HighLight News

Powered by Drupal

သရက်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ပြုလုပ်ခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ သရက်ခရိုင်တာဝန်ခံနှင့် မြို့နယ်တာဝန်ခံတို့၏ ကြီးကြပ်ညွှန်ကြားမှုတို့ဖြင့် သရက်ခရိုင် တာဝန်ခံရုံးမှ ဒေါ်ရီရီထွေး(ဒု-ဦးစီးမှူး)သည် (၈.၁၀.၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် သရက်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုဗဟိုပြုဌာန(Community Center)ခန်းမ၌ စားသုံးသူကာကွယ်ရေးအသိပညာပေး(Talk Show)ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

     အဆိုပါ အသိပညာပေး(Talk Show)တွင် စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်ရီရီထွေး(ဒု-ဦးစီးမှူး) က အွန်လိုင်းစနစ်ဖြင့် ရောင်းချရာတွင် လိုက်နာရမည့်အချက်များ၊ အွန်လိုင်းမှတ်ပုံတင်လက်မှတ်ရရှိပြီးသူ၏ တာဝန်ယူဆောင်ရွက်ရမည့်အချက်(၁၅)ချက်နှင့် မှတ်ပုံတင်လက်မှတ်ရရှိပြီးသူ၏ အခွင့်အရေးများအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)၊ ပုဒ်မ(၂၁)ရှိ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်းတို့အား အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပြီး စားသုံးသူများနစ်နာဆုံးရှုံးမှုများရှိလာပါက တိုင်ကြားနိုင်မည့် Website တစ်ခုဖြစ်သော www.doca.gov.mm သို့ ခေါ်ဆိုမေးမြန်းတိုင်ကြားနိုင် ကြောင်း၊ Consumer Call Center 1535 သို့လည်းခေါ်ဆို၍ မေးမြန်းတိုင်ကြားနိုင်ကြောင်းတို့အား အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

မကွေးမြို့၊ ရာဇမုနိဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် စားသုံးသူအခွင့်အရေးနှင့် တာဝန်များသိရှိစေရန်၊ ကုန်အညွှန်းအမှတ်အသားပြည်စုံသော ကုန်ပစ္စည်းများကို ရွေးချယ်ဝယ်ယူတတ်စေရန်ရည်ရွယ်၍ (၁၂.၁၀.၂၀၂၆)ရက်နေ့၊ နေ့လယ်(၁၄:၀၀) နာရီအချိန်တွင် မကွေးမြို့၊ ရာဇမုနိဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ သွားရောက်၍ ဆရာ/ ဆရာမ (၈)ဦး၊ ကျောင်းသား/ ကျောင်းသူ (၇၂)ဦး၊ စုစုပေါင်း (၈၀)ဦးတို့အား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

     အဆိုပါ ဟောပြောပွဲတွင် မကွေးခရိုင်တာဝန်ခံရုံးမှ ဒေါ်ဌေးဌေး (ဒု-ဦးစီးမှူး)က ဌာန၏ သမိုင်းကြောင်း၊ ဆောင်ပုဒ်၊ မျှော်မှန်းချက်နှင့် ရည်မှန်းချက်များ၊ ဆောင်ရွက်နေသည့်လုပ်ငန်းများ၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်းနှင့် ဒေါ်ခင်စုစုမွန် (ဒု-ဦးစီးမှူး)က စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း (၁၈)ပါ ကုန်စည်များတွင် ဖော်ပြရမည့်  ကုန်အညွှန်းအမှတ်အသားဆိုင်ရာအကြောင်း အရာတို့ကို အသေးစိတ်ရှင်းလင်းအသိပညာပေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

မကွေးမြို့၊ ရန်ပယ်ဈေး၌ ကုန်ပစ္စည်းများနမူနာဝယ်ယူ၍ Mobile Lab Van ဖြင့် ရှောင်တခင် စစ်ဆေးခြင်းနှင့် ဦးစားပေးကုန်စည်ဖြစ်သည့် ကလေးအာဟာရဖြည့်စွက်စာ အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်တာဝန်ခံနှင့် ဝန်ထမ်းသည် (၉.၁၀.၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊ စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့် ပူးပေါင်း၍ မကွေးမြို့၊ ရန်ပယ်ဈေးတွင် ရောင်းချလျက်ရှိသော ဂျုံခေါက်ဆွဲ၊ ကြာဇံ၊ သကြားလုံး၊ ငရုတ်ဆီမှုန့်၊ ငရုတ်ကြမ်းမှုန့်၊ မလိုင်လုံး၊ မက်မန်းသီးတို့အား နမူနာဝယ်ယူ၍ အစားအစာများတွင် သုံးစွဲရန်မသင့်သော ချွတ်ဆေးများ၊ တာရှည်ခံဆေးများ သုံးစွဲထားခြင်းရှိ/ မရှိကို အဆိုပါ ဈေးအတွင်း Mobile Lab Van ဖြင့် ချက်ချင်းစစ်ဆေးခဲ့ရာ ခွင့်မပြုတာရှည်ခံဆေးနှင့် ချွတ်ဆေးများ သုံးစွဲထားခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

        ဆက်လက်၍ ရန်ပယ်ဈေးရှိ “တော်ဝင်” ဆေးဆိုင်နှင့် “ကြယ်စင်” ဆေးဆိုင်တို့တွင် ရောင်းချလျက်ရှိသော ၂၀၂၆- ခုနှစ်၊ အောက်တိုဘာလအတွင်း ဦးစားပေးကုန်စည်ဖြစ်သည့် ကလေးအာဟာရ ဖြည့်စွက်စာအမျိုးမျိုးတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အရ ကုန်စည်အမျိုးအစားအလိုက် ကလေးအာဟာရဖြည့်စွက်စာ အမျိုးမျိုးတွင် မြန်မာဘာသာဖြင့်ဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်၊ ဘေးထွက်ဆိုးကျိုးနှင့် ကြိုတင်သတိပေးချက်တို့ကို မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားကြောင်း၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲတို့ကို ပြည်စုံစွာဖော်ပြထားသည့်အပြင် ကျန်းမာရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည့် FDA ထောက်ခံချက်များလည်း ပါရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ဆိုင်ပိုင်ရှင်များကိုလည်း စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် လိုက်နာရမည့် တာဝန်များအကြောင်းကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

တနင်္သာရီတိုင်း၊ မြိတ်မြို့ရှိ ဆန်အရောင်းဆိုင်များအား ပူးပေါင်းစစ်ဆေးရေးအဖွဲ့များဖြင့် စစ်ဆေးခြင်း 

        မြိတ်ခရိုင်တွင် ဆန်စျေးကွက်စျေးနှုန်းအား ဒေသတွင်းဖြစ်သင့်ဖြစ်ထိုက်သောစျေးဖြင့်ရောင်း ဝယ်ဖောက်ကားမှုရှိစေရေးအတွက် စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ခရိုင်ကုန်‌စျေးနှုန်းတည်ငြိမ်ရေးအဖွဲ့ဝင်များဖြစ်ကြသော ဗဟိုစာရင်းအင်းအဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာနတို့သည် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် မြိတ်မြို့၊ နောက်လယ်ရပ်၊ နောက်လယ် ၂ လမ်း၊ ၃ လမ်း၊ ၄ လမ်းတို့ရှိ ဆန်အ‌ရောင်းဆိုင်များအား ရှောင်တခင်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

     စစ်ဆေးရာတွင် မြိတ်မြို့အတွင်းရောင်းချနေသော ဆန်ဈေးနှုန်းများအား သတ်မှတ်ထုတ်ပြန်ထားသည့် ရည်ညွှန်းဈေးနှုန်းများအတိုင်းရောင်းချနေခြင်း ရှိ/ မရှိ၊ အလေးချိန်၊ အချိန်အတွယ်မှန် ကန်မှုရှိစေရေးနှင့် ဈေးကွက်/ ဈေးနှုန်း တည်ငြိမ်စေရေးအတွက် ဆန်များအားဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများမရှိစေရန် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြိတ်မြို့၊ မြို့သစ်ရပ်ရှိ ဆေးဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          ၂၀၂၆  ခုနှစ်၊ အောက်တိုလာလ ၉ ရက်နေ့၊ နံနက် (၀၉း၃၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ခရိုင်ကုန်စျေးနှုန်းတည်ငြိမ်‌‌‌ရေးအဖွဲ့ဝင် ဌာနဆိုင်ရာများဖြစ်ကြသော ဗဟိုစာရင်းအင်းအဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနတို့ဖြင့် ပူးပေါင်း၍ မြိတ်မြို့၊ မြို့သစ်ရပ်၊ မြို့သစ်လမ်းမကြီးရှိ ဆေးဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

        ထိုသို့ဆောင်ရွက်ရာတွင် ဒေသတွင်း ဆေးစျေးနှုန်းများ တည်ငြိမ်စေ‌ရေးအတွက် ဆေးဆိုင်များတွင် ရောင်းချနေသော ဆေးစျေးနှုန်းများမှာ သင့်တင့်မျှတသော စျေးနှုန်းများဖြင့် ရောင်းချနေမှုများ ရှိ/ မရှိ၊ စျေးကွက်အတွင်းဆေးဝါးများ ပြတ်လက်မှုများ ရှိ/ မရှိနှင့် သက်ဆိုင်ရာထောက်ခံ ချက်များမပါရှိသည့် တရားမဝင်ဆေးဝါးများနှင့် သက်တမ်းကုန်လွန်သော ဆေးဝါးများနှင့်ဆေး ပစ္စည်းများရောင်းချနေမှု ရှိ/ မရှိ ဝိသမလောဘဖြင့် သိုလှောင်ထားရှိမှုများ  ရှိ/ မရှိနှင့် ဆရာဝန်ကြား ချက်မလိုသော အိမ်သုံးဆေးဝါးများတွင် ကုန်အညွှန်းအမှတ်အသားပါရှိမှုများ ရှိ/ မရှိ စစ်ဆေးခြင်း၊ ဆေးဝါးရောင်းချခွင့်လိုင်စင်များ ရှိ/ မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြိတ်မြို့ရှိ စားအုန်းဆီရောင်းချနေသော အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

       ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ၊ ၉ ရက်နေ့၊ နံနက် (၀၉း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ဗဟိုစာရင်းအင်းအဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနတို့ဖြင့် ပူးပေါင်း၍ မြိတ်မြို့၊ နောက်လယ်ရပ်၊ နောက်လယ်(၄)လမ်းနှင့် မြို့သစ်ရပ်ရှိ စားအုန်းဆီအရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသော စားအုန်းဆီများအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချနေခြင်း ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

       စစ်ဆေးခြင်းဆောင်ရွက်ရာတွင် မြိတ်မြို့အတွင်း စားအုန်းဆီရောင်းချနေသော အရောင်းဆိုင်များ၌ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ဗီနိုင်းများကပ်၍ရောင်းချနေကြောင်း ရှိ/ မရှိ၊ သတ်မှတ်ထုတ်ပြန်ထားသော ထုတ်ပြန်ချက်များနှင့်အညီ ခွဲဝေရောင်းချပေးနေမှုများ ရှိ/ မရှိ၊ အလေးချိန်/အချိန် အတွယ် မှန်ကန်စွာ ချိန်တွယ်ရောင်းချနေမှုများ ရှိ/မရှိ စစ်ဆေးခြင်းနှင့် ဈေးကစားရန်ရည်ရွယ်ချက် ဖြင့်သိုလှောင် ထားခြင်းမျိုးမဖြစ်ပေါ်စေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြိတ်မြို့၊ Myeik Intellect Private School ရှိ ကျောင်းမုန့်စျေးတန်းများအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်နေ့၊ နံနက် ၁၀း၃၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည်၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်အစည်းအဝေး ၂/၂၀၂၆ တွင် တနင်္သာရီတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမောင်ကြီး၏ တင်ပြချက်အရ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဆရာ/ ဆရာမများနှင့် ပူးပေါင်း၍ မြိတ်မြို့၊ ကန်ဖျားရပ်၊ ကျန်ဖျားလမ်းမကြီးရှိ Myeik Intellect Private School ကျောင်းမုန့်စျေးတန်းရှိ စျေးဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

       အဆိုပါ စျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကျောင်းသား/ သူ၊ ကလေးသူငယ်များအား ရောင်းချသည့် စျေးတန်းဖြစ်သည့်အတွက် သန့်ရှင်းသပ်ရပ်မှုများရှိ/ မရှိ၊ သက်ဆိုင်ရာထောက်ခံချက်များမပါရှိသည့် တရားမဝင် အချိုရည်အမျိုးမျိုးနှင့် မုန့်များရောင်းချမှုများ ရှိ/ မရှိ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြပါရှိသည့် အသင့်သောက်အချို ရည်အမျိုးမျိုးနှင့် မုန့်များရောင်းချမှု ရှိ/ မရှိ စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

“ ကော့မှူးမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိဆန်ဆိုင်များအား ဆန်ဖြန့်ဖြူးရောင်းချနေမှု အခြေအနေကွင်းဆင်းစစ်ဆေး ”

       စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့် အညီ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ ဆန်ဆိုင်များသို့  အောက်တိုဘာလ(၁၂)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဆန်အမျိုးအစားအလိုက် ဖြန့်ဖြူး ရောင်းချနေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

        ထိုသို့ ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကော့မှူးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်း၊ ဒုတိယဦးစီးမှူး ဒေါ်နီလာဝင်းနှင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ မြို့မဈေးတာဝန်ခံ ဦးအေးသွင်နှင့် ဝန်ထမ်းများ ပူးပေါင်း၍ စည်ပင်သာယာ မြို့မဈေးအတွင်း/ အပြင်ရှိ ဆန်ဆိုင်များတွင် ဆန်အမျိုးအစားအလိုက် ဖြန့်ဖြူးနေသော ဈေးနှုန်းများအနေဖြင့် အောက်တိုဘာလအတွက် သင့်တင့်မျှတသောဆန်ဈေးကွက်ဈေးနှုန်း သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ဖြန့်ဖြူူးရောင်းချနေခြင်းရှိ/ မရှိ ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်း ရှိ/ မရှိ ဈေးနှုန်းမြှင့်တက်စေရေးနှင့် ဈေးကစားရန်ရည်ရွယ်ပြီး သိုလှောင်ထားခြင်းများ မပြုုလုပ်ကြရန် စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေးပြောကြားခဲ့ပြီး ဈေးကွက်အတွင်းဖြန့်ဖြူး ရောင်းချလျက်ရှိသော ဆန်အမျိုးအစားအလိုက် ဈေးနှုန်းတို့အား စာရင်းကောက်ယူပြီး ပစ္စည်း လက်ကျန်အခြေအနေတို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ ကော့မှူးမြို့နယ် သက်တမ်းလွန်ဆေးဝါးများ ဆေးဝါးအတုများဖြန့်ဖြူးရောင်းချခြင်းရှိ/ မရှိ ပူးပေါင်းအဖွဲ့ဖြင့်ကွင်းဆင်းစစ်ဆေး ”

      ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၌ သက်တမ်းလွန်ဆေးဝါးများ ဆေးဝါးအတုများ ဖြန့်ဖြူးရောင်းချခြင်းရှိ/ မရှိကို အောက်တိုဘာလ(၉)ရက်နေ့၊ နံနက်(၀၉:၃၀) နာရီအချိန်တွင် ရပ်ကွက်များနှင့် မြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ ပုဂ္ဂလိကဆေးဆိုင်များသို့ သက်ဆိုင်ရာဌာနများ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

       ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် သက်ဆိုင်ရာဌာနများဖြစ်သော မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးတင်ထွန်းအောင်နှင့် ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ကျန်းမာရေးမှူး ဒေါက်တာကျော်မိုးမြင့်နှင့် ဝန်ထမ်းများ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်းနှင့်ဝန်ထမ်းများ ပူးပေါင်းအဖွဲ့ဖြင့် စားသုံးသူပြည်သူများ သုံးစွဲရန်မသင့်ဟု ကြေညာထားသောဆေးဝါးများ၊ ဆေးဝါးအတုများ၊ ထုတ်လုပ်ခွင့်လိုင်စင်မရှိသော ဆေးဝါးများ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)ထောက်ခံချက်မပါသော ဆေးဝါးများနှင့်သက်တမ်းလွန်ဆေးဝါးများ ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်း စစ်ဆေးခဲ့ပြီး ဆေးဆိုင်များအနေဖြင့် စံချိန်စံညွှန်းနှင့် ကိုက်ညီမှုမရှိသော သက်ဆိုင်ရာဌာနများ၏ ခွင့်ပြုချက်နှင့် သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်များပြည့်စုံ စွာဖော်ပြပါရှိသော ဆေးဝါးများကိုသာ ဝယ်ယူဖြန့်ဖြူးရောင်းချကြရန် စားသုံးသူကာကွယ်ရေး အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

လျှပ်စစ်ပစ္စည်းများရောင်းချမှုနှင့် ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးမောင်ကျော်မြင့် (ဒု-ခရိုင်ဦးစီးမှူး)နှင့်ဝန်ထမ်းများသည် ၁၂.၁၀.၂၀၂၆ ရက်နေ့၊ နံနက်(၁၁:၃၀) နာရီအချိန်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ Macro နှင့် Pro 1 တို့ရှိ  လျှပ်စစ်ပစ္စည်းများရောင်းချမှုနှင့် ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

             ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင်ဒေါ်မြတ်သက်နိုင် (ဌာနခွဲစာရေး)က လျှပ်စစ် ပစ္စည်းများ (ရေခဲသေတ္တာ၊ အဲယားကွန်း၊ အဝတ်လျှော်စက်၊ တီဗွီ) ၏ ဈေးကွက် အခြေအနေ၊ ဈေးနှုန်းမြှင့် တက်မှုရှိ/ မရှိ၊ ကုန်ပစ္စည်းပြတ်လပ်မှုရှိ/ မရှိနှင့် ကုန်စ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိကို စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် လုပ်ငန်းရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း(၁၈)ပါ ကုန်ညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆိုပုဒ်မခွဲ(ခ)၊ (ဂ)နှင့် (ဆ)တို့ ပါအချက်များကို ကုန်အညွှန်းအမှတ်သားဖော်ပြရာတွင် မြန်မာဘာသာဖြစ်၊ မြန်မာဘာသာနှင့်အခြားဘာ သာတစ်ခု (သို့)တစ်ခုထက်ပို၍တွဲလျှက်ဖြစ်စေရေးသားဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ် ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစား အလိုက်သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက် များအားလိုက်နာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - HighLight News