HighLight News

Powered by Drupal

ကလေးမြို့အကောက်ခွန်(ကင်းစခန်း)၌ အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ ပြည်သူ့ဘဏ္ဍာသိမ်းဆည်းထားပြီး အများပြည်သူသုံးစွဲရန်မသင့်သော ပိတ်ပင်တားမြစ်ကုန်ပစ္စည်းများအား မီးရှို့ဖျက်ဆီး

    (၂၃.၉.၂၀၂၆) ရက်နေ့တွင် တမူးမြို့နယ်အကောက်ခွန်ဦးစီးဌာနမှူးရုံးမှ ကလေးမြို့ အကောက်ခွန် (ကင်းစခန်း) ၌ အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ ပြည်သူ့ဘဏ္ဍာသိမ်းဆည်းထားပြီး အများပြည်သူသုံးစွဲရန်မသင့်သော ပိတ်ပင်တားမြစ်ကုန်ပစ္စည်းအား မြို့နယ်အကောက်ခွန်ဦးစီးဌာန၊ တမူးမြို့မှ ဦးလှိုင်ဝင်းကျော် ( လ/ထအကောက်ခွန်မှူး ) မှ ဦးဆောင်၍ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် ပြည်တွင်းအခွန်များ ဦးစီးဌာနတို့ပူးပေါင်း၍  ကလေးမြို့အကောက်ခွန် (ကင်းစခန်း) တွင် မီးရှို့ဖျက်ဆီးခြင်းလုပ်ငန်းအား ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

         မီးရှို့ဖျက်ဆီးရာတွင် တမူးမြို့နယ်အကောက်ခွန်ဦးစီးဌာနမှူးရုံးမှ ကလေးမြို့ အကောက်ခွန် (ကင်းစခန်း) တွင် ( ၂−၈−၂၀၂၆ ) ရက်နေ့တွင် သိမ်းဆည်း အရေးယူဆောင်ရွက်ခဲ့ပြီး ( ၃၁−၈−၂၀၂၆ ) ရက်နေ့တွင် သိမ်းဆည်းမိန့်ထုတ်ပြန်ထားပြီးဖြစ်သည့် အများပြည်သူသုံးစွဲရန်မသင့်သော ပိတ်ပင်တားမြစ် ကုန်ပစ္စည်းဖြစ်သည့် Brand; ESSE Speical Gold Cigaretes, ( 1×10U×50 Ctn ), ( 26 ) Pkgs, 1300 Ctn, C/O – S/Krea ခန့်မှန်းတန်ဖိုးအနေဖြင့် ကျပ် ( ၃၂,၅၀၀၀,၀၀၀ ) အား နံနက် ( ၁၀:၀၀) နာရီအချိန်မှ စတင်၍ ( ၁၂:၄၃၀ ) နာရီအချိန်ထိ ဖျက်ဆီးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကလေးမြို့နယ်၊ နတ်(ပျဉ်း)အုပ်စု၊ နတ်ကြီးကုန်းကျေးရွာသို့ မိတ်ဖက်အဖွဲ့များဖြင့် အသိပညာပေးဟောပြော

        (၂၃.၉.၂၀၂၆ ) ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် ကလေးမြို့ရှိ မိတ်ဖက်ဌာနများဖြစ်သည့် ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်မြို့နယ်ကျေးလက်လမ်းဦးစီးဌာန၊ ခရိုင်သမဝါယမဦးစီးဌာန၊ အသေးစားစက်မှုလုပ်ငန်းဦးစီးဌာန၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့သည် ကလေးမြို့နယ်၊ နတ်(ပျဉ်း)အုပ်စု၊ နတ်ကြီးကုန်းကျေးရွာနေ ပြည်သူ ( ၃၀ ) ဦးအား အသိပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

      အသိပညာပေးခြင်းများဆောင်ရွက်ရာတွင် ဌာနများအလိုက် မိမိတို့ဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကို အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ကြပြီး ချေးငွေရယူနိုင်မှုအခြေအနေများ၊ ကုန်ထုတ်လုပ်ငန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းခင်းနိုင်မှုအခြေအနေများစသည်ဖြင့် ကျေးရွာနေပြည်သူများအနေဖြင့် ရယူနိုင်သည့် အခွင့်အလမ်းများကို ပြောကြားခဲ့ကြပြီး စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်သိမ့်သိမ့်ထွန်း ( ဒု−ဦးစီးမှူး ) သည် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေး ( ၈ ) ချက်နှင့် ကုန်အညွှန်းအမှတ်အသားများကြည့်ရှု၍ ရွေးချယ်ဝယ်ယူတတ်စေရန်နှင့် မိမိတို့အခွင့်အရေးများဆုံးရှုံးမှုဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နည်းလမ်းများအား ရှင်းလင်းပြောကြားခဲ့ပြီး သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ ဖြန့်ဝေပေးနိုင်ရန်အတွက် လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကလေးမြို့ပေါ်တွင် တရားမဝင်ကုန်သွယ်မှုစစ်ဆေးရေးအဖွဲ့ Mobile Team ကွင်းဆင်းစစ်ဆေး

      ( ၂၂.၉.၂၀၂၆ ) ရက်နေ့တွင် ခရိုင်ရဲတပ်ဖွဲ့မှူးမှ ဦးဆောင်၍ တရားမဝင်ကုန်သွယ်မှု စစ်ဆေးရေးအဖွဲ့ဝင်များဖြစ်သည့် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ခရိုင်စားသုံးသူရေးရာ ဦးစီးဌာန၊ ခရိုင်သစ်တောဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ မိတ်ဖက်ဌာနများသည် ကလေးမြို့ပေါ်ရှိ ကားအရောင်းစင်တာ၊ ကားဂိတ်များ၊ ဂိုထောင်များသို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

       ကွင်းဆင်းစစ်ဆေးရာတွင် တရားမဝင်ကုန်သွယ်မှု လမ်းကြောင်းတစ်လျှောက် ပွင့်လင်းမြင်သာမှုရှိစေ၍ သယ်ဆောင်သည့်လမ်းကြောင်းတွင်သာမက သိုလှောင်သည့် အဆောက်အဦများရောင်းချသည့် ဈေးဆိုင်များအထိပါ စစ်ဆေးအရေးယူနိုင်မည့်နည်းလမ်းများ ဖော်ထုတ်စစ်ဆေး အရေးယူနိုင်ရန်အတွက် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့နယ်တွင်းရှိ အင်တာနက်ဝန်ဆောင်မှုပေးနေသည့် ဝန်ဆောင်မှု လုပ်ငန်းအား မြေပြင်ကွင်းစစ်ဆေး

        စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်တွင် အရည်အသွေးပြည့်မီသော အင်တာနက် ဝန်ဆောင်မှုများ ရရှိစေခြင်းဖြင့် စားသုံးသူများ၏ နေ့စဉ် လူမှုဘဝကိစ္စရပ်များ အဆင်ပြေချောမွေ့စေရန်ရည်ရွယ်၍ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ခင်မာချိုနှင့် ဝန်ထမ်း (၂)ဦးတို့သည် မုံရွာမြို့ပေါ်ရှိ ဆက်သွယ်ရေးဝန်ဆောင်မှု (အင်တာနက်ဝန်ဆောင်မှု) ဆောင်ရွက်ပေးနေသည့် လုပ်ငန်းများအား (၂၃.၉.၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်ခန့်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မုံရွာမြို့နယ်အတွင်းဖွင့်လှစ်ထားသည့် ဆက်သွယ်ရေးဝန်ဆောင်မှု (အင်တာနက်ဝန်ဆောင်မှု)ဆောင်ရွက်နေသည့်  Star Net  Wi-Fi အင်တာနက် လုပ်ငန်းလုပ်ကိုင်နေသည့် ဆိုင်အားကွင်းဆင်း၍ ဆက်သွယ်ရေးဝန်ဆောင်မှု (Package/Plan)များနှင့် ဝန်ဆောင်ခနှုန်းထားများအား အများပြည်သူလွယ်ကူစွာ သိရှိနိုင်စေရေး ဖော်ပြထားမှု ရှိ/မရှိ စစ်ဆေးခဲ့ပြီး ဝန်ဆောင်ခနှုန်းထားများ ပြောင်းလဲမှုရှိပါက သုံးစွဲသူများကို ကြိုတင်အသိပေးရန်၊ ဝန်ဆောင်ခနှုန်းထားများ မှားယွင်းစွာ ငွေကြေးဖြတ်တောက်မှုဖြစ်ပေါ်ခဲ့ပါက သုံးစွဲသူများအား သက်ဆိုင်ရာအော်ပရေတာများက ငွေပြန်အမ်းသည့် Refund Policy များ ချမှတ်ဆောင်ရွက်ရေး၊ အင်တာနက်လိုင်းများ ပြတ်တောက်ပါက သက်ဆိုင်ရာကုမ္ပဏီများအနေဖြင့် ပြည်သူများ စိတ်ကျေနပ်မှုရရှိအောင် ဆောင်ရွက်ပေးရေးများကို ဆွေးနွေးပြောကြားခဲ့ကြောင်း  သတင်းရရှိ သည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့အောင်ချမ်းသာရပ်ကွက်ရှိ အ.ထ.က(၅)အထက်တန်းကျောင်းတွင် ကျောင်းသာကျောင်းသူများအားအသိပညာပေး

        စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင် ဦးစီးမှူးရုံးရှိ မုံရွာခရိုင်ဦီးစီးမှူး၊ ဒေါ်မိုးသီတာလင်း (ဦးစီးအရာရှိ)၊မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများ သည် (၂၃.၉.၂၀၂၆) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် မုံရွာမြို့ အ.ထ.က (၅) အထက်တန်းကျောင်း၌ ပညာသင်ကြားလျက်ရှိသော ဆရာ/ ဆရာမ (၅)ဦးခန့်နှင့် ကျောင်းသား/ ကျောင်းသူ စုစုပေါင်း(၇၅)ဦီးခန့်အား  ကုန်စည်များနှင့် ပတ်သက်၍ လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ် ကင်းရှင်းစေရေးတို့အတွက်  အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

      အဆိုပါ အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ရာတွင် စားသုံးသူအခွင့်အရေးများနေ့ ဖြစ်ပေါ်လာပုံ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသား ဖေါ်ပြခြင်းဆိုင်ရာအချက်များ၊ နစ်နာဆုံးရှုံးမှုရှိပါကတိုင်ကြားနိုင်သည့် နစ်နာသည့် စားသုံးသူ၊ နစ်နာသည့်စားသုံးသူ၏ မိသားစုဝင်များ၊ နစ်နာသည့်စားသုံးသူနှင့်ဆက်နွယ်‌သော ပုဂ္ဂိုလ်များ၊ အစိုးရဌာနအဖွဲ့အစည်းများ၊ စားသုံးသူကာကွယ်ရေးဆိုင်ရာအသင်းအဖွဲ့များကတိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားနိုင်မည့် နေရာများဖြစ်သည့် သက်ဆိုင်ရာဦးစီးမှူးရုံးရှိ CICCရုံးခန်း၊ Consumer Call Center(1535)နှင့် www.doca.gov.mmမှတစ်ဆင့်တိုင်ကြားနိုင်ကြောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ သက်ဆိုင်ရာဌာနများက စားသုံးရန်မသင့်ဟု တားမြစ်ထုတ်ပြန်ထားသော ကုန်စည်များအား ရွေးချယ်ဝယ်ယူခြင်းမပြုရန် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါဝင်သော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူကြရန် အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုခရိုင် စားသုံးသူရေးရာကော်မတီအစည်းအဝေး(၁/၂၀၂၆)ကျင်းပ

           ရွှေဘိုခရိုင်စားသုံးသူရေးရာကော်မတီအစည်းအဝေး(၁/၂၀၂၆)ကို ရွှေဘိုခရိုင်၊ အထွေထွေ အုပ်ချုပ်ရေးဉီးစီးဌာနရုံး အစည်းအဝေးခန်းမတွင်  (၂၂.၉.၂၀၂၆)ရက်နေ့ နံနက်(၁၁:၃၀)နာရီအချိန်၌ ကျင်းပပြုလုပ်ခဲ့ရာ ရွှေဘိုခရိုင်စားသုံးသူရေးရာကော်မတီ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ခရိုင် ပညာရေးမှူးရုံးမှတာဝန်ရှိများ စုစုပေါင်း(၈)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

      အဆိုပါအစည်းအဝေးတွင် ရွှေဘိုခရိုင် စားသုံးသူရေးရာကော်မတီဥက္ကဌ ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးက ဈေးကွက်အတွင်းရောင်းချသည့် ကုန်ပစ္စည်းများ  စားသုံးရန်သင့်/ မသင့်ကို ရှောင်တခင်စစ်ဆေးပြီး စားသုံးရန်မသင့်သည့် ကုန်ပစ္စည်းများကို မရောင်းချရန်ပြောကြားရမည်ဖြစ်ကြောင်း၊ ဈေးကွက်အတွင်းရှိ စားသောက်ကုန်ပစ္စည်းများကို သေချာစွာစိစစ်ရန်လိုအပ်ကြောင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများကလည်း ထဲထဲဝင်ဝင်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ခရိုင်ပညာရေးမှူးရုံးမှ တာဝန်ရှိသည့်ဝန်ထမ်းများအနေဖြင့် လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ သက်ဆိုင်သည့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မိဘများနှင့် စားသုံးသူပြည်သူများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ရန် လိုအပ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

  ဆက်လက်၍ ရွှေဘိုခရိုင် စားသုံးသူရေးရာကော်မတီအတွင်းရေးမှူး ဦးဇော်မင်းသိန်းက ၂၀၂၆-၂၀၂၇ဘဏ္ဍာနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ စားသုံးသူကာကွယ်ရေးလုပ်ငန်းဆောင်ရွက်မှုများ ရှင်းလင်းတင်ပြခြင်း၊  အမှာစာများအားဖတ်ကြားခြင်းနှင့် အထက်ဌာနလမ်းညွှန်ချက်များ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

          ထို့နောက် တက်ရောက်လာကြသော ရွှေဘိုခရိုင်၊ စားသုံးသူရေးရာကော်မတီအဖွဲဝင်များက ဖြည့်စွက်ဆွေးနွေးမှုများအပေါ် ရွှေဘိုခရိုင်စားသုံးသူရေးရာကော်မတီဥက္ကဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကာ အစည်းအဝေးကို (၁၂:၂၀) နာရီ မိးနစ်ဆယ်အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

စစ်ကိုင်းမြို့၊ ပါရမီရပ်ရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် စားသုံးသူကာကွယ်ရေး အကြောင်း သိကောင်းစရာများ ဟောပြော

     စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ခင်လေးနွယ်(ဦးစီးမှူး)နှင့် ဝန်ထမ်း (၂)ဦးတို့ ဦးဆောင်၍ ၂၀၂၆ခုနှစ်၊ စက်တင်ဘာလ ၂၂ရက်နေ့ နံနက်(၁၀း၃၀)နာရီအချိန်တွင် စစ်ကိုင်းမြို့၊ ပါရမီရပ်၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ဆရာ/မ(၂)ဦး၊ ကျောင်းသား/ ကျောင်းသူ(၆၂)ဦး၊ စုစုပေါင်း (၆၄)ဦးအား စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိ‌ကောင်းစရာများ အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

             အဆိုပါသင်တန်းတွင် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မြင့်ထွန်း (ဒု-ဦးစီးမှူး)က စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများ ဟောပြောဆွေးနွေးခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ ပေါ်ပေါက်လာပုံအဆင့်ဆင့်ကို ပြောကြားပြီး၊ စားသုံးသူ ကာကွယ်ရေးဥပဒေကို ၂၀၁၉ခုနှစ်၊ မတ်လ(၁၅) ရက်နေ့၊ ပြည်ထောင်စုလွှတ်တော်ဥပဒေ အမှတ်၉ ဖြင့် ပြဌာန်းခဲ့ပြီး၊ အခန်း(၂၅)ခန်းနှင့် ပုဒ်မ၈၄ခု ပါဝင်ကြောင်း၊ စားသုံးသူကာကွယ်ရေး နည်းဥပဒေကို ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ(၁၈)ရက်နေ့က ပြဌာန်းခဲ့ကြောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း(၉) ပုဒ်မ(၁၉)နှင့်ပုဒ်မ(၂၀)တွင် ပြဌာန်းထားသည့် စားသုံးသူအခွင့်အရေး(၈)ချက်နှင့် စားသုံးသူ၏ တာဝန်များကို ရှင်းလင်းပြောကြားခြင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈) ပုဒ်မ(၄၁)တွင် စီးပွားရေးလုပ်ငန်းရှင်သည် ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာဖော်ပြမည့် အချက်(၈) ချက်ကို အသေးစိတ်ရှင်းလင်းပြောကြားခြင်း၊ ပုဒ်မ ၄၁၊ ပုဒ်မခွဲ (ခ)နှင့် ပုဒ်မခွဲ(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားခြင်းနှင့် ဆီစားသုံးခြင်း၏ဆိုးကျိုးများအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး၊ ဒေါ်ခင်လေးနွယ်(ဦးစီးမှူး)က အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းဆိုင်ရာများ ရှင်းလင်းပြောကြားခြင်းနှင့် ကျောင်းမုန့်ဈေးဆိုင်များတွင်လည်း ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ကိုက်ညီမှုရှိ/ မရှိ စစ်ဆေးခဲ့ကြောင်း၊   စားသုံးသူကာကွယ်ရေးဥပဒေသည် စားသုံးသူများကို ကာကွယ်ပေးခြင်းနှင့် လုပ်ငန်းရှင်များကို ထိန်းကြောင်းပေးသည့် ဥပဒေတစ်ခု ဖြစ်ပါကြောင်း၊ ပြည်သူတိုင်းသည် စားသုံးသူများဖြစ်ပြီး စားသုံးသူတိုင်းမှာ စားသုံးသူအခွင့်အရေးများရှိကြောင်း၊ စားသုံးသူအခွင့်ရေး နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ပါက  မိမိတို့ဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ၊ Website လိပ်စာမှာ www.doca.gov.mm တို့ဖြင့် ဖြစ်စေ၊  Call Center နံပါတ် 1535 တို့ဖြင့်ဖြစ်စေ တိုင်ကြားနိုင်ပါကြောင်း ရှင်းလင်းပြောကြားပြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဌာနခွဲတာဝန်ခံမှ Call Center နံပါတ် 1535 ဖြင့် နေပြည်တော် (ရုံးချုပ်)သို့ နမူနာခေါ်ဆိုခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ဟုမ္မလင်းမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေး

        ဟုမ္မလင်းမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများသည် ( ၁၈.၉.၂၀၂၆ ) ရက်နေ့တွင် စက်သုံးဆီအရောင်းဆိုင် များတွင် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ရောင်းချမှုရှိစေရေး၊ စက်သုံးဆီဈေးနှုန်းများ သင့်တင့်မျှတမှုရှိစေရေးနှင့် သတ်မှတ်စည်းကမ်းချက်များ လိုက်နာဆောင်ရွက်မှုရှိ/ မရှိ ပူးပေါင်းကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

           ကွင်းဆင်းစစ်ဆေးရာတွင် စက်သုံးဆီဆိုင်ပိုင်ရှင်များအနေဖြင့် စက်သုံးဆီများကို စံလီတာ ပမာဏအတိုင်း မှန်ကန်စွာချိန်တွယ်ရောင်းချရန်၊ စက်သုံးဆီအသုံးပြုသည့် ပြည်သူများအနေဖြင့်လည်း သင့်တင့်မျှတသောဈေးနှုန်းဖြင့် ဝယ်ယူနိုင်ရန်အတွက် စက်သုံးဆီများအား နိုင်ငံတော်မှ သတ်မှတ်ထားသည့် ရည်ညွှန်းဈေးထက်ပိုမို၍ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မရောင်းကြရန်နှင့် သက်ဆိုင်ရာဌာနများမှ ချမှတ်ထားသည့် စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်မှုရှိ/ မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။ ထို့နောက် စက်သုံးဆီများ ပြတ်လပ်မှု ရှိ/ မရှိနှင့် ထားသိုသိမ်းဆည်းပုံများ စနစ်တကျ ထားသိုသိမ်းဆည်း သိုလှောင်ထားခြင်း ရှိ/ မရှိကိုလည်း စစ်ဆေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့နယ်အတွင်း၊ ထန်းတောရပ်ကွက်ရှိ Online Shop လျှောက်ထားသူများအား မြေပြင် ကွင်းဆင်းစစ်ဆေး

         စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် ဒု-ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများကို အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်ထားပြီးဖြစ်သည့်အတွက် မုံရွာမြို့ပေါ်ရှိ အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသော ယခင်အွန်လိုင်းမှတ်ပုံတင်ထားသည့် လုပ်ငန်းရှင်များ၊ မြေပြင်စစ်ဆေးအတည်ပြုပြီး မှတ်ပုံတင်လက်မှတ်ရရှိထားသည့် လုပ်ငန်းရှင်များအား အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့် လုပ်ငန်းဆိုင်ရာအမိန့်ကြော်ငြာစာများ၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ သိရှိစေရန်ရည်ရွယ်၍ (၂၁.၉.၂၀၂၆) ရက်နေ့၊ နေ့လယ်(၁၅:၀၀)နာရီအချိန်၌  မုံရွာမြို့ပေါ်ရှိ  မြေပြင်စစ်ဆေးအတည်ပြုပြီး မှတ်ပုံတင်လက်မှတ် ရရှိထားသည့်အထည်အလိပ်၊ အဝတ်အထည်နှင့် ဆက်စပ်ပစ္စည်းများအား အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့် လုပ်ငန်းရှင်ထံသို့ သွားရောက်တွေ့ဆုံ၍ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ အသိပညာပေးရာတွင် ဒု-ခရိုင်ဦးစီးမှူးက အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့် လုပ်ငန်းဆိုင်ရာ အမိန့်ကြော်ငြာစာများ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များအား အသိပညာပေးဆွေးနွေးခဲ့ပြီး မိမိတို့ ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသော စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များကို သေချာစွာလိုက်နာရန် လိုအပ်ကြောင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့်လုပ်ငန်းရှင်များထံသို့လည်း မြေပြင်ကွင်းဆင်းစစ်ဆေး အတည်ပြုခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ မှတ်ပုံတင်လက်မှတ် ရရှိထားသည့် လုပ်ငန်းရှင်များ သည်(၂)နှစ်ပြည့်လျှင် သက်တမ်းတိုးရမည်ဖြစ်ကြောင်း၊ မှတ်ပုံတင် လက်မှတ်လျှောက်ထားရရှိမှုနှင့် စပ်လျဉ်း၍ လျှောက်ထားစဉ်က အချက်အလက်များနှင့် မြေပြင် အခြေအနေမှန်ကန်မှု ရှိ/ မရှိ အခြေအနေများအား ကွင်းဆင်းဆောင်ရွက်လျက်ရှိ ကြောင်း၊ သို့မှသာ စားသုံးသူပြည်သူများအနေဖြင့် လုံခြုံစိတ်ချရမှုရှိပြီး လိမ်လည်ရောင်းချခြင်းမှ ကင်းဝေးမည်ဖြစ်ကြောင်း၊ လုပ်ငန်းရှင်များမှ မှတ်ပုံတင်လက်မှတ်များ ရရှိထားသည့်အတွက် စားသုံးသူအခွင့်အရေးများလည်း ရရှိလာမည်ဖြစ်ပြီး လုပ်ငန်းရှင်များအတွက်လည်း အကျိုးကျေးဇူးများ၊ နာမည်ဂုဏ်သတင်းများ ရရှိလာမည်ကြောင်း အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့တွင် ဈေးကွက်မရောက်မီကုန်စည်များ ဈေးကွက်စောင့်ကြည့်စစ်ဆေး

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ၊  စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် ထုတ်ကုန်များလုံခြုံ စိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးဦးဆောင်၍  စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် (၁၈.၉.၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်၊ တပ်မြို့တောင်ရပ်ရှိ အောင်လံ ပေါင်မုန့်၊ ကိတ်မုန့်လုပ်ငန်းအား ဈေးကွက်မရောက်မီကုန်စည် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

    ထိုသို့ဈေးကွက်မရောက်မီကုန်စည် ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ၌ ဒု-ခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်းများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါအကြောင်းများ၊ အသင့်စားမုန့်အမျိုးမျိုးတွင် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓါတ်မတည့်ကြောင်းဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ဖော်ပြရမည့်အကြောင်းများ၊ စားသုံးသူများသာမက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနမှဆောင်ရွက်နေသော လုပ်ငန်းများကို သိရှိလိုပါက Consumer Call Center 1535သို့ ဆက်သွယ်နိုင်သည့်အကြောင်းများ၊ Online Sale မှတ်ပုံတင်လက်မှတ် လျှောက်ထားခြင်းအကြောင်းများနှင့် မှတ်ပုံတင်လက်မှတ်ရရှိသူ၏ အခွင့်အရေးများကို ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - HighLight News