HighLight News

Powered by Drupal

ဘူးသွပ်ဆီများ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်ခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ  ဒေါ်လဲ့လဲ့ဌေး (ဒုဦးစီးမှူး)နှင့် ဝန်ထမ်းများသည် ၆.၈.၂၀၂၆ ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပုဇွန်တောင်မြို့နယ်၊  ပုဇွန်တောင်ဈေးရှိဘူးသွပ်ဆီများတွင်  ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်ခြင်း ရှိ/ မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

         ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် စစ်ဆေးရေးအရာရှိက ပုဇွန်တောင်ဈေးတွင် ရောင်းချနေသောဘူးသွပ်ဆီ အမှတ်တံဆိပ်များမှာ ရွှေအုံ(မြေပဲဆီ)၊ ရန်ကုန်(မြေပဲဆီ)၊ ငွေသဇင်မင်း(မြေပဲဆီ)၊ ရွှေ(ပဲဆီသန့်)၊ Meizan (မြေပဲဆီ) စံချိန်(မြေပဲဆီသန့်)၊ အမေထွား(မြေပဲဆီ)၊ ဧရာဝတီ (မြေပဲဆီသန့်)များမှာ ဥပဒေပါအခန်း(၁၈)တွင်ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြရမည့်အချက်များ ပြည့်စုံစွာပါဝင်ခြင်းရှိ/ မရှိကို စစ်ဆေးခဲ့ရာ ပြည့်စုံစွာပါရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ ထို့နောက် စစ်ဆေးရေးအရာရှိက  ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ၄၁ ပုဒ်မခွဲ(ခ) နှင့်(ဆ)တို့ပါ ကုန်ညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာ တစ်ခု (သို့)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေရေးသားဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ် ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက်သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန်၊  ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ် မပြည့်စုံသော ကုန်ပစ္စည်းများအား ဈေးကွက်အတွင်းရောင်းချခြင်းမပြုရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

အွန်လိုင်းစနစ်ဖြင့်မှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေးဟောပြောခြင်း

 စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်အေးအေးမော်(ရုံးအုပ်)သည် (၅-၈-၂၀၂၆) ရက်နေ့၊ နံနက်(၁၁:၃၀)နာရီချိန်တွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့် စပ်လျဉ်း၍ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံး၌ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ဆွေးနွေးရာတွင် စားသုံးသူ၏အဓိပ္ပာယ်၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းအဓိပ္ပါယ်၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချသူများအနေဖြင့် မှတ်ပုံတင်လျှောက်ထားရန်အတွက် ကုမ္ပဏီဖြစ်ပါက ကုမ္ပဏီမှတ်ပုံတင်လက်မှတ် SMEs မှတ်ပုံတင်လက်မှတ်များ တင်ပြရန်လိုအပ် ပြီး တစ်ဦးချင်းဖြစ်ပါက တင်ပြရန်မလိုအပ်ပါကြောင်း၊ ရောင်းချမည့်ဆိုင်လိပ်စာမှန်ကန်ကြောင်း ရပ်ကွက်ထောက်ခံစာနှင့် ရဲစခန်ထောက်ခံစာ၊ လိုင်စင်ဓါတ်ပုံ၊ Online Sale Owner ၏ မှတ်ပုံတင်၊ နေထိုင်ကြောင်းလိပ်စာမှန်ကန်ကြောင်း၊ ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာ၊ Online Sale Lago များ ပြင်ဆင်ထားရန်လိုအပ်ကြောင်း Online Sale လျှောက်ထားရာတွင် email သို့မဟုတ် Mobile Phone Number ဖြင့် Sing Up (Register) ပြုလုပ်၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အွန်လိုင်းစနစ်ဖြင့်မှတ်ပုံ တင်နိုင်ကြောင်းနှင့် www.eComreg.gov.mm မှ တဆင့် မှတ်ပုံတင်လှောက်ထားနိုင်ကြောင်း၊ Online Shopping မှတ်ပုံတင်လျှောက်ထားခြင်းမရှိပဲ Online မှ ‌ရောင်းဝယ်မှုများပြုလုပ်ခြင်းများတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင် မှုဥပဒေအရ၊ပုဒ်မ (၅)အရ အရေးယူခံရမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးပွဲသို့ တက်ရောက် လာသူများအနေဖြင့် အွန်လိုင်းစနစ်ကိုကိုယ်တိုင်လုပ်ကိုင်ခြင်းမရှိပါကလည်း   မိမိတို့ပတ်ဝန်းကျင်၌ လုပ်ကိုင်ဆောင်ရွက်သူများရှိပါက အသိပေးပြောကြားရန်လိုအပ်ကြောင်း၊ ယခုအခါ အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသော စားသောက်ကုန်၊ လူသုံးကုန်၊ ဝန်ဆောင်မှုစသည်တို့မှာများစွာရှိကြောင်း၊ အွန်လိုင်းစနစ်ကို မှတ်ပုံတင်ခြင်းအားဖြင့် လုပ်ငန်းလုပ်ကိုင်သူနှင့် ဝယ်ယူစားသုံးသူနှစ်ဦးနှစ်ဖက် လုံခြုံစိတ်ချရမှုရှိမည် ဖြစ်ကြောင်း အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်အတွက် ကုန်စည်များအား  ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်မိုးမိုးကြည်နှင့် ဝန်ထမ်းများသည် မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ City Mart သို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး (၅-၈-၂၀၂၆) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။ 

      ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် City Mart အတွင်းရောင်းချနေသော ကုန်ပစ္စည်းများတွင်  ကုန်စည်အမျိုးအစားအလိုက် ကုန်ညွှန်းအမှတ်အသား သိသာထင်ရှားစွာဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်တို့ကို  သိသာထင်ရှားစွာ ဖော်ပြထားခြင်းရှိ/ မရှိ ဈေးကွက်စောင့် ကြည့်စစ်ဆေးခဲ့ပြီး  စားသုံးသူမိဘပြည်သူများ  ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော City Martများတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ် (/၂၀၁၉) နှင့် အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာရောင်းချရန်၊  စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း  လိုက်နာဆောင်ရွက်ရန်နှင့်သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာ ရောင်းချရန်ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

မြိတ်မြို့၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း အသိပညာပေး ဟောပြောခြင်း

          ၂၀၂၆ ခုနှစ်၊ သြဂုတ်လ ၁၁ ရက်နေ့၊ ၁၀း၀၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် မြိတ်မြို့၊ သာကေတရပ်ရှိ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများနှင့် ပတ်သက်၍ အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါအသိပညာပေးဟောပြောပွဲတွင် မြိတ်ခရိုင်ဦးစီးမှူးရုံးမှ၊ ဒုခရိုင်ဦးစီးမှူးမှ စားသုံးသူ‌ရေးရာဦးစီးဌာန၏ ဆောင်ပုဒ်၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေး(၈)ချက်နှင့် စားသုံးသူ၏တာဝန်များ၊ ကုန်စည်များ၏ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာများအကြောင်း၊ စားသုံးသူအခွင့်အရေးများ နစ်နာဆုံးရှုံးမှုများရှိလာပါက တိုင်ကြားနိုင်သည့် နည်းလမ်းများ၊ အွန်လိုင်းရောင်းချမှုများ၊ ဝယ်ယူမှုများနှင့်ပတ်သက်၍ သိရှိသတိပြုသင့်သည့်အချက်များ စသည့်သိကောင်းစရာများအကြောင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့ကာ ဟောပြောပွဲအား ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူ ၄၀၀ ဦးခန့်တက်‌ရောက်ခဲ့ပြီး ၁၁း၀၀ နာရီအချိန်တွင် အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြိတ်မြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြပါရှိမှု ရှိ/ မရှိအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

         ၂၀၂၆ ခုနှစ်၊ သြဂုတ်လ ၁၀ ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ၊ ဒုခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မြိတ်မြို့၊ ဆိပ်ငယ်ရပ်ရှိကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသော ကုန်စည်များမှ စားသုံးဆီအမှတ်တံဆိပ်အမျိုးမျိုးတွင် စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြပါရှိမှုများ ရှိ/ မရှိအား ခရိုင်စီမံကိန်းဦးစီးဌာန၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဖြင့် ပူးပေါင်း၍ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါ စျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသော ကုန်စည်များမှ စားသုံးဆီအမှတ်တံဆိပ်အမျိုးမျိုးတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်စည်များ၏ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဥ်း၍ ကုန်စည်အလိုက် မြန်မာဘာသာဖြင့်ဖော်ပြပါရှိရမည့် ကုန်အညွှန်းအမှတ်အသားများ ပါရှိမှု ရှိ/ မရှိမှု၊ သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ထားသည့် ဥပဒေ၊ ညွှန်ကြားချက်များနှင့်ကိုက်ညီမှုများ ရှိ/ မရှိနှင့် တရားမဝင် တင်သွင်းရောင်းချလျက်ရှိသော ကုန်စည်များရောင်းချမှုများ မရှိစေရေး စစ်‌ဆေးခြင်းများဆောင်ရွက်ခဲ့ရာ သတ်မှတ်ချက်များနှင့် ပြည့်စုံမှန်ကန်စွာပါရှိသည့် တရားဝင်ကုန်စည်များကိုသာ ရောင်းချလျက်ရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ဆင်ပေါင်ဝဲမြို့ပေါ်ရှိ City Mart များနှင့်ကုန်စုံဆိုင်များတွင်ရောင်းချနေသည့် အချိုရည်ဗူးများနှင့် မုန့်များအားဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်/အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် တာဝန်ခံ ဦးနိုင်ဦး(ဒုတိယကြီးကြပ်ရေးမှူး)သည် တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ခရိုင်တာဝန်ခံ၏ ကြီးကြပ်မှုတို့ဖြင့် (၁၀.၈.၂၀၂၆)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် မိတ်ဖက်ဌာနများဖြစ်သော မြို့နယ်ထွေအုပ်၊ မြို့နယ်စည်ပင် ဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ဆင်ပေါင်ဝဲမြို့ပေါ်ရှိ City Mart များနှင့် ကုန်စုံစတိုးဆိုင်များတွင် ရောင်းချနေသည့် အသင့်စားမုန့်အမျိုးမျိုးနှင့် အသင့်သောက်အချိုရည် အမျိုးမျိုးတို့အား ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်ပြည့်စုံခြင်းရှိ/မရှိ တို့အား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် အသင့်စားမုန့်များရောင်းချရာ၌ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိရမည်ဖြစ်ပြီး ဖော်ပြထားခြင်းမရှိသောကုန်စည်များ ရောင်းချနေသည်ကို တွေ့ရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၀)ပါစီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်၊ ပြစ်မှုပြစ်ဒဏ်များအားလည်းကောင်း၊ ဦးစားပေးကုန်စည်ဖြစ်သော အသင့်သောက်အချိုရည်ဗူးများ (Royal-D၊Speed၊ Max+နှင့်Shark)အချိုရည်များတွင် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်၊ ကြိုတင်သတိပေးချက်နှင့် သက်တမ်းကုန်ဆုံးရက်တို့ကို သေချာစိစစ်ပြီးမှ စားသုံးသူများထံရောင်းချရန်၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် ညွှန်ကြားချက် အမှတ်(၂/၂၀၁၉) နှင့်စားသုံးသူကာကွယ်ရေးဥပဒေများအကြောင်းတို့အား အကျယ်တဝင့်ရှင်းလင်း ပြောကြားခဲ့ပြီး စားသုံးသူများနစ်နာဆုံးရှုံးခဲ့လျှင် တိုင်ကြားနိုင်သည့် Websiteတစ်ခုဖြစ်သော  www.doca.gov.mm သို့ခေါ်ဆို၍ တိုင်ကြားနိုင်ကြောင်း၊ Consumer Call Center ဖြစ်သည့် Hotline No-1535 သို့ခေါ်ဆို၍ တိုင်ကြားနိုင်ပါကြောင်း အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

သရက်မြို့မစည်ပင်သာယာဈေးကြီးအတွင်း စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး  ကုန်စုံဆိုင်များတွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှုး၏လမ်းညွှန်မှု၊ သရက်/အောင်လံခရိုင်တာဝန်ခံ၏ ကြီးကြပ်မှုတို့ဖြင့် သရက်ခရိုင်တာဝန်ခံရုံးမှ စားသုံး/ထုတ်လုံတာဝန်ခံ ဒေါ်ရီရီထွေး(ဒု-ဦးစီးမှုး)နှင့် ဦးထင်ကျော်လင်း (ဒု-ကြီးမှုး)တို့သည် (၆.၈.၂၀၂၆)ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် မိတ်ဖက်ဌာနများဖြစ်သော မြို့နယ်ထွေအုပ်၊ မြို့နယ်စည်ပင်၊ ကျန်းမာရေး၊ ခရိုင် FDA နှင့် မြို့နယ်ရဲတပ်ဖွဲ့များဖြင့် သရက်မြို့မစည်ပင်သာယာ ဈေးကြီးအတွင်း ကုန်စည်များတွင်ပါရှိရမည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်း ဖော်ပြထားရှိခြင်း ရှိ/မရှိနှင့် လစဉ်သတ်မှတ်ထားသော ဦးစားပေးစစ်ဆေးရမည့် ကုန်စည်ဖြစ်သည့် အသင့်သောက်အချိုရည် အမျိုးမျိုးတို့အား ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။

         ထိုသို့ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ရာတွင် ကုန်မျိုးစုံရောင်းချသည့် ဆိုင်များနှင့် အသင့်သောက်အချိုရည်အမျိုးမျိုး ရောင်းချသည့်ဆိုင်များအား စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)၊ ပုဒ်မ(၄၁) အရကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကို သာရောင်းချရန်၊ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာဖော်ပြလာစေရေး၊ စားသုံးဆီဗူးများတွင် ညွှန်ကြားချက်အမှတ် (၁/၂၀၂၁) အရ ဖော်ပြရမည့်အချက်များ ကိုက်ညီမှုရှိစေရေး၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသည့် ကုန်စည်များ ဈေးကွက်အတွင်းရောင်းချခြင်းမရှိစေရေးတို့အား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေပါ အချက်အလက်များသိရှိလိုပါက သရက်ခရိုင်တာဝန်ခံရုံးတွင်လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သော www.doca.gov.mmတို့တွင်လည်းကောင်း ဝင်ရောက်လေ့လာနိုင်ကြောင်း အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ဆိပ်ဖြူမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ “ငွေသဲဖြူ”ခန်းမ၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် ဆိပ်ဖြူမြိုနယ် တာဝန်ခံ ဦးစီးအရာရှိ ဦးဇော်နေလင်း ဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် (၇.၈.၂၀၂၆)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ဆိပ်ဖြူမြို့၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ငွေသဲဖြူခန်းမ၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ရာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်း(၆၀)ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

      အဆိုပါဟောပြောပွဲတွင် မြို့နယ်တာဝန်ခံက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ သမိုင်းကြောင်းနှင့် စားသုံးသူရေးရာဦးစီးဌာန ဖြစ်ပေါ်လာပုံအဆင့်ဆင့်၊ ဌာနမှဆောင်ရွက်နေသည့် လုပ်ငန်းများအကြောင်း၊ ဆောင်ပုဒ်၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်နှင့် ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်စည်များတွင် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ ဆန်စပါးမှတ်ပုံတင်ခြင်းနှင့် Online ရောင်းဝယ်မှုကိစ္စများနှင့် ပတ်သက်၍ တရားဝင်မှတ်ပုံတင်ရန်လိုကြောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး ရပ်ကွက်အုပ်ချုပ် ရေးမှူးနှင့် ရပ်/ကျေးစာရေးများက သိလိုသည်များအား မေးမြန်းရာပြန်လည်ဖြေကြားခဲ့ပြီး စားသုံးသူကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

စားသုံးသူများ ကျန်းမာပျော်ရွှင်ဖို့  စားသုံးသူကာကွယ်ရေးဥပဒေနှင့်ကာကွယ်ပေးကြစို့

        စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်သည် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာပျော်ရွှင်စေရန် ရည်ရွယ်၍ (..၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ခရိုင်ဦးစီးမှူးရုံး၌ မိဘပြည်သူ (၂၀)ဦးအား စားသုံးသူကာကွယ်ရေးဥပဒေအား အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

     ခရိုင်ဦးစီးမှူးက ဆွေးနွေးရာတွင်  ဌာန၏သမိုင်းကြောင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များ၊ ဦးစီးဌာန၏ဆောင်ပုဒ်၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ၏ ရည်ရွယ်ချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ ပြဌါန်းချက်ပါ အခန်း()၊ ပုဒ်မ ၁၉ စားသုံးသူ၏ အခွင့်အရေးများနှင့် ပုဒ်မ - ၂၀ စားသုံးသူ၏တာဝန်များအကြောင်း၊ အခန်း(၁၈) ပုဒ်မ - ၄၁ ပါ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များအကြောင်း၊ တိုင်ကြားနိုင်သူများ၊ တိုင်ကြားနိုင်သည့် နည်းလမ်းများနှင့် Consumer Call Center (၁၅၃၅) လိုင်းခွဲနံပါတ် ()နေပြည်တော်၊ ()ရန်ကုန်မြို့၊ ()မန္တလေးမြို့များသို့ ဆက်သွယ်ပြီး စားသုံးသူရေးရာ ကိစ္စရပ်များအား မေးမြန်းဆွေးနွေးနိုင်ကြောင်းနှင့် တိုင်ကြားနိုင်သည့် အခြေအနေများအား ဟောပြောဆွေးနွေးခြင်းနှင့် အွန်လိုင်းစနစ်ဖြင့် ရောင်းဝယ်မှုဆိုင်ရာသိကောင်းစရာများအကြောင်းအား Power Point ဖြင့် အသေးစိတ်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ကုန်အညွှန်းအမှတ်အသား စိစစ်ခွင့်ပြုချက်ရရှိသည့် လုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်တံဆိပ်များ ပေးအပ်ခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်သည် (၃.၈.၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် ပခုက္ကူမြို့၊ ခရိုင်ဦးစီးမှူး ရုံး၌ ကုန်အညွှန်းအမှတ်အသားစိစစ်ခွင့်ပြုချက်ရရှိသည့် စီးပွားရေးလုပ်ငန်းရှင်()ဦး အား ကုန်အမှတ်တံဆိပ်စိစစ်ခွင့်ပြုချက်များ ပေးအပ်ခြင်းနှင့် အွန်လိုင်းလုပ်ငန်းရှင်()ဦးအားတွေ့ဆုံ၍ အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

         ထိုသို့ အသိပညာပေးရာတွင် ခရိုင်ဦးစီးမှူးက လုပ်ငန်းရှင်များအား မိမိတို့ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချနေသော ကုန်စည်များတွင် စားသုံးသူရေးရာဦးစီးဌာန၏ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များပြည့်စုံစွာ ဖော်ပြထားရှိရန်လိုအပ်ကြောင်း၊ ပြည့်စုံစွာဖော်ပြထားခြင်းမရှိပါက ဥပဒေအရအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပုဒ်မခွဲ()နှင့်()သည် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (/၂၀၁၉)နှင့်အညီ ပြည့်စုံစွာဖော်ထားရှိသော ကုန်စည်များကို သာရောင်းချရန်နှင့် ယခုပေးအပ်သော ကုန်အညွှန်းအမှတ်အသားစိစစ်ခွင့်ပြုချက်များသည် စီးပွားရေးလုပ်ငန်းရှင်များအတွက် အလွန်အရေးပါပြီး ကုန်စည်နှင့်စပ်လျဉ်း၍ တစ်စုံတစ်ရာဖြစ်ပေါ်လာပါက အကာအကွယ်ရရှိ ထားပြီးဖြစ်ကြောင်း၊ မိမိတို့ဘက်မှလည်း ခွင့်ပြုချက်ရရှိပြီးသားအတိုင်း ကုန်အမှတ်တံဆိပ်များကို ပြည့်စုံစွာဖော်ပြ၍ ဈေးကွက်တွင် ရောင်းချရန်လိုအပ်ကြောင်း၊ ဈေးကွက်တွင် ပြည့်စုံစွာဖော်ပြထားခြင်းမရှိကြောင်း တွေ့ရှိပါက စိစစ်ခွင့်ပြုချက်များအား ပြန်လည်သိမ်းဆည်းသွားမည်ဖြစ်ကြောင်း၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့် လုပ်ငန်းရှင်များအား အွန်လိုင်းမှတ်ပုံတင်ရန်နှင့် အွန်လိုင်းစနစ်ဖြင့်ရောင်းချပြီး မှတ်ပုံတင်ထားခြင်းမရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အွန်လိုင်းမှတ်ပုံတင်ရန်အတွက်  website နှင့် လိုအပ်သည့် အချက်အလက်များအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - HighLight News