Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရွှေဘိုမြို့တွင် ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးများငြိမ်နေ

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ အခြေခံစားကုန်ဈေးနှုန်းများ၊ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများအား အပတ်စဉ်တင်ပြလျက်ရှိပါသည်။ အောက်တိုဘာလ၊ ဒုတိယအပတ်တွင် ရွှေဘိုမြို့၌ရောင်းချလျက်ရှိသော ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများမှာ ဇာမဏီတံဆိပ် (၁၃:၅:၇) ကွန်ပေါင်းဓာတ်မြေဩဇာ 50kg တစ်အိတ်လျှင် (၉၇၀၀ဝိ/-)ကျပ်၊ အာမို၊ ပုလဲတံဆိပ် ကွန်ပေါင်းဓာတ်မြေဩဇာတစ်အိတ်လျှင် (၁၁၀၀၀ဝိ/-)ကျပ်နှင့် ဒီမွန် 1.8 တံဆိပ် ထိသေ/ စားသေ (အဆိပ်ငွေ့) 500cc တစ်ဘူးလျှင် (၂၀၀၀ဝိ/-)ကျပ်၊ ငှက်ကြီးတောင်တံဆိပ် ထိသေ/ စားသေ(အဆိပ်ငွေ့) 100cc တစ်ဘူးလျှင် (၃၇၅၀ဝ/-)ကျပ်၊ ဇိုင်ကလုံးတံဆိပ် ပင်လုံးပြန့်ပိုးသတ်ဆေး 500cc တစ်ဘူးလျှင် (၄၄၀၀ဝိ/-)ကျပ်ဖြင့်ရောင်းချလျက်ရှိပြီး အာမို၊ ကျွဲနက်တံဆိပ် (၁၅:၁၅:၁၅)ကွန်ပေါင်းဓာတ်မြေဩဇာ၊ ပန်းဖူးတံဆိပ် ဓာတ်မြေဩဇာ၊ MC တံဆိပ်(၁၅:၁၅:၁၅) ကွန်ပေါင်းဓာတ်မြေဩဇာနှင့် ရှောင်လင်တံဆိပ် ထိသေ/ စားသေ(အဆိပ်ငွေ့)ပိုးသတ်ဆေးများမှာ ဈေးကွက်အတွင်း ပစ္စည်းပြတ်လျက်ရှိကြောင်း၊ အချို့သောဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများ ပစ္စည်းပြတ်နေသော်လည်း မိုးစပါးများစိုက်ပျိုးထားချိန်ဖြစ်၍ ပုံမှန်ထက် ပိုမိုအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးအရောင်းဆိုင်များမှ တာဝန်ရှိသူများနှင့်ဆက်သွယ်မေးမြန်းမှုအရ သတင်းရရှိပါသည်။ DOCA(စစ်ကိုင်း)

ရွှေဘိုမြို့၏ ထောပတ်သီးဈေးနှုန်းဈေးကွက်

ရွှေဘိုခရိုင်၊ ရွှေဘိုမြို့ အောင်ဇေယျဈေးအတွင်း၌ သစ်သီးမျိုးစုံရောင်းချသောဆိုင်ပေါင်း (၈)ဆိုင်ခန့်ရှိပြီး နေ့စဉ် ပိတ်ရက်မရှိဘဲ နံနက် (၀၆:၀၀) နာရီမှ နေ့လယ် (၁၄:၀၀)နာရီအချိန်ထိရောင်းချလျက်ရှိပြီး ရာသီအလိုက် ကဗ္ဗလာသီး၊ နဂါးမောက်သီး၊ သင်္ဘောသီး၊ ထောပတ်သီး၊ ပျားလိမ္မော်၊ ပန်းသီး စသည့်သီးနှံများကို မန္တလေးမြို့ရှိ ပွဲရုံများမှတစ်ဆင့်ယူ၍ ရောင်းချကြောင်းသိရပါသည်။ ရွှေဘိုမြို့ အောင်ဇေယျဈေးအတွင်း ရောင်းချလျက်ရှိသော ထောပတ်သီးများမှာ တောင်ကြီးမြို့မှလာသော ထောပတ်သီး၊ မိုးကုတ်မြို့မှလာသော ထောပတ်သီးများဖြစ်ပြီး မန္တလေးမြို့ပွဲရုံများမှတစ်ဆင့် မှာယူရကြောင်း၊ ထောပတ်သီး တစ်အိတ်လျှင် အကြီး/ အသေးပေါ် မူတည်၍ အလုံး (၈၀)မှ (၁၀၀)ထိပါပြီးတစ်အိတ်လျှင် (၆၅၀၀၀)ကျပ်ဖြင့်ဝယ်ယူရကြောင်း၊ ထောပတ်သီးများကို အလုံးအကြီး/ အသေးခွဲ၍ လက်လီတစ်လုံးလျှင် အကြီး ၁၀၀၀ကျပ်၊ အလတ် ၇၀၀ကျပ်၊ အသေး ၄၀၀ကျပ်ဖြင့်ရောင်းချရကြောင်း၊ ထောပတ်သီးများကို အအေးဆိုင်များ၊ တစ်ဆင့်လှည့်လည်ရောင်းချသော ဈေးသည်များ၊ စားသုံးသူများက ဝယ်ယူကြ၍ အရောင်းအဝယ်‌ဖြစ်လျက်ရှိကြောင်း သစ်သီး လက္ကားရောင်းချသည့် ဈေးသည်တစ်ဦးထံမှသိရှိရပါသည်။ DOCA(စစ်ကိုင်း)

ဒေသတွင်းဖယောင်းတိုင်/ ဆီမီးခွက်လုပ်ငန်းများဖြင့် ဝင်ငွေရရှိ

ဝါလကင်းလွတ် သီတင်းကျွတ်တော့မည်ဖြစ်ရာ သီတင်းကျွတ်ပွဲတော်တွင် ဗမာလူမျိုး၊ ဗုဒ္ဓဘာသာဝင်အများစုသည် ဘုရား၊ သိမ်၊ ကျောင်းများတွင် ဘုရားပန်း၊ ဆီမီးနှင့် ဖယောင်းတိုင်များကပ်လှူပူဇော်၍ ကုသိုလ်ကောင်းမှုများပြုလုပ်ကြပါသည်။ သို့ဖြစ်ပါ၍ သီတင်းကျွတ်ကာလတွင် ဘုရားပူဇော်ရန် ဆီမီးခွက်နှင့် ဖယောင်းတိုင်များမှာ ထားဝယ်စျေးကွက်တွင် ယခင်နှစ်ထက် ပိုမိုအရောင်းအဝယ်သွက်လျက်ရှိပြီး ဒေသတွင်းမိသားစု တစ်နိုင်တစ်ပိုင်ပြုလုပ်လျက်ရှိသောကြောင့် စျေးနှုန်းပိုမိုသက်သာလျက်ရှိပြီး မြေဆီမီးခွက်တစ်ခွက်လျှင် (၁၀၀/၁၅၀)ကျပ်ခန့်၊ ဒေသထွက်ဖယောင်းတိုင်လုပ်ငန်းငယ်များသည် ကုန်ကြမ်းဖြစ်သော ဖယောင်းနှင့် မီးစာချည်ကြိုးများအား ရန်ကုန်မှမှာယူပြီး ဒေသတွင်းစျေးကွက်သို့ ဖယောင်းတိုင်အသေး ဘုရားမီးထွန်းဆိုဒ် (၃၂) တိုင်ပါတစ်ထုပ်လျှင် (၁၂၀၀)ကျပ်၊ ဖယောင်းတိုင်အသေးဆိုဒ် (၃၂)တိုင်ပါ တစ်ထုပ်လျှင် (၁၇၀၀)ကျပ်၊ ဖယောင်းတိုင်အလတ်ဆိုဒ် (၃၂)တိုင်ပါ တစ်ထုပ်လျှင် (၂၂၀၀)ကျပ်နှင့် ဖယောင်းတိုင်ဆိုဒ်အကြီး(၆)တိုင်ပါ တစ်ထုပ်လျှင်(၂၃၀၀)ကျပ်ဖြင့် အသီးသီးရောင်းချလျက်ရှိပြီး ဝင်ငွေများရရှိလျက်ရှိကြောင်းသိရှိရပါသည်။ DOCA(တနင်္သာရီ)

ကြောင်လျှာသီး ဈေးနှုန်းအခြေအနေ

ရာသီစာဖြစ်သည့် ကရင်ပြည်နယ်ဒေသထွက် ကြောင်လျှာသီးကို ဘားအံမြို့အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ ဘားအံမြို့ပေါ်ဈေးများသို့လာရောက် ရောင်းချကြပါသည်။ ဒေသခံတောင်သူများသည် ကြောင်လျှာသီးကို အပိုဝင်ငွေရရှိရန်အတွက် မိမိတို့၏ အိမ်ခြံဝန်းအတွင်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြသည်။ ကြောင်လျှာသီးကို မီးလေးအုံးစားစား၊ ပြုတ်ပြီး ငပိရည်နှင့်တို့တို့၊ ပါးပါးလှီးပြီးချဉ်ဖက်စိမ်စားစား၊ ဆီချက်၊ပဲမှုန့်တို့နှင့် စားပါက ထမင်းမြိန်စေသည်။ ကြောင်လျှာသီးက ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝတာကြောင့် ခန္ဓာကိုယ်ကို ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်တာမျိုးမဖြစ်အောင် ကာကွယ် ပေးပါတယ်။ ဆဲလ်တွေ ထိခိုက်မှုမရှိအောင်ကာကွယ် ပေးသလို နာတာရှည်ရောဂါတွေ အန္တရာယ်က နေလည်း ကာကွယ်ပေးပါတယ်။ ကိုယ်တွင်းက အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ ဒုတိယပတ်တွင် ကြောင်လျှာသီး ဈေးနှုန်းမှာ တစ်ပိဿာလျှင် (၄,၅၀၀/၅,၀၀၀) ကျပ်နှုန်း တို့ဖြင့်ရောင်းချလျက်ရှိကြောင်းသိရသည်။

ဒေသထွက်ခဝဲသီးဈေးနှုန်းအခြေအနေ

ရာသီစာဖြစ်သည့် ကရင်ပြည်နယ်ဒေသထွက် ခဝဲသီးကို ဘားအံမြို့အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ ဘားအံမြို့ပေါ်ဈေးများသို့ လာရောက်ရောင်းချကြပါသည်။ ဒေသခံတောင်သူများသည် ခဝဲပင်ကို အပိုဝင်ငွေရရှိရန်အတွက် မိမိတို့၏ အိမ်ခြံဝန်းအတွင်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြသည့်အပြင် စီးပွားဖြစ် လည်းစိုက်ပျိုးကြသည်။ ခဝဲသီးကို ပုဇွန်ခြောက်၊ ကြက်ဥနှင့်အတူ ကြော်စား၍ရသလို ငပိရည်တို့စရာ နှင့်လည်း ပြုတ်တို့စားပါက ထမင်းမြိန်စေသည်။ ခဝဲသီးမှာ ပါဝင်သော သံဓာတ်အမျှင်ဓာတ် ရေဓာတ် တို့ပါဝင်နေပါသည်။ ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ ဒုတိယပတ်တွင် ခဝဲသီးဈေးနှုန်းမှာ တစ်ပိဿာလျှင် (၃,၀၀၀၊ ၅,၀၀၀) ကျပ်နှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။ DOCA(ကရင်)

ဒေသတစ်ခု ထုတ်ကုန်တစ်ခု MSMEs ခြင်းလုံးပြုလုပ်ခြင်း

ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ဒေသတစ်ခု ထုတ်ကုန်တစ်မျိုးဖြစ်သည့် MSMEs ခြင်းလုံးလုပ်ငန်းလုပ်ကိုင်သည့် မြို့သစ် (၄) လမ်းရှိ ဦးမြင့်စိုး၏ ခြင်းလုံးလုပ်ငန်းအခြေအနေအား စားသုံးသူရေးရာဦးစီးဌာနမှ ကွင်းဆင်းမေးမြန်းခဲ့ရာ ခြင်းလုံးသည် ကြိမ်ကိုအဓိကထားပြုလုပ်ထားပြီး ကြိမ်လုံးကို အနောက်ရိုးမ၊ မကျီးဇင်၊ ဂျိုင်လယ်တို့မှ အဓိကဝယ်ယူကြောင်းသိရှိရပါသည်။ ဝယ်ယူရရှိသောကြိမ်များကို နေလှန်း၊ အမြစ်သပ်၊ နန်းဒါးဆွဲခြင်းတို့ဖြင့် သတ်မှတ်ထားသည့် ခြင်းလုံးတစ်လုံးရရှိသည့်အထိ အဆင့်ဆင့်ပြုလုပ်ရပါသည်။ ခြင်းလုံးတစ်လုံးကုန်ကျစရိတ်မှာ တစ်လုံးကို (၃၅၀၀) ကျပ်ရှိပြီး၊ ရန်ကုန်၊ မန္တလေးသို့ တင်ပို့ရောင်းချပြီး မြို့အရောက်ပေါက်သည့်ဈေးမှာ (၃၈၀၀) ကျပ်ပေးသွင်းရပါသည်။ ၂၀၂၃ခုနှစ်တွင် ခြင်းလုံးရေ (၁၆၀၀၀) လုံးရေထုတ်လုပ်နိုင်ကြောင်းနှင့် ဒေသတွင်းလက်လုပ်လက်စားများအတွက်ပါ အလုပ်အကိုင် အခွင့်အလမ်းများပိုမိုရရှိလာကြောင်း မေးမြန်းသိရှိရပါသည်။ DOCA(ဧရာဝတီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း