Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

လွိုင်ကော်မြို့ဖြစ်ပေါ်နေသော ဆောက်လုပ်ရေးသုံးပစ္စည်းများဈေးနှုန်းအခြေအနေ

၂၀၂၅ ခုနှစ်၊ ဇွန်လ(၂၇)ရက်နေ့၊ နံနက်(၀၈:၃၀)နာရီအချိန်တွင် လွိုင်ကော်မြို့၊သီရိမင်္ဂလာဈေး၌ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဗဟိုစာ ရင်းအင်းအဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့နှင့် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ စားသောက်ကုန်ဈေးနှုန်းများ ကွင်းဆင်းကောက်ယူခဲ့ပါသည်။ ထိုသို့ကွင်းဆင်းကောက်ယူခဲ့ရာ လွိုင်ကော်မြို့တွင်ဖြစ်ပေါ်နေသော လွိုင်ကော်မြို့ဖြစ် ပေါ်နေသော ဆောက်လုပ်ရေးသုံးပစ္စည်းများဈေးနှုန်းမှာ ရှမ်းရိုးမ ဘိလပ်မြေ (၁)အိတ်လျှင် (၂၃၅၀၀)ကျပ်၊ Apache ဘိလပ်မြေ (၁)အိတ်လျှင် (၂၇၀၀၀)ကျပ်၊ သံချောင်း(၃မူး) (၁)တန်လျှင် (၂၇၅၀၀၀၀)ကျပ်၊ သံချောင်း(၅မူး) (၁)တန်လျှင် (၂၄၅၀၀၀၀)ကျပ်၊ သံချောင်း(၆မူး) (၁)တန် လျှင် (၂၇၅၀၀၀၀)ကျပ်၊ ကာလာသွပ် (၁)ပေလျှင် (၃၄၀၀)ကျပ်၊ ရိုးရိုးသွပ် (၁)ပေလျှင် (၁၇၀၀) ကျပ်၊ သံချွန်(၂လက်မအထက်) (၁)ပိဿာလျှင် (၈၀၀၀)ကျပ်၊ သံချွန်(၁လက်မခွဲအောက်) (၁)ပိဿာ လျှင် (၈၅၀၀)ကျပ်၊ အုပ်ခဲ (၁)ခဲလျှင် (၄၀၀)ကျပ်၊ ချည်ပင်ကျောက် (၁)ကျင်းလျှင် (၂၀၀၀၀၀) ကျပ်၊ ထုံးကြမ်း (၁)အိတ်လျှင် (၇၀၀၀)ကျပ်၊ ဟော်လိုပိုက် ၄,၂(12.5kg) (၁)ချောင်း လျှင် (၅၆၄၀၀)ကျပ်၊ ဟော်လိုပိုက် ၃,၁ခွဲ(၈.၁kg) (၁)ချောင်းလျှင် (၄၁၃၀၀)ကျပ်၊ ဟော်လိုပိုက် (၂ပတ်လည်) (၁)ချောင်းလျှင် (၃၈၀၀၀)ကျပ်နှင့် ဗျုန်းသဲ (၁)ကျင်းလျှင် (၈၀၀၀၀)ကျပ် စသည်တို့ဖြင့် အသီးသီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကွင်းဆင်းစစ်ဆေးစာရင်းကောက်ယူခဲ့သော လွိုင်ကော်မြို့၊ ဆောက်လုပ်ရေးသုံးပစ္စည်းများ ရောင်းချသောဆိုင်များမှ သိရှိရပါသည်။ DOCA(ကယား)

ရေစကြိုမြို့နယ်၌ ပဲတီစိမ်းစိုက်တောင်သူများ ဈေးကောင်းရ၍ အကျိုးအမြတ်ရရှိနေ

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း