မေးမြန်းတိုင်ကြားနိုင်ကြောင်းကိုလည်း ထည့်သွင်းအသိပညာပေးခဲ့ကြောင်း သိရသည်။

          အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ပန်းပင်စုကျေးရွာမှ ပြည်သူ (၅၀) ဦး တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများအနေဖြင့် မိမိတို့၏ အခွင့်အရေးများကို သိရှိနားလည်ကာ ဘေးကင်းလုံခြုံပြီး အရည်အသွေးပြည့်မီသော ကုန်စည်နှင့် ဝန်ဆောင်မှုများကို ရွေးချယ်သုံးစွဲနိုင် ရေးအတွက် အထောက်အကူပြုခဲ့ကြောင်း ပြန်လည်တင်ပြဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မအူပင်ခရိုင်တွင် စားအုန်းဆီလုပ်ငန်းရှင်များအား ဖြန့်ဖြူးရောင်းချမှုမှတ်တမ်းများ စနစ်တကျထားရှိရေး အသိပညာပေး

        (၆-၈-၂၀၂၆) ရက်နေ့ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် မအူပင်ခရိုင် စားသုံးသူရေးရာ ဦးစီးဌာနရုံး၌ စားအုန်းဆီလုပ်ငန်းရှင်များအား စားအုန်းဆီဖြန့်ဖြူးရောင်းချမှု မှတ်တမ်း (၆) မျိုး မှန်ကန်ပြည့်စုံစွာထားရှိ၍ “၆ မှန်၊ ၆ မှန်” စနစ်ဖြင့် စနစ်တကျ ဖြန့်ခွဲရောင်းချနိုင်ရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

       အဆိုပါ ဟောပြောဆွေးနွေးပွဲတွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးမှ မအူပင်ခရိုင်၊ မြို့နယ် စားအုန်းဆီလုပ်ငန်းရှင်များအနေဖြင့် စားအုန်းဆီ ရရှိမှုမှစ၍ သိုလှောင်ခြင်း၊ ခွဲဝေဖြန့်ဖြူးခြင်းနှင့် ပြန်လည်ရောင်းချခြင်းအထိ လုပ်ငန်းစဉ်တစ်လျှောက် စာရင်းဇယားများကို မှန်ကန်တိကျစွာ ပြုစုထားရှိရန်လိုအပ်ကြောင်း ရှင်းလင်းဆွေးနွေးခြင်း၊ ထို့အပြင် စားအုန်းဆီဖြန့်ဖြူးရောင်းချရာတွင် ရရှိသည့်ပမာဏ၊ ဖြန့်ဖြူးသည့်ပမာဏ၊ ရောင်းချသည့်ပမာဏနှင့် လက်ကျန်ပမာဏများအကြား စာရင်းကိုက်ညီမှုရှိစေရေး၊ သတ်မှတ်စည်းမျဉ်း စည်းကမ်းများနှင့် အညီဆောင်ရွက်ရေး၊ ပြည်သူများထံ မျှတစွာဖြန့်ဖြူးရောင်းချပေးနိုင်ရေးနှင့် စာရင်းမှတ်တမ်းများကို စစ်ဆေးရာတွင် လွယ်ကူစွာ တင်ပြနိုင်ရေးတို့ကို အသိပညာပေးရှင်းလင်းခဲ့ကြောင်း သိရသည်။

      မအူပင်ခရိုင် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားအုန်းဆီ ဖြန့်ဖြူးရောင်းချမှုလုပ်ငန်းများ စနစ်တကျဖြစ်စေရေး၊ စားသုံးသူများထံ သတ်မှတ်စနစ်ဖြင့် မျှတစွာရောက်ရှိစေရေးနှင့် ဈေးကွက်အတွင်း စားအုန်းဆီရောင်းဝယ်ဖြန့်ဖြူးမှု အခြေအနေများကို ပိုမိုထိရောက်စွာ ကြပ်မတ် နိုင်ရေးအတွက် လုပ်ငန်းရှင်များအား အသိပညာပေးခြင်းနှင့် လမ်းညွှန်ခြင်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

လပွတ္တာခရိုင်၊ မော်ကျွန်းမြို့နယ်၊ မြို့ပေါ်ရှိဆေးဆိုင်များတွင်  ဈေးနှုန်းမြှင့်တင်ရောင်ချခြင်းရှိ/ မရှိနှင့် ဆေးဝါးများပြတ်လပ်မှုမရှိစေရေး ကွင်းဆင်းစစ်ဆေး

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ မော်ကျွန်းမြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ်နှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍             (၇.၈.၂၀၂၆)ရက်နေ့ နံနက်(၁၁;၀၀)နာရီအချိန်တွင် မော်ကျွန်းမြို့ပေါ် ရှိဆေးဆိုင်များတွင် အိမ်သုံးဆေးဝါးများဈေးနှုန်းမြင့်တင်ရောင်းချခြင်း ရှိ/ မရှိနှင့်  ဆေးဝါးပြတ်လပ်မှုမရှိစေရေးကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

         ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်တာဝန်ခံမှ အိမ်သုံးဆေးအရောင်းဆိုင် ဆိုင်ရှင်များအား စားသုံးသူပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးအတွက် ဆေးဈေးနှုန်းများမြှင့်တင်ရောင်းချခြင်းမပြုရန် ဆေးဆိုင်များ ပုံမှန်ဖွင့်လှစ်ရောင်းချနိုင်ရေး ဆေးပြတ်လပ်မှုမဖြစ်ပေါ်စေရေး အဓိကထားဆောင်ရွက်ရန် ဈေးကွက်အတွင်း ယခင်လဈေးနှုန်းထက် အနည်းငယ်သာမြင့်တက်မှုရှိပြီး စားသုံးသူပြည်သူများအနေဖြင့် အခြေခံဆေးနှင့် ဆေးပစ္စည်းများဝယ်ယူရာတွင် အခက်အခဲမရှိ ဝယ်ယူရရှိနိုင်ပြီး သက်တမ်းလွန်ဆေးဝါးများနှင့် လိုင်စင်မဲ့ဆေးဝါးများ ရောင်းချခြင်းမပြုရန်၊ ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိခြင်းများ စစ်ဆေး‌တွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေများအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာဌာနများ၏အမိန့်ညွှန်ကြားချက်၊ ဥပဒေများလိုက်နာ ဆောင်ရွက်ကြရန် အသိပေးစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ အမှတ်(၅)ရပ်ကွက်ရှိ ကုန်စုံဆိုင်များအား နယ်မြေဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တာဝန်ခံ  ဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၇.၈.၂၀၂၆)ရက်နေ့ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင်  လပွတ္တာမြို့နယ်၊ အမှတ်(၅)ရပ်ကွက်ရှိ မုန့်မျိုးစုံဆိုင်များတွင်ရောင်းချနေသော အချိုရည်များအားကုန် အညွှန်းအမှတ်အသားဖော်ပြချက်ပြည့်စုံမှု ရှိ/ မရှိ နယ်မြေဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

      ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံမှကုန်မျိုးစုံဆိုင်များတွင်ရောင်းချနေသောMaxPlus အချိုရည်ဘူးများ၊ Non-Stop အချိုရည်ဘူးများတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားမှုရှိ/ မရှိ စစ်ဆေးခဲ့ပြီးဆိုင်ပိုင်ရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ၂၀၁၉ ပါဥပဒေပြဌာန်းချက်များမှ ဥပဒေအခန်း အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု (သို့)တစ်ခု ထက်ပို၍ တွဲလျှက်ဖြစ်စေ၊ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနမှထုတ်ပြန်ထားသော  ဥပဒေညွှန်ကြားချက်များအား   လိုက်နာဆောင်ရွက်ကြရန်   ဈေးကွက်အတွင်း ရောင်းချနေသော ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိကိုလည်း ဌာနမှဈေးကွက်အတွင်း စဉ်ဆက်မပြတ်စောင့်ကြည့် စစ်ဆေးသွားမည်ဖြစ်ကြောင်း ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်မှုမရှိပါက ထုတ်ပြန်ထားသော ဥပဒေများအတိုင်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)   

ညောင်တုန်းမြို့နယ်၌ စက်သုံးဆီအရောင်းဆိုင်များအား မိတ်ဖက်ဌာနများနှင့် ပူးပေါင်းကွင်းဆင်းစစ်ဆေး

       (၇-၈-၂၀၂၆) ရက်နေ့တွင် ညောင်တုန်းမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား စက်သုံးဆီများ လုံလောက်စွာရရှိရေး၊ သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့် အညီ ရောင်းချလျက်ရှိမှု ရှိ/ မရှိ စိစစ်နိုင်ရေးအတွက် မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနနှင့် မိတ်ဖက်ဌာနများ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

       ကွင်းဆင်းစစ်ဆေးရာတွင် စက်သုံးဆီလက်ကျန်ပမာဏ၊ ဆီရရှိမှုနှင့် ဖြန့်ဖြူးရောင်းချမှုအခြေအနေများ၊ နေ့စဉ်အရောင်းစာရင်းများ၊ ဈေးနှုန်းများကို သတ်မှတ်ချက်နှင့်အညီ ဖော်ပြရောင်းချထားမှု ရှိ/ မရှိ၊ တိုင်းတာရောင်းချသည့် စက်ကိရိယာများ မှန်ကန်မှုနှင့် စားသုံးသူများအပေါ် ပွင့်လင်းမြင်သာစွာ ဝန်ဆောင်မှုပေးလျက်ရှိမှုတို့ကို စိစစ်စစ်ဆေးခဲ့ကြောင်း သိရသည်။

        ထို့ပြင် အရောင်းဆိုင်တာဝန်ရှိသူများအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းနှင့် အညီရောင်းချရေး၊ စက်သုံးဆီများကို လုံလောက်စွာ သိုလှောင်ထားရှိရေး၊ အရောင်းမှတ်တမ်းများကို စနစ်တကျပြုစုထားရှိရေးနှင့် စားသုံးသူများအတွက် အဆင်ပြေချောမွေ့စွာ ဝန်ဆောင်မှုပေးနိုင်ရေးတို့ကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

     စစ်ဆေးမှုအရ လက်ရှိတွင် ညောင်တုန်းမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များ၌ စက်သုံးဆီများ ပုံမှန်ရရှိလျက်ရှိပြီး ဈေးနှုန်းများကို သတ်မှတ်ချက်နှင့်အညီ ရောင်းချလျက်ရှိကြောင်း သိရသည်။ မြို့နယ် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စက်သုံးဆီဈေးကွက် တည်ငြိမ်ရေးနှင့် စားသုံးသူများ အဆင်ပြေစွာဝယ်ယူနိုင်ရေးအတွက် မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ စဉ်ဆက်မပြတ် ကွင်းဆင်းစစ်ဆေး ကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဓနုဖြူမြို့တွင် အစားအသောက်ဘေးကင်းလုံခြုံရေးနှင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

       (၆-၈-၂၀၂၆) ရက်နေ့ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် ဓနုဖြူမြို့ အမှတ်(၇)ရပ်ကွက်၊ ဈေးပိုင်းဓမ္မာရုံ၌ အစားအသောက်ဘေးကင်းလုံခြုံရေး အသိပညာပေးဟောပြောဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

      အဆိုပါဟောပြောပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

       ဟောပြောပွဲတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးများနှင့် တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားများကို စိစစ်ဖတ်ရှု၍ ဘေးကင်းလုံခြုံပြီး အရည်အသွေးပြည့်မီသော အစားအသောက်များကို ရွေးချယ်ဝယ်ယူသုံးစွဲရန်လိုအပ်ချက်များ၊ စားသုံးသူနစ်နာမှုများ ကြုံတွေ့ရပါက စားသုံးသူရေးရာ Call Center (1535) သို့ ဆက်သွယ်မေးမြန်းတိုင်ကြားနိုင်သည့် နည်းလမ်းများကို ထည့်သွင်းအသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

         ထို့ပြင် ပူးပေါင်းပါဝင်သည့် ဌာနများမှလည်း အစားအသောက်ဘေးကင်းလုံခြုံရေး၊ ကျန်းမာရေးနှင့် သန့်ရှင်းရေးဆိုင်ရာ အသိပညာများကို ကဏ္ဍအလိုက် ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။

         အဆိုပါ အသိပညာပေးဟောပြောဆွေးနွေးပွဲသို့ ဈေးသူ၊ ဈေးသား (၁၁၅) ဦး တက်ရောက်ခဲ့ကြပြီး အစားအသောက်ဘေးကင်းလုံခြုံရေးနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာများ ပိုမိုတိုးပွားစေရန် ရည်ရွယ်ကျင်းပခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဟင်္သာတမြို့နယ် သက်ဆိုင်ရာဌာနများ ရပ်ကွက်အုပ်ချုပ်ရေးမှုးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

        စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးသည် ၂၀၂၆ ခုနှစ်၊ဩဂုတ် (၄)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် ဟင်္သာတမြို့နယ်၊ ရုံးကြီးရပ်ကွက်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးခန်း၌ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများအား စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းများနှင့်ပတ်သတ်၍ ဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

         အဆိုပါ ဆွေးနွေးပွဲတွင် မြို့နယ်ဦးစီးမှူး ဦးမိုးကျော်က ဌာန၏ လက်ရှိဆောင်ရွက်လျက်ရှိသော စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ Online မှတစ်ဆင့် ကုန်စည်ရောင်းဝယ်ခြင်းဆိုင်ရာ ကိစ္စရပ်များအကြောင်း၊ စားသုံးဆီဝယ်ယူခွင့်စာအုပ်များဖြင့် စနစ်တကျ ဖြန့်ဖြူးရောင်းချပေးနေမှု အခြေအနေများ၊  ဟင်္သာတမြို့နယ်အတွင်း ကုမ္မဏီများမှ စားသုံးဆီဖြန့်ဖြူး ရောင်းချနေမှုအပေါ် ဌာနများပူးပေါင်း၍ ကြီးကြပ်စစ်ဆေးဆောင်ရွက်နေမှုများ၊ လက်ရှိစပါး/ဆန် စျေးနှုန်းများ စက်ပိုင်ကုန်သည်များမှဝယ်ယူနေမှုအခြေအနေများနှင့် ပါတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

Pages

Subscribe to RSS - HighLight News