
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပ မြို့နေ တိုင်ကြားသူတစ်ဦးသည် ဘဏ်တစ်ခု၏ ဝန်ဆောင်မှုနှင့်ပတ်သက်၍ မိမိအသုံးပြုနေသည့် ဖုန်း ဆင်း ကဒ်အား အခြားသူတစ်ဦးမှ Pay အကောင့် ဖွင့်၍ အသုံးပြုနေသောကြောင့် စားသုံးသူရေးရာ ဦးစီးဌာနသို့ ဆက်သွယ်တိုင်ကြားလာပါသည်။
ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။ တိုင်ကြားမှုနှင့်ပတ်သက်၍ ဌာနမှတာဝန်ရှိသူများက တိုင်ကြားခံရသည့်ဘဏ်သို့ အကြောင်းကြားဆောင်ရွက်ခဲ့ရာ ဘဏ်မှ တာဝန်ရှိသူများက တိုင်ကြားစာပါ ဖုန်းဆင်းကဒ်ဖြင့် ဖွင့်လှစ်ထားသော Pay အကောင့်အား စစ်ဆေးမှုများ ပြုလုပ်ခဲ့ပါကြောင်း၊ Pay အကောင့်သုံးစွဲနေသူနှင့် ဆင်းကဒ်ပိုင်ရှင် ကွဲလွဲမှုရှိနေသည်ကို တွေ့ရှိရသည့်အတွက် တိုင်ကြားသူ၏ ဖုန်းဆင်းကဒ်ဖြင့် ဖွင့်လှစ်ထားသော Pay အကောင့်အား အပြီးအပိုင်ပိတ်သိမ်းသည့် လုပ်ငန်းစဉ်ကို ဆောင်ရွက်ပေးထားကြောင်းတို့ကို အကြောင်းပြန်ကြားလာသည့်အတွက် တိုင်ကြားသူထံ ဆက်သွယ်ပြောကြားခဲ့ရာ တိုင်ကြားသူမှလည်း ကျေနပ်မှုရှိပါသောကြောင့် တိုင်ကြားမှုကို ပိတ်သိမ်းဆောင် ရွက်ခဲ့ပါသည်။