ဖြေရှင်းဆောင်ရွက်ပေးမှုများ

Powered by Drupal

အွန်လိုင်းမှတစ်ဆင့် တရားမဝင် ကုန်သွယ်မှုပြု၍ ငွေကြေးလိမ်လည်မှုနှင့်ပတ်သက်၍ တိုင်ကြား လာခြင်းအပေါ် ဖြေရှင်းပေးမှု အခြေအနေ

    ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနား မြို့နယ်နေ တိုင်ကြားသူတစ်ဦးသည် Online Website မှ တရားမဝင် ကုန်သွယ်မှုပြု၍ ငွေကြေးလိမ်လည်နေ သော အဖွဲ့အစည်းအား ဖမ်းဆီးဖော်ထုတ် အရေးယူ ပေးပါရန် စားသုံးသူရေးရာဦးစီးဌာနသို့ ဆက်သွယ် တိုင်ကြားလာပါသည်။

    ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။     တိုင်ကြားမှုနှင့်ပတ်သက်၍ ဌာနမှ တာဝန်ရှိသူများက စိစစ်ပြီး နောက် တိုင်ကြားမှုဖြစ်စဉ်သည် စားသုံးသူကာကွယ်ရေးဥပဒေအရ ဖြေရှင်းဆောင်ရွက်ပေးရန် အကန့်အသတ်ရှိနေသည့်အတွက် ပြည်ထဲရေးဝန်ကြီးဌာန၊ မှုခင်းရဲတပ်ဖွဲ့အနေဖြင့် ပူးပေါင်းကူညီ စုံစမ်းဖော်ထုတ်ပေးနိုင်ပါရန် ပြည်ထောင်စုဝန်ကြီးရုံးမှ ပြည်ထဲရေးဝန်ကြီးဌာနသို့ ညှိနှိုင်းပေးပို့ခဲ့ ခြင်းအပေါ် ပြည်ထဲရေးဝန်ကြီးဌာနက တိုင်ကြားသူအနေဖြင့် အကျိုးအမြတ်များ ပြန်လည်ရရှိခြင်း မရှိဘဲ လိမ်လည်ခံခဲ့ရခြင်းကြောင့် ငွေကြေးများ ဆုံးရှုံးနစ်နာမှုများနှင့်ပတ်သက်၍ သက်ဆိုင်ရာ ရဲစခန်းတွင် အမှုရေးဖွင့် တိုင်တန်းသင့်ပါကြောင်း အကြောင်းပြန်ကြားလာမှုကို  တိုင်ကြားသူအား ရုံးအမှတ်(၅၂)၊ စားသုံးသူရေးရာဦးစီးဌာနသို့ ခေါ်ယူတွေ့ဆုံ ရှင်းလင်းဆွေးနွေး ခဲ့ရာ တိုင်ကြားသူက သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် တိုင်ကြားမှုအား ပိတ် သိမ်းခွင့်ပြုနိုင်ပါရန် လက်မှတ်ရေးထိုး၍ တင်ပြလာခဲ့သဖြင့် တိုင်ကြားမှုကို ပိတ်သိမ်းဆောင်ရွက်ခဲ့ ပါသည်။

 

 

ယာဉ်လိုင်းဝန်ဆောင်မှုနှင့်ပတ်သက်၍ တိုင်ကြားလာမှုအပေါ် ဖြေရှင်းပေးမှုအခြေအနေ

    ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်နေ တိုင် ကြားသူတစ်ဦးသည် လပွတ္တာ-မြောင်းမြ ယာဉ်လိုင်းဖြင့် ဆန်စက်တွင် အသုံးပြုသော ၇.၅ ကီလိုဝပ် ရေပန့်မော်တာ တစ်လုံးအား မြောင်းမြမြို့သို့ ပို့ဆောင်ရာတွင် လမ်းတွင် ပစ္စည်းပျောက်ဆုံးသွားပါသဖြင့် စားသုံးသူရေးရာဦးစီး ဌာနသို့ ဆက်သွယ် တိုင်ကြားလာပါသည်။

   ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။     တိုင်ကြားမှုနှင့်ပတ်သက်၍ မြောင်းမြခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိ သူများက ၃-၂-၂၀၂၅ ရက်နေ့တွင် လပွတ္တာမြို့နယ်တာဝန်ခံနှင့် မော်တော်ယာဉ် စနစ်တကျ ပြေးဆွဲ ရေးကော်မတီမှ တာဝန်ရှိသူတို့က တိုင်ကြားသူနှင့် တိုင်ကြားခံရသူတို့အား မြောင်းမြခရိုင်ဦးစီးမှူးရုံး သို့ နှစ်ဦးနှစ်ဖက် ခေါ်ယူတွေ့ဆုံ၍ ညှိနှိုင်းဆွေးနွေးခဲ့ရာ ယာဉ်လိုင်းမှ တာဝန်ရှိသူက တိုင်ကြားသူသို့ မော်တာတန်ဖိုး ငွေကျပ် ၅၀၀,၀၀၀/-အား ၁၇-၂-၂၀၂၅ ရက်နေ့တွင် ပထမအကြိမ် ငွေကျပ် ၂၅၀,၀၀၀/-ကိုလည်းကောင်း၊ ၄-၃-၂၀၂၅ ရက်နေ့တွင် ဒုတိယအကြိမ် ငွေကျပ် ၂၅၀,၀၀၀/-ကို လည်း ကောင်း  နှစ်ကြိမ်ခွဲ၍ ပေးလျော်ခဲ့ပြီး  နှစ်ဦးနှစ်ဖက် ကျေနပ်မှုရရှိခဲ့သဖြင့် အဖွဲ့၏ရှေ့မှောက်တွင် အမှုကျေအေးကြောင်း သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ပြီး တိုင်ကြားမှုကို ပိတ်သိမ်း ဆောင်ရွက်ခဲ့ ပါသည်။

 

ပါကေးနှင့် အထွေထွေအိမ်ဆောက်ပစ္စည်းအ‌ရောင်းဆိုင် ဝန်ဆောင်မှုနှင့်ပတ်သက်၍ တိုင်ကြားလာမှုအပေါ် ဖြေရှင်းပေးမှုအခြေအနေ

ခရီးသွားဝန်ဆောင်မှုနှင့်ပတ်သက်၍ တိုင်ကြားလာမှုအပေါ် ဖြေရှင်းပေးမှုအခြေအနေ

ဆေးဝါးများ ဈေးနှုန်းမြှင့်တင်ရောင်းချနေသဖြင့် တိုင်ကြားလာမှုအပေါ် ဖြေရှင်းပေးမှုအခြေအနေ

အွန်လိုင်းမှတစ်ဆင့် ကားလက်မှတ်ဝယ်ယူမှုနှင့်ပတ်သက်၍ တိုင်ကြားလာခြင်းအပေါ် ဖြေရှင်းပေးမှု အခြေအနေ

ကားအရောင်းစင်တာတစ်ခု၏ ဝန်ဆောင်မှုနှင့်ပတ်သက်၍ တိုင်ကြားလာမှုအပေါ် ဖြေရှင်းပေးမှုအခြေအနေ

Pages

Subscribe to RSS - ဖြေရှင်းဆောင်ရွက်ပေးမှုများ