
ဧရာဝတီတိုင်းမှာ သီဟိုဠ်စေ့တွေကို ဧကသိန်းချီ စိုက်ပျိုးထုတ်လုပ်ကြပြီး မြောင်းမြခရိုင်၊ ဟင်္သာတခရိုင်၊ လပွတ္တာခရိုင်၊ ပုသိမ်ခရိုင်တွေထဲက ပင်လယ်ကမ်းစပ်ဒေသတွေမှာရှိတဲ့ ကျေးရွာတွေ က ဒေသခံတောင်သူတွေ အများဆုံး စိုက်ပျိုးကြပါတယ်။ သီဟိုဠ်ကို နွေကာလမှာ အဓိကထား လုပ်ကိုင်ကြပြီး စိုက်ပျိုးထုတ်လုပ်လို့ ဖြစ်ထွန်းအောင်မြင်တဲ့ သီးနှံဖြစ်ပါတယ်။ သီဟိုဠ်စေ့ကို ကလေး လူကြီးမရွေး ကြိုက်နှစ်သက်ကြပါတယ်။ သီဟိုဠ်စေ့မှာ အာဟာရဓါတ်ပြည့်ဝတဲ့အပြင် ကော့ပါး၊ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်၊ သံဓာတ်၊ ပိုတက်စီယမ်နဲ့ ဇင့်အပါအဝင် သတ္တုဓာတ်တွေနဲ့ ပရိုတင်းတွေပါဝင်ပါတယ်။ ဗီလာမင်စီ၊ ဗီတာမင်ကေ၊ ဗီတာမင်အီး ၊ ဗီတာမင်ဘီ6 နှင့် အဟာရ များစွာပါဝင်တဲ့အပြင် သင့်တင်စွာစားသုံးလျှင် အကျိုးပြုကိုလက်စထရောတွေကို ကောင်းမွန်စွာ ထိန်းသိမ်းနိုင်ကြောင်း သိရပါသည်။
သီဟိုဠ်စေ့ဈေးမှာ တစ်ပိဿာလျှင် (၃၇၀၀၀/-၃၈၀၀၀/-)အထိ ရှိပြီး အစေ့အရွယ်အစားအလိုက် ဈေးနှုန်းကွာခြားမှုရှိကြောင်း သီဟိုဠ်စေ့ စိုက်ပျိုး ရောင်းချသူတစ်ဦးထံမှ သိရပါတယ်။ ဧရာဝတီတိုင်း အပါအဝင် မြန်မာနိုင်ငံကထွက်ရှိတဲ့ သီဟိုဠ်စေ့တွေကို အရင်က တရုတ်၊ စင်ကာပူ၊ ထိုင်း၊ တောင်ကိုရီးယား၊ ဟောင်ကောင်၊ မလေးရှား၊ အာဖရိက၊ ဂျပန်နှင့် အိန္ဒိယစတဲ့ နိုင်ငံတွေကို အဓိက တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။
(Doca ဧရာဝတီ)