Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

၂၀၂၄ခုနှစ် အောက်တိုဘာလ ဒုတိယပတ်၏ သီးနှံဈေးနှုန်း၊ ဈေးကွက်နှင့် စီးဆင်းမှုအခြေအနေ

အောက်တိုဘာလအစ ကွမ်းသီးစျေးနှုန်းများ စျေးကောင်းရရှိနေခြင်းနှင့် ကွမ်းသီးနုစျေးကွက်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်မှထွက်ရှိလာသော ဒေသထွက်ကွမ်းသီးများကို နေ့စဉ် အခြားတိုင်းနှင့် ပြည်နယ်များသို့ တင်ပို့ရောင်းချလျက်ရှိပြီး စျေးကွက်မှာလည်း တည်ငြိမ်လျက်ရှိသည်။ ကွမ်းသီးတင်ပို့ရောင်းချရာတွင် ကွမ်းသီးခြောက်၊ ခွဲခြမ်းနှင့်ကွမ်းသီးအနုများဟူ၍ အမျိုးမျိုးတင်ပို့ရောင်းချလျက်ရှိပြီး ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးသို့ အဓိကတင်ပို့ရောင်းချလျက်ရှိကြပါသည်။ ယခင်က ကွမ်းသီးနုဝယ်ယူမှုနည်းပါးသော်လည်း ကွမ်းသီးနုကုန်ချော ခေတ်စားလာသည်နှင့်အမျှ တရုတ်နိုင်ငံမှ ဝယ်ယူမှုအားကောင်းလာခဲ့ရာ ယခုအချိန်တွင် ကွမ်းသီးနုစျေးနှုန်းမြင့်တက်လာပြီး ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ(၁၀)ရက်နေ့စျေးနှုန်းအရ တစ်ပိဿာလျှင် (၁၆၀၀၀)ကျပ်ခန့်ထိဖြစ်ပေါ်လျက်ရှိကြောင်းသိရှိရပါသည်။ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၏ (၁၀-၁၀-၂၀၂၄)ရက်နေ့ရှိ ကွမ်းသီးစျေးနှုန်းသည် ကွမ်းသီးခြောက်တစ်ပိဿာလျှင် (၉၅၀၀)ကျပ်ခန့်၊ ခွဲခြမ်းတစ်ပိဿာလျှင်(၅၅၀၀)ကျပ်ခန့်နှင့် ကွမ်းသီးအနုတစ်ပိဿာလျှင် (၁၆၀၀၀) ကျပ်ခန့်ထိ ဖြစ်ပေါ်နေကြောင်း ကွမ်းသီးလုပ်ငန်းရှင်တစ်ဦးထံမှသိရှိရပါသည်။ DOCA(တနင်္သာရီ)

ရွှေဘိုမြို့တွင်ရောင်းချနေသော အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်းအခြေအနေ

မြိတ်ခရိုင်ရှိ ပြည်သူများစားသုံးရန်အတွက် ကြက်သွန်နီများကို ရန်ကုန်မြို့ရှိပွဲရုံများမှ အများဆုံးဝယ်ယူ၍ မြိတ်မြို့သို့ ကားလမ်းဖြင့်သယ်ယူလျက်ရှိပြီး မိုးတွင်းကာလများတွင် တစ်ခါတရံ လမ်းခရီးတွင် ကြန့်ကြာမှုအနည်းငယ်ရှိသော်လည်း ကြက်သွန်နီများပုံမှန်ဝင်ရောက်လျက်ရှိကြောင်းသိရှိရပါသည်။ (၁၁-၁၀-၂၀၂၄)ရက်နေ့တွင် ကြက်သွန်နီ(၁၀)ပိဿာဝင်(၁)အိတ်လျှင် လက်ကားစျေး (၂၉၀၀၀)ကျပ်၊ တစ်ပိဿာစျေး (၂၉၀၀)ကျပ်ခန့်ရှိပြီး လက်လီဆိုင်များတွင် တစ်ပိဿာလျှင် (၃၁၀၀) ကျပ်မှ (၃၂၀၀)ကျပ်များဖြင့် ရောင်းချနေကြောင်းသိရှိရပါသည်။ DOCA(တနင်္သာရီ)

ထားဝယ်မြို့သို့ မြန်မာနိူင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ရောင်းချမည့် စားအုန်းဆီများ ရောက်ရှိ

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ၊ ၁၃ ရက်နေ့တွင် မြန်မာနိူင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်း ရှင်များအသင်း၏ စီစဥ်မှုဖြင့် Kaung Hlyan New Asia Co,Ltd ကုမ္ပဏီမှ တင်ပို့ရောင်းချ သည့် စားအုန်းဆီ ၁ ပေပါလျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ(၈၄)ပေပါကို ယာဥ်မောင်း ဉီးမျိုးဇော်ဝင်း ယာဉ်အမှတ် 7P-7112 ISUZU မော်တော်ယာဥ်ဖြင့် တင်ဆောင်၍ ထားဝယ်မြို့၊ အိမ်ရှေ့ပြင် ရပ်ကွက်၊ ရေးလမ်းရှိ ဟိုင်းဝေးစတားကားဂိတ် ယာဥ်ရပ်နားစခန်း၊ စားအုန်းဆီ ၁ ပေပါလျှင် ၁၁၀ ပိဿာ ပါ စားအုန်းဆီ ၆၀ ပေပါကို ယာဥ်မောင်း ဉီးအောင်မျိုးဟိန်း ယာဉ်အမှတ် 7J-2781 ISUZU မော်တော် ယာဥ်နှင့်တင်ဆောင်၍ ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်၊ ရေးလမ်း၊ ရတနာဦး ကားဂိတ်ယာဥ်ရပ် နားစခန်း၊ ယာဉ်မောင်းဦးမျိုးမင်းကျော် ယာဉ်အမှတ် 7K-6531 Hino မော်တော်ယာဉ်ဖြင့် စားအုန်းဆီ (၆၆)ပေပါကို တင်ဆောင်၍ ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်၊ ရေးလမ်းရှိ ရွှေမြင့်မိုရ် ယာဉ်ရပ်နား စခန်းများသို့ အသီးသီးရောက်ရှိလာရာ တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူး ဦးစိုးဦးနှင့် တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ကြောင်း၊ ရောက်ရှိလာသော စားအုန်းဆီ စုစုပေါင်း(၂၁၀)ပေပါကို အဆိုပါ ကုမ္ပဏီ၏ လက်ကားအရောင်းကိုယ်စားလှယ်မှတစ်ဆင့် ထားဝယ် မြို့တွင်းရှိ မြောင်းပုလဲရပ်ကွက်၊ ကမြောကင်းလမ်းရှိ ဦးနိုင်ဝင်းဇော်၏ ကုန်စုံဆိုင်အပါအဝင် လက်လီ ဆိုင် ၁၅ ဆိုင်တို့မှ သတ်မှတ်ရည်ညွှန်းစျေးအတိုင်း စားသုံးသူများအား ရောင်းချပေးသွားမည်ဖြစ် ကြောင်း သတင်းရရှိပါသည်။ DOCA(တနင်္သာရီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း