ယာဉ်လိုင်းဝန်ဆောင်မှုနှင့်ပတ်သက်၍ တိုင်ကြားလာခြင်းအပေါ် ဖြေရှင်းပေးမှုအခြေအနေ

Powered by Drupal

  ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နေ တိုင်ကြားသူ တစ်ဦးသည် တောင်ကြီးမြို့မှ တောင်ငူမြို့သို့ ယာဉ်လိုင်းတစ်ခုဖြင့် လွယ်အိတ်များပေးပို့ခဲ့ရာ ၂၆-၄-၂၀၂၅ ရက် နေ့၌ တောင်ငူကားဂိတ်သို့ သွားရောက်ရွေးယူခဲ့ချိန်တွင် ပစ္စည်းပျောက်ဆုံးသွားပါသဖြင့် လျော်ကြေးရရှိလိုကြောင်း တိုင်ကြားလာပါသည်။

      ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။     တိုင်ကြားမှုနှင့်ပတ်သက်၍ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများက မော်တော်ယာဉ်လိုင်းမှတာဝန်ရှိသူအား ၅-၅-၂၀၂၅ ရက်နေ့တွင် ရှမ်းပြည်နယ်ဦးစီးမှူးရုံးသို့ ခေါ်ယူတွေ့ဆုံ၍ စေ့စပ်ညှိနှိုင်းဆွေးနွေးခဲ့ပြီး  “ကားဂိတ်တာဝန်ရှိသူအနေဖြင့် တိုင်ကြားသူသို့ ပစ္စည်း၏တန်ဖိုးငွေကျပ် ၃၀၀,၀၀၀/-ကို ပေးလျော်စေရန်” စီမံခန့်ခွဲရေးနည်းလမ်းအရ  အမိန့်ချမှတ်ခဲ့ပါသည်။ အမိန့်အရကားဂိတ်မှ တာဝန်ရှိသူက တိုင်ကြားသူသို့ ပစ္စည်းတန်ဖိုးကို ပေးလျော်ခဲ့သည့်အတွက် တိုင် ကြားသူမှလည်း ကျေနပ်မှုရှိပါသောကြောင့် တိုင်ကြားမှုကို ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။