ပြည်တွင်းကုန်သွယ်မှုသတင်း
Powered by Drupal
ဘုရင့်နောင်ကုန်စည်ဒိုင်တွင်ဖြစ်ပေါ်ခဲ့သော သဘာဝဒေသထွက်ကုန်ဈေးနှုန်းများ
ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ကြက်သွန်နီဝင်ရောက်ရာဒေသများနှင့် ဈေးနှုန်းများ
“ တစ်ပတ်အတွင်း စားအုန်းဆီထုတ်ပေးမှုအခြေအနေ ” ( ၇-၁၀-၂၀၂၄) ရက်နေ့မှ (၁၂-၁၀-၂၀၂၄) ရက်နေ့အထိ
လေးမျက်နှာမြို့နယ်တွင် မိုးစပါး(ခ)ကောက်စောမိုးစပါး ရိတ်သိမ်း
ဈေးနှုန်းအနည်းငယ်ကျဆင်းလာသည့် ပုသိမ်နံနံပင်ဈေးကွက်
ပေါင်မြို့နယ်တွင် အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့်ရောင်းချ
မြေပဲသီးနှံထွက်ရှိမှုနှင့် အကျိုးဖြစ်ထွန်းမှု
မြန်အောင်မြို့နယ်အတွင်း စက်မှုလုပ်ငန်းသုံးစားအုန်းဆီများကို သတ်မှတ်ရည်ညွှန်းဈေးဖြင့်ရောင်းချ
ဧရာဝတီတိုင်းဒေသကြီးအတွင်း စပါးစိုက်ခင်းများပိုးကျခြင်းကြောင့် ပျက်စီးဆုံးရှုံးမှုများရှိခြင်း

ဧရာဝတီတိုင်းဒေသကြီးရှိ အချို့မြို့နယ်များတွင် စိုက်ပျိုးပြီးစပါးပင်များနှင့်၊ဖုံးချိန်လုံးချိန် အချိန်များ၊ စပါးနှံများထွက်ရှိသည့်အချိန်များတွင် ဒေသအခေါ်အဝေါ်အရ(ဖြုတ်ပိုး)ဟုခေါ်သောပိုးများ ကျခြင်းကြောင့် စပါးပင်အရွက်များခြောက်သွေ့ပြီးသေသွားခြင်း၊ ထွက်ရှိနေသောစပါးနှံများအားစားသုံးကိုက်ဖြတ်ခြင်း၊ စပါးနှံတစ်နှံလျှင်အစေ့(၅၀)ရှိခဲ့သော်အောင်မြင်သောအစေ့မှာ(၅)စေ့မျှလောက်သာရရှိခြင်း၊ ထိုပိုးများအားပိုးသတ်ဆေးဖျန်းရာဆေးဖျန်းချိန်တွင်ရှိနေသောပိုးများသာသေပြီး ကျန်ရှိနေသော ပိုးဥများမှထပ်မံပေါက်ဖွား၍(၃)ရက်လျှင်တစ်ကြိမ် တစ်ပတ်လျှင် (၃)ကြိမ်ဖျန်း ရခြင်းကြောင့် ကုန်ကျစရိတ်များပြားခြင်း၊ ရရှိလာသောစပါးများမှာ ယခင်ကတစ်ဧကလျှင် (၈၀/၁၀၀)တင်းထွက်ရှိခဲ့သော်လည်း၊ ပိုးများဖျက်စီးမှုကြောင့်စပါးအထွက်မှာ တစ်ဧကလျှင် အများဆုံး(၁၅)တင်းခန့်သာရရှိခြင်းတို့ကြောင့် လယ်လုပ်သူတောင်သူလယ်သမားများမှာ အခက်အခဲများစွာရှိကြောင်းနှင့် ယခုနှစ်ဆုံးရှုံးမှု့များမှာ အလွန်များပြားကြောင်း တောင်သူလယ်သမားများထံမှသိရှိရပါသည်။
DOCA(ဧရာဝတီ)