ဝန်ဆောင်မှုနှင့်ပတ်သက်၍ တိုင်ကြားလာခြင်း

Powered by Drupal

        (xxx) မြို့၊ (xxx) ကျေးရွာနေ ဦး(xxx)သည် (၂၆.၃.၂၀၂၅)ရက်နေ့တွင် ဟဲဟိုး-တာချီလိတ် ခရီးစဉ် အတွက် (xxx) အေဂျင်စီ၏ Viber ဖုန်းနံပါတ်(xxx)သို့ ဆက်သွယ်၍ အွန်လိုင်းမှတဆင့် လူ(၄)ဦးစာအတွက် လေယာဉ်လက်မှတ် ဝယ်ယူခဲ့ရာ (၁၀.၄.၂၀၂၅)ရက်နေ့တွင် (xxx) လေကြောင်း လိုင်းဖြင့် ပို့ဆောင်ပေးမည်ဖြစ်ပြီး တစ်ဦးလျှင် (၃၅၉၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်း(၁၄၃၆၀၀၀)ကျပ် အား Kpay နံပါတ်(xxx)သို့ ငွေပေးချေရမည်ဖြစ်ကြောင်း ပြန်ကြားလာ၍ (၂၅.၃.၂၀၂၅)ရက်နေ့တွင် စရန် ငွေ(၂)သိန်း၊ (၂၆.၃.၂၀၂၅)ရက်နေ့တွင် (၁၂)သိန်း၊ စုစုပေါင်း(၁၄)သိန်း ပေးချေ၍ ဝယ်ယူခဲ့ရာ ငွေအကြေပေးချေပြီးလျှင် လေယာဉ်လက်မှတ်ဖြတ်ပိုင်းပေးပို့မည်ဟု ပြေားကြားခဲ့သော်လည်း ပေးပို့ လာခြင်းမရှိသဖြင့် ၎င်း၏နစ်နာဆုံးရှုံးမှုအတွက် မကွေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးသို့ (၂.၄.၂၀၂၅)ရက်နေ့တွင် တိုင်ကြားလာပါသည်။

      တိုင်ကြားမှုနှင့် စပ်လျဉ်း၍ စားသုံးသူနစ်နာဆုံးရှုံးမှုရှိ/မရှိ စိစစ်လက်ခံခဲ့ပြီး တိုင်ကြားခံရ သည့် အေဂျင်စီ၏ Facebook Page စာမျက်နှာတွင် ပါရှိသောလိပ်စာမှာ (xxx) ရန်ကုန်မြို့ဖြစ်ပါ သဖြင့် ၎င်းကုမ္ပဏီမှာ မြေပြင်တွင်ရှိ/ မရှိ စုံစမ်းစစ်ဆေးပေးနိုင်ပါရန်နှင့် ညှိနှိုင်းအကြောင်းကြားစာ ပေးပို့ခဲ့ပါသည်။ ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အနောက်ပိုင်းခရိုင်ရုံးတာဝန် ရှိသူမှ (၇.၅.၂၀၂၅)ရက်နေ့တွင် မြေပြင်ကွင်းဆင်းစုံစမ်းခဲ့ရာ တိုင်ကြားခံရသည့် လုပ်ငန်းရှင်၏ လိပ်စာဖြစ်သည့် (xxx)ရန်ကုန်မြို့မှာ အမှန်တကယ်ရှိပြီး ကုမ္ပဏီ၏ Supervisior ဦး(xxx)မှ Viber နံပါတ်(xxx)နှင့် Kpay နံပါတ်(xxx)တို့မှာ ကုမ္ပဏီတွင်မရှိပါကြောင်း၊ ကုမ္ပဏီသည် Mobile Banking အနေဖြင့် MAB, AYA, KBZ ဘဏ်တို့တွင်လည်း (xxx)ကုမ္ပဏီအမည်ဖြင့်သာရှိကြောင်း၊ Kpay နှင့် ဆိုလျှင် Quick Payထံမှ (xxx) ကုမ္ပဏီသို့သာပေးချေရပြီး လူအမည်၊ ဖုန်းနံပါတ်ဆိုလျှင် လိမ်လည်မှုသာဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ထိုကဲ့သို့သော လိမ်လည်မှုဖြစ်စဉ်မျိုးလည်း မကြာခဏဖြေရှင်း ပေးနေရကြောင်း ပြန်ကြားလာပါသည်။

     မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန တာဝန်ရှိသူမှ တိုင်ကြားသူ ဦး(xxx) ထံသို့ ဖုန်းဖြင့် ဆက်သွယ်၍ တိုင်ကြားမှုနှင့်ပတ်သက်၍ ဖြေရှင်းဆောင်ရွက်ခဲ့မှု အခြေအနေများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး လုပ်ငန်းမှတ်ပုံတင်လက်မှတ်မရှိပါက အွန်လိုင်းမှတဆင့် ဝယ်ယူအသုံးမပြု သင့်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှလည်း အွန် လိုင်းစနစ်ဖြင့်ရောင်းချခြင်း လုပ်ငန်းမှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးလျက်ရှိကြောင်း၊ စားသုံးသူ ရေးရာဦးစီးဌာနမှလည်း မြေပြင်ကွင်းဆင်းစစ်ဆေးပြီး မှတ်ပုံတင်လက်မှတ်ဆောင်ရွက်ထားခြင်း မရှိသည့် လုပ်ငန်းရှင်များအား သက်ဆိုင်ရာဥပဒေဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊

    နောက်နောင် အွန်လိုင်းစနစ်ဖြင့်  ဝယ်ယူအသုံးပြုမည်ဆိုပါက မှတ်ပုံတင်လက်မှတ် ရရှိပြီးသော လုပ်ငန်းရှင်များမှတစ်ဆင့် ဝယ်ယူအသုံးပြုသင့်ကြောင်း၊ ယခုဖြစ်စဉ်မျာလည်း လိမ်လည်မှုသဘော မျိုး သက်ရောက်၍ သက်ဆိုင်ရာ ရဲစခန်းသို့ အမှုဖွင့်တိုင်ကြားသင့်သည်ဟု အကြံပြုလိုပါကြောင်း အသိပေးရှင်းလင်းခဲ့ရာ တိုင်ကြားသူမှ ကျေနပ်မှုရရှိ၍ (၁၆.၅.၂၀၂၅)ရက်နေ့တွင် အမှုပိတ်သိမ်းခဲ့ပါသည်။

DOCA(မကွေး)