ကလေးဝမြို့၊ စည်ပင်သာယာဈေးအတွင်း ပူးပေါင်းအဖွဲ့များဖြင့် ဆန်/ စပါး ဈေးနှုန်းတည်ငြိမ်စေရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

Powered by Drupal

     (၁၄.၁၀.၂၀၂၆) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ ပူးပေါင်းအဖွဲ့များဖြစ်သည့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊ စည်ပင်သာယာရေးကော်မတီ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ စည်ပင်သာယာဈေးအတွင်းရှိ ဆန်/ စပါး အရောင်းဆိုင်များသို့ ဆန်/ စပါး ဈေးနှုန်းတည်ငြိမ်စေရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပါသည်။

        ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးကျော်ကျော်မိုး ( မြို့နယ်တာဝန်ခံ ) က  ဆန်ရောင်းဝယ်ရေးလုပ်ငန်းရှင်များအား စားသုံးသူများနစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် ရောင်းချသည့်ဆန်အိတ်များ အလေးချိန် အချင်အတွယ် မှန်ကန်စေရေး၊ ဈေးနှုန်းအနေဖြင့်လည်း ဖြစ်သင့်ဖြစ်ထိုက်သောဈေးနှုန်းဖြင့်သာ ရောင်းချစေ‌ရေး၊ ဈေးကစားရန် ရည်ရွယ်၍ သိုလှောင်မှုမရှိစေ‌ရေး အလေးထားလိုက်နာ ဆောင်ရွက် သွားရန်နှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ကြရန်နှင့် ရောင်းနှုန်းမြှင့်တင်၍ ရောင်းချမည်ဆိုပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ  အရေးယူသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး  ဆန်တန်ချိန် ( ၂၅ ) တန်နှင့်အထက်  ( သို့မဟုတ် ) စပါးတင်း (၂၅၀၀) နှင့်အထက် သိုလှောင်ထားရှိသော ဆန်စပါးသိုလှောင်ရုံ ပိုင်ရှင်များ သည် မြန်မာဆန်စပါး အွန်လိုင်း (MyRO) www.myro.com.mm တွင် ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်လက်မှတ် လျှောက်ထားရ ယူရန်လိုအပ်ကြောင်း  လုပ်ငန်းရှင်များအား အသိပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)