စားသောက်ဆိုင်ဝန်ဆောင်မှုနှင့်ပတ်သက်၍ တိုင်ကြားလာခြင်းအပေါ်ဖြေရှင်းပေးမှုအခြေအနေ

Powered by Drupal

     ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်နေ တိုင်ကြားသူတစ်ဦးသည် Sushi ဆိုင်တစ်ဆိုင်တွင် Sushi (၅) ပွဲမှာစားရာ Mayonnaise အား တစ်ပန်းကန်သာပေးသဖြင့် ထပ်မံ တောင်းခံရာတွင် ဆိုင်ဝန်ထမ်းမှ အနည်းဆုံးငွေကျပ် ၃၀၀၀/- ဖြင့် ဝယ်ယူရမည်ဟု ပြောကြားခဲ့ကြောင်း၊ ယခင်စားနေကြဖြစ်ပြီး ပုံမှန်အားဖြင့် မရိုးနစ်မှာ လိုသလို တောင်းခံနိုင်သည်ကို သိရှိထားသောကြောင့် ကျေနပ်မှုမရှိပါသောကြောင့် စားသုံးသူရေးရာဦးစီးဌာန၏ Website Complaint System မှတစ်ဆင့် ဆက်သွယ်တိုင်ကြားလာပါသည်။

   ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။     တိုင်ကြားမှုနှင့်ပတ်သက်၍ ဌာနမှတာဝန်ရှိသူများကSushi ဆိုင်ပိုင်ရှင်နှင့် တိုင်ကြားသူအား ခေါ်ယူတွေ့ဆုံညှိနှိုင်းခဲ့ရာ ဆိုင်ပိုင်ရှင်မှ မိမိတို့ဆိုင်အနေဖြင့် ယခင်က မရိုးနစ်အား စားသုံးသူလိုသလောက် ပေးအပ်နိုင်ခဲ့သော်လည်း ယခုအခါ ကုန်ဈေးနှုန်းကြီးမြင့်လာမှု များကြောင့် Mayonnaise အား လိုသလောက် ပေးအပ်နိုင်ခြင်းမရှိဘဲ ရောင်းချသည့်စနစ်ဖြင့်သာ ဆောင်ရွက်နေရပါကြောင်း၊ ဆိုင်တွင် ယခုဖြစ်စဉ်ဖြစ်ပွားမှုကိုလည်း မိမိအနေဖြင့် မသိရှိပါကြောင်း၊ ဆိုင်မှဝန်ထမ်းများ၏ ဝန်ဆောင်မှုအပိုင်း အားနည်းမှုများအပေါ် တောင်းပန်စကားပြောကြားခဲ့ပြီး ဝန်ဆောင်မှုနှင့်ပတ်သက်သည့် သင်ကြားမှုများ ထပ်မံလုပ်ဆောင်ပေးသွားမည်ဖြစ်ပါကြောင်း ပြော ကြားခဲ့ရာ တိုင်ကြားသူမှလည်း ဆိုင်ပိုင်ရှင်၏ တောင်းပန်မှုအပေါ် ကျေနပ်လက်ခံမှုရှိသဖြင့် တိုင်ကြားမှုကို ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။