
(၁၄.၁၀.၂၀၂၆) ရက်နေ့တွင် ကလေးဝမြို့ပေါ်ရှိ ဓာတ်မြေဩဇာ အမျိုးအစားအလိုက် ပစ္စည်းပြတ်လပ်မှုရှိ/ မရှိနှင့် ပစ္စည်းလက်ကျန်အခြေအနေတို့အား စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ကလေးဝမြို့ပေါ်ရှိ ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေး ဖြန့်ဖြူးရောင်းလျက်ရှိသော အရောင်းဆိုင်များသို့ စစ်ဆေးခဲ့ရာတွင် ဓာတ်မြေဩဇာအမျိုးအစားအလိုက် ဈေးနှုန်းများအား သက်ဆိုင်ရာဌာနများမှ သတ်မှတ်ထားသော ရည်ညွှန်းဈေးနှုန်းအတိုင်း ဖြန့်ဖြူးရောင်းချစေရေး၊ ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းများမပြုလုပ်ကြရန်၊ ဈေးနှုန်းမြှင့်တင်၍ ရောင်းချခြင်းမပြုရန်နှင့် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများ မပြုလုပ်ကြရန် အသိပညာပေး ဆွေးနွေးပြောကြားခဲ့ပြီး ဓာတ်မြေဩဇာအမျိုးအစားအလိုက် ယခင်ဈေးနှုန်း၊ ယခုဈေးနှုန်းနှင့် ပစ္စည်းလက်ကျန်အခြေအနေနှင့် ပစ္စည်းပြတ်လပ်မှုရှိ/ မရှိ အခြေအနေတို့အား စာရင်းကောက်ယူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)
